Related Posts Plugin for WordPress, Blogger...

November 20, 2015

The Irrawaddy's Blog

The Irrawaddy's Blog


အင်ဒိုနီးရှားမှာပြုလုပ်တဲ့မစ္စတာအာရှသံတမန်ဆုကို မြန်မာနိုင်ငံမှ မော်ဒယ်လ်နေဦးခ ရရှိ

Posted: 19 Nov 2015 09:54 PM PST


မစ္စတာအာရှသံတမန်ဆုရရှိသူ မော်ဒယ် နေဦးခ

မြန်မာနိုင်ငံက မော်ဒယ်လ် နေဦးခ ဟာ အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာ ၃ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ Mister Asia Ambassador 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ Top Ten World Final  မှာ Mister Asia Ambassador (မစ္စတာ အာရှသံတမန်) ဆုကို ရရှိခဲ့ပါတယ်။ နေဦးခဟာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ မစ္စတာအာရှသံတမန်ဆုအပြင် ပုဂံအကနဲ့  ရခိုင်ရိုးရာမင်းညီမင်းသား ၀တ်စုံနဲ့လည်း Talent  ဆုကို ရရှိခဲ့ပါသေးတယ်။


အသက် ၁၈နှစ်သာ ရှိသေးသော မော်ဒယ်လ် နေဦးခဟာ ပြိုင်ပွဲမ၀င်ခင် တလခွဲအလိုလောက်မှသာ Mister Of Myanmar Organization နဲ့ ဆက်သွယ်မိပြီး ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။



အနုပညာလှုပ်ရှားမှုအနေနဲ့လည်း ပထမဆုံးလှုပ်ရှားမှုဖြစ်ပြီး ပြိုင်ပွဲဝင်အားလုံးထဲမှာလည်း အသက်အငယ်ဆုံးလို့ ဆိုရပါမယ်။

ဒါ့ထက် ဒီပြိုင်ပွဲဟာ သူ့ရဲ့ပထမဆုံးပြည်ပပြိုင်ပွဲလည်းဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments:

Post a Comment