Related Posts Plugin for WordPress, Blogger...

September 11, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ခေတ်စားလာတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေ

Posted: 10 Sep 2015 03:31 AM PDT


အခုနောက်ပိုင်း လူငယ်တွေက စက်နဲ့ သေသေသပ်သပ် လုပ်ထားတဲ့ ဖက်ရှင် ပစ္စည်းတွေထက် လက်နဲ့လုပ်တဲ့ ပစ္စည်းလေးတွေကို ပိုပြီး နှစ်နှစ်သက်သက် အသုံြး ပုလာတာ တွေ့ရပါတယ်။

Handmade ပစ္စည်းလေးတွေဟာ မြင်ရသူအဖို့ ထူးဆန်းသလို ဖြစ်နေနိုင်ပြီး Limited လည်း ဖြစ်တာကြောင့် ဒီတပတ်မှာ လူငယ်တွေအကြား ခေတ်စားနေတဲ့ Handmade ဖက်ရှင်ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Handmade ပစ္စည်းတွေဟာ ဈေးလည်းအများကြီး မပေးရဘဲ ပြည့်စုံတဲ့ Fashion တခုကို ပေးစွမ်းနိုင်မှာပါ။
လည်ပင်းနဲ့ ကွက်တိဖြစ်နေတဲ့ Handmade လည်ပတ်လေးတွေဟာ အရင်ကတည်းကရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှ ပိုပြီးခေတ်စားလာတာကို တွေ့ရပါတယ်။ ရောင်စုံရှိပေမယ့် အနက်ရောင်က ပိုပြီးလူကြိုက်များ    တယ်လို့ Handmade ဆိုင်က ပိုင်ရှင်ဖြစ်သူ မဟန်နီကပြောပြပါတယ်။

လည်ပတ်လေးတွေအပြင် တခြား Accessories တွေဖြစ်တဲ့ Hand chain, Keychain တွေကိုပါရရှိနိုင်ပါတယ်။ Hand chainတွေအတွက် Design ကိုဆိုရင်လည်း ကိုယ့်ရဲ့ လက်အတိုင်းနဲ့ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း    ပြောပြီးအပ်လို့လည်း ရပါတယ်။

Handmade လေးတွေဟာ ကိုယ့်အတွက်လည်း အ ဆင်ပြေစေမှာဖြစ်သလို၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့အတွက်လည်း အထူးသင့်လျော်ပါတယ်။ ပစ္စည်းလေးတွေရဲ့ ဈေးနှုန်းက ကျပ် ၁၈၀၀ ကနေ ၄၀၀၀ အကြား အသီးသီးသာရှိတာဖြစ်လို့ ဈေးသိပ်မများလှဘူးလို့ ဆိုချင်တာပါ။

ကဲ Fashionကျကျလန်းနိုင်ဖို့အတွက် Handmadeလေးတွေနဲ့ အလှဆင်ကြ        ရအောင်။

Epiphany Handmade ဖက်ရှင်ဆိုင်လိပ်စာ -လမ်း၅၀နဲ့ ၅၁လမ်းကြား၊ မဟာဗန္ဓုလလမ်း၊ No(202 B) ရန်ကုန်မြို့။











ထက်ဦးဝေ

တေးသီတတ်တဲ့ သပိတ်လွယ်ငှက်

Posted: 10 Sep 2015 02:06 AM PDT


သပိတ်လွယ်ငှက်

သပိတ်လွယ်ငှက်ဟာ ကျီးကန်းမျိုးစုထဲမှာ ပါဝင်ပါတယ်။ ပါဏဗေဒအမြင်အားဖြင့် ယင်းကို ကော့စိုင်       ကပ်စော်လားရစ်လို့ ခေါ်ပြီး Muscicapidae မျိုးရင်းတွင်ပါဝင်တာပါ။

သပိတ်လွယ်ငှက်ဟာ အလျားကိုးလက်မခန့်ရှိပါတယ်။ ငှက်မဟာ ငှက်ဖိုထက်ပိုပြီး အသွေးအရောင် မွဲခြောက်တာပါ။ သပိတ်လွယ်ငှက်ဖိုများဟာ သီချင်းဆိုကောင်းတယ်လို့ သိရပါတယ်။ ရန်သူကိုမြင်ရင် ခပ်ရှည်ရှည်ဆွဲ၍ အချက်ပေးတတ်ကြသလို သူတို့ရှိကြောင်း သိစေရန် တစ်ခါတစ်ရံ ကျယ်လောင်စွာအော်မြည်တတ် ကြတာပါ။ နံနက်ခင်းနှင့် ညနေခင်းများတွင် သစ်ပင်များပေါ်မှ တေးသီနေကြတာဟာ သာယာနာပျော်ဖွယ်ရှိလှပါတယ်။ သပိတ်လွယ်ငှက်များဟာ မကြာခဏပင် အတောင်ကို     အောက်သို့ နှိမ့်ချလိုက်၊ ယပ်တောင်သဖွယ်ဖြန့်လိုက်၊ ပိတ်
လိုက် ပြုလုပ်တတ်ကြပါတယ်။ သပိတ်လွယ်ငှက်များကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ကြရပါတယ်။ များသောအားဖြင့် စုံတွဲနေ ထိုင်တတ်ကြပါတယ်။

လူသူနေထိုင်ရာအရပ်များ၌သာ တွေ့ရတာမဟုတ်ဘဲ ကျွန်းတောများထဲမှာလည်း တွေ့ကြရပါတယ်။ ဥယျာဉ်၊ ချုံတော စသည်ဖြင့် နေရာမရွေးတွေ့ရသော်လည်း စိုစွတ်သောတောနက် ကြီးများနဲ့ လယ်ကွင်းပြင်တွေမှာတော့ မနေထိုင်ကြပါဘူး။ သပိတ်လွယ်ငှက်များဟာ အစာကိုမြေပြင်၌ ရှာဖွေစားသောက်လေ့ရှိပေမယ့် ပုရွက်ဆိတ်၊ ချေးပိုးထိုးကောင်နှင့် ပိုးမွှားကလေးများကိုစားသုံးကြပါတယ်။ တခါတရံ အသီးအရွက်နှင့် တီကောင်များကိုလည်း စားသုံးတတ်ကြပါတယ်။

သပိတ်လွယ်ငှက်ဟာ အသိုက်ကို အိမ်ခေါင်မိုး၊ သစ်ခေါင်း၊ ကမ်းပါးနဲ့ ထရံများအကြား၊ ဝါးငုတ်တိုများထဲ  တွင် လုပ်ကြတာပါ။ အသိုက်ပြုလုပ်ရာတွင် သစ်မြစ်၊ မြက်၊ အမွှေးအတောင်များဖြင့် ပြုလုပ်ကြပါတယ်။ အသိုက်များမှာ ပွယောင်းယောင်းရှိပါတယ်။ ဒါမှမဟုတ် ပြားပြားချပ်ချပ်သာသာ ရှိပါတယ်။ အသိုက်ကိုဆောက်လုပ်ရာ၌ ခပ်ကြမ်းကြမ်း နဲ့ လျော့ရိလျော့ရဲဆောက်လုပ်တတ်ကြပါတယ်။ သပ်သပ်ယပ်ယပ် မဆောက်လုပ်  တတ်ကြပါဘူး။

သပိတ်လွယ်ငှက်တို့ဟာ မတ်လမှ ဇူလိုင်လအတွင်း သားပေါက်တတ်ကြပါတယ်။  တစ်မြုံလျှင် သုံးဥမှ ငါးဥအထိ ဥအုတတ်ကြပါတယ်။ ဥ ပုံစံဟာ အဖျားရှူးသလိုရှိပါတယ်။  ဥခွံညက်ညောမာကြောပါတယ်။ အစိမ်းရောင်တွင် နီညိုရောင်အပြောက်များအရင်းဖက်၌ စု၍ ပါရှိပါတယ်။ ဥရဲ့ ပျမ်းမျှအလျားမှာ ဝ.၈၇ လက်မနှင့်     ဗြက် ၀ .၆၆ လက်မ ခန့်ရှိပါတယ်။ သပိတ်လွယ်ငှက်ကို အရှေ့ဘက်နိုင်ငံများ၌ အနှံ့အပြား တွေ့ရပါတယ်။  မြန်မာနိုင်ငံတွင် လွင်ပြင်များမှအစ တောင်ပေါ်ဒေသများပါ မကျန် အရပ်ရပ်၌ နေထိုင်ကျက်စားတတ်ကြပါတယ်။

မလေးရှားသပိတ်လွယ်ငှက်မျိုးကို တနင်္သာရီတောင်ပိုင်း၌သာ တွေ့ရတတ်ပါတယ်။ သပိတ်လွယ်ငှက်မျိုးတွင် ငှက်အမျိုးမျိုး ပါဝင်ရာ ထင်ရှားသော အမျိုးများမှာ ငှက်ကျား၊ ငှက်စပ်၊ သို့မဟုတ် ငှက်အောင်မ ခေါ်           ငှက်တော်ပြာ၊ နဖားကြီး အမြီးဝိုင်း စသည်တို့ဖြစ်ကြပါတယ်။


ကိုးကား။ ။ ၀ီးကီးပီးဒီးယား


0 comments:

Post a Comment