Related Posts Plugin for WordPress, Blogger...

September 12, 2015

The Irrawaddy's Blog

The Irrawaddy's Blog


အစွမ်းထက်ပျားရည်

Posted: 11 Sep 2015 02:17 AM PDT




ပျားရည်အစစ်ဟာ ချောင်းဆိုးတာကို သက်သာစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ညဘက်တအုံးအုံး    ချောင်းဆိုးတတ်သူတွေအနေနဲ့ ပျားရည်ဟာ ချောင်းဆိုးပျောက်ဆေးထက် အစွမ်းထက်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ညဘက် အိပ်ရာဝင်ခါနီး ပျားရည်ကို လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်း သောက်သုံးသင့်ပါတယ်။ 

အင်တာနက်တွင်ကျော်ကြားသူမိန်းကလေး တရားမ၀င်လောင်းကစားလုပ်ကိုင်မှုနဲ့ ထောင်ဒဏ်ငါးနှစ်ကျခံရ

Posted: 11 Sep 2015 02:01 AM PDT


(အင်တာနက်တွင် နာမည်ကြီးခဲ့တဲ့ Guo Mei Mei)

တရုတ်နိုင်ငံရဲ့ အင်တာနက်တွင် နာမည်ကျော်ကြားသူ Guo Meimei အား တရားမ၀င်ကက်စီနိုလောင်းကစား လုပ်ကိုင်မှုနဲ့ ဘေဂျင်းမြို့ Dongcheng People တရားရုံးမှ ကြာသပတေးနေ့က ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။

သူမအား တရားရုံးမှ ထောင်ဒဏ်အပြင် တရုတ်ယွမ်ငွေ ငါးသောင်း(အမေရိကန်ဒေါ်လာ ၇၈၀၀) ကို ဒဏ်ငွေအဖြစ် ချမှတ်လိုက်တာပါ။ ဒါ့အပြင် သူမရဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ Zhao Xiaolai ကိုတော့ ထောင် ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ယွမ် နှစ်သောင်း ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Guo ဆိုတဲ့ အမျိုးသမီးငယ်ဟာ ၂၀၁၁ ခုနှစ်ကစလို့ နာမည်ဆိုးနဲ့ ကျော်ကြားလာသူပါ။ ငွေကို ရေလိုသုံးဖြုန်းကာ သွားလာပျော်ပါးနေထိုင်ခဲ့တဲ့ သူမရဲ့ နေထိုင်ပုံတွေကို မှတ်တမ်းတင်     ထားသော ဓာတ်ပုံတွေဟာ တရုတ်လူမှုမီဒီယာပေါ်မှာ ပျံနှံ့လာခဲ့ပြီးနောက်ပိုင်း အခုလို နာမည်ဆိုးနဲ့ကျော်    ကြားလာခဲ့ခြင်းလည်းဖြစ်ပါတယ်။


သူမစီးတဲ့ တန်ဖိုးကြီး ကားများအကြောင်း၊ သူမ အသုံးပြုကိုင်ဆောင်တဲ့ ပိုက်ဆံအိတ်များ အကြောင်းကို   အွန်လိုင်းမှာ ကြွားလုံးထုတ်နေတုန်း သူမကိုယ်သူမလည်း တရုတ်ကြက်ခြေနီအသင်းအဖွဲ့မှာ စီးပွားရေး ကဏ္ဍဆိုင်ရာ မန်နေဂျာတဦးအဖြစ် အလုပ် လုပ်ကိုင်နေသူပါလို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို သူမတင်ခဲ့တဲ့ပို့စ်တွေဟာ ပြည်သူတွေရဲ့ဒေါသကို ပိုပြီးထိုးဆွလိုက်သလိုဖြစ်ခဲ့ကာ အဆိုးဆုံး    ကတော့ သူမဟာ အသင်းအဖွဲ့ရဲ့လှူဒါန်းငွေတွေကို အလွဲသုံးစားပြုလုပ်ခဲ့သလား မပြုလုပ်ခဲ့ဘူးလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတော့တယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ သူမနဲ့ တစုံတရာ ချိတ်ဆက်ပတ်သက်မှုကို ငြင်းဆိုထားခဲ့ပေမယ့်လည်း အများပြည်သူရဲ့ ယုံကြည်မှုနဲ့ အဖွဲ့အစည်းအပေါ် နောက်ထပ်လှူဒါန်းလာမှုတွေ လျော့ပါး ကျဆင်းသွားတဲ့ ရလဒ်တွေပဲ ထွက်ရှိလို့လာပါတော့တယ်။

နောက်ဆုံးမှာတော့ သူမကို ၂၀၁၄  ဇူလိုင်တွင် ဘေဂျင်းမြို့က ငှားရမ်းထားတဲ့ တိုက်ခန်းတခုမှာ တရားမ၀င် အင်တာနက်လောင်းကစား လုပ်ကိုင်မှုနဲ့  ရဲက ဖမ်းဆီးခဲ့ပါတော့တယ်။

လအနည်းငယ်အကြာမှာတော့ တရုတ်နိုင်ငံမှ major TV channels ကနေ သူမအား ခြေရာခံမိတဲ့အကြောင်းကို ထုတ်လွှင့်ပြသခဲ့ပြီး အခုလို သူမရဲ့ မှားယွင်းတဲ့ လုပ်ရပ်တခုကြောင့် အသင်းအဖွဲ့အပေါ် အများပြည်သူရဲ့ ယုံကြည်မှု ပျက်ယွင်းသွားတဲ့အရာကတော့ ပြန်လည်ပြုပြင်ပြောင်းလဲလို့ရမှာမဟုတ်တော့ဘူးလို့  ၀န်ခံ ပြောဆိုသွားခဲ့ပါတယ်။


Ref: CCTV news

ဝဿန် ရုပ်ရှင်ပွဲတော်ကို ၀ဇီရာရုပ်ရှင်ရုံမှာ ပြုလုပ်လျက်ရှိ

Posted: 11 Sep 2015 02:24 AM PDT



ဝဿန် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ ၀ဇီရာ ရုပ်ရှင်ရုံမှာ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုပြုလုပ်တဲ့ ၀ဿန်ရုပ်ရှင်ပွဲတော်ဟာ ငါးကြိမ်မြောက် ပြုလုပ်တာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ကာ ပြိုင်ပွဲဝင် ဇာတ်ကားတို၊ မှတ်တမ်းရုပ်ရှင် ၁၈ ကား အပြင် လာရောက်ပြသတဲ့ ဇာတ်လမ်းတို၂ ကားနဲ့ ဥရောပ- အာရှရုပ်ရှင်ဇာတ်ကားမျာကို အခမဲ့ပြသနေတာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်လာရောက်ကြည့်ရှုသူများကို ရောင်းချပေးနေတဲ့ ရုပ်ရှင်ဇာတ်ကားခွေများ


စက်တင်ဘာ ၁၁ ၇က်နဲ့ ၁၂ ရက်နေ့ ပွဲချိန်များကတော့ မနက် ၁၀ နာရီမှ ၁၂ နာရီထိ၊ နေ့လည် ၁ နာရီမှ ၃ နာရီ၊ နေ့လည် ၃ နာရီမှ ၅ နာရီခွဲ၊ ညနေ ၆ နာရီမှ ည ၈ နာရီအထိ သတ်မှတ်ထားပြီး စက်တင်ဘာ ၁၃ ရက်မှာတော့ ပိတ်ပွဲအခမ်းအနားနဲ့ ဆုရရှိသူများကို ရွေးချယ်ပြီးဆုများ ပေးအပ်သွားမှာဖြစ်ပါတယ်။


ယုမွန်ကျော် 

ဘီကီနီဝတ် မိန်းကလေးများ ယှဉ်ပြိုင်ထိုးသတ်မယ့် လက်ဝှေ့ဘား

Posted: 10 Sep 2015 11:35 PM PDT


(Images - via NetEase)

ပြီးခဲ့တဲ့ တပတ်က တရုတ်နိုင်ငံ ရှန်ဇီခရိုင် တိုင်ယန်းမြို့မှာ လှပျိုဖြူများ အပြင်းအထန် ထိုးသတ်ကြမယ့်     လက်ဝှေ့ဘား တခုကို ဖွင့်လှစ်လိုက်ပါတယ်။



လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးများဟာ ဘီကီနီဝတ်ပြီး ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်လို့ လူအများစုရဲ့ စိတ်ဝင်စားမှုရနိုင်တယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပိုင်ရှင်ဖြစ်သူက လက်ဝှေ့ဘားအနေနဲ့ လာရောက်   ကြည့်ရှုသူတွေကို အံသြဘနန်း ဖြစ်စေမယ့် ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်မှုတွေ တွေ့မြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်ရောက် မယှဉ်ပြိုင်မီ မော်ဒယ်လေးတွေအနေနဲ့ နည်းပြဆရာရဲ့ ကြပ်မတ် လေ့     ကျင့်ပေးမှု ခံယူရဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။









ကိုးကားသတင်း။  ။ http://shanghaiist.com/2015/09/10/bikini-kickboxing-taiyuan.php


0 comments:

Post a Comment