Related Posts Plugin for WordPress, Blogger...

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

For Mobile

Mobile နဲ့ ပါတ်သက်သည့် Mobile News , Software , Game , Wallpaper များကိုဒီနေရာလေးမှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်

February 19, 2015

Andy OS

Andy OS သည် Emulator ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး PC ပေါ်တွင် Android App များကို တိုက်ရိုက် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးထားသည့် Emulator ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲပေါ်မှ နေ၍ Android OS တွင် အသုံးပြုသည့် App များကို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ App သည် Google Account နှင့်လည်း Sync ပြုလုပ်နိုင်မည် ဖြစ်သည်။
Andy OS ကို အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 516.75 KB ခန့်သာရှိမည်ဖြစ်သည်။ Windows Vista မှစ၍ Windows 8 အထိ ထည့်သွင်းအသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် RAM 3GB အနည်းဆုံးရှိရန် လိုအပ်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

February 18, 2015

Android နှင့်ပတ်သက်သော နည်းပညာစာအုပ်



ဒါလေးကတော့ Android နဲ့ ပတ်သက်ပြီးစုံစုံစေ့စေ့ရေးထားတဲ့ နည်းပညာစာအုပ်
လေးပါ ။ သိသင့်သိထိုက်တဲ့Bootloader , Firmware,ADB, Stock ROMs, Custom ROMs,
OS Kernel, Clockwork Mod, Flashing, Rooting, Baseband အစရှိတဲ့ အကြောင်းတွေကို ရေးသားပေးထားတဲ့ PDF စာအုပ်လေးပါစာအုပ်ကို စာလုံး Font ဆိုဒ်ကိုခပ်ကြီးခပ်ကြီးနဲ့ ရေးပေးထားပါတယ်တစ်ချို့က ဖုန်းနဲ့ဖတ်ရင် အာရုံသိပ်မစိုက်ရအောင်လို့ပါ။
 Download Here
Ref= Writer

Android OS ဖုန်းမာမိုရီကနေ SD ကဒ်သို့ One Click နဲ့ ပြောင်းပေးနိုင်တဲ့ ဆော့ဝဲ-Link2SD Plus v4.0 apk




Android ဖုန်းထဲမှ  မာမိုရီ OR SD ကဒ်ထဲသို့ ပြောင်းရန်အခက်ခဲ့ဖြစ်နေသူများအတွက်ဆောင်ထားသင့်တဲ့Link2SD Plus v4.0 Updatedတာကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလေးကတော့ဖုန်းမာမိုရီကဒ်ထဲက ဆော့ဝဲများ၊ဖိုင်များ၊သီချင်းများ၊ ဗွီဒီယိုများကို Move to SD cardဆိုရင်ခေါင်စားနေရတဲ့ ပြသနာအားလုံးရှင်းသွားမှာပါ။ဘာမှ မထည့်ရသေးဘူးမာမိုရီက ပြည့်နေပြီ ဘာမှ လုပ်မရဘူး စိ်တ်ညစ်ထာဆိုမာမိုရီထဲက ဖိုင်အားလုံးကို SD ကဒ်သို့ ဘယ်လို့ရွှေ့ရထာလဲတတ်လားသိရင်ကူညီပေးပါဦး...ဒီဆော့ဝဲလေးကို ဆောင်ထားတော့နည်းနည်လေးမျက်စိထဲရှုပ်လာတာနဲ့ Move to SD card ပဲဗျာပြသနာတိုင်းမှာအဖြေဆိုတာတော့ရှိနေပြီးသားဖြစ်တာမို့မိမိဖုန်းမာမိုရီကဒ်ထဲမှာ ရှုပ်ပွပြီး ပြည့်လျှံနေတဲ့ အရာအားလုံးကိုအားအားရှိတိုင် Move to SD card သာလုပ်လိုက်ရင် သင့်ရဲ့ဖုန်းဟာသပ်ရပ်လှပနေပြီးမနက်ဖြန်တိုင်ဟာပိုမိုတောက်ပနေမှာပါ။ကျနော်အကြံလေးတစ်ခုပေးချင်တာက ဖုန်းကို အသုံးပြုသူတစ်ယောက်သာမဟုတ်ပဲ အသုံးပြုရင်းကနေ ဆန်းသစ်မှုနဲ့ Memorable လည်းဖြစ်အောင်
ဖုန်းကလစ်သူတစ်ဖြစ်လည်း မိမိဖုန်းကို အသုံးပြုစေချင်ပါတယ်ခင်ဗျားကဲဗျာ ဘာပဲဖြစ်ဖြစ် သင့်ဖုန်းလေးမှာ မိမိကြိုက်နှစ်သက်ရာကိုလိုသလောက်သိလှောင်ထားချင်ပေမယ့် ပြည့်လျှံနေပြီ နည်းနည်းလေးဖျက်ပါမှ သင့်လိုချင်တာလေး ထပ်ဖြည့်ယူနိုင်မှာလို့ ပြောနေတဲ့Android Device ကို ဒီဆော့ဝဲလေးကို One Click နဲ့ အသုံးပြုရင်Evolution ကောင်းကောင်းလုပ်ပေးလိုက်ပါခင်ဗျား။Size 3.7 MB ရှိပါတယ်၊ Android OS 2.1 အထက်ဖုန်းအားလုံးမှာအသုံးပြုနိုင်ပါတယ်။ 






  Download Here

February 17, 2015

Titanium Backup ★ root Version 7.0.0.3 apk




Titanium Backup အသုံးပြုနည်းလေး အားလုံးသိပီးသားဖြစ်မယ်လို့့ ယုံကြည်ပါတယ် … Titanium Backup PRO ★ root v 7.0.0.3apkအသစ်ထွက်လို့တင်ပေးလိုက်ပါတယ် …ကြိုက်တယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ် သူငယ်ချင်းတို့ရယ်



Download Here

မိမိဖုန်းထဲ အကြောင်းအရာတွေကို ကြည့်မရအောင်လုပ်ပေးမယ်-Lockdown Pro - App Lock v2.1.1 apk




Android ဖုန်းကိုင်ဆောင်ထားသော ဘော်ဒါတွေ စိတ်ချလုံခြုံရမယ့် apk လေးတစ်ခု Lockdown Pro updated တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ Version သစ်လေးဖြစ်ပါတယ်ဗျာ။ ဒီကောင်လေးကတော့မိမိဖုန်းမှာ SMS, Gmail, Facebook, Whatsapp, SnapChat, Instagram, Viber, Line, တွေအပြင်အခြားသော App တွေကိုကိုယ်မသိပဲဖွင့်ကြည့်မရအောင် Pattern Lock, Classic Lock & Calculator Lock စသည့် 3 မျိုးထဲကကနေမိမိကြိုက်ရာနဲ့ရွေးပြီး lock ချထားလို့ရတဲ့ App လေးပါ။
ကိုယ်မသိပဲဖုန်းကိုဖွင့်လိုက်တာနဲ့ ဘာနဲ့ဖွင့်မလည်းဆိုတာပုံမှာပြထားတဲ့အတိုင်းမေးပါမယ်။ကိုယ်မသိတဲ့
လူကဝင်ရောက်ကိုင်တွယ်အသုံးပြုပါ lock ကိုမဖြည်နိုင်လျှင်ဓါတ်ပုံရိုက်ထားပေးမှာဖြစ်ပါတယ်။ကျနော် အောက်မှာ Screen Short ရိုက်ပြထားပါတယ်။ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့6.0MB ဖြစ်ပြီးAndroid : 2.3 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။
  

Download Here

February 16, 2015

Master Key Root for PC and Android (Root Master)



Android ဖုန်းတွေ root လုပ်တဲ့နေရာမှာ vroot လောက်တော့ နာမည်မကြီးဘူး ဒါပေမဲ့ လုပ်နိုင်တာကတော့ သိပ်မကွာဘူး။
ကျွန်တော်တော့ vroot ကပေါက်ပြီး access မပေးရင် ဒါလေးနဲ့ကစ်လိုက်တယ်... မိတ်ဆွေတို့တော့ အဆင်ပြေသလိုစမ်းပါ...

ဒါက တော့ pc version v2.7.1 ပါ။ မိတ်ဆွေတို့ အသုံးတည့်မယ်ဆိုရင် အောက်မှာဒေါင်းပါ...

DOWNLOAD EXE


ဒါလေးက ဖုန်းထဲကနေပြီး တစ်ခါတည်း root လို့ရတဲ့ apk လေးပါ.. အောက်မှာဒေါင်းပါ။

DOWNLOAD APK

ဖုန်းမျိုးစုံကို လွယ်ကူစွာRootလုပ်ပေးနိုင်တဲ့  ROOTx v2.2 ( Rev 3 ) Bat Tool



ဦးလေးကြီးလည်းမအားတာကြောင့်မတင်ဖြစ်တာတော်တော်ကြာပါပြီး
ဒါပေမယ့် ဦးလေးကြီး မိတ်ဆွေများကိုတော့ သတိရတာကြောင့် 
မအားတဲ့ ကြာကနေ တင်ပေးလိုက်ပါတယ် ပြီးတော့ ခုတင်ပေးမယ့် batလေးကတော့
လွယ်ကူလွန်းတဲ့ Batလေးပါ ပြီးတော့ ဆိုင်သမားတွေလည်း လုံးဝအသုံးဝင်ပါလိမ့်မယ်
ကဲဒီtoolလေးအသုံးပြုပုံလေးကတော့ မိမိတို့ အရင်အောက်မှာဒေါင်းယူပြီး ဒေါင်းယူလိုရလာတဲ့ 
zipကိုဖြည့်ပြီး ဖိုင်းအဖြစ်ပြောင်လဲသွားရင် Rootx_start ဆိုတဲ့ စာသားပေါ်သို့ ဝင်လိုက်ပါ
ပြီးပါက မိမိဖုန်းကို Usb Debugging မှာအရင်အမှန်ခြစ်ပါ ပြီးပါက မိမိတို့ Rootမလုပ်ခင်အရင်ဦးဆုံး
မိမိတို့ ဖုန်းအမျိုးအစားအလိုက် driverကိုထည့်သွင်းထားပါ မထည့်သွင်းထားလျှင် ဒီBatက မိမိတို့ ဖုန်းကိုသိမှာမဟုတ်ဘူးနော်
 ပြီးပါကbatကိုဖွင့်ပါ မိမိတို့ ဖုန်းနဲ့ pcကိုချိပ်ဆက်လိုက်ပါ 
batတတ်လာတာနဲ့ သင့်1ကိုပဲနှိပ်ပေးလိုက်ပါ autoလုပ်ဆောင်ပေးလိမ့်မယ်
သူဘာသာသူလုပ်ဆောင်ပြီးပါဝါကျပြီးပြန်တတ်လာနဲ့ သင့် Rootလုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီး
ဦးလေးကြီးစမ်းသပ်ခဲ့ တဲ့ ဖုန်းများကတော့  GALAXY Y,Y DUOS-HTC-GALAXY S SERIES-SONY EXPERIA Z, J, L-SAMSUNG ACE,ACE DUOS-Samsung gt I5510/I550--Samsung galaxy Note/Note 2--Samsung Galaxy S4--Samsung galaxy Grand--စသည်ဖုန်းများကိုအဆင်ပြေစွာRootဖောက်တာအောင်မြင်ခဲ့ ပါတယ်-အထူးသတိပေးချက် မိမိတို့  ကျွမ်းကျင်ပေါ်မှုတည်ပြီး firmware ကျသွားတာတို့  Errorဖြစ်ခဲ့ ရင်တော့ ဦးလေးကြီးနဲ့ မဆိုင်ပါ
အောက်မှာမိမိတို့ လိုအပ်ရင်အောက်မှာဒေါင်းယူသွားလိုက်ပါ




February 13, 2015

နားကြပ်နှင့် စမတ်လက်ပတ်များကို အမေရိကန်တွင် ရောင်းချရန် Xiaomi စီစဉ်နေ



တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်သော Xiaomi သည် ၎င်း၏ ထုတ်ကုန်များကို အမေရိကန်တွင် လအနည်းငယ်အတွင်း အွန်လိုင်းမှတစ်ဆင့် စတင်ရောင်းချရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။
အမေရိကန်တွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမည့် ထုတ်ကုန်များ၌ Mi, Mi Note နှင့် Redmi စမတ်ဖုန်းများနှင့် Mi Pad tablet တို့မပါဝင်ဘဲ နားကြပ်များ၊ Mi Band စမတ်လက်ပတ်များနှင့် အခြားသော တွဲဖက်ပစ္စည်း အသုံးအဆောင်များကိုသာ ရောင်းချသွားမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။
အဆိုပါ အွန်လိုင်းမှတစ်ဆင့် ထုတ်ကုန်များ ရောင်းချရန် စီစဉ်ခြင်းသည် Xiaomi ၏ အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ပထမဦးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ Apple ဟု တင်စားခေါ်ဝေါ်ခံရသည့် Xiaomi သည် ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။ ၎င်း၏ ထုတ်ကုန်တန်ဖိုးသည် ပြိုင်ဘက် ထုတ်ကုန်များ၏ တန်ဖိုးထက် ထက်ဝက်ခန့်သာရှိသည်။ အဆိုပါ ကုမ္ပဏီသည် ကမ္ဘာ့တန်ဖိုးအရှိဆုံး starup တစ်ခု ဖြစ်လာခဲ့ပြီး ကုမ္ပဏီ၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိလာခဲ့သည်။
Google အမှုဆောင်အရာရှိချုပ်ဟောင်း ဟူဂိုဘာရာသည် ၂၀၁၃ ခုနှစ်တွင် Xiaomi နှင့် ပူးပေါင်းကာ ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
၂၀၀၅ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Xiaomi သည် လေးနှစ်ခွဲကာလတွင် များစွာတိုးတက်ပြောင်းလဲလာခဲ့ပြီး Google ၏ Android OS ၏ မူကွဲတစ်ခုဖြစ်သော MIUI operating system ကို အသုံးပြုသူဦးရေ သန်း ၁၀၀ ကျော် ရှိလာခဲ့သည်။
လက်ရှိတွင် Xiaomi သည် တရုတ်နိုင်ငံ၏ စမတ်ဖုန်းရောင်းချမှုတွင် ဦးဆောင်လျက်ရှိပြီး လစဉ် activate ပြုလုပ်သည့် Android ဖုန်း ၈ လုံးတွင် ၅ လုံးမှာ Xiaomi စမတ်ဖုန်းများ ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
Ref: CNET

မျိုးဆက်သစ် Apple ထုတ်ကုန်များအတွက် A9 ချစ်ပ်များကို Samsung ထုတ်လုပ်သွားမည်







Samsung သည် Apple ၏ မျိုးဆက်သစ် iPhone နှင့် iPad များအတွက် A9 ချစ်ပ်များကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Re/code သတင်းဌာနမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် လအနည်းငယ်ခန့်က Samsung သို့မဟုတ် Taiwan Semiconductor   Manufacturing Company (TSMC) တို့အနက် တစ်ခုသည် Apple ၏ A9 ချစ်ပ်များကို ထုတ်လုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယခုအခါတွင် Samsung သည် TSMC ကုမ္ပဏီထက် လက်ဦးမှုရယူကာ A9 ချစ်ပ်များကို ထုတ်လုပ်ခွင့် ရရှိခဲ့သည်။ Apple သည် ၂၀၁၃ ခုနှစ်က Samsung ဖြင့် ပူးပေါင်းမှုကို လျှော့ချရန်အပြင် စက်ပစ္စည်း အစိတ်အပိုင်းများစွာ ထုတ်လုပ်ရန် မျှော်လင့်ချက်ဖြင့် TSMC နှင့်ချစ်ပ်ထုတ်လုပ်မှု သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၁၄ ခုနှစ်က TSMC နှင့် Samsung သည် iPhone 6 နှင့် iPhone 6 Plus အတွက် 20-nanometer A8 နှင့် A8X ပရိုဆက်ဆာများကို ထုတ်လုပ်ပေးခဲ့ပြီး နောက်ပိုင်းတွင် TSMC ကသာ ၎င်းပရိုဆက်ဆာ များစွာကို ထုတ်လုပ်ခဲ့သည်။
ထိုအချိန်တွင် Samsung ၏မိုဘိုင်းဌာနသည်  စမတ်ဖုန်းရောင်းချမှုတွင် အမြတ်ငွေများ ဆုံးရူံးနေပြီး ကုမ္ပဏီအနေဖြင့် အရှုံးကို ကာမိစေရန် semiconductor လုပ်ငန်းကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသုံးလပတ် စာရင်းရှင်းတမ်းတွင် Samsung သည် Apple အတွက်ချစ်ပ်များ ထုတ်လုပ်ပေးခဲ့ပြီး ဝမ်၂.၇ ထရီလီယံ ရရှိခဲ့သည်။
Samsung သည် Apple အတွက် A9 ချစ်ပ်များ ထုတ်လုပ်ပေးနေပြီး TSMC ၏ထုတ်လုပ်မှုထက် ကျော်လွန်၍ 14-nanometer ချစ်ပ်လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ 14-nanometer ချစ်ပ်သည် ပိုမိုအရွယ်အစား သေးငယ်သည့် ချစ်ပ်များဖြစ်ပြီး စွမ်းအင်သုံးစွဲမှု သက်သာသည်။
Ref: Macrumors

February 11, 2015

ပီစီအသေးစားလေးများရဲ့ စွမ်းပကား




ကဏ္ဍအလိုက် နည်းပညာတိုး တက်မှုတွေက ဆယ်စုနှစ်တွေကို ဖြတ်ကျော်ရင်း အရှိန်အကောင်းဆုံး အချိန်ကို ရောက်လာခဲ့တယ်။ နည်းပညာ တစ်ခုချင်းရဲ့ တိုးတက်မြင့်မား လာမှုတွေအပေါ် အံ့သြရတာထက် နည်းပညာတစ်ခုနဲ့ တစ်ခုပေါင်းစပ် အသုံးချနိုင်မှုက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလှတယ်။ နည်းပညာ အမျိုးမျိုးကို တစ်နေရာရာမှာ ဆုံတွေ့စေပြီး အသုံးပြုလိုက်တဲ့အခါ လှုပ်လှုပ်ရွရွ ဝမ်းသာအားရ ကြိုဆိုစရာ ဖြစ်သွားတော့တယ်။ စက်မှုတော်လှန်ရေး စတင်ချိန်ကဖြစ်ဖြစ်၊ နည်းပညာ တော်လှန်ရေး အစပိုင်းမှာဖြစ်ဖြစ် ထုထည်ပမာဏ ကြီးကြီးနဲ့လေးလံလှတဲ့ စက်တွေ၊ ကိရိယာတွေကို ပထမဆုံး ဖန်တီးယူကြရတယ်။ ရင်းနှီးကျွမ်းဝင် လာတဲ့အခါ ဆင့်ကဲဖြစ်စဉ်တွေနဲ့ အသုံးချယူတဲ့ စက်တွေ၊ ကိရိယာတွေကို အတတ်နိုင်ဆုံး သေးငယ်ပေါ့ပါးနိုင်ဖို့ တစ်ဆင့်ချင်း လျှော့ချယူကြ ပြန်တယ်။
ဒီနေ့ခေတ်ပိုင်းက mobility လို့ခေါ်တဲ့ သွားလာလှုပ်ရှားရင်း လုပ်ကိုင်ခွင့်ရနိုင်မယ့် အခွင့်အလမ်းကို ပိုပြီးဦးစားပေး တောင့်တကြတယ်။ ဒီအတွက် ကွန်ပျူတာစနစ် ထည့်သွင်း တည်ဆောက်ထားတဲ့ မိုဘိုင်းဖုန်းတွေနဲ့ Tablet တွေ ခေတ်စားနေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ မိုဘိုင်းအဆင့်နဲ့ စားပွဲပေါ်တင် သုံးတဲ့စနစ် နှစ်ခုတို့ရဲ့ ကွန်ပျူတာစနစ်ကို အသုံးချနိုင်တဲ့ အင်အားချင်း ကွာခြားနေဆဲ ဖြစ်တယ်။ ဒီအတွက် ပီစီကွန်ပျူတာ ထုတ်လုပ် ရောင်းချနိုင်တဲ့ ဈေးကွက်အနေနဲ့ အရင့်အရင်က နှုန်းထားတွေလောက် တိုးတက်မှု နှုန်းထားအားရစရာ သိပ်မကောင်း လှပေမယ့် နိမ့်ကျသွားတဲ့ အခြေအနေ မရှိခဲ့ပေ။ ထုထည်ကြီးမားမှု၊ လေ့လာမှုဆိုတဲ့ အကြောင်းပြချက်တွေကို အတတ်နိုင်ဆုံး ဖယ်ရှားပြီး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်စေမယ့် ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ရောင်းချ မှုတွေအပေါ် ဝယ်ယူအသုံးပြု သူတွေ စိတ်ဝင်စားမှု ရှိကြတယ်။

တစ်ချိန်တည်းမှာပင် display technology များရဲ့ တိုးတက် ပြောင်းလဲမှုတွေကလည်း ထူးထူးခြားခြား ရှိခဲ့တယ်။ ရုပ်မြင်သံကြား ကြည့်ရှုနိုင်တဲ့ display တွေက ကွန်ပျူတာ မော်နီတာသဖွယ် အသုံးပြုနိုင်ကြတယ်။ နောက်ဆုံး Smart TV များပင် ပေါ်ထွက်နေပြီဖြစ်တယ်။ ဒီအတွက် အလွယ်တကူ သယ်ယူသွားနိုင်တဲ့ ကွန်ပျူတာစနစ်သုံး မိုဘိုင်းကိရိယာ လေးတွေနဲ့ ဆက်သွယ်အသုံးပြုခွင့် အလွယ်တကူ ရနိုင်ကြတယ်။

၂၀၁၅ ခုနှစ် CES  ပြပွဲကြီးမှာ Intel ကုမ္ပဏီက Compute Stick ကို Windows 8.1 စနစ်နဲ့ အသုံးပြုနိုင်ကြောင်း မိတ်ဆက်ပြသခဲ့တယ်။ USB Thumb Drive ပုံစံလေးဖြစ်ပြီး Windows 8.1 နဲ့ ထုတ်လုပ်တဲ့ ပုံစံအတွက် ၁၄၉ ဒေါ်လာနဲ့ ရောင်းချပါလိမ့်မယ်။ မိမိတို့အိမ်မှာ အသုံးပြုတဲ့ LCD- TV ဒါမှမဟုတ် LED-TV နဲ့ တွဲဖက်ပြီး ကွန်ပျူတာ တစ်လုံးလို အသုံးပြုနိုင်တယ်။ Intel quad-core Atom CPU ထည့်သွင်း အသုံးချထားပြီး 2GB RAM နဲ့  32 GB Storage တို့ ထည့်သွင်း တည်ဆောက်ထားတယ်။ USB Port တစ်ခုပါတယ်။ WiFi နဲ့ Bluetooth 4.0 ကိုပံ့ပိုး ဆောင်ရွက်စေတယ်။ ပါဝါအတွက် mini USB နဲ့ ဆက် သွယ် အသုံးပြုနိုင်တယ်။ တကယ် လို့ 1GB RAM နဲ့ 8 GB Storage ပါဝင်ပြီး Linux စနစ်နဲ့လည်ပတ် ဆောင်ရွက်စေတဲ့ ပုံစံကိုအလိုရှိ တယ်ဆိုရင် ၈၉ ဒေါ်လာနဲ့ပင် ရနိုင်မယ်လို့ ကြေညာသွားတယ်။ ဈေးကွက် အသီးသီးကို ၂၀၁၅ ခုနှစ် မတ်လအတွင်း ရောက်စေရမယ် လို့ CES ပြပွဲကြီးမှာ ပြောကြားခဲ့တယ်။ အသုံးပြုတဲ့ လည်ပတ် စနစ်ပေါ်မူတည်ပြီး လိုအပ်တဲ့ apps တွေကို အသုံးချနိုင် စေပါလိမ့်မယ်။ အင်္ကျီအိတ်ထဲ ဆောင်သွားပြီး ရောက်ရာအရပ်မှာ ရှိတဲ့ TV နဲ့ ဆက်သွယ်ပြီး ကွန်ပျူတာ တစ်လုံးလို အသုံးချနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အလွယ်တကူ  လိပ်ယူသယ်သွားနိုင်တဲ့ Keyboard နဲ့ Mouse တော့ တွဲဖက်အသုံးချဖို့ လိုပါလိမ့်မယ်။
CES ပြပွဲကြီးပြီးလို့ ရက်သတ္တပတ် နှစ်ပတ်အကြာမှာ အလားတူ အိတ်ဆောင် ပီစီလေးတစ်မျိုးကို Hannspree ကုမ္ပဏီက မိတ်ဆက်လာပြန်ပါတယ်။ "PC on a Stick"လို့ ဆိုညွှန်းပြီး HannsG Hannspree Micro-PC လို့ခေါ်တွင် စေပါတယ်။ Hannspree အမှတ်တံဆိပ်ကို တီဗွီနဲ့ မော်နီတာများမှ တစ်ဆင့် အသုံးပြုသူများ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ကြပါလိမ့်မယ်။ တရုတ် (တိုင်ပေ) နိုင်ငံ HannStar Display Corporation က ထုတ်လုပ်တဲ့ အမှတ်တံဆိပ် ဖြစ်တယ်။ ယခုအခါ Notebook တို့ Laptop တို့ Tablet ကွန်ပျူတာတို့ကိုပင် ထုတ်လုပ်နေပြီ ဖြစ်တယ်။ Intel ရဲ့ Compute Stick လိုပင် USB Thumb drive ပုံစံအရွယ်သာ ရှိတယ်။ 1.83 GHz Intel  Atom Z3735F quad-core ပရိုဆက်ဆာကို သုံးထားပြီး 2GB RAM နဲ့ 32 GB-Storage တို့ ပါဝင်တယ်။ 802.11  b/g/n WiFi နဲ့ bluetooth 4.0 ကြိုးမဲ့စနစ်တို့ကို လုပ်ကိုင်ဆောင်ရွက် နိုင်တယ်။ USB Port တို့ micro USB Port တို့နဲ့ micro SD Card reader တို့ ပါဝင်တဲ့အပြင် HDMI connection ကိုလည်း အသုံးချနိုင်မှာ ဖြစ်တယ်။ Micro SD slot အနေနဲ့ 64 GB Storage အထိ လက်ခံဆောင် ရွက်ပေးနိုင်တယ်။
Intel Atom Z3735F Pro-cessor အနေနဲ့ 646MHz အထိ clock speed ရရှိနိုင်တဲ့ Intel HD graphic ပါဝင်ပြီး ဖြစ်တဲ့အတွက် Multimedia နဲ့ casual gaming ကိစ္စများကို လုပ်ကိုင်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်။ ၁၀၀ မီလီ ×  ၃၈ မီလီ × ၉.၈ မီလီ အရွယ်အစားနဲ့ ၃၈ ဂရမ်သာလေးတဲ့ microPC လေး ဖြစ်တယ်။ HDMI  display နဲ့ ဆက်သွယ်ပြီး Windows 8.1 လည်ပတ်စနစ်နဲ့ လုပ်ကိုင်ပေးနိုင်တယ်။ ၂၅၇ ဒေါ်လာနဲ့ ရောင်းချပါလိမ့်မယ်။ ဒါပေမဲ့ Windows 8.1 လိုင်စင်ဗားရှင်းကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တယ်။
ဒီလို Micro PCs ပုံစံတွေ နှစ်ဦးပိုင်းမှာ မိတ်ဆက်လာခဲ့ပြီးတဲ့နောက် မကြာသေးခင်က Mouse လေးတစ်ခုအတွင်း ကွန်ပျူတာစနစ်ကြီး တစ်ခုလုံး ထည့်သွင်းပြီး ရောင်းချတော့မယ့် Mouse-Box ဆိုတဲ့ ပီစီအသေးစားလေး ထွက်ပေါ်လာ ပြန်ပါတယ်။ ပိုလန်နိုင်ငံသား အင်ဂျင်နီယာတွေက တီထွင်ထုတ်လုပ်ခဲ့တာလို့ သိရတယ်။ Mouse ကိရိယာလေးအတွင်း ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ထည့်ပေးလိုက်တာလို့ ဆိုရပါလိမ့်မယ်။ 1.4GHz Dual Core ARM CPU နဲ့ 128 GB Flash storage တို့ပါရှိတယ်။ USB 3.0 Port (၂) ခု ပါရှိပြီး micro-HDMI output နဲ့ WiFi Connectivity တို့ ကိုလည်း အသုံးပြုခွင့် ရနိုင်တယ်။ မော်နီတာ ဒါမှမဟုတ် တီဗွီတစ်ခုရှိမယ်။ ကီးဘုတ်တစ်ခု ရှိမယ်ဆိုရင်ပင် ပေါပေါ့ပါးပါး ရှိလှတဲ့ လည်ပတ်စနစ် တစ်ခုခုနဲ့ ကွန်ပျူတာ တစ်လုံးကို အသုံးပြုခွင့်ရသလို ခံစားခွင့်ရမှာ ဖြစ်တယ်။ Chrome OS ဒါမှမဟုတ် Linux စနစ်နဲ့ အံဝင်ခွင်ကျ အသုံးချနိုင် ပါလိမ့်မယ်။
ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ Phablet နဲ့ Tablet တို့ရဲ့ဈေးကွက်က ပေါ်ပြူလာ ဖြစ်လာပေမယ့်၊ ပီစီဈေးကွက်အတွက် ထိန်းချုပ်ထားနိုင်စေဖို့ ပေါ့ပေါ့ပါးပါး သွယ်သွားလို့ရတဲ့ Ultrabook တွေ၊ minibook တွေ အပြင် Mini PCs တွေနဲ့ Micro PCs တွေနဲ့ ကျားကန်ထားတဲ့ အတွက် ၂၀၁၅ ခုနှစ်အတွင်းမှာ ကွန်ပျူတာ စနစ်အမျိုးမျိုးရဲ့ ဈေးကွက် နေရာလုပွဲက ပို၍ကြည့်လို့ ကောင်းလာကြောင်း တင်ပြလိုက်ရပါတယ်။

Write Protect ပြုလုပ်ထားသည့် SD Card များကို Format ပြုလုပ်ခြင်း


တစ်ခါတစ်လေမှာ Write-Protect ပြုလုပ်ထားတဲ့ SD Card, Flash Drive တွေကို Format ပြုလုပ်လိုတဲ့အခါမှာ Switch ပါရှိတဲ့ Drive တွေဟာ အလွယ်တကူနဲ့ Switch ကို အဖွင့်အပိတ် ပြုလုပ်ပြီး Format ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော SD Card တွေဟာ Write Protect ပြုလုပ်တဲ့ Switch  မရှိဘဲ Write-Protect ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အထဲက ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေ၊ SD Card ကို Format ပြုလုပ်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Write-Protect ကို Registry ကနေ ဖယ်ရှား ရှင်းလင်းနည်းနဲ့ Command Prompt ကနေ ဖယ်ရှားနည်း နှစ်နည်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Registry ကနေ ဖယ်ရှားမယ့် နည်းလမ်းကတော့ ပထမဆုံး Run Box ကို ဖွင့်ပြီး Regedit လို့ ရိုက်ထည့် လိုက်ပါ။ ပြီးသွားရင် HKEY_LOCAL_MACHINE ကို ရွေးရမှာ ဖြစ်ပါတယ်။ HKEY_LOCAL_MACHINE  အောက်ရောက်ရင် SYSTEM ကို ရွေးပေးရပါမယ်။ အဲဒီ အောက်ကမှ Current ControlSet\Control\Storage ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးသွားရမှာ ဖြစ်ပါတယ်။
Stroage ဆိုတဲ့အောက်ကို ရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Write Protect  ဆိုတဲ့ ဖိုင်လေးကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်လေးကို Double Click နှိပ်ပြီး တန်ဖိုးနေရာမှာ 0 ပေးထားလိုက်ပါ။ ပြီးသွားရင်တော့ Registry ထဲက ထွက်ပြီး ကွန်ပျူ တာကို Restart ပြုလုပ်ပေးလိုက်ရင် အဆိုပါ SD Card ဒါမှ မဟုတ် USB Drive တွေကို Write Protect ပြုလုပ်ထားတာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
Command Prompt ကနေ ပြုလုပ်ချင်သူတွေအနေနဲ့ Command Prompt ကို ဖွင့်ဖို့အတွက် Run Box မှာ cmdဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ Windows 8 အသုံးပြု သူတွေဆိုရင်တော့ cmd ကို ရိုက်ထည့်ပြီးရင် Run as Administrator ဆိုတာကို ရွေးချယ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြပါ Command တွေကို တစ်
ဆင့်ချင်းအသုံးပြုရမှာ ဖြစ်ပါတယ်။
ပထမဆုံး diskpart ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Diskpart လမ်းကြောင်းအောက် ရောက်သွားပြီဆိုရင် list disk ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ တပ်ဆင်ထားတဲ့ Stroage Device တွေ အကုန်လုံးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် select disk  x (x ဆိုတဲ့ နေရာမှာ မိမိ Write Protect ဖယ်ချင်တဲ့ Device ရဲ့ နံပါတ်ကို ရွေးပေးရမှာ ဖြစ်ပါတယ်) ဆိုတာကို ရိုက် ထည့်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ attributes disk clear readonly ဆိုတာကို ရိုက်ထည့်ပြီး နောက်တစ်ကြောင်းမှာ clean ဆိုပြီး ထပ်မံ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဖိုင်တွေကို ရှင်းပြီး သွားပြီဆိုရင် Partition  ပြုလုပ်ပေးဖို့အတွက် create partition primary ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ formatfs=ntfs ဆိုပြီး ရိုက်ထည့်လိုက်ရင် Write Protect မိနေတဲ့ Device တွေကို Disk Part ပေါ်ကနေ ဖယ်ရှားပေးပြီး Format ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

February 7, 2015

Fishing Paradise 3D Version : 1.12.5 for Android Phone (ငါးမျှောဝါသနာပါသူများအတွက်)


fishas
ကဲငါးမျှောတာကို ၀ါသနာပါသူများအတွက်..တကယ့်လက်တွေ့ဘ၀မှာ အကြောင်းအမျိုးမျိုးကြောင့် ငါးမမျှောနိုင်သော်လည်း...မပူကြပါနဲ့...အခုကျွန်နော်တင်ပေးလိုက်တဲ့ Apps ဟာ..တကယ့်လက်တွေ့ငါးမျှောတဲ့ အတွေ့ကြုံလိုထပ်တူခံစားစေရမယ့် Fishing Paradise 3D apk လေးဖြစ်ပါတယ်..တကယ်လို့သင့်ရဲ့ဖုန်းမှာ ကော်နချိန်လေးက နည်းနည်းလေးမြန်လို့ရှိရင်..Group လိုက်ဆော့လို့လည်းရပါတယ်..Online ဆော့လို့ရတဲ့ ဂိမ်းဆိုတော့ တစ်ကမ္ဘာလုံးကလူတွေနဲ့ ငါးမျှောရင်း တွေ့နိုင်ပါတယ်....တကယ်လို့ကိုယ်က ငါးမျှောတဲ့နေရာမှာ..နည်းနည်းလေးတော်တယ်ဆိုရင်...:) မိမိကိုယ်ပိုင်..ကန်လေးကိုရရှိနိုင်ပါတယ်..မိမိပိုင်တဲ့ ကန်လေးကိုရရှိခဲ့ရင်တော့ တကယ်လို့သူများတွေက ကိုယ့်ကန်မှာ ငါးလာမျှောကြရင်..ကိုယ်က ပိုက်ဆံလေးတွေ ရနိုင်တာပေါ့ဗျာ...အားလုံးပဲ..ပျော်စရာ 3D ငါးလေးတွေကို..မျှောရင်..စိတ်ပြေလက်လက်ပြေ.အပန်းဖြေနိုင်ကြပါစေလို့..ဆုတောင်းလိုက်ပါတယ်..
File size: 39mb
Current Version : 1.12.5
Required Android version: 2.3.3 and up
Google Play Download counts : 50,000,000
ဒေါင်းလုပ်ယူရန်