Related Posts Plugin for WordPress, Blogger...

July 16, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ဘာဘဲလိုလို စစ်ကိုင်းလမ်းညွှန်ရှိဒယ်....Sagaing Directory 2016 apk

Posted: 15 Jul 2016 03:39 AM PDT









Sagaing Directory 2016 application___ စစ်ကိုင်းလမ်းညွှန် ၂၀၁၆ app လေးပါ...
စစ်ကိုင်းမြို့နယ်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံ ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေစုံလင်အောင်
(အက္ခရာစဉ်လိုက်) ထည့်ထားပါတယ်...ကိုယ်ဖုန်းခေါ်ခြင်တဲ့ လုပ်ငန်းအမည်ပေါ်မှာ
ကလစ်တချက်ထောက်ပီး ဖုန်းခေါ်ဆိုနိုင်အောင် လုပ်ထားပါတယ်.... လိုအပ်ပါက
အောက်မှာ ဒေါင်းယူနိုင်ပါတယ်..




အဆင်ပြေပါစေ.

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : 1.50 Mb

PCloud Download Link

&

Studio Music Player For iOS

Posted: 15 Jul 2016 01:45 AM PDT


Studio Music Player ဆိုသည့် app သည် iPhone, iPad ပေါ်တွင် Music Player ကောင်းကောင်းဖြင့် သီချင်း နားထောင်လိုသူများအတွက် အသုံးဝင်မည့် app ဖြစ်သည်။

အဆိုပါ app သည် Apple Music Track များ ကိုလည်း ချိတ်ဆက် နားဆင်နိုင်မည်ဖြစ်ပြီး၊ iTunes ဖြင့် Mac သို့မဟုတ် PC ကို ချိတ်ဆက်ကာ သီချင်းများကို ထည့်သွင်းနိုင်ရန် လည်း စီစဉ်ပေးထားသည်။

အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃၉.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 8.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အခမဲ့ download ရယူလိုသူများ Download ရယူနိုင်ပါပြီနော်...။


( :: DOWNLOAD :: )


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Instant Articles feature အထောက်အပံ့ကို Messenger တွင် Facebook ထည့်သွင်း

Posted: 15 Jul 2016 01:39 AM PDT




Facebook သည် လူမှုရေးမီဒီယာတွင် ဆောင်းပါးများကို လျင်မြန်စွာ ဖော်ပြသည့် Instant Articles အထောက်အပံ့ကို Messenger messaging app တွင် ထည့်သွင်းခဲ့သည်။

ထို့အတွက်ကြောင့် ညာဘက်ထောင့်တွင် မိုးကြိုးပုံသဏ္ဍာန် အသေးစားလေး ပါဝင်သည့် ဆောင်းပါးလင့်ခ်ကို ယခုအခါ Messenger တွင် ဝေမျှနိုင်ပြီ ဖြစ်သည်။ ၎င်းမှာ Instant Article ဖြစ်ပြီး ပုံမှန်ဝက်ဘ်ဆိုက် ဆောင်းပါးထက် လျင်မြန်စွာ ဖော်ပြပေးမည် ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် Facebook တွင် Instant Articles နှင့်အတူ ကြော်ငြာများရောင်းချခဲ့သောကြောင့် Messenger တွင်လည်း အလားတူပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် Instant Articles အသုံးပြုသည့် ထုတ်ဝေသူများ (သတင်းမီဒီယာများ) အနေဖြင့် ဝင်ငွေများစွာ ရရှိမည် ဖြစ်သည်။ ထို့အပြင် Facebook ပေါ်၌ content များဖော်ပြရာတွင်လည်း ပိုမိုမြိုင်ဆိုင်လာမည် ဖြစ်သည်။

ယခုအပြောင်းအလဲမှာ Android တွင် စတင်ပါဝင်လာပြီ ဖြစ်ပြီး iOS ထုတ်ကုန်များအတွက် လာမည့်ရက်သတ္တပတ်တွင် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook blog post တွင် ဖော်ပြထားသည်။

Ref ( ::: Recode ::: )

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Run Dialog Box ကို Disable ပြုလုပ်ထားခြင်း

Posted: 15 Jul 2016 01:35 AM PDT


မိတ်ဆက်

==========
Run Dialog box ဟာ Windows ပေါ်မှာ အသုံးများတဲ့ Tools တစ်ခုဖြစ်ပါတယ်။ အဆိုပါ Run box ကနေ Windows အတွင်းရှိ လုပ်ဆောင်ချက် အတော်များများကို command များဖြင့် ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ  ဖြစ်ပါတယ်။ Run box ကို အသုံးမပြုစေချင်တဲ့ အခါမျိုးမှာလည်း ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Run box ကို disable ပြုလုပ်ဖို့အတွက် Registry နဲ့  Group Policy တို့ကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လက်တွေ့လုပ်ဆောင်ရန်

==================

Run box ကို Registry ကနေ ပိတ်ဖို့အတွက် Win + R key ကိုနှိပ်ပြီး Run box ကို ခေါ်လိုက်ပါ။ ပြီးသွားရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Registry editor ထဲကို ရောက်သွားပြီဆိုရင် HKEY_CURRENT_USER\SOFTWARE\Microsoft\ Windows\Current\Version\Policies ဆိုတဲ့ လမ်းကြောင်းအတိုင်း တစ်ဆင့်ချင်းစီ သွားရပါမယ်။ Policies အောက်ကို ရောက်ပြီဆိုရင် Policies ကို Right click နှိပ်ပြီး New > key ကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Explorer ဆိုတဲ့ အမည်ကို ပေးလိုက်ပါ။


Explorer အမည်ပေးပြီးရင် ညာဘက်အခြမ်း panel မှာ Right click နှိပ်ပြီး New > DWORD (32bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဖိုင်နာမည်ကို No Run လို့ အမည်ပေးလိုက်ပါ။ ပြီးသွားရင် အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data မှာ 1 လို့ သတ်မှတ်ပေးလိုက်ပါ။ သတ်မှတ်ပြီး သွားပြီဆိုရင် Ok button ကို နှိပ်ပြီး Registry ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Run box ကို registry ကနေ disable ပြုလုပ်တဲ့ အဆင့်ပြီးသွားပြီ ဖြစ်ပါတယ်။

Group Policy ကနေ Run box ကို disable ပြုလုပ်မယ်ဆိုရင် Run box ကနေ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Group Policy Editor box ကျလာရင် User Configuration -> Start Menu and Taskbar ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Remove Run menu from Start Menu ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် double-click နှိပ်လိုက်ပါ။ အဆိုပါဖိုင်ကို double-click နှိပ်ပြီးရင် Enable ဆိုတာကို ရွေးချယ်ပေးပြီး Group Policy ကနေ ထွက်လိုက်ရင် Run box ကို disable ပြုလုပ်တဲ့ အဆင့် ပြီးဆုံးပြီ ဖြစ်ပါတယ်။



တောင်းဆိုချက်

========

ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။

ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်...

ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်...

ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်...

ကျေးဇူးတင်ပါတယ်...ဗျာ...

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :)

ဆက်လက်ကြိုးစားပါအုံးမည်...။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Ubuntu 16.04 တွင် Gedit ထည့်သွင်းခြင်း - by CHAN LAY (MCMM)

Posted: 15 Jul 2016 01:28 AM PDT


Ubuntu 16.04 LTS မှာ Gedit version 3.10 ကို ထည့်သွင်းလို သူတွေအနေနဲ့ အောက်ဖော်ပြပါအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထပ်မံ ထုတ်ပေးလိုက်တဲ့ Gedit 3.10 ဟာ Ubuntu OS 16.04 မှာ built-in ပါဝင်တဲ့ Gedit ထက် သွင်ပြင်ပိုင်းမှာ ပိုမိုကောင်းမွန်တာကို တွေ့မြင်ရမှာပါ။

Ubuntu OS မှာ Gedit version 3.10  ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေ ကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါ မယ်။

နောက်တစ်ဆင့်ကတော့ Gedit version 3.10 ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

sudo apt-add-repository ppa:mc3man/older

sudo apt update && sudo apt install gedit gedit-plugins gedit-common

ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် ခဏစောင့်ဆိုင်း ပေးရပါမယ်။

Gedit နဲ့ သက်ဆိုင်တဲ့ Package တွေကို download ပြုလုပ်ပြီး Ubuntu OS ထဲကို တစ်ခါတည်း ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် ခေတ္တ စောင့်ဆိုင်းပေးရပါမယ်။ Install ပြုလုပ်တဲ့ အဆင့်တွေပြီး သွားပြီဆိုရင် Gedit ကို အသုံးပြုဖို့အတွက် gedit file name ဆိုတဲ့ command  ကို အသုံးပြုပြီး Gedit ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Ubuntu OS ရဲ့ Terminal ကနေ ရာသီဥတု အခြေအနေတွေကို ဘယ်လိုကြည့်မလဲ?

Posted: 15 Jul 2016 01:25 AM PDT



Ubuntu OS သုံးစွဲသူတွေ အနေနဲ့ Command line ကို အသုံးပြုပြီး Terminal မှာ Weather Focus ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Terminal ကနေ ရာသီဥတု ခန့်မှန်းချက်တွေကို ကြည့်ရှုဖို့အတွက် WTTR.IN ဆိုတဲ့ Tool ကို ထည့်သွင်းအသုံးပြု ရမှာဖြစ်ပါတယ်။

Ubuntu OS မှာ WTTR.IN  ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ  Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ WT-TR.IN ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command က

-sudo apt-get install curl


ဆိုတဲ့ command ဖြစ်ပြီး အ ဆိုပါ Command ကို အသုံးပြုပြီး curl ကို အရင်ဆုံး ထည့်သွင်းပေးရပါမယ်။ အဆိုပါ Curl ကို ထည့်သွင်းပြီးပြီဆိုရင် wttr.in ကို စတင်သုံးစွဲလို့ရပါပြီ။ wttr.in ကို Terminal မှာ သုံးစွဲဖို့အတွက် ပထမဆုံး Terminal ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် curl wttr.in ဆိုတဲ့ command ကို Terminal မှာ ရိုက်ထည့်လိုက်ပါ။ အဆိုပါ command ကို ရိုက်ထည့်ပြီးရင် Terminal မှာ မိုးလေဝသ ခန့်မှန်းချက်တွေကို ဖော်ပြပေးပါလိမ့်မယ်။ ဒီလိုဖော်ပြ ပေးတဲ့အခါမှာလည်း ကိုယ့်ရဲ့ကွန်ပျူတာက အသုံးပြုထားတဲ့ IP ရဲ့  location ကို အခြေခံပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Miracle Box အသုံးပြုနည်း စာအုပ် (For Beginner)

Posted: 15 Jul 2016 01:14 AM PDT

 

မိတ်ဆက်

=========
 ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် တေဇာအောင် (sky mobile) ရဲ့
Miracle Box အသုံးပြုနည်း (For Beginner) ပိုစ့်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လက်ရှိ ဆားဗစ်သမားတွေ အကြိုက်တွေ့နေကြတဲ့ Box တွေထဲမှာတော့
Z3 Box အပါအ၀င် ဒီ Miracle Box လည်းအရမ်းခေတ်စားနေတာပဲဖြစ်ပါတယ်။

Z3 Box က Samsung Device အတွက် အကောင်းဆုံး အလုပ်လုပ်ပေမယ့်
 သိုင်းလောကရဲ့ နေ့စဉ်ဘ၀ထဲမှာတော့ MTK Device တွေချည်းဖြစ်နေတတ်ပါတယ်။

အမှားပေါင်းများစွာနဲ့ တိုက်ပွဲဝင်နေရတဲ့ သိုင်းလောကသားတစ်ယောက်အတွက်
သောင်းခြောက်ထောင်သော Error များကို Fix လုပ်ဖို့ရန်နဲ့ Solution
ကောင်းကောင်းလုပ်ပေးနိုင်ပြီး သိုင်းလောကတွင် ဆရာတစ်ယောက်အဖြစ်
ရပ်တည်ချင်တယ်ဆိုရင်တော့ ဒီ Miracle Box လေးကို အသုံးပြုတတ်နေဖို့က
အဓိကသော့ချက်ဖြစ်လာပါတော့တယ်။

ဒီ  Miracle Box ရဲ့ Features များကို ကောင်းကောင်းအသုံးပြုတတ်ခဲ့ရင်တော့
MTK devices တော်တော်များများ အတွက် အောင်ပွဲခံနိုင်ရန်အသင့်ဖြစ်နေပါလိမ့်မယ်။

ယခုဖေါ်ပြပါ Miracle Box အသုံးပြုနည်း Guide သည် သိပြီးသားဆရာများအတွက်တော့
မဟုတ်ရပါ၊ ဘောက်စ်ကို အသုံးမပြုဖူးသေးတဲ့ သူတွေနဲ့ MTK devices များကို
ပိုင်နိုင်စွာဖြင့် ဆားဗစ် ကောင်းကောင်းလုပ်ချင်တဲ့ သူတွေအတွက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။

နည်းပညာစာအုပ်ကောင်းတွေ များစွာအနက် ဒီစာအုပ်ကိုသာ မဖတ်ဖြစ်သေးရင်တော့
သိုင်းလောကထဲမှာ နုနယ်သေးတဲ့ သိုင်းလောကသားလေးတစ်ယောက်အဖြစ်နဲ့ပဲ
ရှိနေဦးမှာပဲဖြစ်ပါတယ်၊ ဒီစာအုပ်က ပြည့်စုံတယ် မဟုတ်ပေမယ့် မဖြစ်မနေဖတ်ဖြစ်အောင်
ဖတ်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဆိုတာကိုတော့ Message ပေးချင်ပါတယ်။


မူရင်းပိုစ့်ကို ကျနော် PDF Version အဖြစ်ဖန်တီးပေးထားပါတယ်
အလိုရှိတဲ့သူတွေကတော့ အောက်ကလင့်မှာဒေါင်းလော့ရယူဖတ်ရှုနိုင်ပါပြီ။


Miracle Box အသုံးပြုနည်း စာအုပ် (For Beginner)


<<<< DOWNLOAD >>>


Or


<<< DOWNLOAD >>>
 

Credit : တေဇာအောင် (sky mobile)

Thank to ifixmyanmar

ဇူးနစ်(နည်းပညာ)

MTK ဖုန်းတွေအတွက် USB VCOM ဆိုင်ရာပြသနာကို အကောင်းဆုံးဖြေရှင်းနည်း by CHAN LAY (MCMM)

Posted: 15 Jul 2016 01:21 AM PDT




မိတ်ဆက်

======
ကဲဒီတစ်ခါတော့ MTK Devices ဖုန်းအတွက် USB Drivers ဆိုင်ရာနောက်ဆုံးပိုစ့်
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဖုန်းတစ်လုံးကိုစိတ်ကြိုက်ကလစ်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် Firmware ပြန်ရေးသားချင်တာပဲဖြစ်ဖြစ်
သင့်ဖုန်းက MTK အမျိုးအစားဖြစ်နေတယ် ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ရင် ကွန်ပျူတာကို
ဖုန်းကိုမသိဘူး ဘာလုပ်ရမယ်မှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီပိုစ့်ကို လုံးဝကျော်မသွားလိုက်ပါနဲ့
Instruction များကိုအသေအချာဖတ်ပြီး ပြုလုပ်ထားမယ်ဆိုရင်တော့ 100% အာမခံပါတယ်။


MTK ဖုန်းတွေအတွက် USB VCOM ဆိုင်ရာပြသနာကို အကောင်းဆုံးဖြေရှင်းနည်းများကို
ကျနော်အလင့်သင့်သလိုတင်ပေးလာခဲ့တာစုံသလောက်ရှိနေပါပြီ။ ဒီပိုစ့်ရဲ့အောက်မှာပြန်လည်ညွှန်းပေးသွားမှာပါ။

မိမိသည် ကွန်ပျူတာအခြေခံအားနေတယ်ပဲဖြစ်ဖြစ် ကိုယ်ပိုင် Realize ကိုအသုံးပြုခဲ့မယ်ဆိုရင်တော့
ဘယ်အရာမှခက်ခဲမယ်မဟုတ်ပါ၊ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကိုဖြေလိုက်တဲ့အခါ
အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။




ပုံမှာက ဒီ MTK USB Driver သည် Vista, XP, Win 7 များအတွက် 32/4bit များကို
လုံးဝ Support လုပ်ပေးမှာပဲဆိုတာကို သဘောပေါက်ရမှာဖြစ်ပါတယ်။

ယခုကျနော်က Win 7 32 bit ကိုသာအသုံးပြုနေတာဖြစ်တဲ့အတွက် Wind 7 32 bit
USB Driver ကိုပဲ Install ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီတော့ မိမိအသုံးပြုနေတဲ့ကွန်ပျူတာကဘယ်လိုအမျိုးအစားလဲ OS Version ကဘာလဲလို့
အတိအကျလေးသိထားခဲ့ရင်တော့ ဖေါ်ပြပါ USB Driver အတွက် Install ပြုလုပ်နည်းတွေဟာ
အားလုံးဟာ ဒီလိုချည်းပဲဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။

How fix VCOM Drivers on Windows

=========================




ကဲ အပေါ်မှာ ကျနော်ရှင်းပြထားခဲ့သည့်အတိုင်း အဆင်ပြေနေခဲ့ရင်တော့
ပြသနာဖြေရှင်းနည်းကိုစလိုက်ကြရအောင်ပါ၊ အခက်ကြီးမဟုတ်ပါ လွယ်ပါတယ်။

ဒီနေရာမှာ ဖေါ်ပြပါ VCOM Drivers ကိုသင့်ကွန်ပျူတာမှာ Install ပြုလုပ်ပြီးသွားတဲ့အခါ
MediaTek's MT65XX devices အားလုံးအတွက် လုံးဝအဆင်ပြေသွားမှာဖြစ်ပါတယ်။

Download the MediaTek VCOM drivers here

Download the MediaTek VCOM drivers here


၁။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ။



၂။ ကွန်ပျူတာကီးဘုတ်မှ Win + R ကိုနှိပ်ပြီး Run Box ခေါ်လိုက်ပါ။

၃။ Run Box ထဲမှာ devmgmt.msc ဆိုပြီးရိုက်ထည့်ပါ၊
 ပြီးရင် Enter ကိုခေါက်လိုက်ပါ။



၎။ သို့-ကွန်ပျူတာကို Right Click တစ်ချက်ထောက်ပြီး
 Manage ဆိုတာကိုနှိပ်ပြီးဝင်သွားလိုက်ပါ။



၅။ Device Manager ကိုတစ်ချက်နှိပ်ပါ။



၆။ Action>>>Add legacy hardware ကိုနှိပ်ပါ။



၇။ အောက်ပါပုံအတိုင်းဆိုရင်တော့ Next ဆိုတာကိုနှိပ်ပါ။



၈။ install the hardware that i manually select from a list (advanced)
စာတန်းပါတဲ့အနီရောင်ဝိုင်းပြထားတဲ့နေရာကိုအမှန်ခြစ်ပေးပါ။
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။




 

၉။  Next ကိုပဲနှိပ်သွားလိုက်ပါ။





၁၀။ Have Disk ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။



၁၁။ Browse ဆိုတာကိုထပ်နှိပ်ပါ။



၁၂။  Driver Folder ထဲမှ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
usb2ser_Win7 ဆိုတာကို Select ပေးပြီး Open ကိုနှိပ်ပါ။



၁၃။ အောက်ကပုံအတိုင်း OK ကိုပဲနှိပ်ပါ။



၁၄။ အောက်ပါပုံအတိုင်း "MediaTek Preloader USB VCOM Port"
ဆိုတာကိုရွေးပြီး Next ဆိုတာကိုနှိပ်လိုက်ပါ။



၁၅။ Next ကိုသာနှိပ်ပါ။



၁၆။ Installation Process ကိုစတင်နေပါလိမ့်မယ်။



၁၇။ အားလုံးပြီးသွားတဲ့အခါ Finish ကိုနှိပ်ပေးလိုက်ပါ။



သင့်ဖုန်းကိုဘယ်အချိန်မဆို ချိတ်ဆက်နိုင်ပါပြီ VCOM ဆိုင်ရာပြသနာ
ကင်းပြီး ကွန်ပျူတာဖုန်းကိုမသိဘူးဆိုတဲ့စိတ်ရဲ့အမောအဆင်ပြေပါပြီ။

How to install ADB & USB Drivers on windows?


Special Credit ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Huawei G8 B321 ဖုန်းကို Android 6.0 OTA Stock Rom တင်နည်း - by CHAN LAY (MCMM)

Posted: 15 Jul 2016 12:26 AM PDT




မိတ်ဆက်

=======
 Huawei G8 B321 ဖုန်းကိုင်ဆောင်ထားကြတဲ့ ဘော်ဒါတွေအတွက်
အသစ်တက်လာတဲ့ Android 6.0 OTA Stock Rom တင်နည်းကို တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Android 6.0 OTA ဗားရှင်းက 12.July.2016 ရက်နေ့မှာ
တက်လာတာပဲဖြစ်ပါတယ်၊ Build-No  B321 ဖြစ်ပြီး Region ကတော့
Middle Eas ဖြစ်ပြီး ဖိုင် Size 1.56 GB ရှိတာမို့ လိုင်းကောင်းတုန်းရယူပါ။

 မှတ်ချက်

=====
#ဖေါ်ပြပါ နည်းလမ်းသည် Huawei G8 B321 ဖုန်းအတွက် သီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#မိမိဖုန်းသည် stock firmware နဲ့ stock recovery ဖြစ်နေရပါမည်။

#Firmware ရေးသွားရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


  Firmware Details

============

    Android Version:- Marshmallow v6.0
    UI Version :- Emotion UI 4.0
    Firmware Versions :- B321
    Huawei G8 :- RIO-L01
    Release Date :- 12.July.2016
    Firmware :- RIO-L01C185B321
    Region :- Middle East
    Size :- 1.56 GB

Download B321 Rom For Huawei G8


    နည်းလမ်း (၁)

==========
၁။ ဒေါင်းလော့ရလာတဲ့ Firmware zip ဖိုင်ကိုဖြေလိုက်ပါ။

၂။ 'dlod' ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ။
SD ကဒ်သည် 4.GB ဖြစ်နေရပါမယ် ကဒ်အဟောင်းဆိုရင်တော့
Format ချပြီးမှအသုံးပြုပါ။ SD Card ကိုဖုန်းမှာထည့်လိုက်ပါ။

၃။ ဖုန်းကိုပါဝါပိတ် Battery ကိုဖြုတ်လိုက်ပါ၊

၎။ Firmware တင်ရန်အတွက် Vol up + Vol down + Power
 ကီးများကို တစ်ခါတည်းတွဲနှိပ်ပေးလိုက်ပါ။

၅။ Flash process ပြီးဆုံးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ Firmware အောင်မြင်စွာဖြင့် ရေးပြီးပါပြီ။


 နည်းလမ်း (၂)

========
၁။ အပေါ်မှာ ပေးထားသော Firmware zip Packge ကိုဒေါင်းလော့ရယူပါ

၂။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်လိုက်ပြီး 'dload' ဆိုပြီး Folder အသစ်တည်ဆောက်လိုက်ပါ

၃။ ဒေါင်းလော့ရယူလာတဲ့ Firmware 'update.zip' package ဖိုင်ကို 'dload' directory မှာထည့်ပါ

၎။ Firmware ကို Flash မပြုလုပ်မှီ ROM ကို Full Backup ပြုလုပ်ထားလိုက်ပါ

၅။ ဖုန်းမှ Settings > Updates > Menu > Local update မှားတစ်ချက်ချင်းစီနှိပ်သွားလိုက်ပြီး
 'dload'  Folder ထဲမှ Update.zip package ဖိုင်ကို Flash ပေးလိုက်ပါ။



Special Credit ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

0 comments:

Post a Comment