မောင်ပေါက် ( Maung Pauk ) |
- Online Shop ရဲ့ စိတ်ဝင်စားစရာ အရောင်းသွက်ပစ္စည်းများ
- ဂျပန်နိုင်ငံအတွက် Windows 10 ဖုန်းတစ်မျိုးကို Lenovo နှင့် SoftBank မိတ်ဆက်
- အောက်စဖို့ဒ်တက္ကသိုလ်၏ ပညာရေးဟောပြောပွဲ ကျင်းပမည်
- gpsONE အကြာင်းတစ်စေ့တစ်စောင်း
- ကွန်ပျူတာ 7, 8, 8.1, 10 များမှာ Myanmar Font & Keyboard အမှန်ပုံသေထည့်နည်း 100% Working
- Window တင်ပြီးတိုင်း မရှိမဖြစ်လိုအပ်မယ့် မြန်မာဖောင့်များ... by CHAN LAY (MCMM)
- CD & DVD မဖတ်တာတွေကို... အကောင်းဆုံး... ပြင်ကြည့်ရအောင်
- Linux အတွက် ထိပ်တန်း Screen Recorder ၅ ခု
| Online Shop ရဲ့ စိတ်ဝင်စားစရာ အရောင်းသွက်ပစ္စည်းများ Posted: 16 Jul 2016 06:49 PM PDT ဒီတစ်ပတ် Online Shop ရဲ့ စိတ်ဝင်စားစရာ အရောင်းသွက်ပစ္စည်းများကို ဖေါ်ပြပေးလိုက်ပါတယ်... ကုန်ပစ္စည်းနဲ့ပတ်သက်သမျတော့ ရောင်းချသူနဲ့သာ သက်ဆိုင်ပါတယ်.. *** ဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ရစေမယ့် Gluta Extra White ![]() ကောင်းခြင်း ငါးဖြာထဲမှာ အသားအရေ၏ကောင်းခြင်းဆိုတာ ပါပါတယ်.. ခရမ်းလွန်ရောင်ခြည် မြင့်မားတဲ့ ဒီလို နိုင်ငံမျိုးမှာနေထိုင်တဲ့ ပျိုမေများအတွက် အသားအရေ ဖြူစင်ဝင်းပဖို့ဆိုတာ အချို့သူတွေအတွက်သာ ဖြစ်ပါလိမ့်မယ်.. တစ်နေကုန် ခရမ်းလွန်ရောင်ခြည် ညွှန်ကိန်းအမြင့်တွေအောက်မှာ သွားလာလှုပ်ရှားနေရသူတွေအတွက် ဖြူစင်ဝင်းပ စိုရွှမ်းတဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့ Gluta Extra White က အကူအညီပေးပါလိမ့်မယ်.. တချို့က ဖြူ ပြီးဖြစ်လို့ မလိုပါဘူးပြောမယ် ဒါပေမယ့် သင့်အသားရေဟာ အဟာရအပြည့်အဝရရှိမယ်လို့ ဘယ်လိုသိမလဲ ၊ သင်စားသုံးလိုက်တဲ့အရာတွေက သင့်အသားရေကို အကျိုးရမယ်ဆိုတာ သုံးဖူးသူတိုင်း လက်တွေ့ခံစားနေရပါပြီ.. GMP လက်မှတ်ရရှိထားတာကြောင့် စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်... Gluta Extra White က ခင်းက သင့်အသားရေလိုအပ်မှုအတွက် အကောင်းဆုံးနဲ့ အလိုအပ်ဆုံး ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်.. လွယ်လွယ်လေးပါ Gluta Extra White ၂ လုံး ဗိုက်ထဲအစာမရှိချိန် သောက်ပေးရုံပါ။ Gluta Extra White သောက်ပြီး ဘာတွေရရှိမလဲ❔❔ ✔ အသားရေ ဖြူ စင်ကြည်လင်ပြီး ပန်းရောင်သန်းသောအသားရေ ✔ အဆီပြန်မှုလျော့ချပေးပါတယ် ✔ ချွေးပေါက်များကျဉ်းစေပါတယ် ✔ဝက်ခြံဖြစ်ပေါ်မူလျော့နည်းသက်သာစေပါတယ် ✔ အမည်းစက် နေလောင်ကွက်များကို သက်သာစေပါတယ် ✔ မိတ်ကပ်ကြာရှည်ခံစေပါတယ်အကျိုးရလဒ်အပြည့်အဝရရှိဖို့ အဆက်မပြတ် သောက်ပေးသင့်ပါတယ်.. ![]() ![]() ![]() 30 capsules ပါတဲ့ တစ်ဗူးကို 32000 ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်.. **** Car massage cushion (ကားသုံး ကြောမှီ ခါးနှိပ်စက်) ![]() တနေကုန် ကားမောင်းနေရသူများနှင့် အချိန်ကြာမြင့်စွာ ကားစီးရင် ခါးနာတတ်တဲ့ သူတွေအတွက် ခါးနာသက်သာအောင် ထိုင်လို့ရမယ့် ခါးနှိပ်စက်လေးပါ။ ခါးခုအနေနဲ့လည်း ဒီအတိုင်းသုံးလို့ရပါတယ်။ ကားဆေးလိပ်မီးညှိပေါက်နှင့် အသုံးပြုရတာဖြစ်ပြီး ကားမောင်းရင်း ညောင်းညာမှုတွေကို ပြေပြောက်စေမယ့် ကားသုံး ကြောမှီ ခါးနှိပ်စက်လေးပါ! ➡️ ဈေးနှုန်း သင့်လျော် အသုံးဝင်တဲ့ ပစ္စည်းလေးပါ ➡️ ကား အမောင်း ကြာတတ်တဲ့ မိတ်ဆွေတွေ၊ Hi-way Bus မောင်းတဲ့ ကားဆရာတွေ၊ မြို့တွင်း Bus ကားဆရာတွေ၊ တက္ကစီ သမားတွေ ဆောင်ထားသင့်ပါတယ်.. ![]() ![]() ![]() ဈေးနှုန်းက 19000 ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး မှာယူလိုပါက Online Shop 09451689031, 09787179972 ကို ဆက်သွယ်မှာယူနိုင်ပါတယ်.. ရန်ကုန်မြို့တွင်းသို့ သက်သာသော ဝန်ဆောင်ခဖြင့် အိမ်အရောက်ပို့ပေး၍ ရောက်မှ ငွေချေရပါမည် နယ်မြို့များသို့ ကားဂိတ်အရောက်ပို့ပေး၍ ဘဏ်မှ ငွေတစ်ရက်ကြို လွှဲရပါမယ်.. **** Andrea Hair growth essence (အစွမ်းထက် ဆံပင်ပေါက်ဆေး) သဘာဝ သစ်ဥသစ်ဖုများက ထုတ်ထားတဲ့ andrea ဆံပင် ပေါက်ဆေးအဆီဟာ ဦးရေထဲကို စိမ့်ဝင်မှုမြန်ပြီး ဦးရေပြားရဲ့ ဆံပင်ထွက်နှုန်းကို လျင်မြန်စေပါတယ် ။ ထွက်ပြီးသား ဆံသားကို ကျန်းမာလှပ စေပါတယ်.. ဆံပင်သန်စေပါတယ် #အသုံးပြု နည်း Andrea ဆံပင်ပေါက်ဆေးအဆီ 3 mlခန့် ကို ယူပြီး ခေါင်းလျှော်ရည်သင့်တင့်တဲ့ ပမာဏ နဲ့ ။သမအောင်မွှေပြီးရောလျှော်ပေးပါ။ ယောကျာ်း မိန်းမ မရွေး အသုံးပြုနိုင်ပါတယ် ။ တစ်ပတ် နှစ်ကြိမ် အသုံးပြု ပေးရပါမယ်။ Grading 5* ရထားတဲ့ အရည်းအသွေးကောင်းမွန်တဲ့ ပစ္စည်းပါ။) ![]() ![]() Price - 11000 ks ဖြစ်ပြီး Ph - 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်.. ***(ပစ္စည်း စစ်မှန် မှုကို လုံးဝ လုံးဝ အာမခံ ပါ တယ် ) ရန်ကုန်တွင်း အိမ်အရောက်လာပို့ ပေးတဲ့ Home Delivery service လေးလဲ ရှိပါတယ်။ ပို့ ဆောင်ခယူပြီး အိမ်တိုင်ရာရောက်လိုက်ပို့ပေးတာပါ၊၊ အိမ်ရောက်မှ ငွေချေစနစ်ပါ။ နယ်က ဝယ်ယူချင်တဲ့ customers လေးတွေအတွက် ဘဏ်ကို ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်အထိ ဝန်ဆောင်မှုပေးပါတယ်.. **** GARCINIA CAMBOGIA ( ပိန်ဆေး ) ![]() U.S.A နိုင်ငံမှ ထုတ်လုပ်ပြီး FDA အသိအမှတ်ပြု ရရှိထားတဲ့ ပိန်ဆေးလေးပါ.. U.S.A နိုင်ငံမှာ ရောင်းအားအကောင်းဆုံး GARCINIA CAMBOGIA အသီးမှ ထုတ်ယူထားတဲ့ ဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုး အန္တရာယ် မရှိပဲ စိတ်ချစွာ သောက်သုံးနိုင်ပါတယ်.. GARCINIA CAMBOGIA ရဲ့ အစွမ်းသတ္တိကြောင့် သွေးချို ၊ဆီးချို ဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း၊ ခန္တာကိုယ် အတွင်းရှိ မကောင်းတဲ့ အဆီများကိုသာလျော့ကျစေပြီး ရုတ်တရက် လေဖြတ်ခြင်းများကိုလည်း ကာကွယ်စေပြီး အဆီကိုလျော့ချပေးခြင်းမျိုး ဖြစ်ပါတယ် အခြား ပိန်ဆေးများလို ရင်တုန်ခြင်း အစာစားချင်စိတ်မရှိခြင်း မောပန်းလွယ်ခြင်း အသားအရည်ခြောက်သွေ့ခြင်း ရေဓာတ်ခမ်းခြောက်ခြင်း စတာမျိုးတွေ မခံစားရဘဲ ပုံမှန်စားသောက်နေထိုင်ပြီး ကိုယ်အလေးချိန်လျော့ကျစေသော ဆေးမျိုးဖြစ်ပါတယ်.. ဆေးသောက်ပြီး မိမိရရှိလိုသော ကိုယ်အလေးချိန် ရရှိချိန်၌ ဆေးရပ်လိုက်လျင်လည်း ထပ်မံ၍ ကိုယ်အလေးချိန်ကို မတတ်စေပဲ ခန္တာကိုယ်အတွင်း အကျိုးရှိစေမည့် အဆီများကို ထိန်းသိမ်းထားပေးနိုင်စွမ်းရှိမည့် ဆေးဖြစ်ပါတယ်.. အလေးချိန်ကျဖို့ဆေးလည်းသောက်ရင်း မိမိကျန်းမာရေးကိုလည်း ထိန်းသိမ်းပြီးသားဖြစ်စေမှာပါ.. တစ်လကို အနည်းဆုံး ပေါင် ၁၅ပေါင်မှ မိမိနေထိုင် စားသောက်ပုံ.လေ့ကျင့်ခန်း လုပ်မှုနှင့်သက်ဆိုင်ပြီး ပေါင် ၂၀ ကျော်ထိ လက်တွေ့ကျတဲ့ FDA ရပြီးသား USA ဆေးပါ.. အသက် ၁၆နှစ် နှင့် အထက် သောက်သုံးနိုင်ပြီး တစ်နေ့ ၂လုံးသောက်သုံးရမည်ဖြစ်ပါတယ်.. ၁ဘူးမှာ ဆေးလုံး ၆၀ ပါရှိပါတယ် တစ်လပေါင် ၂၀ ကနေ ၃၀ ကျဖို့ဆိုတာ အိမ်မက်မဟုတ်တော့ပါဘူး.. တနေ့ကို ၁ပေါင်နီးပါကျတဲ့ ဆေးလေးပါ.. ![]() ![]() ဈေးနှုန်းက 30000 ကျပ်ဖြစ်ပြီး မှာယူချင်တယ်ဆိုရင်တော့ 09 451689031 or 09 787179972 သို့ ဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်.. **** ချစ်စရာလည်းကောင်း..အသုံးလဲဝင်တဲ့ မှိုပုံခြင်ဖမ်းစက် ... ![]() ![]() *** အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| ဂျပန်နိုင်ငံအတွက် Windows 10 ဖုန်းတစ်မျိုးကို Lenovo နှင့် SoftBank မိတ်ဆက် Posted: 16 Jul 2016 02:56 AM PDT Lenovo သည် ဂျပန်နည်းပညာစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်သော SoftBank နှင့်ပူးပေါင်းကာ Windows 10 ဖုန်းတစ်မျိုးကို ဖြန့်ချိခဲ့သည်။ SoftBank 503LV ဟုခေါ်သည့် အဆိုပါ စမတ်ဖုန်းကို ၅ လက်မ 720p display, 1.5GHz octa-core Qualcomm Snapdragon 617 processor, 32GB storage, 3GB RAM တို့ဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး selfie ကင်မရာက 5MP ဖြစ်သည်။ MicroSD card မှတစ်ဆင့် သိုလှောင်မှုပမာဏ 128GB အထိ တိုးမြှင့်နိုင်သည်။ ဘက်ထရီက 2,250mAh ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ဖန်တီးထားသည့် 503LV စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင် အောက်တိုဘာလကုန်ပိုင်း၌ ရောင်းချမည်ဖြစ်သည်။ သို့သော်လည်း စမတ်ဖုန်း၏တန်ဖိုးကို ကုမ္ပဏီမှ ကြေညာထားခြင်း မရှိသေးပေ။ Ref <=== ( ::: TheVerge ::: ) ===> ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| အောက်စဖို့ဒ်တက္ကသိုလ်၏ ပညာရေးဟောပြောပွဲ ကျင်းပမည် Posted: 16 Jul 2016 02:52 AM PDT ဗြိတိသျှကောင်စီမြန်မာ၏ ပံ့ပိုးကူညီမှူဖြင့် ယူကေရှိ အောက်စဖို့ဒ်တက္ကသိုလ် (University of Oxford) မှ မြန်မာကျောင်းသားများအတွက် ဘွဲ့ကြို၊ မဟာတန်းတက်ရောက်ရန်လမ်းကြောင်း၊ လေ့လာမှုရွေးချယ်စရာများနှင့် ပညာသင်ဆု အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို ၂၀၁၆ ဇူလိုင်လ ၁၈ ရက်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ British Club အမှတ် ၄၆၊ ဂျိုးဖြူလမ်းသွယ်၊ ဗြိတိသျှသံအမတ်အိမ်ဝင်း၊ ယုဇနဂါးဒင်းဟိုတယ်ဘေးလမ်းကြား၊ အလံပြဘုရားလမ်း၊ ရန်ကုန်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဟောပြောပွဲတွင် အောက်စဖို့ဒ်တက္ကသိုလ်၌ မြန်မာကျောင်းသားများ တက်ရောက်ခွင့်ရနိုင်စေရန် လိုအပ်သည့် ပြင်ဆင်မှုများကို အောက်စဖို့ဒ်တက္ကသိုလ်မှ ကိုယ်စားလှယ် Mr. Loren Griffith (Director of International Strategy Office) မှ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ နှီးနှောဖလှယ်ပွဲသည် IGCSE တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ထားသော A level တက်ရောက်ရန်နှင့် IB (International Baccalaureate (IB) Diploma Program in US&UK) (သို့) AP (Advanced Placement courses for International Baccalaureate) စာမေးပွဲများ ဖြေဆိုရန် ပြင်ဆင်နေသော မြန်မာကျောင်းသားများနှင့် အစိုးရတက္ကသိုလ်များရှိ ထူးချွန်သော ဘွဲ့ကြိုကျောင်းသားများနှင့် မဟာတန်းကျောင်းသားများအတွက် ရည်ရွယ်ကြောင်း သိရသည်။ ထိုင်ခုံနေရာ ကန့်သတ်ထားပြီး ဟောပြောပွဲတွင် ထူးချွန်သော ကျောင်းသားများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်သောကြောင့် ကိုယ်စားလှယ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ၍ စိတ်ကြိုက်အကြံဥာဏ်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသော ကျောင်းသားများမှ မိမိတို့၏ ပညာရေး အရည်အချင်း မှတ်တမ်းများကို imperialmerit@gmail.com သို့ အီးမေးလ်ဖြင့် ကြိုတင်ပေးပို့ကာ အမည်စာရင်းပေး မှတ်ပုံတင်ရန် လိုအပ်မည် ဖြစ် သည်။ ဟောပြောပွဲနေ့တွင်လည်း ကျောင်းသားများ၏ ထူးချွန်သော ပညာရေးအရည်အချင်း မှတ်တမ်းများကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။ ကျောင်းသားများထံသို့ အီးမေးလ်ဖြင့် ဆွေးနွေးပွဲ တက်ရောက်ခွင့် ရှိ၊ မရှိကို အကြောင်းကြားပေးမည် ဖြစ်ကြောင်းသိရသည်။ www.imperialmerit.com/events/studyingatoxford တွင် အမည်စာရင်းပေး မှတ်ပုံတင်နိုင်သလို ဟောပြောပွဲအစီအစဉ် အသေးစိတ်ကို သိရှိလိုပါက Imperial Merit Educational Advisory ဖုန်း ၀၁ ၃၉၅၈၁၇၊ ၃၉၅၈၁၆ သို့ခ်ါဆို၍လည်းကောင်း၊ Facebook https://www.facebook.com/imperialmerit သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းစာရင်းပေးသွင်းနိုင်သည်။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Posted: 16 Jul 2016 02:48 AM PDT gpsONE ဆိုတာကတော့ Qualcomm ကနေ ဖန်တီးထုတ်လုပ်တဲ့ မိုဘိုင်း GPS chipset ရဲ့ Brand နာမည်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် သုံးစွဲသူရဲ့တည်နေရာကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန်သိရှိနိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။ A-GPS (Assisted-GPS) နည်းပညာကို အသုံးပြုပြီး အသုံးပြုသူရဲ့ တည်နေရာကို ပိုမိုတိကျစွာ ဖော်ပြပေးတာလည်းဖြစ်ပါ တယ်။ ဒီနည်းပညာကို အခုအခါမှာတော့ E911 (Enhanced-911) ဆား ဗစ်လို့ခေါ်တဲ့ အရေးပေါ်အခြေအနေတွေမှာ ဖုန်းရဲ့တည်နေရာကို ထောက်လှမ်းသိရှိနိုင်ဖို့အတွက် အဓိကအသုံးပြုတာဖြစ်ပါတယ်။ ယခင်က ဆယ်လူလာဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ တည်နေရာထောက် လှမ်းမှုစနစ်တွေထက် ပိုမိုအသုံးပြုလာတဲ့ နည်းပညာလို့လည်း ဆိုပါတယ်။ GPS ဂြိုဟ်တုကနေ ဖမ်းယူရရှိတဲ့ Signal နဲ့ ဆဲလ်ဖုန်းတွေမှာ ပါဝင်တဲ့ Signal နှစ်မျိုးရဲ့ ရလဒ်ပေါ် မူတည်ပြီး သုံးစွဲသူတည်နေရာကို ဒီနည်းပညာက အတိအကျ ညွှန်းပြပေးတာလည်းဖြစ်ပါတယ်။ gpsONE နည်းပညာက အစဉ်အဆက်အသုံးပြုခဲ့တဲ့ GPS နည်းပညာထက် ပိုမိုအားသာတဲ့အချက်က Satellite Signals အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အဆောက်အဦနှင့် လိုဏ်ခေါင်းလို အတားအဆီးဖြစ်စေတဲ့ တည်နေရာမျိုးမှာတောင် ဖုန်းရဲ့တည်နေရာကို တိတိကျကျ ညွှန်းပြပေးနိုင် တာဖြစ်ပါတယ်။ gpsONE မှာ Standalone, MS Based, MS Assisted, MS Assisted/Hybrid ဆိုပြီး ပုံစံလေးမျိုး ရှိတယ်လို့သိရပါတယ်။ Standalone က ဖုန်းမှာ မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု လုံးဝမရှိတော့တဲ့ အခါမျိုးမှာ GPS Satellite Signal ကို အသုံးပြုပြီး ဖုန်းတည်နေရာကို ထောက်လှမ်းပေးတာ ဖြစ်ကာ MS Based ဖုန်းမှာ မိုဘိုင်းကွန်ရက်ရှိ အဆက်အသွယ်ရှိနေတဲ့အချိန်မှာ GPS စနစ်နဲ့တွဲဖက်ပြီး တည်နေရာကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ MS Assisted က ဖုန်းမှာ မိုဘိုင်းကွန်ရက်ချိတ်ဆက်ထားပြီး သုံးစွဲသူအနေနဲ့ GPS signals နဲ့ Location Signals တွေ တစ်ပြိုင်နက်အသုံးပြုဖို့အတွက် ဆာဗာကနေ ပုံသေ Fix အနေနဲ့ သတ်မှတ်လုပ်ဆောင်တာဖြစ်ပါ တယ်။ MS Assisted/Hybrid ကတော့ အပေါ်ကဖော်ပြခဲ့တဲ့ MS Assisted နဲ့ လုပ်ဆောင်ချက် တူညီပြီး ကွန်ရက်စနစ်ကတော့ သတ်မှတ်ချက်တစ်ခုအပေါ်မှာသာ အသုံးပြုနိုင်တာမျိုးဖြစ်ပါတယ်။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ကွန်ပျူတာ 7, 8, 8.1, 10 များမှာ Myanmar Font & Keyboard အမှန်ပုံသေထည့်နည်း 100% Working Posted: 16 Jul 2016 02:42 AM PDT မိတ်ဆက်=======Windows & Myanmar Font & Keyboard ကိစ္စအတွက် ကွန်ပျူတာလေ့လာခါစ ညီအကိုတွေအတွက် မရှင်းရှင်းဖြစ်နေလို့ ဒီနေ့တော့ ရေးတင်လိုက်ပါပြီ။ အားလုံးလည်း အဆင်ပြေကြလိမ့်မယ်ထင်လို့ ဒီပိုစ့်ကို တစ်ခမ်းတနားမရေးခဲ့တာပါ၊ ဒီနေ့တော့ အားလုံးစိတ်ထဲေ၀၀ါးနေတာလေးကို လက်ဆောင်ပေးချင်တာနဲ့ Windows မှာ Myanmar Font & Keyboard အတွက် လှည့်ကြည့်စရာမလိုလောက်အောင် Windows များနဲ့ မြန်မာစာအမှန်ထည့်သွင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါပြီ။ ယခုကျနော်မျှဝေပေးလိုက်တဲ့နည်းကို အသေချာဖတ်ကြည့်လိုက်ပါ Windows မှာ Myanmar Font & Keyboard အတွက် မြန်မာစာကို တစ်ခါတည်းနည်းလည်ပြီး နောက်ဘယ်ကွန်ပျူတာမဆို လိုအပ်လာရင် ဒီနည်းအတိုင်းပဲဆိုတာကို သဘောပေါက်သွားမှာပါ။ ဒီနည်းလမ်းသည် ကျနော်အတွေ့အကြုံထဲမှရလာတဲ့ အတွေ့အကြုံဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ကျနော်အသုံးပြုဖူးခဲ့ပြီး အသုံးပြုနေဆဲဖြစ်လို့ 100% လုံးဝအဆင်ပြေပါတယ်၊ Error ကင်းပြီး ပုံသေနည်းဖြစ်ပါတယ် Windows 7, 8, 8.1, 10 အာလုံးကို Support လုပ်ပါတယ်။ Download Zawgyi-Myanmar Font 32/64bit==========================ကွန်ပျူတာအတွက်လိုအပ်မယ့် Zawgyi-ကီးဘုတ်နဲ့ဖောင့်များကို အဆင်ပြေတဲ့လင့်များမှဒေါင်းလော့ရယူလိုက်ပါ။ ကွန်ပျူတာ 32Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit ကိုသာ ဒေါင်းလော့ရယူပါနိုင်ပါတယ်။ ကွန်ပျူတာက 64Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit နဲ့ Zawgyi-Myanmar Font 64Bit ကိုဒေါင်းလော့ရယူပါ။ Download Here Zawgyi-Myanmar Font 32Bit for windows Download Here Zawgyi-Myanmar Font 64Bit for windows OR Download Here Zawgyi-Myanmar Font 32Bit for windows Download Here Zawgyi-Myanmar Font 64Bit for windows OR Download Here Zawgyi-Myanmar Font 32Bit for windows Download Here Zawgyi-Myanmar Font 64Bit for windows OR Download Here Zawgyi-Myanmar Font 32Bit for windows Download Here Zawgyi-Myanmar Font 64Bit for windows OR Download Here Zawgyi-Myanmar Font 32Bit for windows Download Here Zawgyi-Myanmar Font 64Bit for windows Windows 32bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်နည်း============================လက်ရှိကျနော်သုံးနေတာ Windows 7 32bit ပါ ဖုန်းတွေကလစ်ချင်တာနဲ့ အသုံးပြုနေတာဖြစ်ပါတယ် ကျနော်အကြိုက်ဆုံး Windows ကတော့ Windows 8.1 ပါ ဒီ Windows 32bit ကွန်ပျူတာ 7, 8, 8.1, 10 အားလုံးအတွက် မြန်မာစာပုံသေထည့်သွင်းနည်း ရှိပါတယ်၊ တစ်ခါတည်းမှတ်ထားစေချင်ပါတယ် မိမိကျတော့အဆင်ပြေတယ် တစ်ခြားကွန်ပျူတာ ကျတော့အဆင်မပြေဘူး ဆိုတာမျိုးမဖြစ်ရလေအောင် Windows 32bit မှန်ရင် ကွန်ပျူတာအားလုံးကို ဒီနည်းအတိုင်းပဲ ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပေးထားတဲ့ IEZawGyiGtalkfont ဆိုတာကိုဒေါင်းလော့ပါ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ IEZawGyiGtalkfont.exe ဖိုင်ကို Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့်စတင် install ပြုလုပ်ပါ။ အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင် Next ကိုနှိပ်ပါ Next ကိုဆက်နှိပ်ပေးလိုက်ပါ Start installation ဆိုပြီးပြနေပါလိမ့်မယ် Next ကိုနှိပ်ပေးပြီး install ပြုလုပ်ခြင်းကို စတင်လိုက်ပါ အောက်ပါပုံအတိုင်း installing ပြုလုပ်နေတုန်းခနစောင့်ပါ Alpha Zawgyi Cnicode System has been successfully installed ဆိုပြီးပြနေပါလိမ်မယ့် ထည့်သွင်းခြင်းကိစ္စအောင်မြင်ပြီးစီးကြောင်းပြနေတာပါ Finish ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့ Close ကိုနှိပ်ပေးလိုက်ပါ အောက်ပါပုံအတိုင်း မြင်နေရပါလိမ်မယ် ကွန်ပျူတာကို Restart ချပေးခိုင်းနေတာပါ Ok ကိုနှိပ်ပေးလိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ၊ Manul အနေဖြင့် Restart ချပေးချင်တယ်ဆိုရင်တော့ Cancel ကိုနှိပ်ပေးနိုင်ပါတယ်၊ ဒီနေရာမှာ System ပိုင်းကို ပြုလုပ်ချင်တာမို့ OK ကိုနှိပ်ပေးပြီး Restart သာချပေးလိုက်ပါ။ Restart ကျပြီးလို့ပြန်တက်လာတဲ့အခါ Control Panel>>Internet Option> Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။ Windows 64bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်သွင်းနည်း==================================ဒီတစ်ခါ ကွန်ပျူတာ Windows 64bit မှာမြန်မာစာထည့်သွင်းနည်းကို ရှင်းပြသွားပါမယ် ဒီ Windows 64bit မှာတော့ ကီးဘုတ်ကော ဖောင့်ပါ နှစ်ခုလုံးကို ထည့်သွင်းပေးရမှာဖြစ်ပါတယ် သင်္ကေတသဘောတရားအနေဖြင့် ကျနော်တို့ Windows 32bit မှာ မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်အတွက် IEZawGyiGtalkfont ဖိုင် တစ်ခုတည်းကိုသာ Install ပြုလုပ်လိုက်ရုံဖြင့် အဆင်မပြေပါ။ ဒီတော့ Windows 64bit အတွက် ကီးဘုတ်အတွက်ရော့ ဖောင့်အတွက်ပါ လိုအပ်ပါပြီ၊ ဒါကြောင့် IEZawGyiGtalkfont ကဖောင့်အဖြစ် Install ပြုလုပ်ပြီး zawgyi-keyboard-layout(64) ကိုတော့ ကီးဘုတ်အဖြစ် install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Windows 32 bit ကွန်ပျူတာမှာဆိုရင် Control Panel>>Program and Feature >> Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသာ ရှိနေပါလိမ့်မယ် အောက်ပါပုံကိုကြည့်ပါ။ အထက်ဖေါ်ပြပါ Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသည် 32bit ကွန်ပျူတာအတွက် ကီးဘုတ်နဲ့ဖောင့်အတွက်လုံးဝအဆင်ပြေမယ့် ဒီ 64bit ကွန်ပျူတာ မှာတော့ သူ့ကို ဖောင့်အတွက်သာ အဆင်ပြေပြီး ကီးဘုတ်အတွက် zawgyi-keyboard-layout(64) ကို Install ပြုလုပ်ပေးရမှာပါ။ ဒီတော့ Windows 64bit ကွန်ပျူတာအတွက် ဖောင့်ကိုအရင် Install ပြုလုပ်ပေးရပါမယ် ဖောင့်ကို install ပြုလုပ်နည်းကတော့ Windows 32bit မှာ ဖောင့်နဲ့ကီးဘုတ်အတွက် IEZawGyiGtalkfont ဖိုင် Install ပြုလုပ်နည်းနဲ့အတူတူပါ အပေါ်မှာပြန်လေ့လာကြည့်လိုက်ပါ။ zawgyi-keyboard-layout(64) ကိုဒေါင်းလော့ရယူပါ ပြီးရင် ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ zip ဖြေထားတဲ့ Folder ထဲကိုဝင်ကြည့်လိုက်ပါ အောက်ပါပုံအတိုင်း သက်ဆိုင်ရာ Setup ဖိုင်နဲ့ Sub Folder & File များ ရှိနေပါလိမ့်မယ် အဆိုပါ ဖိုင်များပြည့်စုံနေမှာ install ပြုလုပ်ရတာအဆင်ပြေပါတယ်။ ကီးဘုတ်ကိုထည့်သွင်းရန်အတွက် zawgyi-keyboard-layout(64) Folder ထဲမှ Setup ဖိုင်ကို Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့် စတင် Install ပြုလုပ်ပေးလိုက်ပါ။ စတင် Install ပြုလုပ်တာနဲ့ခနစောင့်နေလိုက်ပါ မြန်မာပါတယ် သိပ်မကြာပါ အောက်ပါပုံအတိုင်း Installation Complete ဆိုပြီးပြနေခဲ့ရင်တော့ ကီးဘုတ်ကို ထည့်သွင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ Close ကိုနှိပ်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ အဲဒီထည့်သွင်းလိုက်တဲ့ ကီးဘုတ်ရဲ့သင်္ကေတက ကွန်ပျူတာမှာ Zawgyi Myanmar Unicode L ဆိုပြီးရှိနေပါလိမ့်မယ် ကြည့်ရန်အတွက် Control Panel>>Program and Feature>>Zawgyi Myanmar Unicode L ဆိုပြီး အောက်ပါပုံအတိုင်း မြင်တွေ့နိုင်ပါတယ်၊ ဒါက Windows 64bit ကွန်ပျူတာအတွက် ကီးဘုတ်သင်္ကေတဖြစ်ပါတယ်။ မြန်မာစာအတွက် Control Panel>>Internet Option> Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။ Language System မှာ သူ့ကို install ပြုလုပ်လိုက်ရုံဖြင့် Auto add ပြုလုပ် ပြီးသားဖြစ်နေတာမို့ တကူးတကပြောင်းပေးစရာမလိုတော့ပါ။ Windows 32/64bit များမှာ Zawgyi-မြန်မာစာပြောင်းနည်း=================================ဒါလေးကိုမမဖတ်ခင် လေ့လာသူဟာ အထက်ဖေါ်ပြပါ Windows 32bit ကွန်ပျူတာအတွက် ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi ထည့်သွင်းနည်းနဲ့ Windows 64bit ကွန်ပျူတာမှာ ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi များထည့်သွင်းနည်းများကို လေ့လာပြီးပြီလို့ထင်ပါတယ်။ ကွန်ပျူတာမှာ မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်များအတွက် သက်ဆိုင်ရာ Zawgyi များကို install ပြုလုပ်ပြီးတဲ့အခါ Computer System တစ်ခုလုံးမှာ မြန်မာစာအမှန်မြင်ရန်အတွက် Setting အချို့ကိုပြောင်းလဲပေးရမှာပဲဖြစ်ပါတယ်။ ဒီအတွက်လွယ်ပါတယ် Control Panel >>Internet Options ကိုတစ်ချက်နှိပ်လိုက်ပါ အောက်ပါပုံ Proerties လေးကျလာပါလိမ့်မယ် Zawgyi မြန်မာစာကို ပြောင်းလဲပေးရန်အတွက် Fonts ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။ Font Options လေးကျလာတဲ့အခါ ကျနော်အနီရောင်ဖြင့်ဝိုင်းပြထားတဲ့ Language script: ဆိုတဲ့နေရာမှာ Latin based ဆိုတာကိုထားပါ။ Webpage fonts: ရဲ့အောက်မှာ Zawgyi-One ကိုထားပါ။ Plain text font: ဆိုတဲ့နေရာမှာ Courier New ဆိုတာကို ထားပါ အားလုံးပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။ အထက်ဖေါ်ပြပါ Guide အတိုင်း တိကျခဲ့တယ်ဆိုရင်တော့ သင်ကွန်ပျူတာရဲ့ System တစ်ခုလုံးမှာ မြန်မာစာကိုမြင်နေရပါလိမ့်မယ်။ အဆိုပါ Zawgyi မြန်မာစာပြောင်းနည်းသည် ကွန်ပျူတာ 32/64bit အားမှာ သက်ဆိုင်ရာ Zawgyi ဖောင့်နဲ့ကီးဘုတ်များကို install ပြုလုပ်ပြီးတဲ့အခါ ဒီနည်းလမ်းအတိုင်း ပြောင်းလဲပေးရမှာဖြစ်ပါသည်။ Notification နေရာမှာ Language icon လေးကိုတစ်ချက်ထောက်ပြီးကြည့်လိုက်ပါ အောက်ပါပုံအတိုင်း Eng-US & Eng US-Alpha Zawgyi Nlog Keyboard ဆိုပြီးမြင်နေရပါလိမ့်မယ် ဒါကကျနော် windows မှာ Screenshot ရိုက်ပြထားတာပါ။ တစ်ခြားကွန်ပျူတာတိုင်းမှာလည်း ဒီနည်းအတိုင်းကြည့်ရှုနိုင်ပါတယ်။ Internet Brower များနဲ့မြန်မာစာ Setting ပြောင်းနည်း===============================Internet Brower များနဲ့မြန်မာစာအကြောင်းကိုရှင်းပြပေးသွားပါမယ် အခုလက်ရှိ ကျနော်အသုံးပြုနေတဲ့ Browser များကတော့ Maxthon, Firefox ဖြစ်ပါတယ်။ အဲဒီသုံးခုလုံးမှာ အင်တာနက်ကြည့်တဲ့အခါ မြန်မာစာကိုအမှန်မြင်ရန်အတွက် Setting အချို့ပြောင်းလဲနည်းကို တစ်ခုချင်းစီရှင်းပြပေးလိုက်ပါတယ်။ မှတ်ချက်-ဖေါ်ပြပါနည်းသည် Zawgyi အတွက်သာ ဖြစ်ပါသည် Unicode Options အတွက်မဟုတ်ပါ။ Maxthon Browser နဲ့မြန်မာစာ==================Maxthon Browser ကိုဖွင့်လိုက်ပါ မြှားပြထားတဲ့နေရာနဲ့ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်နှိပ်လိုက်ပါ Setting ဆိုတာကိုဆက်နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း တက်လာရင် Advaced ကိုနှိပ်ပါ Web page font : နေရာတွင် Zawgyi-One ကိုထားပါ Default encoding: နေရာတွင် Unicode (UTF-8) ကိုထားပါ Firefox နဲ့မြန်မာစာ============Firefox Browser ကိုဖွင့်လိုက်ပါ မြန်မာစာပြောင်းရန်အတွက် Menu bar မှ Tools >>Options ကိုတစ်ချက်နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း Options Box တွင် Content ကိုတစ်ချက်နှိပ်ပါ Default font: နေရာတွင် Zawgyi-One ကိုထားပါ။ ဒီတစ်ခါ Advanced ကိုတစ်ချက်နှိပ်ပါ Fonts Options ရဲ့အောက်မှာ Serif: နေရာတွင်-Zawgyi-One ထားပါ Sans-serif: နေရာတွင်-Zawgyi-One ထားပါ Monospace: နေရာတွင်-Zawgyi-One ကိုထားပြီး OK ကိုနှိပ်လိုက်ပါ။ အားလုံးပြီးသွားရင် Firefox မှာ မြန်မာစာအမှန်မြင်နေရပါလိမ့်မယ်။ ကဲဗျာ အခုလောက်ဆိုရင်တော့ ကွန်ပျူတာ 7, 8, 8.1, 10 များမှာ Myanmar Font & Keyboard အမှန်ပုံသေနည်းထည့်နည်း ကွန်ပျူတာ System တစ်ခုလုံးတွင် မြန်မာအမှန်မြင်ရန်အတွက် Setting အနည်းငယ်ပြောင်းလဲနည်းနဲ့ Internet Browsers များနဲ့မြန်မာအတွက် Setting အနည်းငယ် ပြောင်းလဲနည်းများကို လေ့လာသူနားလည်လောက်ပြီလို့ထင်ပါတယ်။ ပြန်လည်ဖေါ်ပြမည်ဆိုပါက Credit ပေးပါရန်... Special Credit ===>ဇူးနစ်(နည်းပညာ) ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Window တင်ပြီးတိုင်း မရှိမဖြစ်လိုအပ်မယ့် မြန်မာဖောင့်များ... by CHAN LAY (MCMM) Posted: 16 Jul 2016 02:40 AM PDT မိတ်ဆက်======နည်းပညာချစ်သော...ပရိတ်သတ်များ မင်္ဂလာပါနော်...။ ကျွန်တော် ချမ်းမြေ့မောင် ယနေ့ ဝေမျှပေးမယ့်အကြောင်းအရာကတော့... ကျွန်ပျူတာကို Window အသစ်တင်ပြီးသည့် အခါတိုင်း Myanmar Font သွင်းဖို့အခက်အခဲရှိတဲ့... အချိန်မျိုးမှာ... ကျွန်တော်ယခုပေးမယ့် Font Collection လေးကို Download ရယူပြီး... အချိန်တိုတိုအတွင်းမှာ လွယ်ကူလျှင်မြန်အောင် Installation progress ကို လုပ်ဆောင်နိုင်မှာပါနော်...။ လိုအပ်သူများရှိသလို မလိုအပ်သူများလည်းရှိကောင်းရှိနိုင်မှာပါ...။ ထို့အတွက်ကြောင့် မည်သူမဆို Download ရယူပြီး သိမ်းဆည်းထားနိုင်ပါတယ်ဗျာ...။ လိုအပ်ချက်များရယူရန်=================ယခု ဆောဖ့်ဝဲလ်းလေးအား အရင်ဆုံး Download ရယူပါ...။ File Size - 15.9 MB ( မများဘူးနော်...) File Type - .rar File format - .ttf Uploaded by - CHAN MYAE MAUNG File Password - www.chanmyaemaung.net (1) <=== :: DOWNLOAD :: ===> (2) <=== :: DOWNLOAD :: ===> Font Installation ပြုလုပ်ရန်နည်းလမ်း=========================၁။ ကျွန်တော် တင်ပေးထားတဲ့ Font File လေးကို Download ရယူပြီးရင် Deskop ပေါ်မှာပဲဖြစ့်ဖြစ် New folder တည်ဆောက်ပေးပြီး Extract လုပ်ပေးလိုက်ပါ...။ ၂။ Extract လုပ်ပြီးသည့်နောက်တွင် Desktop ပေါ်ရှိ အဆိုပါ... Font ဖိုင်တွင်းသို့... ဝင်ရောက်လိုက်ပါ...။ ၃။ Fonts တွေရဲ့နောက်ဆုံးက .PFB * ၊ .RFM * နှင့် .ttf * အစရှိသည့် Fonts အားလုံးကို ( Ctrl+A ) ကို တွဲနှိပ်ပြီး... Select လုပ်ကာ... ( Ctrl+C ) ကို နှိပ်ပြီး Copy လုပ်ထားပေးလိုက်ပါ။ ၄။ ပြီးလျှင် Start Button ခေါ် ( Window Buttom + R ) ကိုတွဲနှိပ်ပြီး... Run box ကျလာလျှင် ထို Box အတွင်းတွင် fonts ဆိုသော စာသားကို အကြီးဖြစ်ဖြစ်၊ အသေးဖြစ်ဖြစ်ရိုက်သွင်းလိုက်ပြီး... Enter ခေါက်ပေးလိုက်ပါ။ ၅။ ထို့နောက် Fonts ဆိုသည့် Pannel ထဲရောက်သွားပြီး... မိမိစက်ထဲမှာ ရှိတဲ့... System Fonts များစွာကို တွေ့ ရှိရမှာဖြစ်ပါတယ်...။ ၆။ စောစောက... Copy လုပ်ထားသော.... Fonts များကို ထို pannel အတွင်းတွင် ( Ctrl+V ) ကိုတွဲနှိပ်ပြီး... Paste ချပေးလိုက်ပါ...။ ၇။ နောက်ဆုံးအဆင့်အနေနဲ့... တစ်ချို့ဖောင့်တွေက သွင်းပြီးသား (သို့) ရှိပြီးသားဆိုရင်တော့... နောက်တစ်ကြိမ်အစားထိုးသွင်းလိုပါသလား? လို့မေးလာပါလိမ့်မယ်...။ အဲ့ဒါဆိုရင်တော့... YES! ကိုသာနှိပ်ပေးလိုက်ပါ...ခင်ဗျာ...။ သတိပြုရန်========ကျွန်တော် ခုနကပြောထားတဲ့... .PFB *, .RFM * တို့ကို Copy Paste လုပ်တဲ့အခါ... Can't install ဆိုပြီး Warring တက်လာတတ်ပါတယ်... မပူပါနဲ့... Close ဆိုတာလေးကို နှိပ်လိုက်ရင်... အလိုအလျှောက် သွင်းပေးသွားပါလိမ့်မယ်နော်...။ ကျေးဇူးတင်ပါတယ်... တောင်းဆိုချက်========ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။ ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်... ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်... ကျေးဇူးတင်ပါတယ်...ဗျာ... အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :) ဆက်လက်ကြိုးစားပါအုံးမည်...။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| CD & DVD မဖတ်တာတွေကို... အကောင်းဆုံး... ပြင်ကြည့်ရအောင် Posted: 16 Jul 2016 02:20 AM PDT ဒီ REG ဖိုင်လေးက ဘာအတွက်အသုံးဝင်သလဲဆိုတော့ CD or DVD Disc တွေကို ထည့်ပြီး... Window တင်တာပဲဖြစ်ဖြစ် Movies ကြည့်တာပဲဖြစ်ဖြစ် ကြည့်ဖို့ထည့်လိုက်တဲ့အခါ အခွေမဖတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်...။ အဲ့ဒီ ပြဿနာကလည်း ကြုံဖူးတဲ့သူတွေသိမှာပါ...။ ကျွန်တော့်တုန်းကဆိုရင် ခွေက အသစ်ကြီးဖြစ်ပြီး Laptop က မဖတ်ပါလားလို့ဆိုပြီး... ကြောင်သွားတယ်... ငါ့ Laptop ပဲ စုတ်နေလို့လားပေါ့... ဒါပေမယ့် စမ်းကြည့်မယ်ဆိုပြီး တော့ Registry ထဲကနေ သွားပြင်ကြည့်လိုက်တော့ Ok သွားတာနဲ့ ယခု ဖိုင်လေးကို ထုတ်လိုက်ပါတယ်...။ ကျွန်တော့်လိုပဲ အများသူဌာသုံးနိုင်အောင် ပြန်ဝေမျှပေးလိုက်ပါတယ်ဗျာ... အသုံးပြုပုံကတော့ Download ချလို့ရလာတဲ့ File လေးကို Desktop ပေါ်သို့ ကူးတင်ပြီး ထိုဖိုင်လေးကို Right Click နှိပ်ကာ Merge ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ Dialog Box လေးပေါ်လာရင် YES ကိုသာနှိပ်ပေးပြီး PC ကို Restart တစ်ခေါက်ချပေးလိုက်ရင် မဖတ်တဲ့ အခွေတွေကို ကောင်းကောင်း အလုပ်လုပ်ပေးတာကို တွေ့ရပါလိမ့်မယ်။ ( :: DOWNLOAD :: ) OR ( :: DOWNLOAD :: ) ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Linux အတွက် ထိပ်တန်း Screen Recorder ၅ ခု Posted: 16 Jul 2016 01:26 AM PDT မိတ်ဆက်======Screen cast software (screen recorder) သည်ကွန်ပျူတာ မျက်နှာပြင်ကို အရုပ်ဖမ်းယူနိုင်သော အသုံးချ ဖြစ်ပြီး ရုပ်သံဖမ်းယူခြင်းဟုလည်း သိကြပါသည်။ screenshot နှင့် ကွာခြားသောအချက်မှာ screenshot မှာတစ်ပုံကိုသာဖမ်းယူနိုင်ပြီး screen cast မှာ ရုပ်ရှင်ကို ဖမ်းယူနိုင်သော သဘာဝရှိပါသည်။ video သိမ်းယူသောအမျိုးအစားမှာ ထုတ်လုပ်ခြင်းအလိုက် flv, mp4, avi တို့ကွဲပြားနိုင်ပါသည်။ ဒီနေ့ခေတ်မှာ screen cast များသည် အလွန်အသုံးဝင်လာပြီဖြစ်ပါသည်။ features များကို ပြသခြင်း လုပ်ငန်းနှင့်ပတ်သက်သည်များကို စမ်းသပ်ပြခြင်းများအတွက် အလွန်အသုံးဝင်လာပါသည်။ ဒီsoftware များကို desktop recording များ၊ ဂိမ်းများနှင့် ရုပ်သံတည်းဖြတ်ခြင်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ဈေးကွက်ထဲတွင် များစွာရှိပြီး တချို့မှာ အခမဲ့ဖြစ်သလို အခပေးများလည်းရှိပါသည်။ ဒီစာပိုက်တွင် Linux အတွက် ထိပ်တန်း screen recoding software များကို တင်ပြပေးမှာဖြစ်ပါတယ်။ စာရေးသူရဲ့ စိတ်ကြိုက်စီစဉ်ထားခြင်းဖြစ်ပါသည်။ ထိပ်တန်း ငါးခုကို အောက်ပါအတိုင်းသတ်မှတ်လိုက်ပါသည်။
Simple screen recorderSample Recorder က တခြား recorder များထက်စာရင် ပိုပြီလွယ်သလို user interface ပါတဲ့ ရုပ်သံသွင်း ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ဖမ်းယူနိုင်သလို ကွက်ပြီးဖမ်းနိုင်ပြီး ဂိမ်းများကိုပါ ဖမ်းယူနိုင်ပါတယ်။ ဖမ်းယူနေစဉ်မှာ ခေတ္တရပ်နားတာ၊ ပြန်ကူးတာတွေလည်း ပြုလုပ်နိုင်ပါတယ်။ Function========simple screen recorder Sample Recorder က တခြား recorder များထက်စာရင် ပိုပြီလွယ်သလို user interface ပါတဲ့ ရုပ်သံသွင်း ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ဖမ်းယူနိုင်သလို ကွက်ပြီးဖမ်းနိုင်ပြီး ဂိမ်းများကိုပါ ဖမ်းယူနိုင်ပါတယ်။ ဖမ်းယူနေစဉ်မှာ ခေတ္တရပ်နားတာ၊ ပြန်ကူးတာတွေလည်း ပြုလုပ်နိုင်ပါတယ်။ Record My DesktopRecord My Desktop ကတော့ GNU/Linux ရဲ့ desktop recorder ဖြစ်ပြီး flv, avi နဲ့ mp4 နဲ့ သွင်းယူလို့ရနိုင်ပါသည်။ ခေတ္တရပ်ခြင်း ပြန်သွင်းခြင်းတေါကိုလည်း ပြုလုပ်နိုင်ပါတယ်။ အသံကို ALSA, OSS နဲ့ Jack Audio Server တွေကနေလည်း အသံသွင်းယူလို့ရပါတယ်။effect တွေပါရင်တော့ အနည်းငယ် ပြတ်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။ Kazam Screen casterKazam ကတော့ စာဖတ်သူရဲ့ ဖန်သားပြင်တစ်ခုလုံးကို ဗွီဒီယိုဖိုင်အပြစ်ပြောင်းလဲပြီး WebM/VP8 ကို အထောက်အပံ့ပေးတဲ့ မည်သည့် ရုပ်သံဖွင့်စက်မှာမဆိုဖွင့်နိုင်အောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး အပြင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက်သွင်းယူလို့ရတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ Software တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။VLC Media playerVLC ဟာ ထင်ရှားတဲ့ media play တစ်ခုဖြစ်ပြီး အမျိုးအစားပေါင်းများစွာကိုဖွင့်လှစ်နိုင်ပါတယ်။ ဒါ့အပြင် vlc ကို သုံးပြီးတော့ ဖန်သားပြင်ကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ WINKwink ကတော့ တျူတိုရီရယ် နဲ့ တင်ပြချက်တွေကို ဖန်တီးတဲ့ အသုံးချဖြစ်ပါတယ်။ Wink ကိုသုံးပြီး ဖန်သားပြင်ကို ရိုက်ကူးပြီး အလွန်ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်ပါတယ်။အကယ်၍ သုံးနေချိန်မှာ NumLock ကိုဖွင့်ထားမယ်ဆိုရင်တော့ အတိုချုံးခလုတ်တွေကို နှိပ်လို့ရမှာမဟုတ်ပါဘူး. အဲဒါကြောင့် မသုံးခင်မှာ Num Lock ကိုပိတ်ထားဖို့လည်း လိုအပ်ပါတယ်။ Special Credit ===> blog.lovelyfamilymm.com ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





























0 comments:
Post a Comment