Related Posts Plugin for WordPress, Blogger...

September 14, 2015

The Irrawaddy's Blog

The Irrawaddy's Blog


တရုတ်လူမျိုးတွေ အစားအသောက်ပုံစံကို ခေါင်းမှာ ဘာကြောင့်ဆင်မြန်းကြသလဲ

Posted: 13 Sep 2015 10:23 PM PDT




ဖက်ရှင်ရေစီးကြောင်းရဲ့ ပြောင်းလဲမှုက အလွန်မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက တရုတ်ပြည်နေရာအနှံ့အပြားမှာရှိတဲ့ လူတော်တော်များများဟာ အစေ့မှ အပင်ပေါက်ကာစ အညှောင့်ပုံစံ ဆံညှပ်လေးများကို စတင်ဝင်ဆင်လာခဲ့ပြီးနောက် အဲ့ဒီကမှတဆင့်တက်ကာ ထပ်မံ ပေါ်ထွက်လာတဲ့ ဖက်ရှင်ကတော့ အစားအသောက်ဒီဇိုင်းပုံစံဖန်တီးထားတဲ့ ဆံပင်အသုံးအဆောင် ပစ္စည်းတွေကို ဆင်မြန်းလာကြခြင်းဖြစ်ပါတယ်။





နောက်ဆုံးပေါ်အဖြစ် ပေါ်ပြူလာဖြစ်နေသော ဆံညှပ်တွေကတော့ ၀က်သားသုံးထပ်သားပုံစံများ၊ ၀က်နံရိုးပုံစံများ၊ ကြက်တောင်ပံ ပုံစံများ၊ ကြက်ဥကြော်ပုံစံများ တို့ဖြစ်ပါတယ်။ အဲ့ဒီလို အသားပုံစံဆံညှပ်တွေပဲ ပေါ်ပြူလာဖြစ်တာမဟုတ်ဘဲ အသီးအရွက်ပုံစံ၊ ပန်းမုန်လာစတဲ့ ပုံစံတွေပါ ပါဝင်ပါတယ်။



သို့ပေမယ့် အဲ့ဒီဒီဇိုင်းတွေထဲကမှ မြင်လိုက်ရင် ရုတ်တရတ် ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ဒီဇိုင်တမျိုးကတော့ အားလုံးထဲမှာ ထင်ထင်ရှားရှားရှိလှပါတယ်။ အဲ့ဒါကတော့ အပင်တွေ အစားအသောက်တွေတင် မဟုတ်ဘဲ ပိုးဟပ်ပုံစံ ဆံညှပ်ဒီဇိုင်းပါပဲ။ ရုတ်တရက်ကြည့်လိုက်ရင် ခေါင်းပေါ်မှာ ပိုးဟပ်တက်နေတဲ့ ဒီဇိုင်းမျိုးပေါ့။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ခေတ်စားခဲ့တဲ့ အပင်ပေါက်စ အညှေင့်ပုံစံ ဆံညှပ်များ


ကဲ အဲ့ဒီလို အပင်တွေ အစားအသောက်တွေ အကောင်ပလောင်ပုံစံတွေဖန်တီးထားတဲ့ ဆံညှပ်တွေကို       မြန်မာပြည်က ဖက်ရှင်ဒီဇိုင်းဝါသနာအိုးများဆီ ဘယ်တော့လောက်များ ရောက်လာပေလိ့မ်မလဲ။


Ref: CCTV news

0 comments:

Post a Comment