Related Posts Plugin for WordPress, Blogger...

August 25, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Photo Editor Pro 2015 For Android

Posted: 24 Aug 2015 07:14 AM PDT

 
Photo Editor Pro 2015 app သည် ဓာတ်ပုံများတွင် effect များ ထည့်သွင်းခြင်း frame များ ထည့်သွင်း အသုံးပြု ခြင်းတို့ကို ပြုလုပ်ပေးနိုင်မည့် app ဖြစ်သည်။ ထို့ပြင် ဓာတ်ပုံတစ်ပုံရှိ အရောင်များကိုလည်း ချိန်ညှိနိုင်စေရန် စီစဉ်ပေးထားသလို အခြားသော Editing tool များစွာကိုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ app ကို Play store တွင် အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 9.4 MB ခန့်သာရှိမည်ဖြစ်သည်။ Android version 2.2 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Wanted Poster Pro For IOS

Posted: 24 Aug 2015 07:14 AM PDT

 
Wanted Poster Pro app သည် ရဲတပ်ဖွဲ့ မှ အလိုရှိသည့် ကြော်ငြာစာစောင်အဖြစ် ပြုလုပ်၍ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို နောက်ပြောင်လိုသည့် အခါတွင် အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အဆိုပါ app ဖြင့် ဖန်တီးပြုလုပ်ထားသည့် ပုံများကို ရုပ်ထွက်အရည်အသွေးကောင်းမွန်စွာဖြင့် A4 စာမျက်နှာဆိုက်တွင် ပြန်လည် ထုတ်လုပ်နိုင်ရန် စီစဉ်ပေးထားသလို၊ SMS, Facebook, Twitter အစရှိသည် တို့ပေါ်မှလည်း ဝေမျှ ပေးနိုင်ရန်အတွက် စီစဉ်ပေးထားသည်။

အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
 My Facebook Account Click 
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



The Weather Channel For Android

Posted: 24 Aug 2015 07:14 AM PDT

ရာသီဥတု အခြေအနေကို စောင့်ကြည့်လိုသူများအတွက် ရာသီဥတုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်သည့် app ဖြစ်သည်။ The Weather Channel app သည် တစ်နေ့စာ ရာသီဥတုအပြင် နာရီအလိုက်နှင့် ၁၀ ရက်စာကို ကြိုတင် ဖော်ပြပေးထားနိုင်မည် ဖြစ်သည်။

အဆိုပါ app ကို Play Store တွင် အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 26.57 MB ခန့် ရှိမည်ဖြစ်သည်။ Android Version 4.0 နှင့်အထက် ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
 
 

(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



EPSON အမှတ်တံဆိပ် L-Series ပရင်တာများ မိတ်ဆက်

Posted: 24 Aug 2015 07:11 AM PDT





EPSON အမှတ်တံဆိပ် L-Series ပရင်တာများ မိတ်ဆက်ပွဲကို သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီက Chatrium Hotel Royal Lake, Ball Room ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် L220, L310, L360, L365 နှင့် L565 မော်ဒယ်ပရင်တာများကို မိတ်ဆက်ပြသခဲ့သည်။ L220 ပရင်တာမှာ လုပ်ဆောင်ချက် မျိုးစုံပါရှိသော ပရင်တာဖြစ်ပြီး တစ်မိနစ်လျှင် စာရွက် ၂၇ ရွက် (27ppm) အမြန်နှုန်းဖြင့် ပရင့်ထုတ်ပေးနိုင်ပြီး ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်သည်ဟု သိရသည်။

မင်ဘူးတစ်စုံလျှင် ရောင်စုံ စာရွက် ၆၅၀၀ နှင့် အဖြူ ၊ အမည်းစာရွက် ၄၀၀၀ အထိ ထုတ်ပေးနိုင်မည်ဖြစ်သည်။ L310 ပရင်တာမှာ လုပ်ငန်းတစ်မျိုးတည်းသာ အသုံးပြုနိုင်သည့် ပရင်တာအမျိုးအစား ဖြစ်သည်။ L360 နှင့် L365 ပရင်တာများသည် လုပ်ဆောင်ချက်မျိုးစုံသုံး ပရင်တာများဖြစ်ပြီး ကုန်ကျစရိတ် ထိရောက်မှုအရှိဆုံး ပရင်တာများ ဖြစ်သည်ဟု သိရသည်။ တစ်မိနစ်လျှင် စာရွက် ၃၃ ရွက် (33 ppm) အမြန်နှုန်းဖြင့် ပရင့်ထုတ်ပေးနိုင်မည်ဖြစ်သည်။ L365 မော်ဒယ်ပရင်တာတွင် ဝိုင်ဖိုင် ဆက်သွယ်မှုပါရှိပြီး Epson Connect ဆော့ဖ်ဝဲနှင့် တွဲဖက်အသုံးပြုနိုင်သည့်အတွက် သုံးစွဲသူများက မိုဘိုင်း ပစ္စည်းများမှတစ်ဆင့် L365 ပရင်တာဖြင့် ပရင့်ထုတ်နိုင်မည်ဖြစ်သည်။

L565 ပရင်တာမှာ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ဆောင်ချက်မျိုးစုံသုံး ပရင်တာ ဖြစ်သည်။ ထုထည် ကြီးမားသော ပရင့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး အလိုအလျောက် စာရွက်ပေးသွင်းနိုင်သည့်စနစ် တပ်ဆင်ထားသဖြင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ ပရင်တာမှာ ဝိုင်ဖိုင်၊ မိုဘိုင်းပစ္စည်းများနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ Apple AirPrint, Google Cloud Print နှင့် Mopria Print Service ဆော့ဖ်ဝဲများနည်းတူ Epson Connect ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုထားသည့်အတွက် L565 ပရင်တာကို ကြိုးမဲ့နည်းဖြင့် ပရင့်ထုတ်နိုင် မည် ဖြစ်သည်။

သုံးစွဲသူများ၏ ယုံကြည်စိတ်ချမှုရရှိစေရန်အတွက်လည်း Epson မှ အသစ်မိတ်ဆက်လိုက်သည့် ပရင်တာစက်များနှင့် ပရင်တာစက်ခေါင်းများ၏ အာမခံသက်တမ်းကို တစ်နှစ်မှ နှစ်နှစ်သို့ တိုးမြှင့်ပေးထားကြောင်း သိရသည်။

EPSON မှ အသစ်မိတ်ဆက်လိုက်သည့် L-Series ပရင်တာများ၏ တန်ဖိုးမှာ ဒေါ်လာ ၁၅၀ မှ ၅၀၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Kik messaging app ၏ တန်ဖိုး ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိလာ

Posted: 24 Aug 2015 07:10 AM PDT





ဆယ်ကျော်သက် လူငယ်များစွာ အသုံးပြုလျက်ရှိသော Kik သည် ကုမ္ပဏီပေါင်းများစွာမှ ရင်းနှီးမြှုပ်နှံမှုငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိကြောင်း နောက်ဆုံး တွက်ချက်မှုအရ သိရသည်။ ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်အခြေစိုက် Waterloo ကုမ္ပဏီမှ ပိုင်ဆိုင်သော Kik ကို WeChat ပိုင်ဆိုင်သည့် Web portal ကုမ္ပဏီ Tencent မှကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့ထားသည်။

Kik သည် ကုန်ပစ္စည်းများ ရောင်းချခြင်းမှ မီဒီယာလုပ်ငန်း လုပ်ကိုင်ခြင်းအထိ အောင်မြင်နေသည့် WeChat နှင့် KakaoTalk ကဲ့သို့ အာရှ messaging app ကုမ္ပဏီများကဲ့သို့ အောင်မြင်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Kik ကိုစာရင်း ပေးသုံးစွဲသူ သန်း ၂၄၀ အထိ ရှိသော်လည်း ကုမ္ပဏီအနေဖြင့် ၎င်း app ကိုမည်မျှ သုံးစွဲလျက်ရှိကြောင်း ဖော်ပြခဲ့ခြင်း မရှိပေ။

ယခုနှစ် အစောပိုင်းတွင် Kik သည် နည်းပညာဗျူဟာကျသည့် လုပ်ငန်းများ လုပ်ဆောင်ရန်အပြင် အလားအလာရှိသော ရောင်းချမှုများ ပြုလုပ်ရန်အတွက် Qatalyst Partners ကို ငှားရမ်းခဲ့သည်။ Kik အမှုဆောင်အရာရှိချုပ် တက်ဒ်လစ်ဗင်းစတုန်းက ၎င်း၏ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နိုင်မည့် အလားအလာရှိသော ကုမ္ပဏီများကို စာရင်းပြုစုထားကြောင်း ပြောကြားခဲ့သည်။ Kik ကို အမေရိကန်
နိုင်ငံရှိ ဆယ်ကျော်သက်အများစု သုံးစွဲလျက်ရှိပြီး ကြော်ငြာနှင့် ဒီဂျစ်တယ်ငွေကြေးများမှ ဝင်ငွေရရှိလျက်ရှိသည်။ သုံးစွဲသူများသည် ကြော်ငြာများ သို့မဟုတ် နာမည်ကျော် အမှတ်တံဆိပ်များနှင့် အပြန်အလှန် ဆက်ဆံခြင်းဖြင့် "Kik Points" ရရှိကြပြီး ၎င်းဖြင့် ဒီဂျစ်တယ် စတစ်ကာများ ဝယ်ယူကြသည်။

 နာမည်ကျော် အမှတ်တံဆိပ်များသည် Kik တွင် account များရှိပြီး သုံးစွဲသူများနှင့် ထိတွေ့လျက်ရှိသည်။ ၎င်းတို့၏ account များကို ကြော်ငြာလိုလျှင် Kik သို့ငွေကြေးပေး၍ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် နာမည်ကျော် အမှတ်တံဆိပ် account ၈၀ ခန့်သည် Kik သုံးစွဲသူ ၁၆ သန်းဖြင့် ဆက်သွယ်လျက်ရှိကြောင်း သိရသည်။

ယခင်က Kik သည် ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၇၀.၅ သန်းရရှိခဲ့ပြီး လာမည့် ၁ နှစ်ကျော်အတွင်း လူ ၁၀၀ ရှိသော အဖွဲ့ကို နှစ်ဆတိုးမြှင့်ရန် ၎င်းရင်းနှီးမြှုပ်နှံမှုကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။

Ref: Fortunes
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၁၈.၄ လက်မ tablet ထုတ်လုပ်ရန် Samsung စီစဉ်နေ

Posted: 24 Aug 2015 07:10 AM PDT





ကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Samsung သည် ၁၈.၄ လက်မ diswplay ပါဝင်သည့် Android tablet သစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း SamMobile မှ ဖော်ပြခဲ့သည်။

စီမံကိန်းအမည် Tahoe ဟုခေါ်ဆိုသော အဆိုပါ tablet သည် 1920 x 1080 pixels resolution ဖြင့် အသုံးပြုနိုင်စေပြီး အိမ်၊ ရုံးနှင့် ကျောင်းများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

၎င်းတွင် Android 5.1 Lollipop နှင့်အတူ octa-core 64-bit 1.6GHz Exynos 7580 ပရိုဆက်ဆာကို အသုံးပြုမည်ဟု ဆိုသည်။ အခြား အချက်အလက်များအနေဖြင့် 2GB RAM, 32GB internal storage, 128GB အထိ အထောက်အပံ့ပေးသော microSD card slot နှင့် 5,700mAh ဘက်ထရီတို့ ပါဝင်မည် ဖြစ်ကြောင်း၊ ကျောဘက်တွင် 8-megapixel ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 2.1-megapixel ဖြစ်ကြောင်း သိရသည်။

အဆိုပါ tablet ၏ အရွယ်အစားအတိုင်းအတာမှာ အကျယ် ၁၇.၈ လက်မ၊ အမြင့် ၁၀.၈ လက်နှင့် အထူက လက်မဝက်ခန့်ရှိကြောင်း SamMobile မှ ဖော်ပြခဲ့သည်။

Screen အရွယ်ကြီးမားသော tablet အမျိုးအစား အနေဖြင့် Panasonic က Toughpad 4K Performance ကို ထုတ်လုပ်ထားသည်။ ၎င်းသည် အကြမ်းခံနိုင်သော Windows tablet တစ်ခုဖြစ်ပြီး ၂၀ လက်မအရွယ် 4K display ကို အသုံးပြုထားသည်။

Ref: PCMag
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ကင်မရာ ချွတ်ယွင်းချက်ရှိသော iPhone 6 Plus အချို့ကို Apple အခမဲ့ ပြင်ဆင်ပေးမည်

Posted: 24 Aug 2015 07:09 AM PDT





ဓာတ်ပုံရိုက်ကူးရာတွင် မှုန်ဝါးသည့် ဓာတ်ပုံများကိုသာ ရရှိစေနိုင်သော iPhone 6 Plus အချို့၏ ကင်မရာကို Apple က အခမဲ့ အစားထိုးလဲလှယ်ပေးမည်ဟု သိရသည်။

အဆိုပါ iSight ကင်မရာ ချွတ်ယွင်းချက်သည် iPhone 6 Plus ရာခိုင်နှုန်း အနည်းငယ်တွင်သာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်။

ကင်မရာ ချွတ်ယွင်းချက်ရှိသော iPhone 6 Plus အများစုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအတွင်း ရောင်းချခဲ့သော ထုတ်ကုန်များဖြစ်ကြောင်း Apple မှ ဆိုခဲ့သည်။
သုံးစွဲသူများ အနေဖြင့် မိမိတို့၏ iPhone 6 Plus တွင် ကင်မရာချွတ်ယွင်းချက် ရှိမရှိကို ဖုန်း၏ serial number ထည့်သွင်းကာ သိရှိနိုင်စေရန်အတွက် Apple က ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ပေးခဲ့သည်။

iPhone 6 Plus ကင်မရာ ချွတ်ယွင်းချက်ရှိသူများ အနေဖြင့် အဆိုပါ ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့်တကွ ဖော်ပြထားသော Apple store သို့မဟုတ် authorized service provider ထံသို့ သွားရောက်ကာ အခမဲ့ ပြင်ဆင်နိုင်မည် ဖြစ်သည်။

iPhone 6 Plus ကို စက်တင်ဘာလကုန်တွင် iPhone 6 နှင့်အတူ ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြိုင်ဘက် Samsung ၏ အောင်မြင်မှုရရှိခဲ့သော screen အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၌ 6 Plus က အရောင်းရဆုံး phablet အဖြစ် ရပ်တည်ခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၂၀၁၆ တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ် ထုတ်ကုန် ဝယ်လိုအား လက်ရှိထက် နှစ်ဆကျော် မြင့်တက်လာဖွယ်ရှိဟုဆို

Posted: 24 Aug 2015 07:09 AM PDT


 







ရန်ကုန်၊ မန္တလေးနှင့် လူနေထူထပ်သည့် မြို့ကြီးများတွင် စမတ်ဖုန်း အသုံးပြုသူနှုန်း သိသိသာသာ  မြင့်တက်လာခြင်းကြောင့် လာမည့်နှစ်တွင် ပြည်တွင်း၌ မိုဘိုင်း ထုတ်ကုန်များ၏ ဝယ်လိုအား ယခုနှစ်ထက် နှစ်ဆကျော်မြင့် တက်လာဖွယ်ရှိနေကြောင်း  ရန်ကုန်နှင့် မန္တလေး အခြေစိုက် မိုဘိုင်းဖုန်း စီးပွားရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များက ခန့်မှန်းသုံးသပ်ကြသည်။

မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှု ပမာဏသည် ယခုနှစ်အတွင်း၌လည်း မြင့်တက်လျက်ရှိနေပြီး နယ်မြို့ကြီးများတွင်ပါ ဝယ်လိုအား လိုက်ပါ မြင့်တက်နေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
ပြည်တွင်းသို့ စမတ်ဖုန်းနှင့် Tablet များအပြင် မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းတင်သွင်းမှုသည် အခြား နည်းပညာထုတ်ကုန် ပစ္စည်းများထက် ပိုမိုဝင်ရောက်လာဖွယ်လည်း ရှိနေကြောင်း အထက်ပါ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တင်သွင်းမှုသည် လာမည့်နှစ်တွင် နှစ်ဆအထိ မြင့်တက်လာမည်ဟု Microsoft ကုမ္ပဏီ၏ တာဝန်ရှိသူ အချို့က ၂၀၁၄ နှစ်လယ်ပိုင်းက ပြည်တွင်း ၌ ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ တစ်ခုတွင် သုံးသပ် ပြောကြားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသများမှ နေ၍ မြန်မာနိုင်ငံအတွင်းသို့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုသည် ပုံမှန်ထက်  မြင့်တက်လာခဲ့ပြီး ယခုလက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဝယ်လိုအား အခြေအနေအရ ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လာမည့်ငါးနှစ်အတွင်း နိုင်ငံ၏ အင်တာနက်အသုံးပြုနိုင် သည့် ပမာဏကို ၉၀ ရာခိုင်နှုန်း အထိ ဖြစ်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့် ပြည်တွင်းသို့ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ထုတ်ကုန်များ ပိုမို တင်သွင်းလာကြမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 "မိုဘိုင်းဖုန်း ဝယ်လိုအားက အရင်နှစ်တွေကထက် တော်တော်တက်လာတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လာမယ့်နှစ်မှာ ဒီထက် ပိုပြီး တက်လာလိမ့်မယ်လို့ ခန့်မှန်း ထားကြတယ်။ ဝယ်လိုအား တက်လာတာနဲ့အမျှ ရောင်းလိုအားကလည်း ရှိနေတယ်။  လက်ရှိ အခြေအနေက လူတိုင်းဖုန်းကိုင် နိုင်ကြပြီဆိုတော့ ဒီဈေးကွက်က တဖြည်းဖြည်း ကြီးလာတဲ့ သဘောပါပဲ" Mobile Mother မိုဘိုင်းဖုန်းနှင့် ဝန်ဆောင်မှု ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုနိုင်သူ သန်း ၃၀ ကျော် ရှိလာပြီဖြစ်ပြီး  မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေ အတွက်မှာ သန်း ၂၀ ခန့်ရှိနေပြီ ဖြစ်သည်။


Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung Galaxy Note 5 အချက်အလက်များ

Posted: 24 Aug 2015 02:15 AM PDT

samsung Galaxy Note5samsung Galaxy Note5

အရွယ်အစား: 153.2 × 76.1 × 7.6 အတိုင်းအတာ(မီလီမီတာ) 
အလေးချိန် 171 ဂရမ်


NETWORK
အထူးပြုလုပ်ထားသည့်စနစ်များ


စက်ပိုင်းဆိုင်ရာ ကိရိယာ (OS, CPU)
ချိတ်ဆက်မှုစနစ်
Web browsing
အချက်အလက်များ ပို့လွှတ်ရယူသည်။

မာတီမီဒီယာ ကြည့်ရှုအသုံးပြုနိုင်သည့်စနစ်

ဖုန်းခေါ်ဆိုမှုနှင့် အခြေခံစနစ်
Battery

ဝမ်းဘက်မင်းသားစတဲ့အက်ရှင်မင်းသားများစွာနဲ့တိုက်ခိုက်ဆော့ကစားရမယ့် SPL2 APK V28 MOD (Money + Energy ခိုးပြီးသား)

Posted: 24 Aug 2015 12:48 AM PDT


     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

အန္တရယ်တွေကြားထဲမှာတိုက်ခိုက်ပြေးလွှားကစားရမယ့် - Lara Croft Relic Run APK V1.0.47 MOD Unlimited

Posted: 24 Aug 2015 12:42 AM PDT

                         
                                    www.patheinit.com
                                       
Payephyokyaw

ကြိုးဝိုင်းထဲမှာထိုးသတ်ရမယ့်ဂိမ်းလေး - Brothers: Clash of Fighters APK MOD Unlimited Money

Posted: 24 Aug 2015 12:35 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

အက်ရှင်ပစ်ခက် တိုက်ခိုက်ရမယ့်ဂိမ်းလေး - Z.O.N.A Project X APK MOD Unlimited Ammo + Health

Posted: 24 Aug 2015 12:25 AM PDT


                         
                                    www.patheinit.com
                                       
Payephyokyaw

နပန်းဖိုင်တင်ဂိမ်းကောင်းလေး - WWE Immortals v1.6.0 Apk

Posted: 24 Aug 2015 12:18 AM PDT

Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

ဖုန်း user တွေဆောင်ထားသင့်တဲ့ - SIM Manager v: 5.6

Posted: 24 Aug 2015 12:13 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

အကောင်းဆုံး Best Selfie Apps များ Download

Posted: 23 Aug 2015 09:23 PM PDT

Selfie သမားများအတွက် Selfie App များစုစည်းတင်ပြပေးလိုက်ပါတယ် အောက်မှာ Download များကိုနှိပ်ကာ Free ရယူပါ

YouCam Perfect – Selfie Cam

YouCam Perfect

Candy Camera

Candy Camera

Retrica

Retrica

Selfie Studio

Selfie Studio

Perfect 365



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment