မောင်ပေါက် ( Maung Pauk ) |
- ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့အသိလေးပေးမယ်-LED Blinker Notifications Lite v6.8.3 Apk
- IPHONE SECOND HAND ပြန်ဝယ်မယ်ဆို ဘာတွေသတိထားသင့်လဲ ???
- ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ
- Hero အစုံရွေးချယ်တိုက်ခိုက်ရမယ့်ဂိမ်းလေး - MARVEL Contest of Champions APK V4.0.2 MOD High Damage
- နေညိုချိန် ဒီဇိုင်းလေးနဲ့ဖုန်းမှာလန်းနိုင်မယ့် - Daybreak Hola Launcher Theme
- ကားပြိုင်မောင်းရင်ပစ်ခက်ရမယ့်ဂိမ်းလေး - Armored Car 2 Deluxe APK MOD Unlimited Money
- Star Wars အာကာသထဲက ဖိုက်တင်ဂိမ်းကောင်းလေး - Star Wars: Uprising v1.0.0 Apk
- နင်ဂျာ ဖိုက်တင်ဂိမ်းကောင်းလေး - Shadow Blade v1.50 Apk
- ဂျက်လီ၊ဘတ်စက်ဘောမင်းသား စတဲ့ 3D ရုပ်ကောင်တွေနဲ့ Zombile တွေကိုတိုက်ခိုက်ရမယ့် -Shaqdown 2 APK V1.8 MOD Money
- အသက်လောင်းကြေးနဲ့ ဖဲကစားရမယ့် ပိုကာ - Outlaw Poker APK V1.1 MOD Unlimited Money
- BollywooD အက်ရှင်ဇာတ်ကားကောင်းလေး - Hindi Action Historical Movie - Bahabuli 2015 WEB HDRip 480p 400MB
| ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့အသိလေးပေးမယ်-LED Blinker Notifications Lite v6.8.3 Apk Posted: 11 Sep 2015 10:39 AM PDT ![]() ဖုန်းကိုင်ဆောင်ထားသော ဘော်ဒါတို့အတွက် Notification ဖြင့် မိမိဖုန်းထဲကို message ၀င်တဲ့အခါပဲဖြစ်ဖြစ်,Notification ပဲဖြစ်ဖြစ် ၀င်လာတဲ့အခါ ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့ဖြစ်သွားစေမယ့် apk ဆော်ဝဲလ်ဖြစ်ပါတယ်။။Facebook, Message စတဲ့ Notification တွေဝင်လာရင်အလွယ်တကူ သိရှိနိင်ဖို့ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ ဖုန်းထဲကို Message တစ်ခုခုဝင်လာရင် ၊ Facebook က noti တစ်ခုခုတက်လာရင် ဖုန်းကို Silent လုပ်ထားရင်တောင်မှ မီးတဖျတ်ဖျတ်အလင်းရောင်လေးနဲ့ သတိပေးမှာဖြစ်တဲ့အတွက် မသိလိုက်မှာမပူရတော့ပါဘူး။ ဖုန်းထဲမှာသွင်းထားသင့်တဲ့ application လေးတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ ဘော်ဒါတို့ အတွက် ကျနော်အောက်မှာ Screenshot ရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေးကတော့ ဖိုင်းဆိုဒ် 3.6MB ဖြစ်ပြီး Android OS 2.2 အထက်ကိုသုံးနိုင်ပါတယ်ဗျာ။ |
| IPHONE SECOND HAND ပြန်ဝယ်မယ်ဆို ဘာတွေသတိထားသင့်လဲ ??? Posted: 11 Sep 2015 09:35 AM PDT Iphone Second Hand တစ်ဆင့်ပြန်ဝယ်ချင်တဲ့သူတွေအတွက် ဘာတွေသတိထားသင့်လဲ ဆိုတာလေးကို ကျတော် ကြုံဖူးသလောက်လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Phone လောကမှာ ခုနောက်ပိုင်း Second Hand ပြန်ဝယ်ကိုင်တာတွေကလည်း အများအပြား ရှိနေကြပါပြီ။ Iphone Second ပြန်ဝယ်မယ်ဆိုရင်တော့ သတိထားဖို့လိုအပ်ပါတယ်။ တစ်ချို့က ရှိပါတယ် … ကောက်ရလာတာပဲဖြစ်ဖြစ် တနေရာက ရလာတာပဲဖြစ်ဖြစ် password ခံထားရင် password မေ့သွားပြီး Disable ဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ လာရောက်ရောင်းချ တက်ကြပါတယ်။ အဲဒီအခါကျရင် ကိုယ်က ဘာတွေသတိထားရပြီလဲဆိုရင်တော့ လာရောင်းတဲ့ ဖုန်းပာာ SIM Lock ပာုတ်မပာုတ် … SIM Lock မပာုတ်ဘူးဆိုရင်တောင် ဒီ ဖုန်းပာာ iCloud account ၀င်ထားခြင်း ရှိမရှိ ဆိုတာတွေကို စစ်ကြည့်ရန် လိုအပ်ပါပြီ။ ဒါတွေကို စစ်ရတာတော့ မခက်ပါဘူး။ IMEI သိရင်ရပါပြီ။ IMEI သိတယ်ဆိုရင်တော့ အောက်ကလင့်တွေမှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။ CHECK SIM Lock / Unlock >>> http://iphoneimei.info/ CEHCK iCloud Lock >>> https://www.icloud.com/activationlock/ နှစ်ခုစလုံးက Unlock ဖြစ်နေရင်တော့ ၀ယ်ယူရန် အကောင်းဆုံးဖြစ်ပါတယ်။ SIM Lock မပာုတ်လို့ အသုံးပြုရန်အဆင်သင့်အခြေအနေမှာ ဆိုရင်တောင် iCloud account ကိုတော့ စစ်ဆေးပြီးမှ ၀ယ်ယူပါ။ တစ်ခါတစ်လေ iCloud ပြန်ထွက်ထားပေမဲ့ Firmware ပြန်တင်လိုက်တဲ့ အခါကျမှ Activate ပြန်လုပ်တဲ့ အခြေအနေမှာ iCloud ပြန်တောင်းနေတက်ပါတယ်။ ဒါကြောင့် iPhone Second Hand ပြန်ဝယ်မယ်ဆိုရင် ကျတော်အကြံပြုထားတာလေးတွေကို သတိထားကြဖို့ လေးစားစွာ တင်ပြပေးလိုက်ပါတယ်။ credit - Ko Htoo ref: ( MMAS ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ Posted: 11 Sep 2015 09:34 AM PDT အခုဆိုရင် မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော လူတိုင်းရဲ့ လက်ထဲမှ Smart ဖုန်းကိုယ်စီရှိနေကြမှာပါ။ မိမိရဲ့ ဖုန်းကို ဂရုစိုက်ကြတဲ့ လူတွေရှိသလို အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ လူတွေလည်း ရှိကြပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရံဖန်ရံခါမှာတော့ မိမိဖုန်းကို အားသွင်းဖို့ မေ့တာတို့ ၊ ဖုန်းအရမ်းသုံးရင်းနဲ့ အားကုန်သွားတာတို့ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေချင်တဲ့ ဆန္ဒတွေအရမ်းထက်သန်နေပါလိမ့်မယ်။ အရာရာတိုင်းဟာ မိမိရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခုဆောင်းပါးမှာတော့ ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီး မိမိရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျပေမဲ့ မိမိရဲ့ ဆန္ဒစောနေတဲ့ အချက်လေးကိုတော့ အနည်းငယ် သက်သာစေမဲ့ နည်းလမ်းအချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။ ![]() ဖုန်းအားသွင်းတဲ့အခါ ကွန်ပျူတာမှာပါဝင်တဲ့ USB အပေါက်တွေနဲ့ အားသွင်းခြင်းကို ရှောင်ကြဉ်ပါ ———————————————————————————— ဖုန်းအားသွင်းတဲ့အခါ အချို့ကွန်ပျူတာရှိသည့် သူများမှ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ကွန်ပျူတာ သုံးရင်းဖြင့် ဖုန်းအားသွင်းကြလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရင်း ဖုန်းအားသွင်းတော့ အလုပ်လည်းပြီးဖုန်းလည်းအားမြန်မြန်အားပြည့်တယ်ဆိုပြီး ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖုန်းအားသွင်းခြင်းအတွက်ကတော့ အလျင်အမြန်အားပြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန် USB 1.0 နဲ့ 2.0 တို့ရဲ့ လျပ်စစ်စီးနှုန်းဟာ 0.5 A (A=Ampere) ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အခု ခေတ်စားနေတဲ့ USB 3.0 မှာတော့ လျပ်စစ်စီးနှုန်းဟာ 0.9 A (A=Ampere) ထိရှိလာပါတယ်။ ထိုသို့ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ဖုန်းအားသွင်းခြင်းထက် ဖုန်းအားသွင်းသည့် Charger နှင့် အားသွင်းခြင်းသည် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်ပါတယ်။ Charger ဖြင့် အားသွင်းသည့်အခါ လျပ်စစ်စီးနှုန်းက 1.5 A (A=Ampere) အထိရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ![]() လျပ်စစ်စီးနှုန်း ပိုမိုမြန်သည့် Charger များကို အသုံးပြုပါ ————————————————– မိမိရဲ့ Charger ထက် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်သည့် Charger များကိုအသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ iPhone 6 မှာ ပါဝင်တဲ့ Charger ဟာ 1A (5W) သာလျပ်စစ်စီးနှုန်းရှိပါတယ်။ ဒါပေမဲ့ iPad မှာပါဝင်တဲ့ Charger ခေါင်းကတော့ 2.1A (12W) လျပ်စစ်စီးနှုန်းရှိပါတယ်။ ထို့အတွက်ကြောင့် iPhone 6 ကိုအားမြန်မြန်ပြည့်ချင်တဲ့အတွက် iPad Charger ခေါင်းနဲ့ အားသွင်းမည်ဆိုပါက သာမန်ထက် လျပ်စစ်စီးနှုန်းမြန်ဆန်ပြီး ဘက်ထရီအားပိုမိုမြန်ဆန်စွာ ပြည့်လာမှာဖြစ်ပါတယ်။ သို့သော်လည်း Charger တိုင်းကို မဆိုလိုပါဘူး။ မိမိပစ္စည်းရဲ့ Brand နဲ့ ကိုက်ညီမှုရှိတဲ့ Charger တွေသာ အဆင်ပြေပါလိမ့်မယ်။ ဥပမာ iPhone Charger နဲ့ iPad Charger လိုပေါ့။ ![]() ကောင်းမွန်တဲ့ USB ကြိုးတွေကို အသုံးပြုပါ ———————————————- ကျွန်တော်တို့ဟာ ဖုန်းဝယ်တဲ့အခါပါဝင်တဲ့ Original USB ကြိုးနဲ့အားသွင်းတဲ့အခါ ပုံမှန် ကြာသင့်တဲ့ အချိန်ပမာဏ အတိုင်းကြာကြတယ်။ ဒါပေမဲ့ Original USB ကြိုးပျောက်သွားခြင်းဖြစ်စေ ၊ ပျက်စီးသွား၍ ဖြစ်စေ ဈေးနှုန်းသက်သာတဲ့ USB ကြိုးတွေဝယ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ပုံမှန်ထက် အားသွင်းနှုန်း ပိုကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ USB ကြိုး ၊ မိမိ device နဲ့ ကိုက်ညီမှုရှိတဲ့ USB ကြိုးတို့ကိုသာ အသုံးပြုသင့်ပါတယ်။ ![]() ဖုန်းအားသွင်းတဲ့အခါ ချထားပါ ———————————- အခုဆိုရင် COC ကစားတဲ့လူတွေများပြားလာတော့ ဒီအချက်ကို ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖုန်းနဲ့ Game ကစားနေရင်း ဖုန်းအားနည်းသွားတဲ့အတွက်ကြောင့် Game ကစားရင်းနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါဟာ ဖုန်းအားသွင်းမြန်ဆန်ခြင်းကို အနှောက်အယှက် ဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။ အချို့ Blog တွေမှာ ဖော်ပြချက်အရတော့ ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို Airplane Mode အဖြစ်သို့ ဖြစ်စေ ၊ ပါဝါပိတ်ထားခြင်းအဖြစ်သို့ ဖြစ်စေ ပြုလုပ်ထားသင့်တယ်လို့ရေးသားဖော်ပြကြပါတယ်။ ဒါဟာ တကယ်လိုက်နာသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီလို မလိုက်နာနိုင်ဘူးဆိုရင်တောင် မိမိဖုန်းအားသွင်းတဲ့အခါ ဖုန်းနဲ့ ဘာအလုပ်မှမလုပ်ပါနဲ့။ ဒါဆိုရင်တော့ သင့်ဖုန်းအားသွင်းခြင်း မြန်ဆန်လာမှာဖြစ်ပါတယ်။ အထက်ဖော်ပြပါအချက်တွေကတော့ ဖုန်းအားသွင်းတဲ့အခါ မြန်ဆန်စေမဲ့ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေကို ရှာဖွေကာ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ Ref : Geek credit - Aung Ko Htet (MMAS) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Hero အစုံရွေးချယ်တိုက်ခိုက်ရမယ့်ဂိမ်းလေး - MARVEL Contest of Champions APK V4.0.2 MOD High Damage Posted: 10 Sep 2015 11:03 PM PDT www.patheinit.com Payephyokyaw |
| နေညိုချိန် ဒီဇိုင်းလေးနဲ့ဖုန်းမှာလန်းနိုင်မယ့် - Daybreak Hola Launcher Theme Posted: 10 Sep 2015 10:54 PM PDT |
| ကားပြိုင်မောင်းရင်ပစ်ခက်ရမယ့်ဂိမ်းလေး - Armored Car 2 Deluxe APK MOD Unlimited Money Posted: 10 Sep 2015 10:43 PM PDT www.patheinit.com Payephyokyaw |
| Star Wars အာကာသထဲက ဖိုက်တင်ဂိမ်းကောင်းလေး - Star Wars: Uprising v1.0.0 Apk Posted: 10 Sep 2015 10:32 PM PDT |
| နင်ဂျာ ဖိုက်တင်ဂိမ်းကောင်းလေး - Shadow Blade v1.50 Apk Posted: 10 Sep 2015 10:23 PM PDT |
| Posted: 10 Sep 2015 10:16 PM PDT www.patheinit.com Payephyokyaw |
| အသက်လောင်းကြေးနဲ့ ဖဲကစားရမယ့် ပိုကာ - Outlaw Poker APK V1.1 MOD Unlimited Money Posted: 10 Sep 2015 10:08 PM PDT |
| Posted: 10 Sep 2015 10:01 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |


































0 comments:
Post a Comment