Related Posts Plugin for WordPress, Blogger...

December 5, 2015

The Irrawaddy's Blog

The Irrawaddy's Blog


စစ်ဘေးရှောင်ဒုက္ခသည်တွေကို လှူဒါန်းမယ့် ရံပုံငွေဈေးရောင်းပွဲ သန်လျင်မှာပြုလုပ်

Posted: 04 Dec 2015 01:34 AM PST




ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တို့မှာ အစိုးရတပ်နဲ့ SSPP/SSA တို့ အောက်တိုဘာ ၆ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များပြားလို့လာနေပါ
တယ်။



ဒီလို စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ရန်အတွက် ရန်ကုန်တိုင်း သန်လျင်မြို့ NLD အောင်နိုင်ရေးရုံးမှာ ရံပုံငွေ ဈေးရောင်းပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။



ဒီပွဲမှာ ဘူးသီးကြော်တပွဲကို ၁ ထောင်ကျပ်နှုန်းနဲ့ရောင်းချနေတာဖြစ်ပြီး ရလာသမျှ အရင်းရော အမြတ်ရောကိုပါ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

စစ်သူကြီးဗေလုဝရဲ့ အစိုးရသစ်တရပ်အပေါ် မြင်တဲ့အမြင်

Posted: 04 Dec 2015 12:53 AM PST


သရုပ်ဆောင် ဗေလုဝ (ဓာတ်ပုံ- ယုမွန်ကျော်/The Irrawaddy)

မကြာသေးခင်လောက်က ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လက်ရှိအနိုင်ရပါတီရဲ့ ခေါင်းဆောင် လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးရာထူးကို ပေးအပ်လိုက်တဲ့ ဟာသအနုပညာရှင်တဦးကို အားလုံးလည်းသိမှာပါ။ အဲ့ဒီစစ်သူကြီးက ရွေးကောက်ပွဲ မတိုင်မီကာလတွေမှာ လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးရေးတွေကို   မြန်မာပြည် တနှံ့တလျားလိုက်လံလုပ်ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။

သရုပ်ဆောင်လောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျင်လည်ခဲ့ပြီး "ဘီလူး"ဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ ပရိတ်သတ်အကြား လူသိများထင်ရှားလာခဲ့ပြီး စာပေများကိုလည်းလေ့လာခဲ့သူ စာလည်းရေး၊ စာပေဟောပြောပွဲမှာလည်း အလျဉ်းသင့်သလို လိုက်လံဟောပြောပေးနေသူလည်းဖြစ်ပါတယ်။ သူကတော့ ဟာသသရုပ်ဆောင် ဗေလု၀၀ါ။

ရွေးကောက်ပွဲကြီးပြီးလို့ နောက်တက်လာမယ့် အစိုးရအသစ်တရပ်အတွက်  ဗေလုဝ က ဘယ်လို မြင်သလဲဆိုတော့ "အသစ်အစိုးရတရပ်ကတော့ သူကတော့ လုပ်ပြမှာပဲ။ ဘယ်သူမဆိုဗျာ လုပ်ပြကြမှာပဲ။ အခုက ဒေါ်စုကပြောတယ် လွှတ်တော်ထဲမှာ ၀န်ကြီးရူးမရူးကြနဲ့ဆိုတာလေ။ ကျနောက်ကတော့ ထင်တယ် အဂတိလိုက်စားတာကတော့ နည်းသွားလိမ့်မယ်။ ပညာရေး အရမ်းကောင်းသွားလိမ့်မယ်။ အဲ့ဒီနှစ်ခုနဲ့တင် တိုင်းပြည်က စကောင်းနေပြီ။ တိုင်းပြည်တပြည်ရဲ့ အကောင်းဆုံးကတော့ အဂတိနည်းရင် ချမ်းသာကြတာပဲ။ စနစ်ကောင်းမယ်၊ ပညာရေးကောင်းမယ်ဆိုရင် ကျနော်တို့ တတိုင်းပြည်နဲ့တတိုင်းပြည်က ခေါင်းတွေနဲ့ ယှဉ်ကြရတာကိုး။ ခွန်အားတွေနဲ့ ယှဉ်တာမှ မဟုတ်တာကို။ အဲ့ဒီတော့ ပညာတတ်များများ ပေါ်ထွက်လာလေလေ၊ ပညာရေးစနစ်ကြီး ကောင်းလာလေလေ တိုင်းပြည်ကောင်းလေပဲ။ ကျနော်က တော့ အဲ့ဒီလိုပဲမြင်တယ်။ အဓိက အသက်က အဲ့ဒါပဲ။" လို့ ဧရာဝတီကို ပြောသွားပါတယ်။


ဟာသသရုပ်ဆောင် ဗေလုဝနဲ့ ဧရာဝတီမှ သတင်းထောက် ယုမွန်ကျော်တို့ ပြောဆိုမေးမြန်းထားဖြစ်တာများကိုလည်း ဧရာဝတီမှ ဆက်လက်ဖော်ပြပေးပါဦးမည်။ 

0 comments:

Post a Comment