The Irrawaddy's Blog |
- ထိုင်းနိုင်ငံရဲ့ စီယမ် မက်ကရို စတိုးဆိုင်များ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း
- ဧရာဝတီသတင်းဌာနမှ သတင်းများကို Viber ပေါ်တွင် ဖတ်ရှုနိုင်ပြီ
- စားရင်းသောက်ရင်း အဆီကျစေဖို့
| ထိုင်းနိုင်ငံရဲ့ စီယမ် မက်ကရို စတိုးဆိုင်များ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း Posted: 02 Nov 2015 10:26 PM PST ထိုင်းနိုင်ငံရှိ ချာရိုအင် ပို့ဖန် အဖွဲ့ရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ စီယမ်မက်ကရို (Siam Makro) လက်လီစတိုးဆိုင်များ ကို မကြာသေးမီအချိန်ကာလများ၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဈေးကွက်အခွင့်အရေး ရှိမရှိကို လေ့လာဖို့အတွက် ရန်ကုန်ရှိ ထိုင်းသံအမတ်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြောင်း ကုမ္ပဏီရဲ့ညှိနှိုင်းရေးမှူးချုပ်က ပြောကြားထားပါတယ်။ "မြန်မာနိုင်ငံ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအပြင် အာဆီယံနိုင်ငံတွေမှာ မက်ကရိုအတွက် ဈေးကွက် ဖြစ်နိုင်ချေများကို လေ့လာထားပါတယ်" လို့လည်း သူမက ဆိုပါတယ်။ စီယမ်မက်ကရိုဟာ မြန်မာနိုင်ငံရဲ့သုံးစွဲသူအခြေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေများကို လေ့လာနေပါတယ်။ အကယ်လို့ ပြဌာန်းချက်များကရှင်းလင်းခဲ့ပါက မြန်မာနိုင်ငံမှာ မက်ကရိုရဲ့ ကနဦးစတိုးဆိုင်ကြီးအား အလျင် အမြန်ပင် ဖွင့်လှစ်ရန်အသင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်စုံဆိုင်များရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ ABC အဖွဲ့မှ အမှုဆောင်အရာရှိကမူ ယခုအချိန်ထိ မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံဖွင့်လှစ်မယ့် လက်လီအရောင်းဆိုင်များကို ခွင့်ပြုထားခြင်းမရှိသေးဘူးလို့လည်း ဆိုထားပါတယ်။ နိုင်ငံခြားသားများအနေနဲ့ မြန်မာနိုင်ငံတွင် ကုန်တိုက်များကို လာရောက်ဖွင့်လှစ်ရန် နောင်နှစ်များမှ စတင်ခွင့်ပြုမည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဖွင့်လှစ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ "မြန်မာနိုင်ငံရဲ့လက်လီရောင်းချခြင်းအခြေအနေဟာ အလျင်အမြန်တိုးတက်ပြောင်းလဲလာနိုင်ပြီး နောင်လမယ့် နှစ်များအတွင်း လက်လီဆိုင်အသစ်များ တဖြည်းဖြည်း ဖွင့်လှစ်လာနိုင်မှာပါ" လို့ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရဲ့ ကောင်စလာတစ်ဦးဖြစ်သူ ၀ီချိုင်း ကန်ရာဟုန်းက ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်းတွေရဲ့ ၈၀% ခန့်ဟာ ထိုင်းနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများမှ တင်ပို့ ထားတာဖြစ်ပါတယ်။ "ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေမှုကြောင့်ရော၊ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အလုပ်သမားများကြောင့်ပါ ထိုင်းမှ ကုန်ပစ္စည်းအမှတ်တံဆိပ်များဟာ မြန်မာနိုင်ငံမှာ လူသိများကြပါတယ်" လို့ မစ္စတာ ၀ီချိုင်းက ဆိုပါတယ်။ မက်ကရိုရဲ့ စီပွားရေးဆိုင်ရာ ဖွဲ့စည်းမှုအရ မက်ကရိုစတိုးဆိုင်များဟာ ပုံစံအမျိုးမျိုးရှိတာမို့ နေရာတိုင်းမှာ ဖွင့်လှစ်လို့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းများ တွင်ကျယ်လာခြင်းဟာလည်း မက်ကရိုအတွက် အခွင့်အလန်းတစ်ခုဖြစ်တယ်" လို့ မစ္စ ဆူချားဒါးက ဆိုပါတယ်။ မက်ကရိုဆိုင်ခွဲများကိုလည်း ထိုင်းမြန်မာနယ်စပ်မှာ အများအပြားဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ လူဦးရေ ထူထပ်များပြားလှတဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ မက်ကရို စတိုးဆိုင်ကြီးများကို တိုးချဲ့ဖို့ကိုလည်း ဖြစ်နိုင်ချေများ လေ့လာတွက်ချက်နေကြပါတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုတော့ ဒုတိယဦးစားပေးနိုင်ငံများအဖြစ် ထပ်မံတိုးချဲ့လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထိုင်းနိုင်ငံရှိ ဖရေးနဲ့ ထရက်မြို့တွေမှာ ဒီနှစ်မကုန်ခင် ဆိုင် (၂)ဆိုင် ဖွင့်လှစ်ပြီး ထိုင်းဈေးကွက်မှာလည်း ဆက်လက် ရင်းနှီး မြုပ်နှံနေကြောင်း မစ္စ ဆူချားဒါးက ဆိုပါတယ်။ ဆိုင်တစ်ဆိုင်အတွက်ကိုတော့ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ဘတ်သန်းပေါင်း (၃၀)လောက်လိုအပ်မှာဖြစ်ပါတယ်။ "စီးပွားရေးအခြေအနေသိပ်မကောင်းပေမယ့်၊ ကျွန်မတို့ကတော့ ပထမကိုးလပတ်အတွင်း ကျွန်မတို့ရဲ့ စွမ်းဆောင်နိုင်မှုကို အားရကျေနပ်မိပါတယ်" လို့ သူမက ထပ်လောင်းပြောဆိုထားပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။ http://www.bangkokpost.com/news/asean/748424/siam-makro-eager-to-open-first-store-in-myanmar |
| ဧရာဝတီသတင်းဌာနမှ သတင်းများကို Viber ပေါ်တွင် ဖတ်ရှုနိုင်ပြီ Posted: 02 Nov 2015 09:38 PM PST ဧရာဝတီသတင်းဌာနမှ ရေးသားတင်ဆက်နေတဲ့ သတင်းတွေကို The Irrawaddy လို့ အမည်ရတဲ့ Viber Public Chat မှာလည်း ဖတ်ရှုနိုင်ပါပြီ။ အခုဆိုရင် ရွေးကောက်ပွဲကြီးလည်း နီးလာပြီဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းတိုများအပြင် ဧရာဝတီက ရေးသားတင်ဆက်မယ့် စိတ်ဝင်စားဖွယ်ရာ သတင်းများစွာတို့ကို နေ့စဉ်၊ အချိန်ပြည့် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ www.viber.com/theirrawaddy မှသော်လည်းကောင်း၊ ပုံမှာ ပြသထားတဲ့ QR Code ကို Viber ဖွင့်ပြီး Scan ဖတ်ပြီးတော့လည်းကောင်း၊ Viber မှာ ပါဝင်တဲ့ Public Chat Search Box မှာ The Irrawaddy ကို ရိုက်ထည့်ပြီးတော့လည်းကောင်း ရှာဖွေနိုင်ပါတယ်။ Follow This Public Chat ကို နှိပ်ပြီးတော့ နေ့စဉ်သတင်း Update တွေကို ရယူနိုင်ပါပြီ။ |
| Posted: 02 Nov 2015 01:53 AM PST တချို့အစားအသောက်တွေက အဆီကျဖို့ အထောက်အကူပေးပါသတဲ့။ အစားအသောက်ရှောင်ပြီး အဆီကျဖို့ ကြိုးစားနေရတဲ့သူတွေ စဉ်းစားသင့်တာပေါ့။ အဆီကျလို့ စားစေချင်တဲ့ စားစရာတွေထဲမှာ အမည်စုံပါဝင်နေတာ တွေ့ရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီလို သောက်စရာတွေ၊ ဒိန်ချဉ်လို နို့ကလုပ်ထားတဲ့ အစားအသောက်၊ အသီးတွေထဲက စပျစ်၊ ပန်းသီး၊ ဖရဲသီး၊ ဘယ်ရီသီးလေးတွေ၊ ဟင်းသီးဟင်းရွက်စိမ်းတွေဖြစ်တဲ့ ပန်းဂ်ါဖီစိမ်း၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ သခွားသီးတွေ၊ သရေစာအဖြစ်စားတဲ့ ကန်စွန်းဥ၊ အစေ့အဆန်တွေထဲက သီဟိုဠ်၊ ဟင်းလျာတွေမှာ အဆီမပါတဲ့ စွပ်ပြုတ်၊ အသုပ်တွေနဲ့ အဆီဖယ်ထားတဲ့ အသားတွေ၊ ငါးမျိုးစုံနဲ့ မီးဖိုချောင်ထဲက ရှာလကာရည်အထိ အဆီကျစေပါသတဲ့။ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |









0 comments:
Post a Comment