Related Posts Plugin for WordPress, Blogger...

September 10, 2014

## တယ်လီနောမှ ဆင်းမ်ကတ်ဖြန့်ဝေမှု မန္တလေးမှစတင်မည်ဟုသိရ##

http://www.popularmyanmar.com/mpaper/wp-content/uploads/2013/12/telenor-logo-neg.jpg
တယ်လီနောမှ ၁,၅၀၀ ကျပ်ထက်မပိုသည့် တစ်မိနစ်ပြောဆိုနှုန်းထား ၂၅ ကျပ်ထက်မပိုသော ဆင်းမ်ကတ် များအား မြန်မာနိုင်ငံအတွင်း ဖြန့်ချိရာတွင် မန္တလေးမြို့မှ စတင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲမှက မန္တလေးစက်မှုဇုံ ကနောင်ခန်းမတွင် တယ်လီနောနှင့် စက်မှု၊ စီးပွားရေး လုပ်ငန်းစုများအတွက် သီးသန့်ဝန်ဆောင်မှုများအကြောင်း လာရောက်ရှင်းလင်း မိတ်ဆက်ပွဲတွင် ပြော ကြားခဲ့သည်။

သို့သော်လည်း မည်သည့်နေ့ရက်တွင် စတင်ဖြန့်ချိမည်ကို ပြောကြားခဲ့ခြင်းမရှိသေးဘဲ နီးကပ်မှသာ အသေး စိတ်သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ Vice president & Head of Enterprise Marketing Group ဖြစ်သူ ဦးရေချမ်းက အထက်ပါပွဲတွင်ပြောကြားခဲ့သည်။

တက်ရောက်လာသူလုပ်ငန်းရှင်အချို့မှ မေးမြန်းမှုကိုဖြေကြားရာတွင်လည်း တစ်မိနစ်အတွက် ပြောဆိုခနှုန်း ထားမှာ လောလောဆယ်တွင် ၂၅ ကျပ်ထက်မပိုသော နှုန်းထားဖြစ်ပြီး စက္ကန့်အလိုက် တွက်ချက်ကောက်ခံ မှုကို နောက်မှထပ်မံထုတ်ပြန်ပေးမည်ဟု ဆိုသည်။ ပိုကောင်းသည့် ဝန်ဆောင်မှုကို ပေး ရန်ရှိပြီး ဝန်ဆောင် မှုများမှာ ရိုးစင်းရှင်းလင်းမည်ဖြစ်ကြောင်း၊ အများပြည်သူအား ပေးသောကတိ တည်စေနိုင်ရန်အတွက် ကတိပေးထားသော လိုင်စင်ရပြီး ၈ လအကြာ အောက်တိုဘာ ၅ ရက် နောက်ဆုံးထား ဖြန့်ချိပေး မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆိုင်းဘုတ်များ တပ်ဆင်ထားသည့် မိုဘိုင်းဆိုင်အများစုကမူ ယခုလ ၁၅ ရက်တွင် တယ်လီနော ဆင်းမ်ကတ်များ မန်းတွင်စတင်ဖြန့်ဝေပေးမည်ဟု ပြောဆိုနေကြကြောင်း ဈေးကွက်အတွင်း စုံစမ်း သိရှိရသည်။

Internet Journal

0 comments:

Post a Comment