| ANDROID PHONE များ SCREEN LOCK ( PATTERN / PIN / PASSCODE ) ကျနေတဲ့အချိန်မှာ ဘာတွေလုပ်ထားဖို့လိုသလဲ ??? Posted: 29 Aug 2015 08:41 AM PDT 
 ကျတော်တို့ Android အသုံးပြုသူများအတွက် Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ထား သင့်သလဲဆိုတာကို ကျတော့်အမြင် နဲ့ အတွေ့အကြုံလေးအရ ကျတော်တင်ပြပေးလိုက်ပါတယ်။ Android ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင်တော့ လူတိုင်းလိုလို Screen Lock ( Pattern / Pin / Passcode ) ဆိုတာတော့ ထားတက်ကြပါတယ်။ အဲဒီလို Screen Lock ချထားတဲ့အချိန်ကိုယ့်ရဲ့ lock ကို ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ User တော်တော်များများအနေနဲ့ ကိုယ့်ရဲ့ အရေးကြီးတဲ့ data များကိုတော့ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့အဲလိုအခြေအနေမှာ Screen Lock ကို ပြန်ဖြည်နိုင်ရန် နည်းလမ်း ( ၂ ) မျိုးရှိပါတယ်။ Reset ချပြီးပြန်ဖြည်တဲ့နည်း နဲ့ Software များကို အသုံးပြုပြီး ပြန်ဖြည်တဲ့နည်းတွေပဲဖြစ်ပါတယ်။ Reset ချတဲ့နည်းကတော့ ဖုန်းရဲ့ Internal Memory မှာရှိတဲ့ data တွေကို ဖုန်းကအလိုလိုမဖျက်ပစ်မှာဖြစ်ပါတယ်။ ဒီလိုဆို ကိုယ်ပြန်လိုချင်တဲ့ Contact , Message နဲ့ အခြားအရေးကြီးတဲ့ data တွေကိုပြန်ရနိုင်တော့ပါဘူး။ တကယ်လို့ data တွေကို ကျတော်တို့ပြန်လည်လိုချင်တယ် ဆိုရင်တော့ Software များကိုအသုံးပြုမှအဆင်ပြေမှာဖြစ်ပါတယ်။ အဲလိုအခြေအနေမှာဆိုရင် အရေးကြီးတာကတော့ Computer ကနေ ဖုန်းကိုသိနေဖို့ပါပဲ။ အဲလိုသိနေအောင် Setting ထဲကဘယ်အရာရာကို အဓိကအနေနဲ့ on ထားဖို့လိုအပ်ပါသလဲ ??? ကျတော်တို့ အဲလိုအခြေအနေမှာတော့ အဓိကအနေနဲ့ on ထားဖို့လိုအပ်တာကတော့ Setting >>> Developer option ထဲက USB Debugging ပဲဖြစ်ပါတယ်။ ဒီ Function လေးကို on ထားခြင်းမရှိဘူးဆိုရင်တော့ Screen Lock ကို Software တွေနဲ့ပြန်ဖြည်တဲ့အခါ Computer ကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာမပာုတ်တော့ပါဘူး။ ဒါကြောင့် ဒီ Function လေးကိုတော့ on ထားဖို့လိုအပ်ပါမယ်။ နောက်အရေးကြီးတာကတော့ သင့်ဖုန်းမှာ Root လုပ်ထားဖို့ပဲဖြစ်ပါတယ်။ Root လုပ်မထားဘူးဆိုရင်တော့ Software တွေကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာ မပာုတ်တော့ပါဘူး။ ဒါကြောင့် Screen Lock ဖြည်ချင်တဲ့အခါ data တွေမပျက်စီးချင်ရင်တော့ ဒီအချက်နှစ်ချက်ကို ပြုလုပ်ထားရန်လိုအပ်ပါမယ်လို့ မသိသေးသူများအတွက် ကျတော်နားလည်သလို ပြန်လည်တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။ Remark ; ယခု version များတွင် Developer option ကိုမတွေ့ရှိပါက About Phone ထဲကနေပြီး Build number ကို ( ၇ ) ချက်လောက် နှိပ်ပေးခြင်းဖြင့် Developer option ကို ဖော်ပေးပါ။  အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်း Hardware ပိုင်းစတင်လေ့လာသူတွေ၏ အခြေခံပိုင်းကျကျ ရှင်းပြထားသောစာအုပ်ပါ။ Posted: 29 Aug 2015 06:00 AM PDT  အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။
ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။ Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။ Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| iPhone ပုံစံတူပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် HTC Aero သို့မဟုတ် HTC A9 Posted: 29 Aug 2015 05:16 AM PDT  HTC Aero သို့မဟုတ် HTC A9 လို့ အမည်ပေးထားတဲ့ ဖုန်းကို ပုံမှာ ယခုလို မြင်တွေ့ရမှာပါ။ ထိုင်ဝမ် အခြေဆိုက် HTC ကုမ္ဗဏီအနေနဲ့ လက်ရှိ Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 6S ကို ယှဉ်ပြိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။ ထူးခြားချက်ကတော့ ပုံစံတူနေခြင်းပါပဲ။ အရွယ်အစားသာ ကြီးသွားပေမယ့် ဖုန်းရဲ့ ဘေးနားက အချိုးအကွေ့တွေ၊ ပလက်စတစ်လိုင်းတွေက တူနေပါတယ်။ သတ္တု ကိုယ်ထည်ဖြင့် လုပ်တဲ့ စမတ်ဖုန်း ပါပဲ။ Apple ရဲ့ iPhone 6S ထက် သာလွန်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရားဝင် သတင်းများ ထွက်ရှိခြင်း မဟုတ်ပေမယ့် တရုတ်အခြေဆိုက် သတင်းမီဒီယာများကနေ ဖော်ပြလာခြင်းပါ။ iPhone killer လို့တောင် အမည်ပေးထားပါတယ်။ အဓိက ထူးခြားတဲ့ အစိတ်အပိုင်းကတော့ Processor ဖြစ်ပါလိမ့်မယ်။ deca-core Helio X20 SoC ကို အသုံးပြုထားပါတယ်။ သူများတွေ Octa Core Processor နဲ့ ထုတ်လုပ်နေချိန်မှာ Octa Core ထက် နှစ်ဆ ပိုတဲ့ Core အရေအတွက်ပါ Processor ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီတော့ Technically အရ ပြောမယ်ဆိုရင် သူ့ရဲ့ Processing speed က လက်ရှိ Octa Core စမတ်ဖုန်းတွေထပ် နှစ်ဆ မြန်မယ်ပေါ့။ Technical ကို Detail ကျကျ ပြောရရင် ဖုန်းတစ်လုံး မြန်တယ် မမြန်ဘူး ဆိုတာ Processor ရဲ့ ထောက်ပံ့မှုနဲ့အတူ RAM အပြင် အခြားသော Technical အစိတ်အပိုင်းများရဲ့ လိုက်ဖက်ညီစွာ ထောက်ပံ့ပေးနိုင်မှုနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သူ့ရဲ့ RAM ကတော့ 4GB ပါဝင်ပြီး ဘက်ထရီက 3500 mAh ပါ။ ဖုန်း မျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပါတယ်။ သူတို့ ပြောထားသလိုပဲ တကယ် iPhone killer ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်ရအောင်။ နောက်လဆန်းလောက်ဆိုရင် အသေးစိတ် သတင်းထုတ်ပြန်ကြေညာတော့မယ်လို့ သိရပါတယ်။ . Ref: Dailymail Credit MMAS Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| iOS 9 တွင် Safari လုပ်ဆောင်ချက် နှစ်ဆ ပိုမြန်လာမည် Posted: 29 Aug 2015 05:11 AM PDT  Apple ရဲ့ iOS 9 မှာ Safari ရဲ့ လုပ်ဆောင်ချက်ဟာ ၂ဆ မြန်ဆန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုမှု Data Usage ကလည်း ယခင်ထက် ၂ ဆ သက်သာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Apple ရဲ့ iPhone နဲ့ iPad တို့မှာ ပါဝင်တဲ့ Safari ဟာ နှေးပြီး Google Chrome နဲ့ ယှဉ်တဲ့အခါ နှေးကြောင်း ပြောဆိုခံရမှုပေါင်း များစွာ ရှိကြ ပါတယ်။ ဒါကြောင့်မို့ ယခု iOS 9 အသစ်မှာ Safari ရဲ့ လုပ်ဆောင်ချက်ကို ပိုမို မြင့်တင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုက Wi Fi Assist ဆိုတဲ့ Feature ကြောင့် Wi-Fi နဲ့ Mobile Data ပြိုင်တူ ဖွင့်ထားတဲ့ အခါ Wi-Fi အားနည်းရင် Mobile Data ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Safari ရဲ့ loading ဖြစ်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ iOS 9 ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ iPhone 6S နဲ့ 6S Plus ကို မိတ်ဆက်တဲ့အခါ iOS9 ကို pre install အနေနဲ့ ထည့်ထားပေးမှာ ဖြစ်ပါတယ်။ . Ref: dailymail Credit MMAS Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Apple ရဲ့ ဝန်ထမ်းတစ်ဦး ဖြန့်လိုက်တဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ သတင်း Posted: 29 Aug 2015 05:10 AM PDT စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာပါဝင်တဲ့ ကင်မရာဟာ 12 MP ဖြစ်လာနိုင်ကြောင်း ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီကောလဟာလဟာလည်း Apple စက်ရုံ Foxconn မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က ရုံးတွင်းစာရွက်ပုံများ နှင့်တကွ ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကို လူတိုင်းသိပ်သတိမထားမိခင်မှာပဲ ကနဦးက ဓါတ်ပုံ လွှင့်တင်ခဲ့တဲ့ တရုတ် ဝက်ဘ်ဆိုဒ်မှာ ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ Sogi ဆိုတဲ့ ဝက်ဘ်ဆိုဒ်နဲ့ GSMArena ဆိုတဲ့ ဝက်ဆိုဒ်တို့ရဲ့ ကူးယူဖော်ပြမှုတွေကြောင့် လူတော်တော်များများက ဒီသတင်းကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါကြောင့် အခုမိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်တဲ့ 12 MP ရှိ အပြင်ဘက် ကင်မရာနဲ့ 5 MP ရှိတဲ့ အတွင်းဘက် ကင်မရာတို့ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းဟာတော့ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Devices နှစ်ခုစလုံးရဲ့ RAM ဟာလည်း 2GB အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ နောက်ထပ် သတင်းတွေအနေနဲ့ LTE Category 6 modem အမျိုးအစားနဲ့ 4G Network ကို ထောက်ပံ့ပေးထားတဲ့အပြင် Download speeds ကို 300 Mbps ထိ ရရှိအောင် တိုးမြှင့်ပေးနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။ တကယ်အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်မဲ့ Apple ပွဲကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ Ref : Teachradar Credit MMAS Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Whatspp Android version မှာ လက်ခလယ် ထောင်တဲ့ Emoji ပါဝင်လာ Posted: 29 Aug 2015 05:09 AM PDT  Android အတွက် ထွက်ရှိလာတဲ့ Whatsapp application ဟာ Emoji အသစ်တွေကို ထည့်သွင်းပေးထားတဲ့အပြင် feature အသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Whatapp မှာပါဝင်တဲ့ feature အသစ်တွေကတော့ မိမိလိုချင်တဲ့ အသိပေးမှု message တွေကို စိတ်ကြိုက် စီစဉ်နိုင်ခြင်းအပြင် အင်တာနက် အသုံးပြုကာ ဖုန်းခေါ်ဆိုမယ်ဆိုရင်လည်း Data သုံးစွဲမှု သက်သာစွာနဲ့ ခေါ်ဆိုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Whatsapp တွင်ပါဝင်တဲ့ Chat ကို အသုံးမပြုခင် အသံ အပိတ်အဖွင့် Setting ကိုပြုပြင်နိုင်ခြင်း ၊ မိမိအသုံးပြုထားသည့် Chats နှင့် Call list များကို အင်တာနက် data အသုံးပြုမှု နည်းစွာဖြင့် backup ပြုလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ ![WhatsApp-Emoji-1-640x477 1]() အထိက ထူးခြားချက်ကတော့ ဘယ် Application မှာမှ မပါဝင်တဲ့ လက်ခလယ်ထောင်နေတဲ့ Emoji ကို အသုံးပြုထည့်သွင်းထားခြင်းပါ။ လက်ခလယ် ထောင်နေတဲ့ Emoji ကို အသားရောင်ခွဲခြားမှု မရှိစေရန်အတွက် အရောင်းအမျိုးမျိုးနဲ့ ဖန်တီးပေးထားပါတယ်။ ဒီ Emoji ဟာ Android တွင်မကပဲ iOS မှာပါ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင်အခြား Chat Application တွေနည်းတူ မိမိဖုန်းအတွင်းမှာရှိတဲ့ content များကို အခြား Whatsapp အသုံးပြုသူများသို့ မျှဝေနိုင်ခြင်း ၊ မိမိအသုံးပြုလိုသည့် ဓါတ်ပုံများ ၊ ဗီဒီယိုများကို လိုသလို Crop ပြုလုပ်နိုင်ခြင်း နဲ့ မိမိရောက်ရှိနေသည့် တည်နေရာကို မြေပုံနဲ့ ဖော်ပြနိုင်ခြင်း စတဲ့ Feature အသစ်တွေကိုလည်း ထည့်သွင်းပေးထားသေးတယ်။ Ref : Mashable Credit M MAS Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MPT ၏ ADSL အထူးဝန်ဆောင်မှု အချို့ နှစ်စဉ်ကြေး အခမဲ့ သတ်မှတ်ထားဟုဆို Posted: 29 Aug 2015 01:05 AM PDT  MPT ၏ ADSL အထူးဝန်ဆောင်မှုအချို့ နှစ်စဉ်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ MPT အနေဖြင့် ADSL အထူးဝန်ဆောင်မှုများတွင် Static IP Adress, ဖုန်းနံပါတ်ပြောင်းလဲခြင်း (သက်ဆိုင်ရာ အိတ်ချိန်း၊ အိတ်ချိန်း ပြောင်းလဲခြင်း) တို့အတွက် နှစ် စဉ်ကြေး မကောက်ခံကြောင်း တွေ့ရသည်။ Static IP Adress တွင် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်၊ သက်ဆိုင်ရာ အိတ်ချိန်းမှ ဖုန်းနံပါတ်ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင် ငါးသောင်းကျပ်၊ အိတ်ချိန်းပြောင်းလဲပြီး ဖုန်းနံပါတ် ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင်ခ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း နှစ်စဉ်ကြေး မကောက်ခံကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာထားသည်။ အဆိုပါ ဝန်ဆောင်မှုများတွင် အီးမေးလ်အကောင့် ထပ်ဖွင့်ခြင်းများအတွက် အကောင့် ၁၀ ခုအထိ နှစ်စဉ်ကြေး ၁၂,၀၀၀ ကျပ်၊ အကောင့် ၂၀ အထိ နှစ်စဉ်ကြေး ၁၀,၀၀၀ ကျပ်၊ အကောင့် ၃၀ အထိ နှစ်စဉ်ကြေး ၉,၀၀၀ ကျပ်၊ အကောင့် ၅၀ အထိ နှစ်စဉ်ကြေး ၈,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း တွေ့ရသည်။ ADSL လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ MPT ၏ ADSL အခြေခံဝန်ဆောင်မှုများ အနေဖြင့် ငါးမျိုးရှိပြီး 512 Kbps, 1Mbps, 1.5 Mbps, 2Mbps, 2.5 Mbps တို့ဖြစ်ကြောင်း သိရသည်။ အမျိုးအစားအားလုံးအတွက် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်နှင့် နှစ်စဉ်ကြေး ငါးသောင်းကျပ်စီ သတ်မှတ်ထားကြောင်း၊ လစဉ်ကြေးမှာ အမျိုးအစားအပေါ် မူတည်၍ ကွာခြားမည်ဖြစ်ကြောင်း တွေ့ရသည်။ အမျိုးအစားအပေါ်မူတည်၍ အခမဲ့အီးမေးလ်အကောင့်တစ်ခုမှ ၁၅ ခုအထိ ရရှိမည်ဖြစ်သည်။ လစဉ်ကြေးများမှာ ၁၇,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Clickအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Private Calculator For IOS Posted: 29 Aug 2015 01:04 AM PDT Private Calculator app သည် ဖိုင်များ၊ ဖိုဒါများကို အခြားသူများ အလွယ်တကူ ဝင်ရောက်မသုံးစွဲ နိုင်စေရန်အတွက် ကာကွယ်ပေးထားနိုင်မည့် app တစ်ခု ဖြစ်သည်။ မိမိ၏ Passcode ကို မထည့်သွင်းလျှင် အဆိုပါ app သည် ဂဏန်းပေါင်းစက်အဖြစ်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး passcode ထည့်သွင်းမှသာ ဝှက်ထားသည့် ဖိုင်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ခေါက်သိမ်းနိုင်သော iPhone ကီးဘုတ်တစ်မျိုးကို LG မိတ်ဆက် Posted: 29 Aug 2015 01:04 AM PDT  LG သည် Rolly Keyboard ဟုခေါ်သော ခေါက်သိမ်းထားနိုင်သော ကီးဘုတ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ Rolly သည် လက်တော့ပ်ကီးဘုတ်အရွယ် ဖြစ်ပြီး Bluetooth မှတစ်ဆင့် ထုတ်ကုန်နှစ်ခုနှင့် တစ်ပြိုင်နက် ချိတ်ဆက်နိုင်သည်။ Rolly ကို ထင်ရှားစွာ မြင်တွေ့အသုံးပြုနိုင်မည့် ခလုတ်များဖြင့် ပြုလုပ်ထားပြီး မိုဘိုင်းထုတ်ကုန်များအတွက် stand တစ်ခုကို ထည့်သွင်းပေးထားကြောင်း LG ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Rolly Keyboard ကို Bluetooth 3.0 နှင့် အထက် ထုတ်ကုန်များနှင့် ချိတ်ဆက်နိုင်ပြီး auto-pairing feature ကို ထောက်ပံ့ပေးထားသည်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ထုတ်ကုန်နှစ်မျိုးအကြား ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းကို iPhone နှင့် Android ဖုန်းများအပြင် ကီးဘုတ်နှင့် အသုံးပြုရန် လိုအပ်သော အခြား gadget များဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Rolly ကို AAA ဘက်ထရီ တစ်ခုတည်းဖြင့် ပုံမှန်အသုံးပြုပါက သုံးလခန့် အသုံးပြုနိုင်ကြောင်း LG မှ ပြောကြားခဲ့သည်။ ၎င်းကို စက်တင်ဘာလတွင် တင်ပို့ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တန်ဖိုးကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိပေ။ Ref: BGR Credit internetjournal Thiha Htike(THT) My Facebook Account Clickအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Microsoft စမတ်ဖုန်းသစ်များ၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါက်ကြား ထွက်ပေါ်လာ Posted: 29 Aug 2015 01:03 AM PDT  Microsoft သည် အောက်တိုဘာလတွင် ဟန်းဆက်သစ်များကို မိတ်ဆက်ကြေညာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို အဆိုပါ ဟန်းဆက်သစ်များ၏ ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။ ၎င်းဓာတ်ပုံများသည် Microsoft မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအဖြစ် Twitter ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ပထမဦးဆုံး သတင်းပေါက်ကြားမှုသည် Neowin ဆိုက်မှ Microsoft သတင်းထောက်တစ်ဦး ဖြစ်သည့် ဘရက်ဒ်ဆမ်စ်ထံမှ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဓာတ်ပုံတွင် Cityman ဟု ဖော်ပြခဲ့သည်။ ထို့နောက် သတင်းအချက်အလက်များနှင့် ထုတ်ကုန်များ ပေါက်ကြားမှုတွင် အားထားရသည့် ရင်းမြစ်ဖြစ်သော အီဗန်ဘလပ်စ်က Talkman ဟုခေါ်သော ထုတ်ကုန်တစ်မျိုး၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။ Microsoft ကမူ ဓာတ်ပုံများနှင့် ပတ်သက်၍ အတည်ပြု ပြောကြားထားခြင်း မရှိသေးသောကြောင့် အဆိုပါ ဓာတ်ပုံများက စစ်မှန်ခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။  ပြီးခဲ့သည့် ရက်သတ္တပတ်က ZDNet မှ Microsoft နှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်ဖြစ်သူ မာရီဂျိုးဖိုလေက ကုမ္ပဏီအနေဖြင့် အောက်တိုဘာလတွင် ပွဲတစ်ခုကျင်းပရန် စီစဉ်နေကြောင်းနှင့် ၎င်းပွဲတွင် စမတ်ဖုန်းသစ်များကို ကြေညာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ထုတ်ကုန်များကို code အမည် Cityman နှင့် Talkman ဟု ခေါ်ဆိုပြီး Windows 10 Mobile ကို အသုံးပြုထားကြောင်း ဖိုလေက ဆိုခဲ့သည်။ ဇူလိုင်လကလည်း Microsoft သတင်းများကို ဖော်ပြသည့် Windows Central က Talkman နှင့် Cityman တို့၏ specification များကို ဝေမျှခဲ့သည်။ အဆိုပါ ဆိုက်တွင် Cityman တွင် ၅.၇ လက်မ quad-HD display, 64-bit octa-core Snapdragon 810 processor နှင့် 20-megapixel ကင်မရာတို့ ပါဝင်ကြောင်း၊ Talkman တွင် ၅.၂ လက်မ screen နှင့် အနည်းငယ်နှေးသည့် ပရိုဆက်ဆာတို့ကို အသုံးပြုထားကြောင်း ဖော်ပြခဲ့သည်။ Ref: CNET Credit internetjournalThiha Htike(THT) My Facebook Account Clickအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အဝေးပြေးယာဉ်လိုင်း လက်မှတ်များကို App မှ ဝယ်ယူနိုင်ရန်ဆောင်ရွက် Posted: 29 Aug 2015 01:02 AM PDT  ယာဉ်လိုင်းလက်မှတ်များကို Application မှ ဝယ်ယူနိုင်ရန် Green Tickets မှ ဆောင်ရွက်လိုက်သည်။ အဝေးပြေးယာဉ်လိုင်း လက်မှတ်များကို Mobile Application မှ တိုက်ရိုက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ လက်မှတ်ဝယ်ယူခြင်း အတွက် ငွေပေးချေခြင်းများကို MPU Card, Visa Card, Master Card, i-banking , mobile banking များဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ "App ကို Play Store မှာ ရယူနိုင်ပါတယ်။ မိုဘိုင်းဖုန်းဆိုင်တချို့မှာလည်း ဖြန့်ထားပြီးပါပြီ" ဟု Green Tickets မှ တာဝန်ရှိသူက ပြောသည်။ မိမိ ကြိုက်နှစ်သက်ရာ ယာဉ်လိုင်း၊ အချိန်၊ ဈေးနှုန်းနှင့် ခုံနံပါတ်များကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်များနှင့် လက်မှတ်နှုန်းထားများကို ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရသည်။ ဝယ်ယူပြီး လက်မှတ်များကို SMS, email တို့ဖြင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း၊ Application ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| တစ်ရက်တည်းတွင် Facebook သုံးစွဲသူ တစ်ဘီလီယံရှိခဲ့ကြောင်း Facebook ကြေညာ Posted: 29 Aug 2015 01:02 AM PDT  နာမည်ကျော် လူမှုကွန်ရက်ဖြစ်သော Facebook သည် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး တစ်ရက်တည်းတွင် အသုံးပြုသူ တစ်ဘီလီယံရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို တနင်္လာနေ့တွင် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က Facebook post တစ်ခုဖြင့် ရေးသား ဖော်ပြခဲ့ပြီး တစ်နေ့တည်းတွင် ကမ္ဘာပေါ်ရှိ လူ ၇ ဦးအနက် တစ်ဦးသည် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် ချိတ်ဆက်ရန် Facebook ကို အသုံးပြုခဲ့ကြောင်း ဆိုခဲ့သည်။ လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေ ၁.၅ ဘီလီယံကို ပိုင်ဆိုင်ထားသည်။ Twitter ကို လစဉ်သုံးစွဲသူ ဦးရေမှာ ၃၁၆ သန်း ဖြစ်သည်။ Facebook ကို သုံးစွဲသူဦးရေသည် ပုံမှန်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ၏ အောင်မြင်မှုတွင် မိုဘိုင်းသုံးစွဲသူများက အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်ကို နေ့စဉ် log in ဝင်ရောက်သူ ၉၆၈ သန်း၏ ၈၇ ရာခိုင်နှုန်းသည် စမတ်ဖုန်းနှင့် tablet မှ ဝင်ရောက်ခြင်း ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။ Facebook ကို မိုဘိုင်းမှ သုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အတူ ဝင်ငွေရရှိမှုလည်း မြင့်တက်လာခဲ့သည်။ ဇူလိုင်လတွင် ကြော်ငြာဝင်ငွေ ၇၆ ရာခိုင်နှုန်းကို မိုဘိုင်းထုတ်ကုန်များထံမှ ရရှိခဲ့ကြောင်း Facebook မှ ဆိုခဲ့သည်။ ကုမ္ပဏီ၏ Messenger mobile messaging app ကို သုံးစွဲသူဦးရေသည် သန်း ၇၀၀ ခန့်ရှိပြီး ဓာတ်ပုံနှင့် ဗီဒီယိုဝေမျှသည့် app ဖြစ်သော Instagram လစဉ်သုံးစွဲသူဦးရေ သန်း ၃၀၀ ရှိကြောင်း Facebook က ဇူလိုင်လတွင် ပြောကြားခဲ့သည်။ Ref: CNET Credit internetjournalThiha Htike(THT) My Facebook Account Clickအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းအားအမြန်ဝင်စေတဲ့ -Battery Saver Pro v2.1.7 Apk Posted: 29 Aug 2015 12:11 AM PDT  www.patheinit.com Payephyokyaw  |
| Root ရှိတဲ့ဖုန်းတွေမှာ App တွေကို Data မကျန်အောင်ဖျက်ပေးနိုင်တဲ့ - Root Cleaner v4.1.1 Apk Posted: 28 Aug 2015 11:46 PM PDT  www.patheinit.com Payephyokyaw  |
| အမှုလိုက်ရဲနေရာ ကနေသက်သေခံပစ္စည်းတွေရှာဖွေရတဲ့ဂိမ်းလေး - Criminal Case APK V2.6.1 MOD Unlimited Money + Stars Posted: 28 Aug 2015 11:38 PM PDT  www.patheinit.com Payephyokyaw  |
| လှုပ်ရှာနေတဲ့အ၇ာ တွေကိုလျှပ်တပျက်ရိုက်နိုင်တဲ့-Snap Camera HDR 6.8.0 Apk Posted: 28 Aug 2015 11:26 PM PDT  www.patheinit.com Payephyokyaw  |
| ဖုန်းမှာ မှားဖျက်မိတဲ့ဖိုင်တွေကို Backup ဆွဲပေးမယ့် - MyBackup Pro v4.4.2 Apk Posted: 28 Aug 2015 11:20 PM PDT  www.patheinit.com Payephyokyaw  |
| Zombie တွေကိုပစ်ခက်တိုက်ခိုက်ရမယ့်ဂိမ်းလေး - Zombie Defense: Adrenaline APK MOD Unlimited Bullet + HP Posted: 28 Aug 2015 11:14 PM PDT  www.patheinit.com Payephyokyaw  |
| ညီငယ်တွေအကြိုက်ဖိုက်တင်ဂိမ်းလေး - Max Steel APK V1.4,1 MOD Unlimited Money Posted: 28 Aug 2015 11:02 PM PDT www.patheinit.com Payephyokyaw  |
| ဖုန်းထဲမှာ effect တွေ အမိုက်စားနဲ့ လုပ်မယ်-PIP Camera - Photo Effect v3.2.3 Apk Posted: 28 Aug 2015 10:49 PM PDT Android ဖုန်းကိုင်ထားသေါ ဘော်ဒါတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ ဒီ Android Application ကတော့ 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်ဆိုဒ်လေးကတော့ 14.23 MB ရှိပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။  |
| Internet Broser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့-Maxthon Web Browser - Fast v4.5.2.2000 Apk Posted: 28 Aug 2015 10:43 PM PDT Android OS ဖုန်း နှင့် Tablet တွေမှာ အမိုက်စား Application Browser ဖြစ်တဲ့ Internet Broser တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။ မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။ Download Here
 |