မောင်ပေါက် ( Maung Pauk ) |
| သင်ဟာ EQ မြင့်မားသူ တစ်ယောက်လား ??? Posted: 14 Oct 2016 08:27 PM PDT ![]() လေ့လာတွေ့ရှိချက်များအရ လူတစ်ယောက်အတွက် အောင်မြင်ဖို့ရာမှာ EQ ( Emotional Quotient) နှလုံးရည် မြင့်မားသူတို့ဟာ IQ(Intelligence Quotient) ဉာဏ်ပညာ အရည်အသွေး မြင့်မားသူများထက် ဘ၀မှာ ပိုမို အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ သင်လည်း EQ မြင့်မားသူတစ်ယောက် ဟုတ်/မဟုတ် တိုင်းတာလို့ရအောင် Success Magazine က ထုတ်ပြန်လိုက်တဲ့ စိတ်ခံစားမှု ထိန်းချုပ်မှု မြင့်မားသူများရဲ့ အရည်အချင်း ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပြောင်းလဲမှုကို လက်ခံကြတယ်။ EQ (စိတ်ခံစားမှု မြင့်မားသူများ) သည် ဘ၀တွင် အပြောင်းအလဲများ တွေ့ကြုံရမည်ကို လက်ခံနိုင်ကြပြီး ထိုအပြောင်းအလဲနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ကြတယ်။ (၂) မိမိကိုယ်မိမိ အမှန်အတိုင်း မြင်နိုင်ကြတယ်။ EQ မြင့်တဲ့သူတွေဟာ ကိုယ့်အရည်အချင်းကို အမှန်အတိုင်း မြင်နိုင်သူများ ဖြစ်ကြတယ်။ သူတို့အတွက် အားနည်းချက်ဆိုတာ နောက်ဆုတ်စေမယ့်အရာမဟုတ်သလို အလုပ်အတွက် အကောင်းဆုံးဖြစ်မယ့် နေရာဒေသတစ်ခုမှာ နေထိုင်နိုင်ကြတယ်။ (၃) မျှဝေခံစားနိုင်သူများ ဖြစ်တယ်။ စိတ်ဓာတ်ထိန်းချုပ်မှု မြင့်မားတဲ့ သူတွေနဲ့ အလုပ်အတူလုပ်တဲ့အခါ သူတို့ဟာ တခြားသူတွေနဲ့မတူ တွဲဖက်လုပ်ကိုင်သူတွေရဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို နားလည်ခံစားပေးနိုင်တယ်။ သူတို့နဲ့ဆို အခက်အခဲတွေကို ရင်ဆိုင်ရတာ ပျော်စရာကြီး ဖြစ်နေပါလိမ့်မယ်။ (၄) သူတို့ဟာ ဘယ်တော့မှ ပြီးပြည့်စုံသူတွေ မဟုတ်ဘူး။ ပြီးပြည့်စုံခြင်းဆိုတာ လူတွေမှာ ဘယ်တော့မှ ရှိမှာမဟုတ်တာကို သူတို့က နားလည်တယ်။ အမှားတွေကတစ်ဆင့် သင်ခန်းစာ ယူမယ်၊ ထပ်ခါ ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးသာ ရှိကြတယ်။ (၅) အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးနိုင်တယ်။ အထက်က ဖော်ပြခဲ့တဲ့ မိမိကိုယ်မိမိ အမှန်အတိုင်း သိရှိခြင်းဆိုတာ သူတို့အတွက် ဘယ်အရာက အရေးကြီးတယ်၊ ဒီအရာအတွက် ဘာတွေပေးဆပ်ရမယ်ဆိုတာ EQ မြင့်သူများက သိကြတယ်။ အလုပ်၊ အလုပ်လို့လည်း အမြဲတမ်း အော်မနေသလို စောပါသေးတယ်လို့လည်း ပြောမနေကြဘူး။ ဘ၀ကို လျှောက်လှမ်းရာမှာ သမာသမတ်ကျတဲ့ အလယ်အလတ်လမ်းကသာ လျှောက်လှမ်းကြတယ်။ (၆) သိလိုစိတ် ပြင်းပြတယ်။ EQ မြင့်မားသူများရဲ့ မွေးရာပါအရည်အချင်းက ကမ္ဘာလောကကြီးကို စူးစမ်းရှာဖွေခြင်းပဲ။ လောကရဲ့ သဘာဝကို အရှိအတိုင်း ရှုမြင်ကြတယ်။ ဖြစ်တန်စွမ်းတွေကို ရှာဖွေကြတယ်။ မေးခွန်းတွေမေးပြီး တံခါးအသစ်တွေကိုသာ ဖွင့်လိုသူများ ဖြစ်တယ်။ (၇) ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်တယ်။ EQ မြင့်မားတဲ့လူတွေဟာ နေ့တစ်နေ့ရဲ့ ကျေးဇူးတင်စရာအကောင်းဆုံးတွေကို သိရှိကြတယ်။ သူတို့ဟာ အကောင်းမြင် သမားများ ဖြစ်ကြပြီး "ရေခွက်ပြည့်ဖို့ တစ်ဝက်လိုနေတယ်" လို့ ဘယ်တော့မှ မညည်းတွားကြဘူး။ ဘ၀နဲ့ ပတ်သက်လို့ ရောင့်ရဲနိုင်သူများလည်း ဖြစ်ကြပြန်တယ်။ အချုပ်ပြောရရင် EQ မြင့်မားသူများဟာ အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ သိကြတယ်။ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်နိုင်ကြသူများ ဖြစ်တယ်။ ကဲ... စာဖတ်သူရော... EQ မြင့်မားတဲ့ လူတစ်ယောက်လားဆိုတာ... REF_ Wun Zinn အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |







0 comments:
Post a Comment