မောင်ပေါက် ( Maung Pauk ) |
- ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူတပ်ဆင်ရာတွင်သတိပြုစရာအချို့(Basic Tips)
- Phone Call, Mobile Data ကို lock ဖို့ apk နှစ်ခု
- Microsoft Visual Studio 2015 All Edition အတွက် Key
- Apk ရဲ့ Package Name ကို ချက်ချင်းဖေါ်ပြပေးမယ့် Apk Checker
- ဖုန်းနဲ့တင် 3D စာလုံးရေးချင်သူများအတွက် ez Text apk
- Small Cell Tower များ တပ်ဆင်မည်
- ယခုနှစ်ဝက်အတွင်း Huawei စမတ်ဖုန်းရောင်းအား ၃၉ ရာခိုင်နှုန်း မြင့်တက်
- ကမ္ဘာ့စမတ်နာရီ ဈေးကွက်ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို Apple Watch ပိုင်ဆိုင်ထား
- Telenor က Spectrum ထပ်မံ ဝယ်ယူမည် ဟုဆို
- iPad အတွက် Logi iPad case များကို Logitech ထုတ်လုပ်
- MPT က အခမဲ့ ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ပြုလုပ်
| ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူတပ်ဆင်ရာတွင်သတိပြုစရာအချို့(Basic Tips) Posted: 23 Jul 2015 08:20 PM PDT ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူတပ်ဆင်ရာတွင်သတိပြုစရာအချို့(Basic Tips) ဒါတွေကတော့ ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူလာပြီးအိမ်မှာ မိမိဖာသာတပ်ဆင်ရာမှာသတိမူသင့်တာလေးတွေပါ။ |
| Phone Call, Mobile Data ကို lock ဖို့ apk နှစ်ခု Posted: 23 Jul 2015 07:04 AM PDT မင်္ဂလာပါဗျ ... ဖုန်းတစ်လုံးမှာ အရေးကြီးတဲ့ Function နှစ်ခုကို Lock လုပ်နိုင်မယ့် apk လေးနှစ်ခု ရှယ်ပါမယ် ... Call Confirm PRO နဲ့ Internet Lock ဆိုတဲ့ apk လေးနှစ်ခုပါ ... ဖုန်းကို Security > Gesture (or) Pattern (or) Pin (or) Password နဲ့ Screen Lock ချပီး မသုံးတဲ့သူတွေ အတွက်ရော သုံးတဲ့သူတွေအတွက်ရော လိုအပ်လို့သုံးချင်ရင်အောက်မှာယူနိုင်ပါတယ်ဗျ ... ==================== Call Confirm PRO Android 2.1+ File size : (261 KB) ==================== စိုးရိမ်နေတဲ့သူများအတွက် call ကို lock လုပ်နိုင်တဲ့ apk လေးပါ ... market တွေမှာ app lock တွေအများ ကြီးရှိပါတယ် ... ဒီကောင်လေးက Call တစ်ခုထဲအတွက်သီးသန့်ပါ ... Pro ဗားရှင်းလေးမို့ စိတ်ကြိုက် အသုံးပြုနိုင်မှာပါ ... ဆော့ဝဲလ်ကို အင်စတောလုပ် ပီရင် password ထည့်ပီ save လုပ်ပေးလိုက်ရင် မိမိရဲ့ contact ထဲကပဲဖြစ်ဖြစ် unknown no ပဲဖြစ်ဖြစ် မည်သည့်ဖုန်းနံပါတ်ကိုမဆို call လုပ်ရန် password တောင်းနေပါပီဗျ ... password မှားတဲ့ အကြိမ်အရေအတွက်လည်းမရှိပါဘူး ... မိမိပေးထားတဲ့ password ထည့်ပေးမှ ဖုန်းခေါ်နိုင်မှာဖြစ်ပါတယ် ... ================== Internet Lock Android 1.6+ File size : (99 KB) ================== Mobile Data ကို On လိုက်တာနဲ့ Password တောင်းတဲ့ Box လေးတက်လာပါလိမ့်မယ်ဗျ ... မိမိဖြည့်ထားတဲ့ Password ထည့်ပေးမှ အင်တာနက်တက်လာမှာဖြစ်ပါတယ် ... Ref:mm-mpxteam Credit to ZawMyoOo Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Microsoft Visual Studio 2015 All Edition အတွက် Key Posted: 23 Jul 2015 06:17 AM PDT လုပ်နည်း
Microsoft Visual Studio 2015 Visual Studio 2015 is a rich, integrated development environment for creating stunning applications for Windows, Android, and iOS, as well as modern web applications and cloud services. Features
အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Visual Sudio 2015 ISO : Microsoft Download Link**Visual Sudio 2015 Key : UserCloud Download LinkTusfiles Download LinkMediafire Download Link |
| Apk ရဲ့ Package Name ကို ချက်ချင်းဖေါ်ပြပေးမယ့် Apk Checker Posted: 23 Jul 2015 04:42 AM PDT apk တစ်ခုကို adb ကနေ install လုပ်ရတာလွယ်ပါတယ် ဥပမာ adb install File_Manager.apk ဒီလောက်ဆိုရင်ကို ရနေပါပီ (သူရဲ့ switch command တွေတော့ ရှိပါသေးတယ်) ခုပြောချင်တာက အဲ့ကိစ္စမဟုတ်ပါဘူး adb uninstall ကိစ္စပါ adb uninstall မှာတော့ မိမိသွင်းလိုက်တဲ့နာမည်အတိုင်း ပြန်ပီး uninstall လုပ်လို့အမြဲတမ်းမရပါဘူး adb uninstall package ဒီလိုလာရတာပါ ( သူလည်း switch တွေရှိပါသေးတယ် ) မိမိ uninstall လုပ်ချင်တဲ့ Application ရဲ့ Package name ကို တိုက်ရိုက်ခေါ်ပီး uninstall လုပ်ရတာပါ ဥပမာပြရရင် adb uninstall com.blabla.your ဒီလိုမျိုးပါ ၊ပြသနာက မိမိတို့အနေနဲ့ apk တွေကို ကိုယ့်စိတ်ကြိုက် နာမည်တွေပြန်ပေးထားတော့ package name ကို လွယ်လွယ်မသိတော့ပါဘူး ကျွမ်းကျင်တဲ့ဆရာကြီးတွေအနေနဲ့ aapt d badging blabla.apk ဆိုပီး ရိုက်စစ်ပေးတဲ့ result ထဲက label တွေကြည့်ပီးသိပေမယ့် ခုမှ စလေ.လာတဲ့လူတွေအတွက် အနည်းငယ် အခက်အခဲရှိနေပါတယ် ခုပေးထားတဲ့ bat file လေးက အဲ့ပြသနာကို လွယ်လွယ်လေးရှင်းပေးပါလိမ့်မယ် ၁ bat file ကို run ပါ ၂. မိမိစစ်ချင်တဲ့ apk ကို အဲ့ဒီ command prompt ပွင့်နေတဲ့အထဲဖိဆွဲပီးထည်.လိုက်ပါ ဒါမှမဟုတ် apk ရဲ့လမ်းကြောင်းကိုကူးထည်.ပါ ၃. Enter ခေါက်လိုက်ပါ Package name Application name Application version တွေကို ပြပေးပါလိမ့်မယ် ဒါဆိုရင် adb uninstall package ဆိုတဲ့ကိစ္စအတွက် အရမ်းလွယ်သွားပါလိမ့်မယ် binaries credit to http://sourceforge.net/projects/unxutils/ ![]() ![]() ![]() Credit : ကိုဖြိုးညီညီ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| ဖုန်းနဲ့တင် 3D စာလုံးရေးချင်သူများအတွက် ez Text apk Posted: 23 Jul 2015 03:27 AM PDT ဖုန်းနဲ့တင် 3D စာလုံးလှလှရေးချင်သူများအတွက် ez Text ဆိုတဲ့ Apk လေးတင်ပေး လိုက်ပါတယ် သူကအရမ်းမိုက်တယ်ဗျ ၊ 3D စာလုံးမှာ ကျတဲ့ Shadow ကိုကိုယ့်စိတ်ကြိုက် Adjust လုပ်နိုင်ပါတယ် အဆင်ပြေပါစေ ကိုနေဇင် (နည်းပညာ) ez Text apk v2.10 : (7.57) Mb မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Small Cell Tower များ တပ်ဆင်မည် Posted: 23 Jul 2015 02:58 AM PDT လူနေထူထပ်ရာ ဒေသများ၌ စိန်ခေါ်မှုတစ်ခုဖြစ်နေသည့် မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်မှုပြဿနာကို ဖြေရှင်းနိုင်ရန် Small Cell Tower များ တပ်ဆင်သွားမည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့သည်။ လာမည့် ၆ လအတွင်း Small Cell Tower များကို လူနေထူထပ်ရာ ဒေသများ၌ တပ်ဆင်သွားမည်ဖြစ်ပြီး အဆိုပါ Small Cell Tower များက မိုဘိုင်းဖုန်းကွန်ရက် ကျပ်တည်းမှုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ကွန်ရက်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ရွေ့လျားတာဝါတိုင်များ ထားရှိသည့်အပြင် ကြီးမားခိုင်ခန့်သော လမ်းဘေးကြော်ငြာ Billboard များ၌လည်း တာဝါငယ်များကို ပူးတွဲ တည်ဆောက်လာခဲ့ကြသည်။ Telenor သည် အလားတူ Small Cell Tower ငယ်များ တည်ဆောက်နိုင်ရန်အတွက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Huawei ၊ Ericsson တို့နှင့် ပူးပေါင်း၍ အဆောက်အဦနံရံကပ် တာဝါငယ်များ တည်ဆောက်သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ကြီးမားသော တာဝါတိုင်များ တည်ဆောက်ရန်အတွက် မြေနေရာနှင့် လုပ်ငန်းစဉ် အချိန်ကြာမြင့်မှုတို့သည် အော်ပရေတာများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည့်အတွက် အထပ်မြင့် အဆောက်အဦများပေါ်၌ Rooftop Tower များ တည်ဆောက်ခြင်းဖြင့် အစားထိုး ဖြေရှင်းခဲ့သော်လည်း အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့သည်ဟု သိရသည်။ Rooftop များ တည်ဆောက်ရန် အထပ်မြင့် အဆောက်အဦများအတွင်း နေထိုင်သူများ၏ ထောက်ခံမှု ၊ ပတ်ဝန်းကျင်၏ လက်ခံမှုအပြင် အခြားသော လိုအပ်ချက်များကို လိုက်လံဆောင်ရွက်ရသည့် အတွက် အော်ပရေတာများသည် အခြားသော လွယ်ကူစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ကြံဆောင်နေကြခြင်း ဖြစ်သည်။ Telenor ၏ အဆိုအရ ရန်ကုန်မြို့အတွက် အကောင်မွန်ဆုံး မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရန် တာဝါတိုင်ပေါင်း ၈၀၀ ကျော် လိုအပ်သော်လည်း လက်ရှိအချိန်၌ ၎င်းတို့သည် အဆိုပါအရေအတွက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ နယ်မြေအလိုက် ကွန်ရက်တည်ငြိမ်မှုများ ရှိစေရန် စစ်ဆေးမှုများ ပြုလုပ်၍ ဖြည့်ဆည်မှုများ ဆက်တိုက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။ Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ယခုနှစ်ဝက်အတွင်း Huawei စမတ်ဖုန်းရောင်းအား ၃၉ ရာခိုင်နှုန်း မြင့်တက် Posted: 23 Jul 2015 02:57 AM PDT ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ယခုနှစ်ဝက်အတွင်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei မှ ပြောကြားလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ၏ စုစုပေါင်း ဝင်ငွေ ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကြေညာအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်း ၄၈.၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း Huawei မှ ဆိုခဲ့သည်။ Huawei သည် ကမ္ဘာ့အကြီးဆုံး ဟန်းဆက်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ၏ ထိပ်ဆုံးနေရာအတွက် Apple, Xiaomi တို့နှင့် ယှဉ်ပြိုင်နေရသည်။ ကုမ္ပဏီ၏ ယခုနှစ်ဝက် ဝင်ငွေသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၁၇၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈.၃ ဘီလီယံ) အထိ ရှိလာခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် နှစ်ကုန်တွင်လည်း ဆက်လက်တိုးတက်လာဖွယ်ရှိကြောင်း Huawei က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ Ref : BBC Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ကမ္ဘာ့စမတ်နာရီ ဈေးကွက်ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို Apple Watch ပိုင်ဆိုင်ထား Posted: 23 Jul 2015 02:57 AM PDT Apple Watch သည် သုံးလအတွင်း ကမ္ဘာ့စမတ်နာရီ ဈေးကွက်ရှယ်ယာ ၇၅.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ကြောင်းနှင့် ကမ္ဘာ့တစ်ဝန်းသို့ Apple Watch တင်ပို့ရောင်းချမှု ၄ သန်းခန့် ရှိခဲ့ကြောင်း Strategy Analytics သုတေသနအဖွဲ့မှ ထုတ်ပြန်ခဲ့သော WatchAware အစီရင်ခံစာအရ သိရသည်။ Samsung ၏ စမတ်နာရီ ဈေးကွက်ရှယ်ယာမှာ သုံးလအတွင်း ၇၃.၆ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ အခြား စမတ်နာရီကုမ္ပဏီများ၏ ဈေးကွက်ရှယ်ယာသည်လည်း Apple Watch ကြောင့် ကျဆင်းသွားခဲ့ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ Apple Watch ကို မိတ်ဆက်ခြင်းသည် စမတ်နာရီဈေးကွက် တစ်ခုလုံးအပေါ် ကြီးမားသည့် သက်ရောက်မှုရှိခဲ့ပြီး စုစုပေါင်း တိုးတက်မှုနှုန်းမှာ ၄၅၇ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ စမတ်နာရီ ရောင်းချမှုနှုန်းသည် ပြီးခဲ့သည့်နှစ် တစ်နှစ်လုံးထက် သာလွန်ခဲ့ကြောင်းလည်း Strategy Analytics မှ ပြောကြားခဲ့သည်။ Strategy Analytics သည် ကမ္ဘာတစ်ဝန်း Apple Watch များ တင်ပို့ရောင်းချမှု အချက်အလက်များကို စုဆောင်းဖော်ပြခဲ့သည်။ Apple သည် ၎င်း၏ စမတ်နာရီ ၄ သန်းခန့်ကို တင်ပို့ရောင်းချခဲ့ပြီး Samsung ၏ တင်ပို့ရောင်းချမှုနှုန်းက ၄၀၀,၀၀၀ ခန့်သာ ရှိခဲ့ကြောင်း အဆိုပါ သုတေသနအဖွဲ့မှ ဖော်ပြခဲ့သည်။ Ref: MacWorld Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Telenor က Spectrum ထပ်မံ ဝယ်ယူမည် ဟုဆို Posted: 22 Jul 2015 11:10 PM PDT Telenor သည် ၎င်းတို့၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်လာရန်အတွက် အစိုးရထံမှ Spectrum ထပ်မံဝယ်ယူသွားမည်ဟု သိရသည်။ Telenor အနေဖြင့် ဆက်သွယ်ရေးလိုင်စင် စတင်ရယူစဉ်က 2G ကွန်ရက်အတွက် Spectrum Bandwidth 5MHZ ရယူခဲ့ပြီး 3G ကွန်ရက်အတွက် 10MHZ ကို ရယူထားခဲ့သော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူ များပြားလာသည့်အတွက် Spectrum များ ထပ်မံဝယ်ယူရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ 2.1MHZ ပမာဏရှိသော Spectrum ကို အစိုးရထံမှ ဝယ်ယူရန် Telenor က စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ရက်ချဲ့ထွင်မှုအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။ Telenor သည် ၁၅ နှစ်တာ ကာလအတွက် ယခင်အသုံးပြုနေသည့် လှိုင်းနှုန်းစဉ်အပေါ် အစိုးရထံ အခွန်အခ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးသွင်းရမည်လည်း ဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Telenor သည် ၎င်းတို့၏ ပေးသွင်းရမည့် အခွန်အခများအနက် ၇၅ ရာခိုင်နှုန်းကို လက်ရှိပေး သွင်း ထားပြီး ကျန်ရှိသော ၂၅ ရာခိုင်နှုန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရမည်ဟု သိရသည်။ Telenor ထုတ်ပြန်ချက်အရ လုပ်ငန်းစဉ်အတွက် ငွေပေးချေမှုများအနက် ဒေါ်လာဖြင့် ငွေပေးချေရာတွင် ရာခိုင်နှုန်း ထက်ဝက်ကျော်သည် အစိုးထံသို့ဖြစ်ကြောင်း၊ လက်ရှိ အချိန်၌ အော်ပရေတာ လုပ်ငန်းမှ ပြန်လည်ရရှိလာသည့် ငွေကြေးများကို Telenor ၏ ရှယ်ယာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်း မရှိဘဲ မြန်မာနိုင်ငံ အတွင် ပြန်လည် ရင်းနှီးမြှုပ်နှံမှုများကိုသာ ပြုလုပ်နေရကြောင်း သိရသည်။ Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg ၏ ပြောဆိုချက်အရ ကွန်ရက်ချဲ့ထွင်မှုအနေဖြင့် Spectrum ဝယ်ယူရန် စီစဉ်နေခြင်းသည် ဆက်သွယ်ရေးကွန်ရက်အတွက် လမ်းကြောင်း မိုပိုကျယ်ပြန့်လာမည်ဖြစ်ပြီး အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေလာမည်ဟု သိရသည်။ Spectrum နှင့်ပတ်သက်၍ လက်ရှိအချိန်၌ စီမံခန့်ခွဲမှုများကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လုပ်ကိုင်နေခြင်းဖြစ်ပြီး Spectrum နှင့်ပတ်သက်သော နည်းဥပဒေများလည်း မူကြမ်းအဖြစ် ရေးဆွဲထား ပြီဖြစ်သည်။ Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| iPad အတွက် Logi iPad case များကို Logitech ထုတ်လုပ် Posted: 22 Jul 2015 10:44 PM PDT Logitech သည် iPad Air 2 နှင့် iPad Mini များအတွက် အကြမ်းခံနိုင်သော case များကို ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ case များသည် လူငယ်များစွာကို ဆွဲဆောင်နိုင်ရန် ကုမ္ပဏီက မျှော်လင့်လျက် ရှိသည်။ ကန်ဒေါ်လာ ၄၀ တန်ဖိုးရှိ Logi BLOK Protective Shell တွင် screen protector နှင့်အတူ iPad ကို ကာကွယ်နိုင်မည့် အခြေခံကာကွယ်မှုများ ပါဝင်သည်။ ထို့အတူ ကန်ဒေါ်လာ ၇၀ တန် BLOK Protective Case တွင် မျက်နှာပြင်ကို အပြည့်အဝ ကာကွယ်နိုင်သလို လိုအပ်သည့်အတိုင်း ချိန်ညှိနိုင်သော stand တစ်ခု ပါဝင်သည်။ သို့သော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်မှာ ကန်ဒေါ်လာ ၁၃၀ တန်ဖိုးရှိ BLOK Keyboard Case ဖြစ်ပြီး ၎င်းသည် iPad အတွက် အကြမ်းခံမှုရှိ သလို keyboard လည်း ပါဝင်လာသည်။ အဆိုပါ BLOK case ၏ခံနိုင်ရည်ကို ကုမ္ပဏီမှ ထုတ်ကုန်များကို drop test ပြုလုပ်သည့် စက်များအနက် တစ်ခုဖြင့် Logitech မိုဘိုင်း ဒုဥက္ကဋ္ဌ မစ်ချယ်လီဟာမန်းက လက်တွေ့စမ်းသပ် ပြခဲ့ကြောင်းသိရသည်။ Logitechသည် BLOK case အတွက် မှန်ကန်သော ပလတ်စတစ် ဒြပ်ပေါင်းများရရှိရန် ကရိန်းဖီးလ် တက္ကသိုလ်နှင့် ပူးပေါင်းခဲ့ပြီး case မှာများစွာ ထူထဲခြင်း မရှိစေဘဲ iPad ကို ကာကွယ်နိုင်မည့် လုံလောက်သော ပမာဏရရှိစေရန် ဖန်တီးခဲ့သည်။ BLOK case များကို သြဂုတ်လတွင် စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Ref: Engadget Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MPT က အခမဲ့ ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ပြုလုပ် Posted: 22 Jul 2015 10:44 PM PDT မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Coca Cola Myanmar တို့ပူးပေါင်းကာ အခမဲ့ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ MPT ၏ GSM, WCDMA သုံးစွဲသူများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။Coca-Cola Myanmar မှထုတ်သော အချိုရည်များ အကျုံးဝင်မည်ဖြစ်ကာ ယင်းအချိုရည်များကို ဝယ်ယူပြီး ကုတ်နံပါတ်များကို အဖုံးအတွင်း ရယူနိုင် မည်ဖြစ်ကြောင်း၊ ရရှိသော ကုတ်နံပါတ်ကို ၂၆၂၆ သို့ SMS အခမဲ့ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း ပြန်ပို့လာသော SMS အဝင်ကို စောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ ဆုမဲပေါက်ပါက ပေါက်သော ဖုန်းဘီလ်ပမာဏကို ကုတ်နံပါတ်ပေးပို့လာသည့် ဖုန်းသို့ အလိုအလျောက် ဖြည့်သွင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါဖုန်းဘီလ်များကို စတင်အသုံးပြုသည့် အချိန်မှစ၍ ၁၂ လအတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပေးပို့သော ကုတ်နံပါတ်များ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။ တစ်ရက်လျှင် ဖုန်းနံပါတ်တစ်ခုမှ ငါးခုအထိ အများဆုံးပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်းဘီလ်များမှာ ၂၀၀ ကျပ်မှ ၁၀ သိန်းအထိ ပါမည်ဖြစ်ကြောင်းသိရသည်။ တန်ဖိုး အမြင့်ဆုံး ၁၀ သိန်းကျပ်ရရှိသူ၏ ဖုန်းငွေဖြည့်မှုမှာ လေးနှစ်အထိ သက်တမ်းခံစားခွင့် ရှိမည်ဖြစ်ကြောင်း၊ စုစုပေါင်း ဆုမဲပေါင်း ၁၅ သန်းကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဆုမဲများနှင့်ပတ်သက်၍ MPT ဖုန်းဖြင့် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ Credit==>internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment