Related Posts Plugin for WordPress, Blogger...

July 25, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


စမတ်ဖုန်းကို စွဲစွဲ လန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ

Posted: 24 Jul 2015 08:11 PM PDT

တကယ်တော့ စမတ်ဖုန်းတစ်လုံး မပိုင်ဆိုင်ထားရတာဟာ ကျွန်ုပ်တို့ကို ရှက်စရာတစ်ခုသဖွယ် ဖြစ်နေစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘ၀တွေ လွယ်ကူစေပါတယ်။ ရိုးရှင်းစွာ ဆက်သွယ်နိုင်တယ်။ အကွာအဝေးတွေ နီးစေတယ်။ ဒါပေမယ့်လည်း အမြဲတမ်း စမတ်ဖုန်းကို ပဲ စွဲစွဲလန်းလန်း သုံးနေဖို့ တော့ မသင့်ပါဘူး။ သင်စမတ်ဖုန်း ကို စွဲစွဲလန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ ရှိပါတယ်။

၁။ အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်
သင့် ချစ်သူရည်းစားကို ဘေးမှာထားပြီး Twitter သို့ Facebook တစ်ခုခုနဲ့ အလုပ်ရှုပ်နေတာဟာ အဆင်ပြေတဲ့ အချစ်ရေးတစ်ခုရဲ့ ပြယုဂ် တစ်ခု လုံးဝမဟုတ်ပါဘူး။ အဲဒီတော့ သင်ဟာ စမတ်ဖုန်းကို သုံးနေမယ့်အစား သူ့မျက်လုံးကို ကြည့်ပြီး စကားပြောနေခြင်းဟာ သူ့ရဲ့ Facebook Status တွေထဲမှာထက် ပိုပြီး သူ့စိတ်ကို မြင်အောင်ကြည့်နိုင်မှာပါ။

၂။ သင့်ရဲ့ ကလေးတွေဟာ လည်း စမတ်ဖုန်းသုံးခြင်းမှာ ကျွမ်းကျင်လာနိုင်တယ်
သင့်ရဲ့ အမူအကျင့် က သင့်ကလေးတွေထိ ကူးစက်နေမှာပါ။ လောကကြီးအကြောင်း နားမလည်သေးတဲ့ ကလေးငယ်တွေကို စမတ်ဖုန်းထဲမှာ အတွေ့အကြုံတွေရှာဖို့ အားပေးအားမြှောက် မလုပ်သင့်ပါဘူး။

၃။ ဖုန်းပြောရင်း လမ်းလျှောက်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်
သင်ဟာ လမ်းဖြတ်ကူးတဲ့ အချိန် ၊ ကားမောင်းနေတဲ့ အချိန်ဈေးဝယ်ထွက်နေတဲ့ အချိန်တွေမှာ ဖုန်းပြောနေတဲ့ အခါ သင့် အတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။ သင်ဟာ အန္တရာယ်ကို တစ်ဖက်က ဂရုစိုက်နေပေမယ့် တစ်ဖက်မှာ လူမှုရေး ကို ထိခိုက်စေပြန်ပါတယ်။ လူတိုင်းဟာ တန်းစီ နေရတာကို အာရုံနောက်တတ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

၎။ ဥစ္စာပျောက် ငရဲရောက် နိုင်တယ်
သင့်ကို နှလုံးရောဂါဖြစ်စေနိုင်တဲ့ အသေးစား အဖြစ်အပျက်တစ်ခု ဟာ ဖုန်းပျောက်ခြင်း ဖြစ်နေမှာပါ။ သင့်ဖုန်း ကို သင့် အိတ်ကပ်ထဲမှာ ရှာတယ်၊ လွယ်အိတ်ထဲမှာရှာတယ်။ မတွေ့တဲ့အခါ သင် ကြောက့်လန့်လာတယ်။ အေးဆေးပေါ့။ ပျောက်သွားတာ စမတ် ဖုန်းတစ်လုံးပါ။ ဒေါ်လာ ထောင်ပေါင်းများစွာ မဟုတ်ပါဘူး။

၅။အမြဲတမ်း Selfie ရိုက်ဖြစ်နေတယ်
သင်ဟာ တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို ရောက်နေမယ် ၊ စားသောက်ဆိုင် အကောင်းစား တစ်ခုမှာ ရောက်နေမယ်ဆိုရင် သင့်ရဲ့ ချက်ချင်း လုပ်ဆောင်မယ့် တုံ့ပြန်မှု က Selfie ထုတ်ရိုက်တာပဲ ဖြစ်မှာပါ။ ဒါတွေကို လူမှုကွန်ရက်မှာ ကိုယ်ဘယ်ရောက်နေတယ် ဘာလုပ်နေတယ်ဆိုတာ လူသိအောင် Post လုပ်ခြင်းဟာ ဘ၀ ရဲ့ အမှတ်တရတွေကို မှတ်သားထားရာ ရောက်ပေမယ့် ကိုယ့်ချစ်သူမဟုတ်တဲ့ တစ်ခြား  တစ်ယောက်ယောက်နဲ့ Selfie မျိုးတွေက အချစ်ရေးမှာ သင့်ကို အာရုံနောက်စေမှာပါ။
Ref:mensxp.com
trend.com.mm

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားသမျှ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းဖြစ်လာနိုင်တဲ့ HTC One M9+

Posted: 24 Jul 2015 07:24 PM PDT



ဧပြီလအစမှာ စတင်မိတ်ဆက်ခဲ့တဲ့ HTC One M9+ ဟာ ကိုယ်ထည်တစ်ခုလုံးသတ္တုနဲ့  ပြုလုပ်ထားတဲ့ HTC M9 နဲ့ ပုံစံတူပေမယ့် ဒီဖုန်းနှစ်လုံးကြားမှာ ကွဲပြားချက်တွေတော့ ရှိနေပါတယ်။ HTC One M9+ ဟာ One M9 ထက် ပိုမိုကြီးမားတဲ့ ၅.၂ လက်မ မျက်နှာပြင်ပါရှိပြီး 2560×1440 pixel ဖြစ်တာကြောင့် M9 ထက် ရုပ်ထွက် ပိုမို ကောင်းမွန်လာပါတယ်။ 
Qualcomm ပရိုဆက်ဆာကို အသုံးပြုထားတဲ့ One M9 ဖုန်းဟာ chipset အပူချိန်မြင့်မားတယ် လို့ ဝေဖန်စာတွေ ရရှိပြီးနောက်မှာ HTC ဟာ ယခု M9+ မှာ MediaTek Helio X10 ပရိုဆက်ဆာကို အစားထိုးအသုံးပြုထားပါတယ်။ အနောက်ဘက်မှာ 20 megapixels duo camera ပါဝင်ပြီး အရှေ့ ဘက်မှာတော့ 4 MP ကင်မရာကို အသုံးပြုထားပါတယ်။ 
HTC ဟာ ပြိုင်ဘက်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Note 4 နဲ့ iPhone 6 Plus တို့ ကို ပြိုင်ဆိုင်တဲ့အနေနဲ့ M9+ မှာ လက်ဗွေရာစနစ်စကင်နာကို အသစ်ထည့်သွင်း ထားပါတယ်။M9+ ရဲ့ ဈေးနှုန်းကို ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် မကြာခင်မှာ ဥရောပမှာ စတင်ဖြန့် ချိတော့မယ်လို့ သိရပါတယ်။



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ နီနီခင်ဇော်ရဲ့ အနီရောင် Alblum လိုချင်သူများဒေါင်းနိုင်ပါပြီ ♫

Posted: 24 Jul 2015 03:51 AM PDT


အခုတလောမှာ နာမည်ကြီးပြီးလူကြိုက်များနေတဲ့ နီနီခင်ဇော်ရဲ့ အနီရောင် တေးစီးရီးကိုနားထောင်ချင်သူ များအတွက် MP3 အနေနဲ့တင်ပေးလိုက်ပါပြီဗျာ။ စုစုပေါင်း သီချင်း 12ပုဒ်တိတိပါဝင်ပါတယ်။ အားလုံးကို အဆင်ပြေပြေဒေါင်းယူနိုင်အောင် စုစည်းပြီး Mediafire မှာတင်ပေးထားပါတယ်ဗျာ။ ပါဝင်တဲ့သီချင်းတွေကို လည်းအောက်မှာဖော်ပြပေးလိုက်ပါတယ်။

1.အချစ်အိမ်

2.အူကြောင်ကြား

3.ဂယ်ပဲ.........ဂယ်ပဲ

4.ကျေးဇူးတင်ပါတယ်

5.လွမ်းခွင့်လေး

6.မလိုချင်ဘူး.....စစ်

7.Marry Me

8.မျှော်လင့်ဆဲ

9.Super Red

10.Super Sunday

11.သစ္စာမပျက်ကြေး

12.ယုံလိုက်တိုင်းမှား



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

လေချွန်ကြည့်လိုက်နော်...

Posted: 24 Jul 2015 07:06 AM PDT

Image result for Mobile wake image




သယ်ရင်းတစ်ယောက်ဆီက ရထားတဲ့ ဆော့ဝဲလ်လေးကို ပြန် Share တာပါ...
ဒီဆော့ဝဲလ်လေးကို မိမိ ဖုန်းထဲ ထည့်ထားပြီး  Phone Screen off ဖြစ်နေတဲ့  အခါမှာ လေချွန်ကြည့်လိုက်ပါ...
Ring သံလေးတစ်ခု ထ မြည်လာပါလိမ့်မယ်...

အဲလိုမျိုးဆိုတော့ မိမိဖုန်း ပျောက်နေတဲ့အခါ ၊ ဘယ်နေရာထားလို့ ထားမိမှန်းမသိတဲ့အခါ ဖုန်းခေါ်စရာ မလိုဘဲ လေချွန်လိုက်တာနဲ့..သိနိုင်တာပေါ့ဗျာ...

လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါတော့ခင်ဗျာ....

 Ref;mm-mpxteam
credit to kaunglay

Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



SIM card ရဲ့ PIN or PUK lock အကြောင်းနဲ့ lock ကျရင်ဖြေရှင်းနည်း

Posted: 24 Jul 2015 07:06 AM PDT

SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....
ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....ဆာ့...ဆာကြီးတွေကတော့သိမှာပါ....

အနော်လို beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....

မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...

တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါပီသားပါ.....

Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....

အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...

အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...

- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေးပီ ok နှိပ်ပါ....
- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....
- နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...
ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...အနော်ကတော့မတိုက်တွန်းပါဘူး....

sim card lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...

မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...

ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..

ဒါဆိုအဓိကပြောချင်တာက -

SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
**********************************
Ref;mm-mpxteam
Credit to ZawMyoOo
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



CDMA 450တွင်ငွေဖြည့်ပေးနည်း

Posted: 24 Jul 2015 07:06 AM PDT

CDMA 450 နဲ့ CDMA 800 (09 73-------)ဖုန်းတွေမှာအခြားဖုန်းသို့ငွေဖြည့်ပေးနည်းလေးပါ။

166 ကိုနှိပ်ပြီးဖုန်းခေါ်လိုက်ပါ။
ပြီးရင် အဲဒီမှာဆော်လေးတပွေကပြောပြပေးလိမ့်မယ်။
မြန်မာလိုကြားချင်ရင် ၂ ကိုနှိပ်လိုက်ပါ။
ပြီးရင် ငွေဖြည့်ရန် ၁ ကိုနှိပ်ပါလို့ပြောလိမ့်မယ်။ ၁ ကိုနှိပ်လိုက်ပါ။
ပြီးရင် ငွေဖြည့်လိုသောတယ်လီဖုန်းနံပါတ်ကိုနှိပ်ပါလို့ပြောလိမ့်မယ်။ အဲဒီမှာ ကိုယ်ငွေဖြည့်ပေးချင်တဲ့ဖုန်းနံပါတ် (ဥပမာ ၀၉၈၆-----)ကိုနှိပ်လိုက်ပါ။
သတိထားရမှာက ဖုန်းနံပါတ်ရှေ့က ၀၉ ကိုထည့်နှိပ်ပေးရပါမယ်။ အရေးကြီးပါတယ်။ ၀၉ မခံရင် အဲဒီငွေက သူများဖုန်းနံပါတ်ကို မဝင်ဘဲ ကိုယ့်ဖုန်းထဲ ကိုဘဲဝင်သွားပါလိမ့်မယ်။ ဖုန်းနံပါတ်နောက်ဆုံးက # key ကိုနှိပ်လိုက်ပါ။
ပြီးရင်သူက ဖုန်းနံပါတ်ကိုရွတ်ပြလိမ့်မယ်။ မှန်တယ်ဆိုရင် ၁ ကိုနှိပ်ပါပြောလိမ့်မယ်။ မှန်ရင် ၁ ကိုနှိပ်ပြီး အတည်ပြုလိုက်ပေါ့။
ပြီးရင်သူကခေတ္တစောင့်ပါလို့ပြောပြီး အောင်မြင်ရင် ငွေဖြည့်သွင်းပြီးပါပြီ လို့ပြောလိမ့်မယ်။ အဲဒါဆိုရင် OK ပြီပေါ့။ ငွေဖြည့်သွင်းပြီးတာနဲ့တစ်ပြိုင်နက် ကိုယ့်ဖုန်းထဲကို Message တစ်စောင်နဲ့ သူ့ဖုန်းထဲကိုလဲ Message တစ်စောင်ဝင်လာပါလိမ့်မယ်။ ကိုယ့်ဖုန်းထဲကိုဝင်တဲ့ Message မှာ ကိုယ်ဖြည့်ပေးတဲ့ဖုန်းနံပါတ်ကိုငွေဝင်သွားကြောင်းနဲ့ သူ့ဖုန်းထဲမှာတော့ ကိုယ့်ကိုဘယ်ဖုန်းနံပါတ်က ငွေဖြည့်ပေးကြောင်းပြောပေးပါလိမ့်မယ်။
ဒီနည်းကသိတာတော့ကြာပါပြီ။ အမှတ်တမဲ့ဖြစ်နေလို့ အခုသတိရတုန်းလေးတင်ပေးလိုက်တာပါ။

အဆင်ပြေကြပါစေ။

Ref;mm-mpxteam
Credit to kyaw6101980
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ Facebook သုံးစွဲသူများအတွက် Update Version - Facebook for Android v40.0.0.0.116 Apk (21-July) ♫

Posted: 24 Jul 2015 03:54 AM PDT

Cover art

ဟိုတနေ့က (21-July) မှာ အသစ်ထွက်လာတဲ့ Facebook Version တင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ် ထွက်လာတဲ့ Version ကတော့ အရင် Version အဟောင်းထက် သုံးရတာပိုပြီး ပေါ့ လာသလိုပဲဗျာ။ ကြည့် လို့လည်းပိုကောင်းလာပါတယ်။ Photo တွေ Video တွေလည်း ကွန်နရှင်သိပ် မကောင်း တာတောင် မြန်မြန်ပေါ်လာတာ ကိုတွေ့ရပါတယ်။ သူငယ်ချင်းတို့လည်းစမ်းသုံးကြည့်ကြပါဦး။အခုတင်ပေး လိုက်တဲ့ Facebook Apk ကိုတော့ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ Facebook Apk မရှိသူများနဲ့ Version အသစ်အသုံးပြုချင်သူများအောက်က Link မှာဒေါင်းယူသွားနိုင်ပါ တယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ မမြင်စေချင်တဲ့ဓါတ်ပုံတွေဗီဒီယိုတွေကိုဖွက်ထားပေးမယ့် - Gallery Vault-Hide Video&Photo Pro v2.4.7 Apk (23-July) ♫

Posted: 24 Jul 2015 03:49 AM PDT

Cover art
လျှို့ဝှက်ချက်တွေများတဲ့ သူငယ်ချင်းများအတွက် Gallery Vault-Hide Video&Photo PRO ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Gallery ထဲမှာရှိတဲ့ Photo တွေ Video တွေကို သူများတွေမမြင်နိုင်အောင် ဖွက်ထားပေးနိုင်ပါတယ်။ အချို့ဘော်ဒါတွေရှိတက် ပါတယ်။ 18+ Video တွေကို ဖုန်းထဲမှာ Save ထားတက်ကြတယ်။ ဒါမျိုးဆိုရင်လည်း အခု Application နဲ့ အဆင်ပြေတာပေါ့ဗျာ။ ကိုယ့်ရဲ့ကောင်မလေးနဲ့ရိုက်ထားတဲ့ပုံတွေ ကိုလည်း သူများတွေမမြင်စေချင်ရင် လည်း အခု Application လေးနဲ့ဖွက်ထားနိုင်ပါတယ်ဗျာ။ ဒီလောက်ဆိုရင်တော့ ဘယ်လိုနေရာမျိုးတွေမှာ သုံးနိုင်လည်းဆိုတာသဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဗျာ။ Password အနေနဲ့ကတော့ Pattern Lock , Pin Lock အစရှိသဖြင့်မိမိသဘောကျသလိုထားနိုင်ပါတယ်။ Android OS 2.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


The magic of Gallery Vault:
— Support moving your encrypted files to SD card to save your device storage for All devices, include Android 4.4(KitKat), Android 5.0(Lollipop).
— Be INVISIBLE except for you
— Integrated with Private Web Browser and support downloading all images and videos in web page with just one tap.
— Import your private PICTURES and VIDEOS from the phone gallery by Sharing in batches
— Directly take and hide photos and videos in Gallery Vault
— The hidden media files are kept encrypted
— The perfect media browser design, providing the smooth zoom and slide experience
— Support recover files after the re-installation
— Shake your phone to close Gallery Vault in a hurry
— Support Break-in Alerts

Gallery Vault-Hide Video&Photo - screenshot     Gallery Vault-Hide Video&Photo - screenshot

Gallery Vault-Hide Video&Photo - screenshot     Gallery Vault-Hide Video&Photo - screenshot

Gallery Vault-Hide Video&Photo - screenshot     Gallery Vault-Hide Video&Photo - screenshot

Gallery Vault-Hide Video&Photo - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Android ဖုန်းထဲ့မှာ ကြိုက်တာဒေါင်းလို့ရတဲ့-Google Play services v7.8.93 (2104405-010)Apk

Posted: 24 Jul 2015 12:43 AM PDT

android ဖုန်းထဲ့မှာ ကြိုက်တာကို ဒေါင်းလုပ် install လုပ်လို့ရတဲ့ Google Play services  နောက်ဆုံးထွက် version သစ်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးမှာတော့ မိမိကြိုက်တဲ့ android application ထည့်သွင်းလို့၇နိုင်တဲ့ android application လေးတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပြီး မိမိသုံးထားသော Android application တွေကိုလည်း updated  လုပ်ဆောင်နိုင်တဲ့ android application လေးဖြစ်ပါတယ်။ဒီကောင်လေး ၏ version ကတော့ (Google Play services)7.8.93 (2104405-010) နောက်ဆုံးထွက်ပါ။ အသုံးပြုလို့သူများအတွက် အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒီကောင်လေး၏ ဖိုဒ်ဆိုဒ်လေးကတော့42.15MB  ဖြစ်ပြီး ဒီကောင်ကိုတော့ ဖုန်းအားလုံးမှာထည့်သွင်းနိုင်ပါတယ်။



   Download Here

E-sports ကစားသမားများ

Posted: 24 Jul 2015 12:08 AM PDT








ကမ္ဘာ့အကြီးဆုံး e-sports အဖွဲ့အစည်းဖြစ်သော Electronic Sports League (ESL) က e-sports ကစားသမားများ ဆေးစစ်မှုကို သြဂုတ်လတွင် ဂျာမနီနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲတစ်ခု၌ စတင်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သတင်းသည် Counter-Strike: GO ၏ နာမည်ကျော် ကစားသမား ကိုရီဖရိုဆန်က ၎င်းတို့၏အသင်း Cloud9 ကို ရည်ညွှန်းကာ မိမိတို့သည် Aderrall စိတ်ကြွဆေးကို သုံးစွဲခဲ့ကြကြောင်းနှင့် ၎င်းစိတ်ကြွဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Adderall ကို အာရုံမစိုက်နိုင်သောရောဂါ (ADHD) နှင့် နေ့ဘက်တွင် အိပ်ချင်ပြီး ညဘက်တွင် အိပ်မရသောရောဂါ (narcolepsy) တို့အား ကုသရာတွင် အသုံးပြုကြသလို ဘေးထွက်ဆိုးကျိုးအနေဖြင့် အချိန်တိုင်း တက်ကြွနေပြီး အနိုင်အရှုံးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော Counter-Strike ကဲ့သို့ e-sports ဂိမ်းများကို ကစားသူများကလည်း အသုံးပြုလာကြသည်။

သို့ရာတွင် စိတ်ကြွဆေး သုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ပါက မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုခြင်းကိုမူ ESL မှ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

ကမ္ဘာ့နာမည်အကျော်ဆုံး e-sports ပြိုင်ပွဲဖြစ်သည့် The International ကို သြဂုတ်လ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စံချိန်တင် စုစုပေါင်းဆုကြေး အမေရိကန်ဒေါ်လာ ၁၇.၂ သန်း ချီးမြှင့်မည်ဟု သိရသည်။


Ref: TheVerge

Credit==internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



iPad အရွယ် Galaxy Tab S2 ကို Samsung မိတ်ဆက်

Posted: 24 Jul 2015 12:07 AM PDT





Samsung သည် ၉.၇ လက်မနှင့် ၈ လက်မ အမျိုးအစားများဖြင့် ရရှိနိုင်မည့် tablet သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို သြဂုတ်လတွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ကုန်သစ်သည် ပေါ့ပါးပြီး ပါးလွှာသည့် သတ္တုဘောင်များဖြင့် တည်ဆောက်ထားသည်။ အထူမှာ ၉.၇ လက်မအတွက် ၅.၆ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၃၈၉ ဂရမ်သာရှိသည်။ ၈ လက်မအမျိုးအစားမှာ ၂၆၅ ဂရမ်သာရှိသည်။ ၎င်းတို့တွင် 20148 x 1536 resolution ဖြင့် သုံးနိုင်မည့် Super AMOLED display များနှင့်အတူ Quad 1.9GHz နှင့် Quad 1.3GHz octacore ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ထပ်ဆောင်းသိုလှောင်မှုပမာဏ 128GB အထိ သိမ်းဆည်းနိုင်ရန်အတွက်လည်း microSD slot တစ်ခု ပါဝင်သည်။



http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/1%2B2.jpg

၈ လက်မ Galaxy Tab S2 WiFi အမျိုးအစားကို ယူရို ၃၉၉ ဖြင့်လည်းကောင်း၊ LTE အမျိုးအစားကို ယူရို ၄၆၉ ဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်ပြီး ၉.၇ လက်မ WiFi အမျိုးအစားကို ယူရို ၄၉၉ နှင့် LTE အမျိုးအစားကို ယူရို ၅၆၉ ဖြင့်လည်းကောင်း ရောင်းချသွားမည်ဟု SamMobile မှ ဖော်ပြခဲ့သည်။
၎င်း tablet များကို အဖြူရောင် အနက်ရောင်တို့ဖြင့် ရရှိနိုင်ပြီး သြဂုတ်လတွင် တင်ပို့ရောင်းချမည်ဟု သိရသည်။

Ref: The Verge

Credit==>internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



စမတ်နာရီများတွင် လုံခြုံရေးပြဿနာများရှိကြောင်း HP ပြောကြား

Posted: 24 Jul 2015 12:06 AM PDT




ဈေးကွက်တွင် ရောင်းအားမြင့်တက်လျက်ရှိသော စမတ်နာရီအားလုံး၌ လုံခြုံရေးပြဿနာများရှိကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် Hewlett-Packard မှ ပြောကြားလိုက်သည်။

HP သည် password ကာကွယ်မှုစနစ်နှင့် အချက်အလက် encrypt ပြုလုပ်ခြင်းတို့ အပါအဝင် စမတ်နာရီ ၁၀ မျိုး၏ လုံခြုံရေး feature များကို စမ်းသပ်ခဲ့ပြီးနောက် ၎င်းစမတ်နာရီ အားလုံးတွင် အနည်းဆုံး လုံခြုံရေးအားနည်းချက်တစ်ခု ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုခဲ့သည်။

လုံခြုံရေးကျွမ်းကျင်ပညာရှင် တစ်ဦးကမူ စမတ်နာရီ ထုတ်လုပ်သူများအနေဖြင့် သုံးစွဲသူများ၏ လုံခြုံရေးအတွက် အလေးပေး အာရုံစိုက်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

"ဒီနည်းပညာနယ်ပယ်မှာ ရှေ့ပြေးတစ်ယောက်ဖြစ်ဖို့အတွက် ထုတ်လုပ်သူတွေက သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလေးထားခြင်းမရှိဘဲ ထုတ်ကုန်တွေ ထုတ်လုပ်ခဲ့ကြတယ်လို့ ယူဆပါတယ်" ဟု ESET အွန်လိုင်းလုံခြုံရေးအဖွဲ့မှ လုံခြုံရေးကျွမ်းကျင်ပညာရှင် မာ့ခ်ဂျိမ်းစ်က ပြောကြားခဲ့သည်။

HP ကမူ အင်တာနက်ချိတ်ဆက်ထားသော ထုတ်ကုန်များအတွက် စံသတ်မှတ်ရန် Open Web Application Security Project (OWASP) မှ အကြံပြုထားသော လုံခြုံရေး feature များအတွက် ထိပ်တန်း စမတ်နာရီ ၁၀ မျိုးကို စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

HP ၏ ရှာဖွေတွေ့ရှိချက်များမှာ -

- သုံးစွဲသူများ သိုလှောင်ထားသော အချက်အလက်များကို အခြားသူများ သုံးစွဲနိုင်ခြင်းမှ 
ကာကွယ်ပေးသည့်စနစ်က စမတ်နာရီအားလုံး၏ ထက်ဝက်ခန့်တွင်သာ ပါဝင်ခြင်း

- စမတ်နာရီ ၉ မျိုးသည် ကြားဖြတ်ရယူနိုင်သော encrypt မလုပ်ထားသည့် အချက်အလက်အချို့ ပေးပို့ခြင်း

- စမတ်နာရီ သုံးပုံတစ်ပုံသည် ဟက်ကာများက password များကို ခန့်မှန်းနိုင်စေမည့် login ဝင်ရောက်ရန် 
ကြိုးပမ်းမှုကို အကန့်အသတ်မရှိ ခွင့်ပြုထားခြင်း

- စမတ်နာရီ ခိုးယူခံရသည့်အခါ အခြားဖုန်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်းတို့ ဖြစ်သည်။

"အခုလို ရလဒ်များကို တွေ့ရှိခဲ့ရတဲ့အတွက် စိတ်ပျက်မိပေမယ့် မအံ့သြမိပါဘူး" ဟု HP က ပြောကြားခဲ့သည်။


Ref: BBC

Credit==> internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အစိုးရအတွက် Free SMS Channel ကို Telenor တည်ဆောက်

Posted: 24 Jul 2015 12:05 AM PDT








သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသများအတွက် အစိုးရအနေဖြင့် သတင်း အချက်အလက် ပေးပို့လိုပါက SMS ဖြင့် အခမဲ့ သတင်းပေးပို့နိုင်သည်ဟု သိရသည်။

Telenor သည် ဆက်သွယ်ရေးလိုင်စင် စတင်ရယူစဉ်က မြန်မာနိုင်ငံအတွက် ကတိပြုချက် ၇ ချက် ပေးအပ်ထားပြီး အဆိုပါကတိများအနက် Free Central Government SMS Channel တည်ဆောက်ပေးမည်ဟု ပါရှိသည်။

Free SMS Channel ဆိုသည်မှာ အစိုးရအနေဖြင့် Telenor ၏ မိုဘိုင်းဖုန်း လိုင်းများမှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပြည်သူများထံ တိုက်ရိုက်ပေးပို့စေခြင်းဖြစ်ပြီး သတင်းအချက်အလက် ရယူစေလိုသော ဒေသအလိုက် SMS များ ရောက် ရှိစေခြင်း ဖြစ်သည်။

"အခုချိန်ထိ ပေးပို့တာမရှိပါဘူး။ Telenor အနေနဲ့ ဒီဝန်ဆောင်မှုပေးတယ်ဆိုတာ အစိုးရအနေနဲ့ မသိလို့မဟုတ်ပါဘူး"ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်ဖြစ်ပြီး အဆိုပါ ဘေး အန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို SMS ဖြင့် ဖြန့်ချိထားခြင်းမရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အတွက် အစိုးရသည် အခမဲ့ SMS စနစ်ကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း Telenor ၏ လက်ရှိ ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံထားနိုင်မှုသည် အဆိုပါဒေသများသို့ ရောက်ရှိနေခြင်း ရှိ၊ မရှိကို အရင်လေ့လာရမည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

Telenor ၏ အဆိုအရ ၎င်းတို့၏ကွန်ရက်သည် လူနေထူထပ်ရာ ဒေသများ၏ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီး ပေးအပ်ထားသော ကတိအရ ၅ နှစ်တာ ကာလတွင်း နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ကွန်ရက်လွှမ်းခြုံနိုင်မည်ဟု သိရသည်။

မုန်တိုင်းကျရောက်နိုင်သော ဒေသများ၊ ရေလွှမ်းမိုးနိုင်သော ဒေသများစသည်ဖြင့် သဘာဝဘေး အန္တရာယ်များအတွက် SMS ကြိုတင် ရရှိနိုင်ပါက ဒေသခံများ အတွက် အကျိုးကျေးဇူး ရရှိနိုင်မည့်အပြင် သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲဖြစ်သော သတိပြုစရာများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို SMS ဖြင့် ထပ်ဆင့်ပေးပို့နိုင်ပါက ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

Credit==> internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် ဗီယက်နမ် ကုမ္ပဏီတစ်ခု တရားဝင်လိုင်စင် ရရှိ

Posted: 24 Jul 2015 12:05 AM PDT





ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် FPT အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်းဝန်ဆောင်မှု (fixed- line service) ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ချထားပေး လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ထို့ကြောင့် အဆိုပါ ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီသည် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စတင်၍ ရင်းနှီးမြှုပ်နှံသွားတော့ မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် FPT ဆက်သွယ်ရေး ကုမ္ပဏီအား ပြည်တွင်း၌ ၁၅ နှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်လိုင်စင်ကို ချထားပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဗီယက်နမ်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုလိုင်းများ ပိုမိုကောင်းမွန်လာစေရေးကို အဓိရည်မှန်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အထက်ပါ ဝန်ကြီးဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့သော ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် e-Commerce ဝန်ဆောင်မှု၊ Online Game ဝန်ဆောင်မှုနှင့် အခြားသော အိုင်စီတီနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုပေးရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

ပြည်ပဆက်သွယ်ရေးအော်ပရေများ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီအချိန်အထိ ဆက်သွယ်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက် မှု အလွန်နည်းခဲ့သော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ အချိန်အနည်းငယ်အတွင်း အလျင်အမြန်တိုးတက်မှုရှိလာခဲ့သည်ဟု ဆက်သွယ်ရေး နယ်ပယ်မှ လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

အဆိုပါ ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီသည် နိုင်ငံပေါင်းစုံပါဝင်သည့် ကုမ္ပဏီအမျိုးအစားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အခြေချစတင်လုပ်ကိုင်နေပြီဖြစ်သည်။ FPT သည် ရန်ကုန်မြို့၌ Software Development Center တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Credit==> internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နေအိမ်များသို့ အခမဲ့မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို Google ချိတ်ဆက်ပေးမည်

Posted: 24 Jul 2015 12:04 AM PDT





ပီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google သည်၎င်း၏ လက်ရှိနှင့် အနာဂတ် ဈေးကွက်များအတွင်းရှိ အခြေချနေထိုင် သူများထံသို့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


အဆိုပါ အပြောင်းအလဲသည် အိမ်ဖြူတော်နှင့် မြို့ပြနှင့်နေအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့က ထုတ်ပြန်ခဲ့သော Connect Home အစီအစဉ်နှင့် Google တို့ ပူးပေါင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်။

Connct Home အစီအစဉ်သည် အင်တာနက် ဝန်ဆောင်မှုကို ၂၇ မြို့သို့ အခမဲ့ သို့မဟုတ် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ချိတ်ဆက်ပေးသွားမည့် အစီအစဉ်ဖြစ်သည်။ သို့သော်လည်း Google အနေဖြင့် ၎င်း၏ Google Fiber ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်ကို အခမဲ့အသုံးပြုခွင့် ပေးခဲ့ပြီးသော်လည်း ယခုအခါတွင် အင်တာနက် တပ်ဆင်ခ ကန်ဒေါ်လာ ၃၀၀ ကိုလည်း လျော့ပေါ့ပေးခဲ့သည်။

လက်ရှိတွင် Google Fiber သည် အော်စတင်မြို့၊ တက်ဆက်စ်ပြည်နယ် ကန်ဆတ်မြို့၊ ယူတာ့ပြည်နယ်၊ မစ်ဇူရီပြည်နယ်နှင့် ပရိုဗိုမြို့များတွင်ရှိပြီး အတ္တလန်တာမြို့၊ ချားလော့မြို့၊ တောင်ကာရိုး လိုင်းနားပြည်နယ်၊ နတ်ရှ်ဗီးလ်မြို့၊ ရာလိခ်ျဒါဟန် လေဆိပ်နှင့် ဆော့လိတ်မြို့ပေါ်သို့သွားရာ လမ်းပေါ်တွင်လည်း တည်ရှိသည်။

Google Fiber ကို ပိုမိုမြန်ဆန်သော အင်တာနက် ချိတ်ဆက်မှုအတွက် အခမဲ့ package အမျိုးမျိုးဝယ်ယူ အသုံးပြုနိုင်သော အစီအစဉ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး မိတ် ဆက်ခဲ့သည်။ ပုံမှန်အားဖြင့် Google Fiber သည် အင်တာနက်အတွက် တစ်လလျှင် ကန်ဒေါ်လာ  ၇၀ ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်းပါ ပါဝင်ပါက ကန်ဒေါ်လာ ၁၂၀ အထိ ကျသင့်မည် ဖြစ်သည်။

ဝင်ငွေနည်းပါးသော အိမ်များအတွက် broadband အင်တာနက် အသုံးပြုရေးသည် အဓိကအတားအဆီး တစ်ခုဖြစ်သည်။ တစ်နှစ်လျှင်ဝင်ငွေ ကန်ဒေါ်လာ ၃၀,၀၀၀ အောက် မရရှိသော လူများသည် အင်တာနက် အသုံးပြုနိုင်ခြင်း မရှိကြောင်း သုံးလပတ် အစီရင်ခံစာ တစ်ခုကို Google က ထောက်ပြပြောဆိုခဲ့သည်။


Ref : Mashable

Credit==>internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Official Xbox 360 Controller များကို ပရိုမိုးရှင်းဖြင့် ရောင်းချမည်

Posted: 24 Jul 2015 12:04 AM PDT



Xbox360 တွင်သာမက PC တွင်ပါ USB Cable ဖြင့် တိုက်ရိုက် ချိတ်ဆက်ကစားနိုင်မည့် Official Xbox360 wired controller များကို ပရိုမိုးရှင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

PC Control Options များကို auto-detect စနစ်ဖြင့် ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး Battery မလိုအပ်ဘဲ အချိန်မရွေးအသုံးပြုနိုင်မည်ဖြစ်သည်။ Microsoft မှဖြန့်ချိသော Xbox360 Wired Controller ကို Devil May Cry 4 Special Edition၊  The Witcher 3 နှင့် Mortal Kombat X အစရှိသော PC ဂိမ်းများတွင် တွဲဖက်ကစားနိုင်မည် ဖြစ်သည်။ အဆိုပါ Official Xbox360 wired controller များကို ၃၀,ဝဝဝ ကျပ်ဖြင့် GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Ref: internetjournal

Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



လူငယ်များအတွက် ICT Career

Posted: 24 Jul 2015 12:03 AM PDT




ယခင်အပတ်မှအဆက်
IT သာမရှိရင် နိုင်ငံကြီးကမတိုးတက်တော့ဘူး။ IT သာမရှိရင် နိုင်ငံကြီးက ရပ်သွားမယ်လို့ပြောကြတယ်။ IT သမားက သူ့ဟာသူ ကြီးကြီးကျယ် ကျယ် လျှောက်ပြောတာလို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်ဘူး။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ကျွန်တော်တို့ တယ်လီဖုန်း လေးဖွင့်လိုက်တာနဲ့ အင်တာနက်လေးကြည့်လိုက်တာကလည်း ဒါ ICT ပဲ။ အခုဆိုရင် လယ်သမားတွေ သားသမီးကအစ ကျွန်တော်တို့ Mobile Phone တွေ ကိုင်လာနိုင်တယ်။ လူတိုင်းလူတိုင်း Mobile Phone တွေ ကိုင်လာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့က Electronic Commerce ဆိုတဲ့ အဆင့်ကနေမှ Mobile Commerce အဆင့်ကို ပြောင်းလာတယ်။ ကျွန်တော်တို့ဒီနေ့ခေတ်ဟာ E-Commerce လို့ ပြောကြတယ်။ ဒီနေ့ခေတ်က E-Commerce မဟုတ်တော့ဘူး။ M-Commerce အဆင့်ရောက် သွားကြပြီ။ လူတိုင်းလူတိုင်းလက်ထဲမှာ Mobile Phone တွေရှိတဲ့အတွက်ကြောင့်မို့လို့ အကယ်၍ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်

တယ်ဆိုလို့ရှိရင် အဲဒီဆိုင်လေးကို ကျွန်တော်တို့က ဘာလုပ်မလဲဆိုရင်  ဥပမာ- တာမွေမှာ ဆိုင်ခန်းငှားမလား၊ ကျောက်မြောင်းမှာ ဆိုင်ခန်းငှားမလား။ အဲ့ဒီလောက်ထိ မလုပ်တော့ဘူး။ ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် Facebook မှာ Page လေးတစ်ခု လုပ်လိုက်တာနဲ့ ကျွန်တော်ဆိုင်ဖွင့်လို့ရပြီ။ Online Shopping အရမ်းခေတ်စားလာတယ်။ အဲ့ဒီတော့ ကျွန်တော်သည် ဆိုင်တစ်ဆိုင်ကိုတာမွေမှာ ဆိုင်ခန်းလေးငှားပြီး ဖွင့်မယ်ဆိုရင် အဲဒီဆိုင်ခန်းကိုလာတဲ့သူကပဲ အဲ့ပစ္စည်းကို ဝယ်မယ်။ အကယ်၍များ ကျွန်တော်က Web Portal တစ်ခုလုပ်ထားမယ်။ Website တစ်ခုလုပ်ထားမယ်။ Facebook မှာ Page ပစ္စည်းရောင်းမယ် ဆိုလို့ ရှိရင်  ကျွန်တော်စကားတစ်ခွန်းပြောပါမယ်။ အဲ့ဒါဘာလဲဆိုတော့ ဒီနေ့ခေတ်လူတိုင်းရဲ့လက်ထဲမှာ Retail Shop တစ်ခုစီရှိနေပါတယ်။ ကျွန်တော်တို့ ဒီနေ့ခေတ်လူတိုင်းရဲ့လက်ထဲမှာ ဖုန်းရှိနေတာဘာနဲ့တူလဲဆိုတော့ လူတိုင်းရဲ့လက်ထဲမှာ Retail Shop တစ်ခုရှိနေတာနဲ့အတူတူပဲ။ ဥပမာ- (Retail Shop) လက်လီဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ လောလောဆယ် ဆိုင်ခန်းမငှားနဲ့ဦး။ Facebook မှာ Page လေးတစ်ခု လုပ်လိုက်ဦး။ အဲဒါသည် လူတိုင်းရဲ့ လက်ထဲကိုရောက်သွားတာပဲ။  ကျွန်တော်တို့ Mobile ရဲ့  Coverage က ၅၀ ရာခိုင်နှုန်း နိုင်ငံရဲ့တစ်ဝက်နီးပါးရောက်လာပြီလို့ ဟိုတစ်နေ့က ကျွန်တော်သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ တကယ်တမ်းတိတိကျကျတော့ သေချာတော့ ကျယ်ကျယ်ပြန့်ပြန့် မသိသေးဘူး။

ဒါပေမဲ့ Mobile ရဲ့ Coverage က တော်တော်လေးကိုထိထိရောက် ရောက်လုပ်မှာမို့လို့ နောက်ပိုင်းလူဦးရေ ၅၁ သန်းမှာ ၅၁ သန်းလုံး ဖုန်းကိုင်လာနိုင်တယ်ဆိုလို့ရှိရင်  ကျွန်တော်တို့အတွက် တကယ်ကိုကြီးမားတဲ့ Market ကြီးပဲ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ဆိုင်ကို တာမွေမှာဖွင့်မှာလား၊ Facebook ပေါ်တက်ဖွင့်မှာလား။ ဒါမှမဟုတ် Web Protal နဲ့ဖွင့်မှာလား။ အကယ်၍ တာမွေမှာဖွင့်မယ်ဆိုရင် အဲ့အနီးအနားကလူတွေပဲ လာဝယ်မယ်။ Web မှာဖွင့်မယ်ဆိုရင် အဲဒါသည် လူတိုင်းရဲ့လက်ထဲကိုရောက်သွားမယ်။ ကျွန်တော်တို့ရဲ့ဆိုင်လေးက လူတိုင်းလက်ထဲကိုရောက်နေတာ။ Mobile Phone ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ကိုတွေ့ဖို့ပဲလိုတယ်။ ဒါကလည်း ခုနကပြောသလို Facebook မှာလည်း Promote Page လုပ်လို့ရတယ်။ ကျွန်တော်တို့ ခုနကပြောသလို ကျွန်တော်တို့  Facebook ကို ပိုက်ဆံပေးပြီးတော့ ကြော်ငြာလို့ရတယ်။

အဲ့ဒီတော့ ဒီခေတ်က ICT ခေတ်ပါ။  ICT မရှိဘဲနဲ့ ကျွန်တော်တို့ဘယ်လို Control လုပ်ကြမလဲ။ ICT ဆိုတာ ကျွန်တော်တို့ခုနကပြောသလို Computer ကြီးကိုမဟုတ်ဘူး။ ICT ဆိုတာ ကျယ်ပြန့်တဲ့နည်းပညာကြီး။ CCTV တပ်ပြီးတော့ Wireless နဲ့ဘာလုပ်လဲဆိုလို့ရှိရင် ပင်မ (Base Station) ကိုပြန်ပို့တယ်။ ဥပမာ - နေပြည်တော်လမ်းမှာဆိုလို့ရှိရင် မိုင် ၁၀၀ ထက် ပိုမောင်းလို့မရဘူး။ မိုင် ၁၀၀ ထက် ပိုမောင်းလို့ရှိရင် သူက ကင်မရာနဲ့​ရိုက်လိုက်တယ်။ မိတ္ထီလာဖြစ်ဖြစ်၊ နေပြည်တော်ဖြစ်ဖြစ် ကျွန်တော်တို့ကား Toll Gate ကိုရောက်လို့ရှိရင် ပုလိပ်တွေကစောင့်ပြီးတော့ ဖမ်းမယ်ပေါ့။ ဒါကလည်း Wireless နည်းပညာပဲ။ အခုဆိုရင် ICT ဆိုတာကို လူတွေက Demand ဖြစ်လာတာ။ ဒါမရှိဘဲ မရတော့ဘူး။ တစ်နေ့ Internet ကမြန်လာမယ်။ နောက်ပြီးတော့ ကျွန်တော်တို့သင်တန်းမှာလေ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က Seminar လုပ်တိုင်း ကျွန်တော် ပြောခဲ့တယ်။ လူငယ်တွေကို ကျွန်တော်ဘာပြောလဲဆိုတော့ မင်းတို့ဒီနေ့ Internet ဘယ်လောက်ပဲနှေးနှေး တစ်နေ့ကျလို့ရှိရင် မင်းတို့အိမ်တံခါးကိုလာခေါက်ပြီးတော့ Internet ယူမှာလား၊ Mobile Phone ယူမလား ဆိုပြီးတော့ လာမေးတဲ့ခေတ်ကို ရောက်လာလိမ့်မယ်ဆိုတာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်ကပြောခဲ့တယ်။ ဒီနေ့ဖြစ်လာပြီ။ တစ်ယောက်ကပြောတယ်။ ကျွန်တော်တို့ ၆ ကျပ်ပါ။ နောက်တစ်ယောက်ကဘာပြန်လုပ်လဲ ၅ ကျပ်ပါ။ ဒီလိုမျိုးဖြစ်လာတယ်။ အဲဒါကဘာလဲဆိုရင် ကျွန်တော်လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ပြောခဲ့တဲ့စကားပဲ။ အခုနောက်ဆိုရင် ဘာလုပ်မလဲ တံခါးလာခေါက်တော့မယ်။ အင်တာနက်ယူမှာလား။ ဘယ်နှစ်နာရီ အလကားပေးမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့မယ်။ အခုတော့ ၆ ကျပ်၊ ၅ ကျပ်။ နောက်ဆိုရင် နာရီ ၁၀၀ အလကားပေးတာ၊ နာရီ ၅၀ အလကားပေးတာ စသဖြင့်ဖြစ်လာနိုင်ပါတယ်။

လူတစ်ယောက်ဟာ လက်ထဲဖုန်းရောက်သွားတယ်ဆိုရင် လုပ်စရာတွေအများကြီးပဲ။ အဲ့ဒီတော့ ဒါလေးကို ဘာနဲ့တင်စားလို့ရလဲဆိုတော့ Brick & Click ဆိုပြီးတင်စားလို့ရတယ်။ Brick ဆိုတာကတော့ အုတ်ခဲပါ။ Click ဆိုတာကတော့ ကျွန်တော်တို့ Mouse လေးတစ်ချက်နှိပ်လိုက်တာနဲ့ ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေ ပြီးမြောက်တာကိုပြောတာပါ။ ကျွန်တော်တို့တွေက City Mart မှာ ဈေးသွားဝယ်မယ်ဆိုရင် City Mart ဆိုတာတိုက်ကြီးပေါ့ အုတ်နဲ့တည်ဆောက်ထားတာ။ ဒါကို ကျွန်တော်တို့က တင်စားပြီးပြောတာ Brick လို့ခေါ်တယ်။ ဒါပေမဲ့ နောက်ပိုင်း Online Shopping ခေတ်စားလာပြီဆိုရင် Brick နေရာမှ Clilck တွေ အစားထိုးလာမှာဖြစ်ပါတယ်။ ယာဉ်လမ်းကြောင်းတွေ ပိတ်ဆို့နေပြီဆိုရင် Mouse ကလေးနဲ့ပဲဖြစ်ဖြစ်၊ Touch ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်  Clilck  တစ်ချက်နှိပ်လိုက် တာနဲ့ ကိစ္စအားလုံးဟာ ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့တွေက ICT က နိုင်ငံအတွက်လိုအပ်တယ်ဆိုတာက IT သမားမို့လို့ အပိုတွေပြောနေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေးအတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ပဲဖြစ်ဖြစ် IT ဟာ လိုအပ်ပါ တယ်။ နောက်ဆုံး ကျွန်တော်တို့ Ambulance ကားတွေမှာ ကျွန်တော်တို့  Mobile Network ကို တပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ် လာနိုင်လဲဆိုတဲ့ အခါကျတော့ လူနာတစ်ယောက် ဒါမှမဟုတ် Accident ဖြစ်လို့ Ambulance ကသွားပြီးတော့ခေါ်လိုက်မယ်။ အဲဒီအချိန်မှာ ဒီအခင်းဖြစ်တဲ့နေရာ ကနေမှ လူနာကို သယ်လာပြီးရင် လူနာကိုသွေးဖောက်စစ်မယ်။ ဒါမှမဟုတ် ခွဲဖို့စိတ်ဖို့လိုမယ်၊ သွေးသွင်းဖို့လိုမယ်ဆိုတာတွေကို  Medical Officer က ဒီ Ambulance ပေါ်မှာ လုပ်ပြီး လို့ရှိရင် ကျွန်တော်တို့ Email ကို ဒီပင်မဆေးရုံကို လှမ်းပို့ထားလို့ရတယ်။

ကားလမ်းမှာ နာရီဝက်လောက်ကြာဦးမယ်။ တစ်နာရီလောက်ကြာဦးမယ်။ ဆေးရုံရောက်လို့ရှိရင် ခွဲစိတ်ဖို့ ဆရာဝန်ခေါ်ထားပါ။ မေ့ဆေး ဆရာဝန်ခေါ် ထားပါ။ သွေးကဘယ်နှစ်ပုလင်းလိုတယ်။ သွေးအမျိုးအစားက ဘာဆိုတဲ့ကိစ္စကို Email ထဲမှာတစ်ခါတည်းရိုက်လို့ရတယ်။ ဒီနေရာမှာစောဒကတက်လို့ရတယ်။ ဖုန်းနဲ့ ဆက်ပြီးတော့ပြောလို့မရဘူးလားဆိုတော့ ကျွန်တော်တို့မြန်မာစကားပုံရှိတယ်။ နှုတ်တစ်ရာ စာတစ်လုံးပါ။
ဖုန်းနဲ့ ဆက်ပြောလို့ရှိရင်လည်းရတာပေါ့။ Email ပို့လိုက်တာ ပိုအဆင်ပြေတယ်။ Ambulance က ဆေးရုံရောက်တာနဲ့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ ဒီလူနာကို ဆွဲထုတ်မယ်။ ခွဲစိတ်ဆရာဝန် အဆင်သင့်ဖြစ်နေပြီ။ မေ့ဆေးဆရာဝန် အဆင်သင့်ဖြစ်နေပြီ။ သွေးဘယ်နှစ်ပုလင်းလိုလဲ။ လိုတာအားလုံး အဆင်သင့်ဖြစ်နေပြီ။ လူ တစ်ယောက်ရဲ့အသက်ကို ကယ်လာနိုင်တယ်။ အဲဒါ ICT။ ကျွန်တော်တို့ပြောနေတဲ့ ICT ဆိုတာက ကွန်ပျူတာကြီးမဟုတ်ဘူး။ ကွန်ပျူတာဟာ Part Of The ICT မှာလာဖြစ်တယ်။ Internet တွေ၊ Wireless တွေက ICT ထဲမှာလာပြီး အကျုံးဝင်တယ်။ Ambulance မှာ ဒီလိုမျိုး စနစ်ကိုသာသုံးလိုက်မယ်ဆိုရင် လူတွေရဲ့ အသက်ကို အများကြီးကယ်နိုင်တယ်။ အခု Network လောကမှာမပြောနဲ့ LAN တို့၊ WAN တို့၊ MAN တို့ဆိုတာတွေက ဒါတွေပဲပြောထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဒီနေရာမှာ ICT Career ဆိုတာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားပြီဆိုရင် ဆရာဝန်ကြီးလုပ်မှာလား၊ အင်ဂျင်နီယာကြီး လုပ်မှာလား၊ စစ်ဗိုလ်ကြီးလုပ်မှာလား  စသဖြင့်ပေါ့။

ဆက်လက်ဖော်ပြပါမည်။
ဦးဇော်လင်း (CEO - YOUTH Computer Co., Ltd.)

Credit==> internetjournal
Thiha Htike(THT)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၇ နှစ်အကြာ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသည့် Mandalay ICT Park ကို ပြန်လည်ဖွင့်လှစ်မည်

Posted: 24 Jul 2015 12:02 AM PDT





၂၀၀၈ ခုနှစ် ရတနာပုံဈေး မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က ပါဝင်သွားခဲ့သည့် Mandalay ICT Park ကို လာမည့် သြဂုတ်လ ၈ ရက်၌ ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

အဆိုပါ ICT Park ကို ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧရိယာအားဖြင့် စတုရန်းပေ ၆ သောင်း ၆ ထောင် ခန့် ရှိသည်ဟု သိရသည်။

မီးလောင်မှု၌ ပါဝင်သွားခဲ့သည့် ICT Park ကို အသစ်ပြန်လည် တည်ဆောက်ထားသည့် ရတနာပုံ စူပါစင်တာ တတိယထပ်၌ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ ပြည်တွင်းရှိ ထိပ်တန်းအဆင့် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သော MIT ကုမ္ပဏီနှင့် အခြားသော နည်းပညာ ကုမ္ပဏီနှစ်ခုတို့က တည်နေရာ ရယူထားပြီး ဖြစ်သည်ဟု သိရသည်။

"ICT Park ထဲမှာ Conference Hall တစ်ခု၊ Meeting Room တစ်ခု ရှိတယ်။ MIT က တော့ စတုရန်းပေ ၅ ထောင်ကျော်လောက်ကို တည်နေရာယူထားတယ်။ ဒီမှာ Hardware လုပ်ငန်းတွေအတွက်တော့ မရှိဘူးပေါ့။ ရည်ရွယ်ထားတာက IT နည်းပညာတွေ၊ Soluction တွေ လုပ်ဖို့အတွက် ရည်ရွယ်ထားတာပါ" ဟု ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွဋ်က ပြောသည်။
ဒေသတွင်းရှိ နည်းပညာ လုပ်ငန်းငယ်များအနေဖြင့်လည်း ICT Park ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အစီအစဉ်များ ရေးဆွဲထားကြောင်း၊ ပြည်ပမှ နည်းပညာကုမ္ပဏီများနှင့် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများ သည်လည်း လိုအပ်သော ဧရိယာ စတုရန်းပေအလိုက် ဝင်ရောက်နေရာယူလာမည်ဟု ခန့်မှန်းထားကြောင်း ဦးသိန်းထွဋ်က ဆိုသည်။

ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းကို ၂၀၀၂ ခုနှစ်က ဒေသတွင်း နည်းပညာကုမ္ပဏီများနှင့် စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ Mandalay ICT Development အမည်ဖြင့်စတင် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ ၎င်းတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃ သန်းကျော်သို့ ရောက်ရှိခဲ့ပြီလည်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဆုံရှုံးနစ်နာမှုများ အပါအဝင် ပြန်လည်တည်ဆောက်ခြင်းတို့အတွက်လည်း ကုန်ကျစရိတ် များစွာရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အားလုံးကို ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်း တစ်ခုတည်းကသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ Private Limited အဆင့်သာရှိသေးသည့် ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းသည် လက်ရှိ ICT Park ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် တိုင်းဒေသကြီး စည်ပင်သာယာသို့ အမေရိကန်ဒေါ်လာ ၁ သန်း ပေးသွင်းထားခြင်း ဖြစ်သည်။


Ref:internetjournal

Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Android OS ဖုန်း နှင့် Tablet တွေမှာ Video တွေကြည့်ရှုရန်လိုအပ်မယ်-Archos Video Player Free Version 9.2.11Apk

Posted: 23 Jul 2015 11:40 PM PDT

သီးချင်းတွေ Video တွေကြည့်မယ်ဆိုရင် လိုတဲ့ Video Player Application တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေး၏လုပ်ဆောင်ချက်ပြောရရင် တော့ ပြောမဆုံးတော့ပါဘူးဗျာ။ တိုးတိုးလိုရင်ပြောရရင်တော့ အခု Player လေးကတော့ ဖုန်းအတွင်းမှာရှိတဲ့ Video ဖိုင်များကိုကြည့်ရှုနိုင်တဲ့အပြင် အင်တာနက်ကွန်နရှင်သာရှိ မယ်ဆိုရင် Online Video တွေကိုပါကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Video များကိုလည်း ဒေါင်းလုပ်ဆွဲနိုင် ပါသေးတယ်ဗျာ။ Online Video ကတော့ မိမိကြည့်ရှုချင်တဲ့ သီချင်း MP4,ဇတ်ကားနာမည်ကိုရိုက်ပြီး ရှာဖွေကြည့်ရှုနိုင် မှာဖြစ်ပြီး ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။ ဒီ Application ၏ size ကတော့16.14MB  ဖြစ်ပြီး Android OS 4.0 အထက်ရှိဖုန်းမှာသုံးနိုင်ပြီး အောက်မှာ Screen Shot တွေနဲ့ရိုတ်ပြပေးထားပါတယ်။
 
Download Here

0 comments:

Post a Comment