Related Posts Plugin for WordPress, Blogger...

November 10, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ဆေးလိပ်ရဲ့ မကောင်းကျိုးတွေ

Posted: 09 Nov 2015 11:00 PM PST




ဆေးလိပ်ကသောက်သုံးသူကိုယ်တိုင်အတွက် အဆုတ်ကင်ဆာဖြစ်မှုနဲ့ ၉၀ ရာခိုင်နှုန်းလောက် ဆက်စပ်နေတဲ့အပြင် နှုတ်ခမ်း၊ လျှာ၊ ခံတွင်း၊ ဆီးအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာပါ။ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါ၊ နာတာရှည် အသက်ရှူ လမ်းကြောင်းရောဂါ တွေနဲ့လည်း ဆက်စပ်နေတာပါ။ ပိုဆိုးတာက ကိုယ်တိုင်မသောက်ဘဲ ကိုယ့်နံဘေးမှာရှိနေသူတွေ (Secondhand smoker ) ကိုလည်း ဒုက္ခပေးပုံက ကလေးငယ်တွေမှာ နားပြည်ယို၊ ရင်ကျပ်၊ ချောင်းဆိုးနဲ့ အဆုတ်ရောင်တာတွေ ဖြစ်စေသလို၊ အမြဲရှူရှိုက်နေရသူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်စေပါတယ်။ ကိုယ်တိုင်ရော၊ သူတပါးအတွက်ပါ ဒုက္ခပေးတဲ့ ဆေးလိပ်ကိုတတ်နိုင်သမျှ လျှော့ချ၊ ရှောင်ကျဉ်၊ ဆင်ခြင်ကြဖို့ သတိပြုသင့်ပါတယ်။ ။

ဘုန်းတော်ကြီးတွေ သရုပ်ပြတဲ့ ရှောင်လင်သိုင်းအနုပညာနှင့် ယဉ်ကျေးမှုပွဲတော်

Posted: 09 Nov 2015 09:07 PM PST



 နိုဝင်ဘာ ၈ ရက်နေ့က တရုတ်ပြည် ဖုဂျင်းခရိုင် Putian မြို့မှာ ပဉ္စမအကြိမ်မြောက် တောင်တရုတ်ရှောင်လင် သိုင်းအနုပညာနှင့် ယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့ကာ ကွန်ဖူးဘုန်းတော်ကြီးများက သရုပ်ပြဖျော်ဖြေခဲ့ပါတယ်။


ဒီယဉ်ကျေးမှုပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တရုတ်လူမျိုးတွေရဲ့ ဗုဒ္ဓ ယဉ်ကျေးမှုတွေကို ကျောင်းတွေ လူငယ်တွေကြား ပျံ့နှံ့ပြန်ပွားစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကွမ်ဇူးပြည်နယ်ရှိ Qingyuan တောင်တန်းရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ ကွမ်းဇူးရှောင်လင်ကျောင်း(ခေါ်) တောင်ပိုင်း ရှောင်လင်ကျောင်းတော်ကြီးဟာ တောင်ပိုင်းရှောင်လင်သိုင်းပညာထွက်ပေါ်လာရာ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီကနေမှ ၁၃၆၈-၁၆၄၄ ကာလ မင်မင်းဆက်နှင့် ၁၆၄၄-၁၉၁၁ ကာလ ကွင်းမင်းဆက်တွေမှာ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် အရှေ့တောင်အာရှတွေထိအောင် ဖြန့်ကျက် လာနိုင်ခဲ့တာပါ။


 အဲ့ဒီလို ဖြန့်ကျက်လာနိုင်ခဲ့တဲ့အတွက် တရုတ်ပြည် ဟီနန်ခရိုင် ဆောင်ရှမ်းရှောင်လင် ဘုန်းတော်ကြီးကျောင်း တွင် "တောင်ပိုင်းနှင့် မြောက်ပိုင်း ရှောင်လင်" လို့လည်း ခေါ်ဆိုလာခဲ့ပါတော့တယ်။




 

 



Ref:people's daily china

တယ်လီနောမှ မြန်မာနိုင်ငံတွင် အလင်းအိမ်စင်တာများ ဖွင့်လှစ်

Posted: 09 Nov 2015 12:20 AM PST



တယ်လီနောမြန်မာမှ (၃၇) ခုမြောက် အလင်းအိမ်စင်တာ (Light House) ကို မန္တလေးတိုင်း၊ မြင်းခြံတွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ယခု ဖွင့်လှစ်လိုက်တဲ့ စင်တာအပါအဝင် တယ်လီနောမှ မြန်မာနိုင်ငံတဝန်းရှိ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် နေပြည်တော်စတဲ့ တိုင်းနှင့် ပြည်နယ် (၉) ခုမှာ ယင်းကဲ့သို့ အလင်းအိမ်စင်တာများ ဖွင့်လှစ်ပြီး သတင်းအချက်အလက် ဝန်ဆောင်မှုများနဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်သင်တန်းများ ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။


အဆိုပါ အလင်းအိမ်စင်တာများသည် မြန်မာတနိုင်ငံလုံးရှိ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအတွက် အင်တာနက်တွင် ရှာဖွေနိုင်သည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သတင်း အချက်အလက်များအကြောင်းကို အသိပညာပေးအပ်နိုင်ရန် ရည်ရွယ်ထားပြီး စင်တာများကို ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များက ဦးစီဆောင်ရွက်ထားကြောင်း သိရပါတယ်။


"ဒီအလင်းအိမ်စင်တာတွေက မြန်မာနိုင်ငံမှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာအသုံးပြုမှု၊ ကျေးလက်နဲ့ မြို့ပြမှာ မတူညီဘဲ ကွာခြားနေတဲ့ အနေအထားကို လျော့ချသွားနိုင်ဖို့ တည်ထောင်ထားတဲ့ လူမှုစီးပွားရေး လုပ်ငန်းတခု ဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုယ်တိုင် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု အတတ်သင်သင်ရိုးနဲ့ အလင်းအိမ်စင်တာတွေမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်" လို့ တယ်လီနောမြန်မာမှ လူမှုအကျိုးပြုဌာနမှူး ကိုမင်းသူက ပြောပါတယ်။

ကိုမင်းသူက ဆက်ပြီး "အလင်းအိမ်စင်တာတွေမှာ လေ့ကျင်သင်ကြားပေးတဲ့ သင်တန်းအမျိုးအစားတွေကတော့ မိုဘိုင်းအခြေခံ အင်တာနက်ကျွမ်းကျင်မှုသင်တန်းတွေနဲ့ ကွန်ပျူတာသင်တန်းတွေပါ" လို့ ပြောပါတယ်။

မိုဘိုင်း အခြေခံ အင်တာနက် ကျွမ်းကျင်မှုသင်တန်းတွင် မိုဘိုင်းဖုန်းများကို ထိရောက်စွာ အသုံးပြုနည်း၊ မိုဘိုင်း အင်တာနက် အသုံးပြုနည်း၊ Viber၊ အီးမေးလ်နှင့် ဖေ့စ်ဘုတ် အသုံးပြုနည်း၊ လိုအပ်သော အချက်အလက်များကို အင်တာနက်တွင် ရှာဖွေနည်းနှင့် အင်တာနက်မှတဆင့် အင်္ဂလိပ်စာဘာသာရပ်ကို ကိုယ်တိုင်သင်ယူလေ့လာနည်း စသည်တို့ ပါဝင်ကြောင်းသိရပါတယ်။


ကွန်ပျူတာသင်တန်းတွင် အခြေခံကွန်ပျူတာ အသုံးပြုနည်း၊ Microsoft Word, Excel နှင့် Powerpoint အသုံးပြု နည်းများကို သင်ကြားပေးတယ်လို့လည်း သိရပါတယ်။

တယ်လီနောဟာ Myanmar ICT for Development Organization (MIDO) နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အလင်းအိမ်စင်တာများကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ၂၀၁၈ အကုန်တွင် အလင်းအိမ်စင်တာ အရေအတွက် ၂၀၀ အထိ တည်ထောင်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။


သီဟတိုး



0 comments:

Post a Comment