Related Posts Plugin for WordPress, Blogger...

October 17, 2015

The Irrawaddy's Blog

The Irrawaddy's Blog


Huawei စမတ်ဖုန်းသစ် Mate S မိတ်ဆက်

Posted: 16 Oct 2015 12:16 AM PDT




ဘာလင်မြို့ Max-Schmeling-HalleမှာHuawei ရဲ့ Mate series စမတ်ဖုန်းသစ်Huawei Mate S ကို မိတ်ဆက်ပြသလိုက်ပါတယ်။

Huawei Mate ဟာ 2.5D ဖောင်းကြွမျက်နှာပြင် ဖန်တီးထားပြီး မျက်နှာပြင် ၅ လက်မခွဲ၊ အထူ ၇ ဒသမ ၂ လက်မရှိပါတယ်။ မျှတတဲ့ အလေးချိန်နဲ့ ကိုင်ဆောင်ရလွယ်ကူစေဖို့  ဒီဇိုင်းပြုလုပ်ထားတာမို့ အလွယ်တကူ   ပြုတ်ကျခြင်းကနေ ကာကွယ်နိုင်မှာပါ။ AMOLED မျက်နှာပြင်က Huawei Mate S ကို ပြည့်စုံတဲ့ မျက်နှာပြင် ဖြစ်အောင် ဖန်တီးပေးထားပါတယ်။

ဒုတိယမျိုးဆက်  Fingerprint 2.0 ကိုတပ်ဆင်ပေးထားပြီး အဆင့်မြင့် လုံခြုံရေးနဲ့ တချက်ထိရုံနဲ့ အလွယ်တကူ ဖွင့်နိုင်တဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် P8မှာမိတ်ဆက်ခဲ့တဲ့ Knuckle Control 2.0 ထပ်မံပါဝင်လာမှာ ဖြစ်ပါတယ်။ Knuckle Control ဆိုတာလက်ဆစ်နဲ့ Crop ပြုလုပ်နိုင်ပြီ်း လက်ဆစ်နှစ်ချက် ခေါက်ရုံနဲ့ Screen Shot  ရိုက်ကူးနိုင်ခြင်းကို ဆိုလိုတာပါ။ RGBW sensor ပါဝင်တဲ့ 13MP အနောက်ကင်မရာ ကိုတပ်ဆင်ပေးထားပြီး Dual color-temp LED ဖလက်ရှ်ပါ ပါဝင်တဲ့အတွက် လှပတဲ့ဓာတ်ပုံတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

"ကျနော်တို့ Huawei Mate S ကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပုံမှန်စမတ်ဖုန်းတလုံးထက် သာလွန်ပြီး ကိုင်ဆောင်သူနဲ့ တသားတည်း ကျနိုင်အောင်လို့ပါ။ Huawei Mate S ဟာ လူသားတွေရဲ့ အပြန်အလှန် လုပ်ဆောင်ချက်ကို အခြေခံပြီးထုတ်လုပ်ထားတာပါ။ Mate S က ပုံမှန် လုပ်ဆောင်ချက်တွေကို ထိုးဖောက်ပြီး လူသားနဲ့ စမတ်ဖုန်း အပြန်အလှန်လုပ်ဆောင်ချက်တို့ကို ဦးဆောင်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်"လို့ Huawei Consumer BG &JU CEOရဲ့ CEO ဖြစ်သူ Richard Yu က ပြောကြားခဲ့ပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ထက်ဦးဝေ 

0 comments:

Post a Comment