The Irrawaddy's Blog |
| Posted: 25 Nov 2015 02:00 AM PST Handmade ပစ္စည်းလေးတွေဟာ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သုံးစွဲဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်။ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ Handmade ပစ္စည်းလေးတွေကို လူငယ် အတော်များများက သဘောကျကြပါတယ်။ အရင်တုန်းက မိမိချစ်တဲ့သူအတွက် ဆုတောင်းပေးချင်ရင်ပဲဖြစ်ဖြစ်၊ အမှတ်တရဖြစ်စေမယ့် ကြိုးကြာငှက်ပုံစံစက္ကူရုပ်လေးတွေကို ခေါက်ပြီး ဖန်ပုလင်းထဲလက်ဆောင်ထည့်ပေးခဲ့တာ ခေတ်စားခဲ့ ပါသေးတယ်။ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ်နဲ့ ရင်းနှီးချစ်ခင်သူတွေကို မွေးနေ့လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ နှစ်ပတ်လည်နေ့လက်ဆောင်ပေးတာမျိုး၊ အခမ်းအနားတခုခုမှာ ဆင်ယင်အသုံးပြုတာမျိုး၊ ကိုယ်ကိုယ်တိုင်သုံးတာမျိုး၊ ဘယ်လိုပဲသုံးသုံးအဆင်ပြေစေပါတယ်။ ဒီတပတ်မှာ ပန်းပွင့်ပုံစံ Handmade ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ သူတို့ဟာပန်းပွင့်ပုံစံရှိနေတဲ့အတွက် အလှူ၊မင်္ဂလာဆောင်စတဲ့နေရာတွေမှာ အလှဆင်ဖို့အတွက် သင့်တော်စေမှာပါ။ ပိုက်ဆံလည်း အကုန်အကျမများဘဲ ချစ်စရာကောင်းပြီးမျက်စိပသာဒဖြစ်တာမို့တင့်တင့်တယ်တယ်ရှိပါတယ်။ပြုလုပ်ရမှာလဲ အခက်အခဲမရှိဘဲမိမိလိုချင်တဲ့ပုံစံကို ပြုလုပ်နိုင်ပါတယ်။ အဖိုးတန်ပစ္စည်းလက်ဆောင်ပေးတာထက် ဒီလို ကိုယ်ချစ်ရတဲ့သူက Handmade ပေးတာကတော့ ပေးရတဲ့သူအတွက်ရော၊ လက်ဆောင်ရရှိတဲ့သူအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရဖြစ်စေတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား။ ဒီတော့ကိုယ်ချစ်ရတဲ့ခင်ရတဲ့သူကို အချိန်နည်းနည်းပေးပြီး ကိုယ်ရဲ့အိုင်ဒီယာလေးနဲ့ ချစ်စရာ Handmade လက်ဆောင်လေးများပြုလုပ်ပြီး ကိုယ့်ရဲ့မေတ္တာကိုဖော်ညွှန်းပြလိုက်ပါလား။ ထက်ဦးဝေ | ||
| ဆုကြေးကျပ်သိန်းတရာ့ငါးဆယ်ချီးမြှင့်မယ့်အဆိုပြိုင်ပွဲတွင်ဖြူဖြူကျော်သိန်းအကဲဖြတ်ဒိုင်အဖြစ်ပါဝင်မည် Posted: 25 Nov 2015 12:34 AM PST
မြန်မာပြည်အနှံ့အပြားက အဆိုရှင်များစွာပါဝင်ယှဉ်ပြိုင်ကြကာ အဲ့ဒီထဲကမှ နောက်ဆုံးစကာတင် ၁၀ ယောက်ကို ရွေးချယ်ထားတဲ့ The One Star–Singing Dancing & Performing Contest ပြိုင်ပွဲကို စ တင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်၊မန္တလေး နဲ့ တောင်ကြီးမြို့ကြီးများကို သွားရောက်ပြီး နောက်ဆုံးစကာတင်ရွေးချယ်ထားတဲ့ ၁၀ ဦးကို ထိုင်းနိုင်ငံမှ အဆိုအက ကျွမ်းကျင်ပညာရှင်များနဲ့အတူ လေ့လာ၊ လေ့ကျင့်မှုများကို ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဲဒီ ၁၀ ဦးထဲက ၁ ဦးကို winner အဖြစ်ရွေးချယ်ပြီး ဆုငွေကျပ်သိန်းတရာနဲ့အတူ အခြားသော အခွင့်အရေးများစွာကို ရရှိစေမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Princess Iris Entertainments မှ စီစဉ်တင်ဆက်တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်မယ့် တေးသံရှင်ဖြူဖြူကျော်သိန်းက "ဖြူဖြူအနေနဲ့ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ပွဲတွေမှာ များသောအားဖြင့်အဆိုကိုပဲ အကဲဖြတ်ခဲ့ရတာ များပါတယ်။ အဆိုကိုအသားပေးခဲ့ရတာ များပါတယ်။ ဒီပွဲကတော့ အဆိုပညာတခုထဲတင်မကဘဲနဲ့ အကနဲ့ တင်ဆက်မှုပိုင်းတွေကိုပါ မျှပြီးတော့ အကဲဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖြူဖြူတို့ ဒိုင်သုံးယောက်လုံးသေချာ ညှိနှိုင်းပြီးတော့ အကဲဖြတ်ပေးခဲ့ကြ တယ်။ နောက်တခုက ကလေးတွေရဲ့ နောက်တဆင့်မှာဘယ်လောက်ထိ တိုးတက်ပြောင်းလဲလာနိုင်မလဲ စိတ်ရဲ့ခံယူချက် ဘယ်လိုရှိလဲ၊ Teamwork ကို ဘယ်လိုလုပ်သလဲ အဲဒီအပေါ်မူတည်ပြီး အကဲဖြတ်အမှတ်ပေးသွားတဲ့ စနစ်လေးပါ။ နောက်ပြီးဖြူဖြူတို့ ဂီတလောကက သူများထက် အများကြီးနောက်ကျနေတဲ့အတွက် အခုချိန်လောက်ကစပြီး အမြန်အမီလိုက်မှ ဖြစ်တော့မှာပါ။ ကိုယ်တွေဆိုရင် အချိန်တောင်လွန်သွားခဲ့ ပြီလို့ ပြောလို့ရပါတယ်။ အခုပြိုင်ပွဲဝင်မောင်လေး ညီမလေးတွေကို ကမ္ဘာကျော်မယ့် မြန်မာနိုင်ငံက ကြယ် ပွင့်လေးတွေအဖြစ် ဖြူဖြူမသေခင်တော့ မြင်ဖူးသွားချင်ပါတယ်"လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ The One Star-Singing Dancing & Performing Contest ပြိုင်ပွဲယှဉ်ပြိုင်မှုများကို နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ပြီး အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှာ SkyNet Music Channel မှ ပြသသွားမှာ ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံမှ တေးသံရှင်ဖြူဖြူကျော်သိန်း၊ မင်းသား ရန်အောင်နဲ့ ထိုင်းနိုင်ငံမှ ဒါရိုက်တာ kreangsak kreankrainiyom တို့က ဆောင်ရွက်ပေးကြမှာပါ။ အခုနောက်ပိုင်း အဆိုပြိုင်ပွဲများစွာရှိလာပြီး အဲ့ဒီထဲကမှ ပရိသတ် ကြိုက်နှစ်သက်အားပေးမှုများ ရရှိထားတဲ့ အောင်မြင်တဲ့ပြိုင်ပွဲများစွာလည်းရှိနေတဲ့အတွက် ယခုပြုလုပ်လာမယ့် The One Star–Singing Dancing & Performing Contest ပြိုင်ပွဲကလည်း ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်လာမယ့် အစီအစဉ်တခု ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ယုမွန်ကျော် |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |











0 comments:
Post a Comment