Related Posts Plugin for WordPress, Blogger...

July 18, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ဖုန်း Launcher ကို window ဒီဇိုင်းအတိုင်းအသုံးပြုနိုင်မယ့် - SquareHome 2 Premium – Win 10 style v1.1.7 Apk

Posted: 17 Jul 2016 01:04 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Ubuntu OS တွင် Fanbox ထည့်သွင်းခြင်း- by CHAN LAY (MCMM)

Posted: 17 Jul 2016 12:58 AM PDT



Fanbox ဆိုတာကတော့ Ubuntu OS အတွင်းမှာ အလုပ်လုပ်တဲ့ Ram တွေနဲ့ CPU တို့ရဲ့ အသုံးပြုမှု စာရင်းတွေကို စောင့်ကြည့်နိုင်တဲ့ tool  တစ်ခု ဖြစ်ပါတယ်။ Fanbox ဟာ GUI အနေနဲ့ ဖော်ပြပေးနိုင်မှာဖြစ်ပြီး CPU အသုံးပြုမှုနှုန်းနဲ့ RAM အသုံးပြုမှုနှုန်း အစရှိသည်တို့ကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ Fanbox  ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Fanbox ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်းပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

sudo apt-get install npm git

git clone https://github.com/joereynolds/fanbox

cd fanbox/app

sudo npm install electron-prebuilt -g

sudo npm install

ဆိုတဲ့ command တွေဖြစ် ပါတယ်။ အဆိုပါ command တွေကို အသုံးပြုပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို Install ပြုလုပ်မှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါ မယ်။ ပြီးသွားပြီဆိုရင် Fanbox
ကို စတင်အသုံးပြုလို့ ရပြီဖြစ်ပါတယ်။ အဆိုပါ Fanbox ကို GUI အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အဆင်ပြေပါစေနော်... :)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

iOS 10 public Beta 1 ကို ဘယ်လိုတင်မလဲ ?

Posted: 17 Jul 2016 12:53 AM PDT




iOS 10 public Beta 1 ကို သုံးစွဲသူများအတွက် ယနေ့ စတင်ဖြန့်ချိပေးပြီဖြစ်ရာ iOS 10 public beta 1 ကို တင်ချင်သူများအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း တင်နိုင်မှာဖြစ်ပါတယ်။

iOS 10 public beta 1 ကို ထည့်သွင်းဖို့အတွက် iPhone ရဲ့ Safari browser ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် https://beta.apple.com/profile ဆိုတဲ့ လိပ်စာကို Address bar မှာ ရိုက်ထည့်လိုက်ပါ။

အဆိုပါ လိပ်စာကိုရိုက်ထည့်ပြီးသွားရင် Apple ID နဲ့ Password ကို ထည့်သွင်းရမယ့် box ကို တွေ့ရပါမယ်။ Apple ID နဲ့ Password ကို ထည့်သွင်းပြီး Sign in ကို နှိပ်ပေးလိုက်ပါ။




နောက်တစ်ဆင့်ကတော့ Guide for Public Betas ဆိုတဲ့ Page ကို ရောက်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ iOS ဆိုတာကိုရွေးလိုက်ပါ။





ပြီးသွားရင် Enroll your device ဆိုတာကို နှိပ်ပြီး အောက်ဘက်ကို ဆင်းလိုက်ပါ။ Download profile ဆိုတဲ့ button ကို တွေ့ရပါမယ်။ အဆိုပါ button ကို နှိပ်လိုက်ပါ။ Profile Install ပြုလုပ်ရမယ့် နေရာကိုရောက်ပြီဆိုရင် Install ဆိုတာကို နှိပ်ပေးရပါမယ်။ ပြီးသွားရင် ဖုန်းကို Restart ပြုလုပ်ရပါလိမ့်မယ်။ ပြုလုပ်ပေးလိုက်ပါ။




Phone reboot ပြန်တက်လာရင် Settings > General > Software Update ကို သွားရပါမယ်။ ပြီးသွားရင် Install ပြုလုပ်ပေးလိုက်ပါ။

Refer ===> ( APPLE FORUM )

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Hidden Disk အသုံးပြု၍ Partition များကို ကာကွယ်ခြင်း by CHAN LAY (MCMM)

Posted: 17 Jul 2016 12:43 AM PDT


Windows Operating System အသုံးပြုနေ သူတွေအနေ နဲ့ မိမိ PC အတွင်းမှာ ထည့်သွင်းထားတဲ့ Hard Drive partition တွေကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်မသုံးစွဲ နိုင်စေဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 ဒီလိုနည်းလမ်း ပေါင်းစုံတွေထဲက မှ Third Party Software တစ်ခုဖြစ်တဲ့ Hidden Disk  ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး မိမိ Partition တွေကို Password နဲ့ ကာကွယ်ထား နိုင်သလို၊ Hidden လည်း ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Hidden Disk ဟာ အခမဲ့ သုံးစွဲနိုင်မယ့် Freeware အမျိုးအစား တစ်ခုဖြစ်ပြီး download ပြုလုပ်မယ်ဆိုရင် https://goo.gl/957xo6 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက် download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Hidden Disk ကို download ပြုလုပ်ပြီးပြီဆိုရင် ညွှန်ကြားချက်များအတိုင်း Install ပြုလုပ်ပေးရပါမယ်။ Install ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ ဆော့ဖ်ဝဲကို ဖွင့်ရမှာ ဖြစ်ပါတယ်။

Hidden Disk ကို ဖွင့်ပြီးသွားရင် ပထမဦးဆုံး ကိုယ်ကနေအခြား သူတွေကို အသုံးမပြုစေချင်တဲ့ drive ကိုရွေးပေးရပါမယ်။
 Drive ကို ရွေးချယ်ပေးပြီးရင် Create/update password ဆိုတာကိုနှိပ်ပြီး password ကို ထည့်သွင်း ပေးရပါမယ်။
 ပြီးသွားရင် ကိုယ်ရွေး ချယ်ထားတဲ့ Drive Letter နဲ့ Create ဆိုတဲ့ button ကို နှိပ်ပေးရပါမယ်။ အဆိုပါ create button ကို နှိပ်ပြီးရင် သတိပေးတဲ့ dialog box ပေါ်လာပါလိမ့်မယ်။

Hidden Disk လုပ်ထားတဲ့အချိန်မှာ System disk  ကိုမဖျက်ဖို့   ဖျက်မိတယ်ဆိုရင် Hidden လုပ်ထားတဲ့ disk ထဲမှ အချက်အလက်တွေ ဆုံးရှုံးနိုင်မယ်ဆိုတဲ့ သတိပေးစာတွေကို ဖော်ပြပေးထား ပါလိမ့်မယ်။ I will remember ဆိုတာကို နှိပ်ပြီး ထွက်လိုက်ပါ။

ဒီအဆင့်တွေ ပြီးသွားရင်  ကိုယ်ရွေးချယ်ထားတဲ့ Drive letter နဲ့ Partition တစ်ခု ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် ကိုယ် အသုံးမပြုစေချင်တဲ့ Drive ကို ဖယ်ရှား ပေးသွားမှာဖြစ်ပြီး အသုံးပြုလိုတဲ့ အချိန်မှာ Password ရိုက်ထည့်ပြီး အဆိုပါ Drive ကို အသုံးပြုရပါမယ်။

 အကယ်၍ Hidden Disk မပြုလုပ် လိုတော့ဘူး ဆိုရင် ဆော့ဖ်ဝဲကိုဖွင့်ပြီး Disable disk ဆိုတာကို ရွေးချယ်ပေးလိုက်ရင် Hidden ပြုလုပ်ထားတဲ့ Drive ကို ပြန်လည်ဖော်ပြ ပေးမှာဖြစ်ပါတယ်။



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

ဟောလိဝုဒ်ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ကိုရီးယားမင်းသမီး ကလောက်ဒီယာကင်

Posted: 17 Jul 2016 12:37 AM PDT





တာင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ကင်ဆူဟွန်းခေါ် ကလောက်ဒီယာကင်သည် ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား The Dark Tower ၌ အီဒရစ်အယ်လ်ဘာနှင့် မက်သရူးမက်ကွန်နာဟေးတို့နှင့် အတူ သရုပ်ဆောင်မည်ဖြစ် သည်။

The Dark Tower ရုပ်ရှင် ဇာတ်ကားသည် အမေရိကန် စာ ရေးဆရာ စတီဖင်ကင်း ရေးသား သော ဝတ္ထုကို အခြေခံရိုက်ကူး မည့် သိပ္ပံစိတ်ကူးယဉ် သည်း ထိတ်ရင်ဖို ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ကလောက်ဒီ ယာကင်က Arra Champignon ဟူသော ဇာတ်ရုပ်ကို သရုပ် ဆောင်မည်ဖြစ်သည်။ ၎င်းသရုပ် ဆောင်ရမည့် ဇာတ်ရုပ်အသေး စိတ်ကိုမူ အေဂျင်စီက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ကိုရီးယားသရုပ်ဆောင် မင်းသမီး ကလောက်ဒီယာကင် သည် Marco Polo ရုပ်သံဇာတ် လမ်းတွဲနှင့် Avengers:Age of Ultron ရုပ်ရှင်ဇာတ်ကားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မင်း သမီးတစ်လက်ဖြစ်လာသည်။ ကလောက်ဒီယာကင်သည် Monster ရုပ်ရှင်ဇာတ်ကား ရိုက် ကူးရေးပြီးနောက် The Dark Tower ဇာတ်ကားရိုက်ကူးရန် တောင်အာဖရိကသို့ သွားရောက် မည်ဟု ၎င်း၏အေဂျင်စီက ပြော သည်။

Ref ===> The Korea Time


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Mobile ဖုန်း Driver, Root နှင့် PC Suite များ စုစည်းမှု All in one Tool

Posted: 17 Jul 2016 12:18 AM PDT



မိတ်ဆက်

======
2016 Update Driver , PC Suite , Root Tools ,
Root and Firmware Guide နှင့် Google Search တို့ပါတဲ့ Tool
လေးပါ All in One Tool လေးပါ။


အတော်လေးစုံပါတယ်၊ ဒီ Tool လေးကို ဖုန်းကလစ်သူများနဲ့
Service သမားညီအကိုတွေဆောင်ထားသင့်ပါတယ်။

Tool လေးကို ဆောင်ထားရုံဖြင့် လိုအပ်သမျှကိစ္စပြီးနိုင်တယ်
အလိုရှိတဲ့သူတွေကတော့ အောက်ကလင့်မှာရယူလိုက်ပါ

ဒီ Tool ကိုတော့ EPI ဖုန်းပြုပြင်နည်းသင်တန်းမှာ
Chan Myae Aung မှရေးဆွဲထားပေးတာဖြစ်ပါတယ်။

ဒေါင်းလော့လင့်ကို မူရင်းအဆင်မပြေတော့လို့
Mediafire ကနေပြန်လည်တင်ပေးထားပါတယ်...။



Screen Shot:

============




 

 

 

 


Android Driver and Pc suite collection


<==== ( :::: DOWNLOAD :::: ) ===>

Special thank to EIP Phone Traning & Services

Credit To... (Chan Myae Aung)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

ပေါပေါလောလောနဲ့ကောင်းကောင်းကိုင်နိုင်မည့် Tablet(9.0inches)

Posted: 17 Jul 2016 12:14 AM PDT







မင်္ဂလာပါခင်ဗျာ ဆွေသဟာ Mobile မှကြိုဆိုပါသည်
မှတ်ချက်။ ။ကြောငြာမဟုတ်ပါ Media Tablet ၀ယ်၇န်Knowledgeနှင့် ဈေးနူန်းသက်သာပြီး အာမခံချက်ရှိတဲ့
Tabletတန်ရာတန်ကြေးပေးပြီး တန်းကြေးထက် အများကြီးမပိုရင်တောင်မှ အနည်းငယ်ပိုသုံးရတဲ့ ပစွည်းကိုကိုင်စေချင်တာပါ...

အောက်တွင် Tablet အမျိုးအစားများပြပေးထားပါတယ်ခင်ဗျ

YoYo Brand 9.0 inches Tablet
===================












ဒီ Tablet အမျိုးအစားကတော့ ၉.၆လက်မအရွှယ်အစားရှိပါတယ် Capacitive touch Screen ဖြစ်ပြီး LCD မှာလည်း AMOLED အရည်အသွေးကောင်းမွန်တဲ့ အမျိုးအစားထဲကသုံးထားပါတယ်
Android Version က 5.0 ဖြစ်ပြီး  Internal Memory က 11GB ပါဝင်ပါတယ် RAM 1GB ဖြစ်ပြီး CPU Quad-core1.5 သုံးထားပါတယ် Dual SIM-Dual 3G သုံးလို့ရပါတယ်SD ကဒ် 32GB ထိစိုက်နိုင်ပါတယ်
် အကြိုက်ဆုံးကတော့ Graphit ပါပဲ လုံးဝမိုက်ပါတယ် HD Game တွေကိုကြိုက်သလောက်ဆော့နိုင်ပါတယ် Movie တွေကို ပုံရိပ်မ၀ါးဘဲ မြင်ကွင်းကျယ်ကျယ်ကြည့်ရူနိုင်ပါတယ်
ဒီလိုဆော့လို့ ဖုန်းပူမှာမဆိုးရိမ်ပါနဲ့လုံးဝမပူပါဘူး 1hour လောက် ကားသခိုးဂိမ်းဆော့တာတောင် လုံးဝမပူပါဘဲ ဘက်ထရီစွမ်းဆောင်ရည်အရမ်းကောင်းမွန်ပါတယ်
မြန်မာစာသေပါပြီးသားပါ HD Game ကို တစ်နာရီလောက်ဆော့တာတောင် ဟမ်းသွားခြင်းမရှိပါဘူး လက်ရှိဈေးကွက်မှာ ရှိတဲ့ Tablet တွေယှဉ်နိုင်ပါတယ်ခင်ဗျ

ဈေးနူန်းကတော့ 74000 kyat ဖြစ်ပြီး SIM ကဒ်လက်ဆောင်၊မှန်ကန်၊2600mah power bank၊နားကျတ်၊Chargin ပါပြီး၊ Application software,Game Software များ၊ Facebook ,line,tabgo,viber Account များ ၊ကံစမ်းမဲများBill ကဒ်များ ကိုလည်းလက်ဆောင်အနေနဲ့ပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ ဈေးနူန်းသက်သာပြီး အရည်အသွေးကောင်းမွန် လက်ဆောင်များများပါတဲ့ ဒီ YoYo Tablet ကို ၀ယ်ဖို့သင့်နေပါပြီ...
=================


YoYo Brand 7.0 inches Gaming Tablet
===========================
 


















ဒီ Tablet အမျိုးအစားကတော့ 7လက်မအရွှယ်အစားရှိပါတယ် Capacitive touch Screen ဖြစ်ပြီး LCD မှာလည်း အရည်အသွေးကောင်းမွန်တဲ့ အမျိုးအစားထဲကသုံးထားပါတယ်
Android Version က 4.4.2 ဖြစ်ပြီး  Internal Memory က 4GB ပါဝင်ပါတယ် RAM 1GB ဖြစ်ပြီး CPU Dual-core သုံးထားပါတယ် SD ကဒ် 16GBGB ထိစိုက်နိုင်ပါတယ်
် HD Game တွေက်ဆော့နိုင်ပါတယ် Movie တွေကို ပုံရိပ်မ၀ါးဘဲ မြင်ကွင်းကျယ်ကျယ်ကြည့်ရူနိုင်ပါတယ် Gaming Tablet ဖြစ်လို့ SIM စိုက်လို့မရပါဘူး Wifi ,bluetooth တော့ပါပါတယ်...
ဘက်ထရီစွမ်းဆောင်ရည်အရမ်းကောင်းမွန်ပါတယ်မြန်မာစာသေပါပြီးသားပါ လက်ရှိဈေးကွက်မှာ ရှိတဲ့ Tablet တွေယှဉ်နိုင်ပါတယ်ခင်ဗျ

ဈေးနူန်းကတော့ 41000kyat ဖြစ်ပြီး SIM ကဒ်လက်ဆောင်၊မှန်ကန်၊2600mah power bank၊နားကျတ်၊Chargin ပါပြီး၊ Application software,Game Software များ၊ Facebook ,line,tabgo,viber Account များ ,၊ Tablet Book များ ၊Bill ကဒ်များ ကိုလည်းလက်ဆောင်အနေနဲ့ပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ ဈေးနူန်းသက်သာပြီး အရည်အသွေးကောင်းမွန် လက်ဆောင်များများပါတဲ့ ဒီ YoYo Tablet ကို ၀ယ်ဖို့သင့်နေပါပြီ...







လိပ်စာကတော့-
မြောက်ဒဂုံ ပင်လုံလမ်းမကြီး-၃၅မှတ်တိုင်အနီး- " ဆွေသဟာ Mobile Service " ဖုန်း-09-455724355 ,428040776သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ-
နယ်မှ ၀ယ်သူများထံလည်းတစ်လုံးတည်းလည်းပို့ပေးပါတယ်ခင်ဗျာ...ရန်ကုန်ကသူများလည်း လိုက်လံပို့ဆောင်ပေးပါတယ်ခင်ဗျ ရန်ကုန်မှာတော့နှစ်လုံးတော့မှာပေးပါခင်ဗျ...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဝင်ဒိုးအသစ်တင်ပြီးတိုင်း မဖြစ်မနေ အင်စတောလုပ်ရတဲ့ဆော့ဝဲများဖြစ်တဲ့ - All in One Runtimes 2.3.6 by CHAN LAY (MCMM)

Posted: 17 Jul 2016 12:08 AM PDT






မိတ်ဆက်

======
All in One Runtimes 2.3.6 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ ဝင်ဒိုးအသစ်တင်ပြီးတိုင်း မဖြစ်မနေ အင်စတောလုပ်ရတဲ့ဆော့ဖ်ဝဲများဖြစ်တဲ့ All in One Runtimes လေးကိုတင်ပေးလိုက်ပါတယ်။ Net Framework.DirectX,Flash Player, Java,Visual C++,Sliverlight.စသည်တို့ကို တခုချင်းရှာဖွေ ဒေါင်းလုပ်နေဖို့မလိုဘဲ Runtimes 2.3.6 Setup ကိုအင်စတောလုပ်ရုံနဲ့ အားလုံးအင်စတောလုပ်ပြီးဖြစ်သွား မှာပါ။ ဖိုင်ဆိုဒ်ကတော့ 364 Mb ရှိပြီး Windows XP/ Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်မှာပါ။ အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

 Function & Details

=============

 The program allows you to copy to your hard drive:

        Multiple versions of the .NET Framework (necessary to properly run applications written in the new programming environments)
        Visual C ++ Runtimes,
        DirectX and additives
        Adobe Flash Player (component used on websites and online games),
        Microsoft Silverlight
        Shockwave Player,
        Java Runtime Environment (Java runtime environment necessary to use many applications, especially those online)
        Visual J-Sharp.


What's New:

==========

        Updated Visual C ++ 2015 updated to v14.0.23918.0
        Updated Flash updated to v21.0.0.213
        Updated Java runtimes 8 updated to update 92
        Updated Shockwave Player updated to v12.2.4.194

File Password :  www.ayekyaw.org


<==== ( :::: DOWNLOAD :::: ) ====>


Credit To... (www.ayekyaw.org)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ် (ဇူးနစ်) by CHAN LAY (MCMM)

Posted: 17 Jul 2016 12:07 AM PDT



မိတ်ဆက်

======
iOS Device ဆိုင်ရာ Tip & Trick များကို လေ့လာနေကြတဲ့ ညီအကိုတွေအတွက်
မသိမဖြစ် သိထားသင့်တဲ့ Apple ID Account တစ်ခု ကွန်ပျူတာဖြင့်
 အလွယ်ဖွင့်ယူနည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုဖေါ်ပြပါ Apple ID Account ဖွင့်နည်းသည် ကျနော်ကိုယ်တိုင်
ဖွင့်လေ့ဖွင့်ထရှိတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် 100% လုံးဝအဆင်ပြေပါတယ်။

ကွန်ပျူတာမှာတော့ Windows OS အရ 32 bit ကွန်ပျူတာဆိုရင်တော့ iTunes 32 bit ကို
ထည့်သွင်းပေးရမှာဖြစ်သလို 64 bit ဆိုရင်တော့ iTunes 64 bit ကိုထည့်သွင်းပေးရမှာပါ။

iTunes ဆောဝဲသည် iOS Device အားလုံးအတွက် Driver ဖြစ်သလို PC Suite လည်းဖြစ်ပါတယ်၊
Android Device တွေလို Driver နှင့် Suite ကိုခွဲခြားပြီး ထည့်သွင်းနေစရာမလိုပါ။


iPhone & iPad ကိုင်ဆောင်ထားတဲ့ User တိုင်းတွင် မိမိ၏ ကိုယ်ပိုင် Device များအတွက် Apple ID
ဆိုတာ ရှိကိုရှိနေရမှာပါ၊ တကယ်လို့ မိမိက songs, movies ကို iTunes မှ (သို့) Apple Store
မှဒေါင်းလော့ ရယူချင်တယ်ဆိုရင်တော့ Apple ID ရှိနေမှဒေါင်းလော့ရယူမှုအဆင်ပြေမှာဖြစ်ပါတယ်။

Apple ID ကို Create ပြုလုပ်တဲ့အခါလည်း Free user အနေဖြင့် ဖွင့်ယူနိုင်သလို
Premiere member အနေဖြင့်လည်း မိမိ၏ Credit card information များကို
ထည့်သွင်း ပေးပြီး ဖွင့်ယူလို့ ရပါတယ်။

Apple ID ရှိထားခဲ့ရင် Apple App များနဲ့တစ်ခြား Payments စနစ်ဖြင့် ပေးဝယ်ယူရမယ့်
Ecosystem ကိုအကောင်းဆုံး အထောက်အကူပြုပေးမှာလည်း ဖြစ်ပါတယ်။

Apple Deivce သည် ကိုယ်ပိုင် App များနဲ့ Store များကို အဓိကထားထုပ်လုပ်နေတာမို့
အသုံးပြုသူ User များကိုလည်း Device တစ်ခုပိုင်ဆိုင်တဲ့ သူတိုင်း တစ်ဦးတစ်ယောက်လျှင်
ကိုယ်ပိုင် Apple ID Account တစ်ခုစီဖြင့် စမတ်ကျကျ အသုံးပြု လေ့လာနိုင်အောင် ဖန်တီး
ပေးထားတာလည်း ဖြစ်ပါတယ်။


ယခုစာအုပ်တွင် ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်းနဲ့
အောက်ပါ အကြောင်းအရာများကို အသေးစစ်လေ့လာရမှာပဲဖြစ်ပါတယ်။


ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ်

=============================

၁။ What is Apple ID? Apple ID ဆိုတာ ဘာလဲ?

၂။ Apple ID ကို ဘာကြောင့်အသုံးပြုကြရတာလဲ?

၃။ Apple ID ကဘယ်နှစ်ခုတောင် လိုအပ်တာလဲ?

၎။ Apple ID ကို လူတိုင်းနှင့် Share ပြုလုပ်နိုင်တာပဲလား?

၅။ Apple ID ကို Change ပြုလုပ်ယူနိုင်တာပဲလား?

၆။ Apple ID Account ပြောင်းလဲအသုံးပြုနည်းများ

၇။ iCloud မှ Apple ကိုပြောင်းလဲနည်း

၈။ iTunes ကိုအသုံးပြု၍ Apple ID ကိုပြောင်းလဲနည်း

၉။ Apple ID Account တစ်ခု ကွန်ပျူတာဖြင့် အလွယ်ဖွင့်ယူနည်း

၁၀။ Email & Password Option အပိုင်း

၁၁။ Security Info Option အပိုင်း

၁၂။ Optional Rescure Email အပိုင်း

၁၃။ မွေးနေ့ မွေးရက် ခုနှစ် အပိုင်း

၁၄။ Payment Type Option အပိုင်း

၁၅။ Billing Adress အပိုင်း

၁၆။ iPhone & iPad များတွင် Activate ပြုလုပ်နည်း

၁၇။ iTunes & App Store Option အပိုင်း




စတဲ့ Tip & Trick များကို လေ့လာဖတ်ရှုရမှာပဲဖြစ်ပါတယ်
ပထမဆုံး အကြိမ် Pre edition ဖြစ်တာမို့ စာလုံးပေါင်းအမှားများနဲ့
လိုအပ်ချက်များစွာဖြင့် ဖတ်ရှုကြရမှာလည်းဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်
အားလုံးအတွက်ပဲ ရည်ရွယ်ရေးထားတာဖြစ်လို့ Free Version အဖြစ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူအားပေးနိုင်ကြပါပြီခင်ဗျား


ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ် (ဇူးနစ်) ကို အောက်က Download Buttom ကို Click ပြီး Download ရယူနိုင်ပါပြီ...။


< === ( :::: DOWNLOAD :::: ) ===>

Or

< === ( :::: DOWNLOAD :::: ) ===>


Special Credit ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

0 comments:

Post a Comment