Related Posts Plugin for WordPress, Blogger...

February 14, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Avria ကို အကောင်းဆုံးကာကွယ်နိုင်တဲ့ - Avira Antivirus Security v4.3 APK

Posted: 13 Feb 2016 07:21 PM PST

Android Os ဖုန်းကို ကိုင်ထားသူများအတွက် အရမ်းအသုံးများတဲ့ Avira Antivirus Security v4.3 Pro ကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတော့ Avria ကိုကျွန်တော်သဘောကျတဲ့အချက်တွေ ကတော့ Antivirus , Spyware , Malware , Trojan , Worm , Keylogger , AntiPhishing စတာတွေ အားလုံးကို Protect လုပ်ပေးနိုင်တဲ့အပြင် Network Security ပိုင်းကိုပါ လုံခြုံစိတ်ချမှုရှိစေပါတယ်။ အထူး သဖြင့် ပြသာနာအပေးဆုံး Virus တွေဖြစ်တဲ့ ExE Virus နဲ့ Short Cut တွေကိုတော့ Special နှိမ်နင်းပေး တယ်နော်။ နောက် ဆုံးထွက်တဲ့ Version သစ်လေးကို အသုံးပြုသင်ပါတယ်ဗျာ။





အရှုံးပေးမှာ သေချာပြီလား

Posted: 13 Feb 2016 09:24 AM PST


( ဖေဖော်ဝါရီလထုတ် Focus Youth E-magazine တွင်ပါဝင်သောဆောင်းပါး )
.
လူတိုင်းရှုံးဖူးပါတယ်။ တချို့က အရှုံးနဲ့ရပ်မနေဘဲ ပြန်ထသွားတယ်။ တချို့က တစ်သက်တာလုံး နာလန်မထူနိုင်အောင် ကျရှုံးသွားတယ်။ ပြန်လည်မရပ်တည်နိုင်လောက်အောင်ပြင်းထန်တဲ့ ကျရှုံးမှုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုကတော့ ယာယီအရှုံးတွေ ( ဥပမာ - ငြင်းပယ်ခံရတာ၊ အရွေးမခံရတာ၊ အလုပ်ပြုတ်တာ၊ အင်တာဗျူးမအောင်တာ၊ စာမေးပွဲကျတာ စသဖြင့် ) ကိုယ့်ကို လွှမ်းမိုးလာတဲ့အချိန်မှာ နောက်တစ်ကြိမ်မကြိုးစားတော့ဘဲ လက်လျှော့အရှုံးပေးထွက်ခွာတတ်တဲ့ အကျင့် ကြောင့်ပါပဲ။
.
ဒေါ်လာသန်းပေါင်းများစွာလက်လွှတ်ခဲ့ရသူ သို့မဟုတ် ရွှေတွင်းမှ သုံးပေအကွာဒီအကြောင်းကို လူတော်တော်များများ သိပါလိမ့်မယ်။ ရွှေတွင်းရောက်ဖို့ လက်တစ်ကမ်းအလိုမှာ ဆုံးရှုံးခဲ့ရတဲ့ ဒါဘီ ဆိုတဲ့လူတစ်ယောက်အကြောင်းပါ။ ရွှေတွင်းကို ဆုံးရှုံးခဲ့ရပြီး သူဘာဖြစ်သွားတယ်လို့ ထင်ပါသလဲ။ ဒါကိုသိတဲ့သူနည်းပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲက စိတ်ဝင်စားစရာကောင်းသလို လူငယ်တွေအတွက် သင်ခန်းစာတွေရစေမှာပါ။ မသိတဲ့လူတွေအတွက် ဒီအကြောင်းရဲ့အစကနေ ပြောပြပါ့မယ်။
.
ရွှေတွင်းတွေ ခေတ်ကောင်းစဉ်ကာလကပေါ့။ ဒါဘီ ဟာ ရွှေတူးချင်တဲ့ ရောဂါထနေပါတယ်။ ရွှေတွင်းရှိရာ နိုင်ငံရဲ့ အနောက်ပိုင်းကို သွားမယ်။ ရွှေတူးမယ်၊ ရွှေတွေ တွေ့ရင် သူချမ်းသာပြီပေါ့။ "လူတစ်ယောက်ရဲ့ ဦးနှောက်ကအကြံဥာဏ်တွေ အသုံးချပြီးရလာမဲ့ရွှေတွေက မြေကြီးကို တူးဆွပြိးမှ ရလာမဲ့ ရွှေတွေထက် ပိုများတယ်" ဆိုတာကို သူ ဘယ်တုန်းကမှ ကြားဖူးပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက ရွှေလုပ်ကွက်တစ်ခုကို လျှောက်လိုက်တယ်။ ပြီးတော့ ပေါက်ချွန်းတွေ တူးရွင်းပြားတွေနဲ့ အလုပ်လုပ်ဖို့ သူစတင်ထွက်လာခဲ့ပါတယ်။ သွားရတဲ့ လမ်းခရီးကတင် တော်တော်ပင်ပန်းပေမယ့် သူ့ရင်ထဲက ရွှေရှာမယ့် ရည်ရွယ်ချက်ကတော့ အခိုင်အမာပါပဲ။
.
သီတင်းပတ်တော်တော်များများ ကုန်ဆုံးပြီးတဲ့နောက် သူ့ရဲ့ အားထုတ်မှုအတွက် တောက်ပနေတဲ့ ရွှေစပါတဲ့ကျောက်တုံးတွေ ရရှိခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်အတိုင်း ရွှေကြောကိုတွေ့ခဲ့ပါပြီ။ ဒီကျောက်တုံးလေးတွေကို တွင်းပေါ်တင်ဖို့ သူ စက်ကိရိယာတွေ လိုအပ်လာခဲ့တယ်။ ဒါနဲ့ပဲ ရွှေတွင်းကို တိတ်တိတ်ကလေးဖုံးအုပ်ပြီး သူ့အိမ်ကို လာရာလမ်းအတိုင်းပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တော့ သူ့ရွှေတွင်းအကြောင်းကို ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကိုပြောပြလိုက်တယ်။ ဒါဘီ လိုအပ်နေတဲ့ စက်တွေဝယ်ဖို့ ဆွေမျိုးတွေစုပေါင်းပြီး ငွေချေးပေးလိုက်ပါတယ်။ စက်တွေဝယ်ပြီးတော့ ဒါဘီ နဲ့ သူ့ ဦးလေးက ရွှေတွင်းဆီကို နောက်တစ်ခေါက်ပြန်လာခဲ့ကြပါတယ်။
.
ပထမဆုံးတူးဖော်ရရှိခဲ့တဲ့ ရွှေပါတဲ့ကျောက်တုံးတွေ မိုင်းတွင်းသုံးတွန်းလှည်း တစ်စီးစာကို ရွှေအရည်ကျိုတဲ့ နေရာကို တင်ပို့လိုက်ပါတယ်။ ထွက်လာတဲ့ရလဒ်ကတော့ ကော်လိုရာဒိုမှာ ရှိတဲ့ ရွှေအပေါများဆုံးတွင်းတွေထဲက တစ်တွင်းကို သူတို့ပိုင်ဆိုင်နေပြီလို့ သက်သေပြနေပါတယ်။ ဒီလိုတွန်းလှည်းမျိုး နောက်ထပ်အနည်းငယ်လောက် ရလိုက်ရင်ပဲ သူတို့အကြွေးတွေ ကျေသွားပါလိမ့်မယ်။ ဒါပြီးရင်တော့ အမြတ်အစွန်းတွေ အများကြီးလာပါတော့မယ်။
.
အောက်ကို နက်နက်ရှိုင်းရှိုင်း တူးလာလေလေ၊ ဒါဘီ နဲ့ ဦးလေး တို့ရဲ့ မျှော်လင့်ချက်တွေ တောက်ပလာလေပါပဲ။ ဒါပေမဲ့ တစ်ခုခုတော့ ဖြစ်လာခဲ့ပါပြီ။ ဟုတ်ပါတယ် ရွှေကြော၊၊ သူတို့ ရွှေကြောပျောက်သွားခဲ့တယ်။ တူးရင်းဆွရင်းပဲ သူတို့ရဲ့ မျှော်လင့်ချက်သက်တန့်ရောင်ခြည်အဆုံးကို ရောက်လာခဲ့ပြီ။ သူတို့အိပ်မက်မက်ခဲ့တဲ့ ရွှေအိုးကြီး အဲ့ဒီနေရာမှာ ရှိမနေခဲ့ဘူး။ ရွှေကြောကို ပြန်ရှာတွေ့ဖို့ သူတို့ စိတ်ပျက်လက်ပျက်နဲ့ပဲ ဆက်တူးနေခဲ့ပါသေးတယ်။ အသုံးဝင်တဲ့အရာ ဘာမှမတွေ့ရတော့ပါဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ သူတို့ ဒီတွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။
.
သူတို့ရဲ့ ရွှေတူးတဲ့နေရာမှာသုံးတဲ့ စက်တွေကို စက်အဟောင်းတွေဝယ်တဲ့ လူဆီမှာ ဒေါ်လာ ရာဂဏန်းအနည်းငယ်လောက်နဲ့ ရောင်းချခဲ့ပြီး အိမ်ပြန်ရထားပေါ်တက်ခဲ့ရပါပြီ။ အားလုံးပြီးသွားပြီလေ။ တကယ်တော့ မပြီးသေးပါဘူး။ ကံထမ်းလာတာ မမြင်ရဘူးဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ အချို့ အဟောင်းဝယ်သမားတွေက ပညာမတတ် နလပိန်းတုံးတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ မဟုတ်ပါဘူး။ ဒီတွင်းဟာ ရွှေထွက်ဖူးတယ်။ တစ်ခုခုမှားနေလို့သာ မထွက်တော့တာဖြစ်မယ်လို့ အဟောင်းဝယ်သမားက စဉ်းစားမိတယ်။ သူက မိုင်းတွင်းအင်ဂျင်နီယာ တစ်ယောက်ကို ခေါ်ပြီး ပြတယ်။ တွက်ချက်မှုတွေ လုပ်ခိုင်းတယ်။ အင်ဂျင်နီယာက ဒီတွင်းမအောင်တဲ့ အကြောင်းရင်းက အရင် တွင်းပိုင်ရှင်တွေက ရွှေကြောမရောက်ခင်စပ်ကြား တွေ့ရတတ်တဲ့ ရွှေမရှိတဲ့ မြေသားအပိုင်းတွေအကြောင်းကို မသိလို့ပဲ လို့ပြောပြခဲ့တယ်။ သူ့ရဲ့တွက်ချက်မှုအရ "ဒါဘီနဲ့ သူ့ဦးလေးရပ်ခဲ့တဲ့နေရာကနေ နောက်ထပ်သုံးပေဆက်တူးရင် ရွှေကြောကို ပြန်ရောက်ပါလိမ့်မယ်" တဲ့။ လုံးဝအတိအကျပါပဲ။ သုံးပေဆက်တူးပြီးတော့ ရွှေကြောကို တကယ်ရောက်ခဲ့ပါတယ်။ စက်အဟောင်းဝယ်သမားဟာ ဒီရွှေတွင်းကနေ ဒေါ်လာသန်းဂဏန်းလောက် ရသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူဟာ လုပ်ငန်းတစ်ခုကို မစွန့်လွှတ်ခင် ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ အကြံပေးမှုကို ရယူသင့်တယ် ဆိုတာကို သိလို့ပါပဲ။
.
ဒါဟာ တကယ့်ဖြစ်ရပ်မှန်ပါ။ ဒါဘီဟာ စက်တွေအတွက်ရင်းနှီးမြုပ်နှံခဲ့တဲ့ ငွေတွေကို သူ့ရဲ့ အမျိုးတွေဆီက ချေးယူခဲ့တုန်းက အရမ်းငယ်ရွယ်သေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒါပေမဲ့လည်း သူ့အမျိုးတွေက သူ့ကို ယုံကြည်လို့ များပြားတဲ့ ငွေတွေကို ချေးပေးခဲ့ကြတာပါ။ ဒါဘီကလည်း ဒီငွေတွေကို တစ်ပြားမကျန်ပြန်ဆပ်ခဲ့ပါတယ်။ ဒီလိုဆပ်နိုင်ဖို့ သူ နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ရပါတယ်။
.
အချိန်အတော်ကြာ ကုန်လွန်သွားတဲ့နောက်မှာတော့ ဒါဘီဟာ ရွှေတွင်းမှာ သူဆုံးရှုံးခဲ့ရတာထက် အဆပေါင်းများစွာကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုရှာဖွေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ "ပြင်းပြစွာလိုချင်တဲ့စိတ် Desire ဟာ ရွှေဖြစ်စေနိုင်တယ်" ဆိုတာကို သူတွေ့ရှိခဲ့လို့ပါပဲ။ ဒီတွေ့ရှိချက်ကို အသက်အာမခံအရောင်းလုပ်ငန်းထဲကို ၀င်ရောက်လုပ်ကိုင်ပြီးတဲ့နောက်မှာ သူရရှိခဲ့တာပါ။
ရွှေရှိတဲ့နေရာရဲ့ သုံးပေအကွာမှာ ရပ်တန့်ခဲ့လို့ သန်းချီတဲ့အမြတ်အစွန်းကို ဆုံးရှုံးခဲ့ပြီးတဲ့နောက် ဒါဘီဟာ ဒီအတွေ့အကြုံ သင်ခန်းစာကို အသုံးချပြီး သူရွေးချယ်ခဲ့တဲ့ လုပ်ငန်းမှာ အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။ သူ့နည်းလမ်းက ရိုးရိုးလေးပါ။ သူက သူ့ကိုယ်သူပြောပါတယ်။ "ငါ ရွှေကြောကနေ သုံးပေအလိုမှာ ရပ်ခဲ့တယ်။ ဒါပေမဲ့ ငါ အသက်အာမခံဝယ်ဦးမလားခင်ဗျာ လို့မေးတဲ့အချိန် လူတွေက No လို့ ဖြေတဲ့အခါမှာတော့ ငါ ရပ်တန့်တော့မှာ မဟုတ်ဘူး။" ဒါဘီဟာ တစ်နှစ်ကို အသက်အာမခံ ဒေါ်လာတစ်သန်းဖိုးရောင်းရတဲ့ လူငါးဆယ်ထက်နည်းတဲ့ လူနည်းစုထဲက တစ်ယောက်ဖြစ်နေပါပြီ။ ဒါဟာ ရွှေတွင်းလုပ်ငန်း လုပ်ကိုင်ခဲ့တုန်းက ရခဲ့တဲ့ လက်လျှော့အရှုံးပေးခြင်း (Quitability) ဆိုတဲ့ သင်ခန်းစာအတွက် စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်း (Stickability) နဲ့ အစားထိုးပြီး သူ့ကိုယ်သူ အောင်မြင်အောင်လုပ်ခဲ့လိုက်တာပါပဲ။
.
ဘယ်လိုလူမျိုးဆီကိုမဆို အောင်မြင်မှုဆိုတာမလာခင် ယာယီရှံးနိမ့်မှုတွေ ရောက်လာစမြဲပါ။ တခါတလေဆို ပြင်းထန်တဲ့ကျဆုံးမှုတွေတောင် ရင်ဆိုင်ရတတ်ပါတယ်။ အရှုံးက လူကို အနိုင်ယူသွားတဲ့အချိန်မှာ အလွယ်ဆုံးနဲ့ ကြောင်းကျိုးဆက်စပ်မှု အရှိဆုံးလုပ်ရမှာကတော့ ရင်မဆိုင်တော့ပဲ လက်လျှော့ထွက်သွားလိုက်ဖို့ပါ။ ဒါက အရှုံးနဲ့ တွေ့ကြုံရချိန် လူအများစု လုံးဝလုပ်လေ့ရှိတဲ့ အရာပါပဲ။ အဲ့ဒါကြောင့်လည်း လူအနည်းစုကပဲ အောင်မြင်နေတာပေါ့။
.
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အအောင်မြင်ဆုံး လူငါးရာကျော်က တညီတညွတ်တည်း ပြောခဲ့တာကတော့ "သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ရှုံးနိမ့်မှုတွေကို သူတို့ကျော်လွှားနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာတင်ပဲ ရရှိခဲ့ကြတာပါ" တဲ့။ ရှံးနိမ့်မှုဆိုတာက လူတွေရဲ့ အားနည်းချက်ကိုရှာပြီး လူတွေကို ယိမ်းယိုင်စေတတ်ပါတယ်။ ကြီးကြီးငယ်ငယ် ဘ၀မှာ အနည်းဆုံးတစ်ကြိမ်တော့ ကျွန်တော်တို့ ရှုံးနိမ့်မှုကို ရင်ဆိုင်ရမှာပါ။ လူအများစုမှားတတ်တဲ့ အမှားကို ကျွန်တော်တို့ လိုက်မမှားမိဖို့ (အရှုံးမပေးဖို့်) လိုပါတယ်။ သေချာတာက အရှုံးဆိုတာဟာ အောင်မြင်မှုရလုနီးပါးဖြစ်နေတဲ့ လူတစ်ယောက်ကို ခြေထိုးရတာ အရမ်းနှစ်သက်တယ် ဆိုတာပါပဲ။
.
ဒီဖြစ်ရပ်မှန်ကနေ သင်ခန်းစာတွေ အများကြီးရနိုင်ပါတယ်။
.
(၁) ခေါင်းထဲက ထွက်ပေါ်လာတဲ့ ရွှေဖြစ်စေမယ့် အကြံဥာဏ်တွေက မြေကြီးထဲက တူးဆွပြီး ရတဲ့ရွှေထက် တန်ဖိုးရှိပါတယ်။ ပေါက်ချွန်းနဲ့ပေါက်လို့ရတဲ့ ရွှေက တွင်းကထွက်သလောက်ပဲ ရတာပါ။ သင့်ရဲ့ ကိုယ်ပိုင်ဥာဏ် အစွမ်းအစနဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာမဲ့ ရွှေတွေကတော့ အကန့်အသတ်မရှိပါဘူး။
.
(၂) ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်၊ ဘယ်လိုနယ်ပယ်မျိုးမှာဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့လုပ်ငန်းကို မအောင်မြင်တော့ဘူးထင်လို့ အရှုံးပေး လက်မလျှော့ခင် ကိုယ့်လုပ်ငန်းနယ်ပယ်မှာ တကယ်နားလည်ကျွမ်းကျင်တဲ့ ပညာရှင်ကို ခေါ်ယူဆွေးနွေး အကြံဥာဏ်တောင်းသင့်ပါတယ်။ သတိပြုရမှာက လူတကာဆီက အလကားရတဲ့ အကြံဥာဏ်ကို မယူပါနဲ့။ စိန်အကြောင်းကို ဆေးရိုးသည်က နားမလည်ပါဘူး။ စက်အဟောင်းဝယ်သမားဟာ ပညာရှင်နဲ့ တိုင်ပင်ပြီး တွက်တတ်ချက်တတ်လို့ စွန့်ပစ်ရွှေတွင်းကနေ ဒေါ်လာသန်းချီ ရခဲ့ပါတယ်။
.
(၃) ဆုံးရှုံးမှုကို ကြုံရတဲ့အချိန်မှာတောင် ပေးခဲ့တဲ့ ကတိကို တန်ဖိုးထားပါ။ ဒါဘီ ဟာ ရွှေတွင်းမအောင်ခဲ့ပေမယ့် သူ့အကြွေးတွေ ကျေအောင်ဆပ်ခဲ့ပါတယ်။ အောင်မြင်တဲ့လူတိုင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကတိတည်ကြပါတယ်။
.
(၄) ရှုံးနိမ့်မှုတိုင်းကနေ သင်ခန်းစာယူပါ။ ဒါဘီဟာ သူ့ရဲ့ လက်လျှော့အရှုံးပေးတတ်မှုကြောင့် တကယ်ရှုံးခဲ့တာကို သင်ခန်းစာယူပြီး စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်း နဲ့ အစားထိုးခဲ့လို့ ရွှေတွင်းကပေးမယ့် ငွေထက် များပြားတဲ့ငွေတွေရရှိခဲ့ပါတယ်။
.
(၅) ဘာအကြောင်းပဲဖြစ်ဖြစ် ဘယ်လိုရှံးနိမ့်မှုပဲကြုံကြုံ ကိုယ့်ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။ အရှုံး ပြီးရင် အနိုင်ဆိုတာ သေချာပေါက်လာမှာပါ။
.
(၆) စွဲစွဲမြဲမြဲ ပြင်းပြင်းပြပြ လိုချင်တဲ့စိတ် (Desire) သာရှိပါစေ။ သင်လိုချင်တဲ့ အရာ သင်ရလာမှာပါ။
______________
နေသစ်
Reference: Think and Grow Rich by Napoleon Hill


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



V day အတွက် MySassy Girl Movie Download

Posted: 13 Feb 2016 09:24 AM PST


Download 480p 700MB VOB
Download 360p 350MB MP4

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



စကိတ်စီးရမယ့်ဂိမ်း [26.7 MB] [apk]

Posted: 13 Feb 2016 09:03 AM PST

Screenshots of the Skate up for Android tablet, phone.

Download ကိုနှိပ်ပြီးရယူပါ

Download


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Avira Antivirus Security APK

Posted: 13 Feb 2016 08:58 AM PST

Avira Antivirus Security icon

Avira Antivirus ဆိုတာ PC မှာတည်းကလူကြိုက်များခဲ့တဲ့Antivirus Security ဆော့ဝဲတမျိုးပါ ဖုန်အတွက်ထွက်ရှိလာလို့တင်ပေးလိုက်ပါတယ် လိုအပ်သူများအောက်မှာ Download ပါ

Avira Antivirus Security poster Avira Antivirus Security apk screenshot Avira Antivirus Security apk screenshot

-
Download
-
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Android OS application များကို full version ဖြစ်အောင်လုပ်ပေးမယ်-Lucky Patcher v6.0.2 APK

Posted: 13 Feb 2016 07:20 AM PST

Android application တွေကို fullversion ဖြစ်အောင်လုပ်ပေးမယ့်LuckyPatcher ဆော့ဖ်ဝဲ လေးတစ်ခုပါ။ တချို့သောAndroid apk တွေဟာဆိုရင်"လိုင်စင်ကီး"တောင်းတာတို့ဝယ်ခိုင်းတာတို့ ပြီးတော့မျက်စိနောက် စရာကြော်ငြာတွေပါနေတာမျိုးတွေရှိတတ်ပါတယ်။အဲလိုမျိုးဖြစ်နေတဲ့apkတွေကိုအခုဒီsoftwareလေးကFull Versionဖြစ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။Android apk တွေကို လိုင်စင်ကီးတောင်းရင် ဒါလေးနဲ့ ထပ်မတောင်းတော့အောင် ဖြုတ်ပေးလို့ရပါတယ်​။ဒါ့အပြင် Google Ads ဖြုတ်တာတို့ License Verfication ဖြုတ်တာတို့မှာပါတော်တော်အဆင်ပြေစေပါတယ်။android apk တွေကို full version ဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆော့ဖ်ဝဲ လို့တောင်မှနာမည်ကြီးပါတယ်။အဲ တခုရှိတာက ဒီဆော့ဖ်ဝဲကိုသုံးမယ်ဆိုရင်တော့မိမိတို့ဖုန်းဟာRooted ဖြစ်ထားရပါမယ်Root ဖြစ်ပြီးသားဖုန်းတွေပဲအသုံးပြုလို့ရမှာပါ။ apk file size 3.7 MB လောက်ပဲရှိပြီး androidversion2.0 နှင့်အထက်ဖုန်းများ ဒီဆော့ဖ်ဝဲ ကိုအသုံးပြုနိုင်ပါတယ်။





♪ သေးသေးလေးနဲ့အလွန်အစွမ်းထက်တဲ့ Antivirus - Smadav 2016 Rev v10.5 + Keygen ♫

Posted: 12 Feb 2016 11:45 PM PST

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9gkDWJnF_lecpyHeKJWHb0xi1_BRW10W6nFIJuox91rp-fjaUnOtglMIf8NLxMtd87Fri4FmvUn-zKbo-Wz5-96-iFDSxAYWtkS9PajDjOvGtfjtL1tEy71E782LdB55H5EPh_NZEzVo/s1600/Smadav+Pro+2015+Rev.+10.2.5.jpg

ကျွန်တော်အရမ်းသဘောကျနေတဲ့ Antivirus တစ်ခုဖြစ်တဲ့ Smadav 2016 Rev v10.5 ကတော့ Version အသစ်ထွက်လာပြန်ပါပြီဗျာ။ Windows OS မှာ ကပ်ငြိဒုက္ခပေးနေ တဲ့ Virus အမျိုးအစားတွေအများကြီးကို ရှာဖွေသတ်ပေးနိုင်ပြီး Task Manager ခေါ်မရတာ၊ Registry ကိုပိတ်ထားတာ၊ ဖိုင်တွေ Hidden ဖြစ်နေ တာတွေကို ဒီကောင်နဲ့ ချက်ချင်း ဝင်ရောက်ထိန်းချုပ်နိုင်ပါတယ်။ Signature ပေါင်း 8296 မျိုးကို သုတ်သင်ရှင်းလင်းဖို့ ထည့်ပေးထားပါတယ်။ Pro Version အတွက် Update တွေရရှိနိုင်မှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ Shortcut Virus, Wind32, Sality ကိုတော့ အထူးနှိမ်နင်းပေး ပါတယ်။ အဲဒီ Antivirus ကိုကျွန်တော်လိုချင်နေတာ ကြာပြီဗျ။ ဓါတ်ပုံဆိုင်တစ်ဆိုင်မှာ သူ့ရဲ့လုပ်ဆောင် ချက်တွေကို ကြည့်ကတည်းက သဘောကျနေတာပါ။ ဒီ Antivurus ကိုမနေ့ညက နည်းနည်း ကလိကြည့်လိုက်တာ သူ့ရဲ့ Protection တွေကိုအတော်လေးသဘောကျ လို့ အခြားသော သူငယ်ချင်းတွေ အသုံးပြုနိုင်အောင်လို့ပြန် တင်ပေးလိုက်ပါတယ်ဗျာ။ ကွန်ပြူတာထဲသို့ USB ထိုးလိုက်တာနဲ့ USB ကိုအသေးစိတ် Virus Scan ဖတ်ပေး နိုင်တာ တော်တော်မိုက်တယ်ဗျာ။ သူ့ရဲ့ Feature တွေကလည်းအများကြီးပါ။ USB Virus Scan သာမက PC တစ်ခုလုံးကိုပါ Virus Scan လုပ်ပေးနိုင်ပါ တယ်ဗျာ။ Full Version အသုံးပြုနိုင်အောင် Serial Key ကိုပါထည့် သွင်းပေးထားပါတယ်ဗျာ။ Windows XP/Windows Vista/Windows 7/Windows 8 32-bit and 64-bit (x86 and x64) အစရှိတဲ့ Window OS တိုင်းမှာအသုံးပြုနိုင်ပါတယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment