The Irrawaddy's Blog |
- “ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာရပ်တည်နိုင်လို့ LGBT ဖြစ်ရတာ ဂုဏ်ယူတယ်”
- မြန်မာပြည်ကိုရောက်လာတဲ့ လူသားဘာဘီရုပ်မလေး
- "မြစ်အိုကြီး" ဓီရာမိုရ်
| “ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာရပ်တည်နိုင်လို့ LGBT ဖြစ်ရတာ ဂုဏ်ယူတယ်” Posted: 20 Aug 2015 10:03 PM PDT ဝေယံအောင်(ခ)Wai Yum အသက် ၂၂ နှစ် Filmmaker ကျနော်က အခုလက်ရှိ Miracle Post ဆိုတဲ့ Media Production House မှာ Filmmaking နဲ့ပတ်သက်ပြီး Editing အပိုင်း၊ Editor အဖြစ် အလုပ်လုပ်နေပါတယ်။ ကျနော် Filmmaking လိုင်းထဲကို စရောက်လာတာက ကျနော့်အိမ်နဲ့ ပြဿနာတက်ပြီး ကျနော်အိမ်ပေါ်က ဆင်းလာခါနီးမှာ ရန်ကုန်က သူငယ်ချင်းတယောက်က LGBT & Proud Film Festival အတွက် Participant ခေါ်တယ်ဆိုတော့ ကျနော်ပါသွားတယ်။ ပါသွားတဲ့အချိန်မှာ ကျနော်အိမ်ပေါ်က ဆင်းလာပြီးတော့ ရန်ကုန်မှာ Filmmaking နဲ့ပတ်သက်တဲ့ သင်တန်း ၁ လ လာတက်တယ်။ အဲဒါပြီးတဲ့အခါမှာ ကျနော်ဆရာမင်းထင်ကိုကိုကြီးဖွင့်တဲ့ Human Rights Film Institute မှာ တခါထပ်တက်တယ်။ ပြီးတော့ ဒီ Filmmaking Filed ထဲကို ဝင်လာတာပါ။ အိမ်နဲ့ ပြသနာဖြစ်တယ်ဆိုတာ အဲဒီတုန်းက ကျနော်လူ့အခွင့်အရေးသင်တန်းသွားတက်လိုက်လို့။ လူ့အခွင့်အရေးသင်တန်းဆိုပေမယ့် LGBT (Lesbian, Gay, Bisexual, Transgender) အခွင့်အရေးသင်တန်းပေါ့။ နယ်မြို့မှာကျတော့ အိမ်က ဘယ်နားမှာ ဘာဖြစ်နေလဲဆိုတာ အကုန်သိတော့ ကျနော့်ကို ရိပ်မိပြီး ပြဿနာ ဖြစ် ကြတာ၊ အဲဒီမှာအတိုက်အခံတွေဖြစ်ကြတော့ ကိုယ်ကလည်း LGBT တယောက် ဖြစ်နေတဲ့အခါ ကျတော့ LGBT တွေ ကောင်းဖို့အတွက် လုပ်ပေးချင်တယ်။ ကိုယ့်ကိုလာထိခိုက်တာလည်း မခံချင်ဘူး။ အဲဒီအခါကျ အတိုက်အခံလုပ်ပြီး အိမ်က ဆင်းလာတာပါ။ LGBT & Proud Film Festival မှာပါဝင်ခဲ့တာတော့ ၂ ကားပါ။"Open"ဆိုတဲ့ ဇာတ်ကားမှာ Camera Man၊ "That the way I am" ဆိုတဲ့ ဇာတ်ကားမှာ Sound Person အနေနဲ့ပါဝင်ခဲ့တာပါ။ Open ဆိုတဲ့ဇာတ်ကားက LGBTGay တယောက်အကြောင်းကို ရိုက်ထားတာ။ သူကပန်းချီဆရာ၊ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တယ်။ Scholarship တွေရခဲ့တယ်၊ နိုင်ငံခြားမှာ Performance Show တွေ ပြခဲ့တယ်။ လုံးဝကို Proud ဖြစ်တဲ့ လူတယောက်၊ Gay တယောက်အကြောင်း ရိုက်ပြထားတာပါ။ That the way I am ဆိုတဲ့ ဇာတ်ကားကကျတော့ သူက Gay တယောက် ဖြစ်နေတယ်ဆိုတာကို သူ့အမေကို သူဖွင့်ပြောချင်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ LGBT & Proud Film Festival ပြီးသွားတဲ့အခါကျတော့ ကျနော်သူငယ်ချင်းတယောက်အိမ်မှာနေရင်းနဲ့ ဆရာမင်းထင်ကိုကိုကြီးရဲ့ သင်တန်းကို လျှောက်ထားတယ်။ ပြီးတော့မှ သင်တန်းပါသွားတဲ့အခါ ကျနော်က ကိုယ့်ကိုယ်ကိုယ် Gay တယောက်လို့ဝန်ခံပြီးတော့ သင်တန်းမှာ ဖောင်တင်ထားတယ်။ သင်တန်းကလည်း ကျနော့်ကို Gay မှန်းသိလျက်နဲ့ လက်ခံခဲ့ပြီး သင်တန်း ပါဝင်ခွင့်ရခဲ့တယ်။ ဆရာမင်းထင်ကိုကိုကြီးရဲ့သင်တန်းမှာသင်ခဲ့ရတာတွေက Documentary တခုကို အစအဆုံး ဘယ်လို လုပ်ရတယ်ဆိုတာက အစ၊ စကားပြောတာ၊ မေးခွန်းမေးတာ၊ အင်တာဗျူးလုပ်တာ၊ အသံဖမ်းတာ၊ အဆုံးသတ်စာတန်းထိုးတဲ့အထိ အကုန်လုံး အဲဒီက ဆရာတွေ သင်ပေးခဲ့တယ်။ "လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ"ရုပ်ရှင်ပွဲတော်မှာ ကျနော်ပါဝင်ခဲ့တာ၂ ကားပါ။ ပထမကားက"A Way Back Home"ဆိုတဲ့ကလေးစစ်သားကား၊ အသက်၁၈နှစ်မပြည့်ဘဲနဲ့ တပ်ထဲကို စည်းရုံးခံရတဲ့ ကလေး ၃ ယောက်အကြောင်းရိုက်ထားတဲ့ကားပါ။ အဲဒီကားက ကျနော်အပါအဝင်သင်တန်းသား ၃ ယောက်အတူ လုပ်ထားတာပါ။ နောက်တကားက"She is a male" ဆိုတဲ့ဇာတ်ကား၊ မိန်းမလျာတယောက်က ငယ်ငယ်တုန်းက အချုပ်ကျခဲ့တာတွေ၊ ကျင်စက်နဲ့အတို့ခံရပြီးတော့အခုချိန်မှာ LGBTCommunity အတွက် လှုပ်ရှားနေတဲ့ သူတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီကားမှာကျနော်ကိုယ်တိုင် တော်တော်များများကို တယောက်တည်းပဲလုပ်တာပါ။ တချို့သူငယ်ချင်းတွေက အားတဲ့နေ့တွေမှာ အသံလာဖမ်း ပေးတာမျိုး Edit လာကြည့်ပေးတာမျိုးတွေရှိပါတယ်။ Filmmaking လိုင်းမှာစလုပ်တော့အခက်အခဲ တွေကအများကြီးပဲ။ ကိုယ်က LGBT တယောက် ဖြစ်နေလို့ ရယ်တော့မဟုတ်ဘူး။ ကိုယ့်အိမ်နဲ့ပြဿနာ ဖြစ်ချိန်မှာ ကိုယ်လိုချင်တဲ့အရာတခုကို လိုချင်လို့ ကိုယ်အရမ်းချစ်တဲ့မိသားစုကို စွန့်ခွာခဲ့ရတယ်။ နံပါတ် ၁ အချက်က LGBT ဖြစ်နေလို့ပါပဲ။ LGBT ဖြစ်နေလို့ ဂုဏ်ယူလားဆိုတော့ ကိုယ့်ဟာကိုယ် ပြောချင်တာက ကိုယ်က LGBT ဖြစ်နေပေမယ့် သူများကို အနှောင့်အယှက်ပေးနေတဲ့သူလည်း မဟုတ်ဘူးလေ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နေတဲ့သူတယောက် ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ LGBT ကိုလူ့အသိုင်းအဝိုင်းက လက်ခံမှုနည်းနေသေးတယ်။ ဟာသဆန်ဆန်ပြောရရင် မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာရှိတဲ့ LGBT တွေကိုတခြားကမ္ဘာပို့လိုက်၊ ကမ္ဘာကြီးဘာဖြစ်သွားမလဲဆိုတာ စောင့် ကြည့်လိုက်ပါ၊ အဲဒါပဲ ပြောချင်ပါတယ်။ ကြိုးစားနေတဲ့လူငယ်တွေကို ပြောချင်တာက ဆက်ကြိုးစားပါ၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ကိုယ်ဘယ်လောက်ပဲ တန်ဖိုးထားထား၊ ဘယ်လောက်ပဲ မြတ်နိုးနိုး စွန့်လွှတ်သင့်တာစွန့်လွှတ်ရမှာပါပဲ။ တချိန်ချိန်ကျရင်တော့အဲဒီအရာတွေကို ပြန်ပြီးတော့ပိုင်ဆိုင်လာမှာပါ။ သီဟတိုး | ||||||||
| မြန်မာပြည်ကိုရောက်လာတဲ့ လူသားဘာဘီရုပ်မလေး Posted: 20 Aug 2015 03:34 AM PDT အသက် ၂၉ နှစ်အရွယ် ယူကရိန်းမော်ဒယ်လ်တဦးဖြစ်တဲ့ Valeria Lukyanova ဟာ ဘာဘီရုပ်မလေးနဲ့ အလွန်ကို ဆင်တူသူလို့ နာမည်ကြီးထင်ရှားခဲ့သူပါ။ ၂၀၁၃ ခုနှစ်ကစလို့ လူသိများ ထင်ရှားလာတဲ့ Valeria Lukyanova ဟာ သိပ်မကြာသေးခင်ကာလလောက်က သူမရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ဓာတ်ပုံတွေနဲ့ သူမ သိထားတဲ့ မြန်မာနိုင်ငံအကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဘုရားတွေနဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က တင်ထားခဲ့တာပါ။ သူမ အနေနဲ့ မြန်မာ ပြည်ဆိုတာကို ဘယ်လိုသိရှိခဲ့သလဲဆိုတာကို ရေးသားထားတာမှာ အတော်တော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘယ်လိုရေးသားထားသလဲဆိုတော့…
"ကျမ မြန်မာနိုင်ငံကို သွားရောက်ချင်ခဲ့တာ ကြာပါပြီ။ ကျမနဲ့ ၀ိညာဉ်ရေးရာအရ တော်စပ်တဲ့ အစ်ကိုတယောက်တို့ဟာ လူအဖြစ် မ၀င်စားမီကတည်းက အဲဒီကို သွားရောက်ဖူးခဲ့တာပါ။ ကျမတို့ဟာ ဘုရားဖူးတွေအဖြစ် လောကရဲ့ အမြင့်မြတ်ဆုံး အားအကြီးဆုံးနေရာကို ရှာဖွေဖို့ အဲဒီကို အကြိမ်ကြိမ် သွားရောက်ခဲ့တယ်၊ တရားရှုမှတ်တာတွေ လုပ်ခဲ့တယ်၊ အဲဒီကတည်းက ကျမတို့ဟာ မြန်မာပြည်ကို စိတ်မ၀င်စားဘဲ မနေနိုင်ကြဘူးပေါ့။ မြန်မာနိုင်ငံကို ကျမ ဘယ်လို သိလာတာလဲ ဆိုတော့… တရက်မှာတော့ ကျမဟာ လူဝင်းစားမှု အကြောင်း ပိုမိုသိရှိဖို့ ကျမရဲ့ ၀ိညာဉ်ရေးရာအရ တော်စပ်တဲ့ အစ်ကိုတယောက်နဲ့အတူ အဓိဋ္ဌာန်ပြု တရားထိုင်ပါတယ်။ အဲဒီလို အာရုံပြုနေချိန်မှာပဲ ထောင်သောင်းမကတဲ့ အံ့သြဖွယ်ရာ ဘုရားစေတီပုထိုးတွေ ၀န်းရံလျက် ရှိနေတဲ့ အလွန် တင့်တယ်ခမ်းနားတဲ့ နေရာတခုကို ရောက်သွားပါတယ်။ အဲဒီနေရာအကြောင်း ပြန်ရှင်းပြဖို့ အရမ်းခက်သလို အရမ်းလည်း အံ့သြစရာ ကောင်းပါတယ်။ ကျမ အဲဒီနေရာထဲမှာ အချိန်အတော်ကြာ ရောက်ရှိခဲ့ပါတယ်။ နောက်တော့ အဲဒီဒေသက မြန်မာပြည်ဆိုတာ သိလာရပြီး အင်တာနက်ကနေပြီး အကြောင်းစုံ စုံစမ်းပါတယ်။ အဲဒီမှာ အရင် ဘားမားလို့ ခေါ်တဲ့ နိုင်ငံက အခုကျတော့ မြန်မာလို့ ပြောင်းလဲ ခေါ်ဝေါ်တာလည်း သိလာပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဓာတ်ပုံလေးကို တွေ့တော့ ချက်ချင်းဆိုသလို အဓိဋ္ဌာန်ပြု တရားထိုင်စဉ်က စိတ်အာရုံမှာ မြင်တွေ့ခဲ့ရတဲ့ ဒေသဆိုတာ မှတ်မိသွားပြီး သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွှေတိဂုံစေတီတော်နဲ့ ပုဂံဒေသကို ကျမ ကိုယ်တိုင် ရောက်ရှိပြီး ကိုယ်တိုင် မြင်တွေ့ ဖူးမြော်ရတော့ ကျမ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ကျေနပ်ဝမ်းမြောက် ဖြစ်ရပါတယ်။ တကယ့်ကို အံ့သြမင်သက် ဖြစ်သွားပါတယ်။ စကားနဲ့ ဖော်မပြနိုင်လောက်အောင်ပါပဲ။ အရင့်အရင်က အမှတ်ရစရာတွေ၊ ခွန်အားတွေ၊ လက်ရှိတွေ့နေရတဲ့ အနေအထားတွေက ကျမကို ဆွဲဆောင် ထင်ဟပ်ပြနေပြီး မေ့လျော့နေတဲ့ စိတ်ခံစားမှုကို နိုးထသွားစေပါတယ်။ အလေးအမြတ်ပြု ကြည်ညိုစိတ်လည်း ဖြစ်မိပါတယ်။ တကယ့်ကို မယုံနိုင်စရာ အဖြစ်ပါပဲ။ ကျမ အတွက် မတင်မကျ မသဲမကွဲ ဖြစ်နေတဲ့ မေးခွန်းတွေရဲ့ အဖြေ အတော်များများဟာ ရှင်းလင်းသွားပါတယ်။ ပြီးတော့ အပြိုင် အနေအထားဖြစ်တဲ့ ရှေးခေတ်ဟောင်း မက္ကဆီကိုရဲ့ သမိုင်းစဉ်ရယ်၊ ရှေးခေတ်ဟောင်း မက္ကဆီကန်တွေရဲ့ စရိုက်လက္ခဏာတွေရယ် ဆိုတဲ့ မြောက်များစွာသော အဖြေတွေကို ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ရပါတော့တယ်။" လို့ ရေးသားထားတာပါ။
ဘာဘီရုပ်မလေးနဲ့ အလွန်ကို ဆင်တူတဲ့ ယူကရိန်းမော်ဒယ်လ် Valeria Lukyanova ဟာ သူမပိုင်ဆိုင်ထားတဲ့ မျက်လုံးစိမ်းလေးတွေက သူမကို ဘာဘီအရုပ်မလေးနဲ့ ပိုဆင်တူစေနိုင်တဲ့ အကြောင်းအချင်းအရာ တခုဖြစ်နေသလို အဲ့ဒါကိုမှ ဘာဘီရုပ်ကဲ့သို့ မိတ်ကပ်ပြင်ဆင်ချယ်သမှုတွေနဲ့ မွမ်းမံလိုက်တော့ Valeria Lukyanova ဟာ "လူသားဘာဘီရုပ်"မလေးလို့တောင် တင်စားခေါ်ဝေါ်ခံလာရသူဖြစ်လာခဲ့ပါတယ်။ သူမကို ကမ္ဘာအနှံ့က ပရိတ်သတ်တော်တော်များများ သတိပြုမိလာရခြင်းမှာ သူမရဲ့ ဘာဘီရုပ်နဲ့ ဆင်တူတဲ့ ဓာတ်ပုံတွေ အင်တာဗျူးတွေကို သူမရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်စာမျက်နှာမှာ တင်ခဲ့တာက စခဲ့တယ်လို့ ဆိုရပါမယ်။
သူ့အနေနဲ့ ဘာဘီရုပ်မလေးနဲ့ ဆင်တူစေနိုင်တဲ့ ရင်သားအလှပြုပြင်ထားခြင်းကလွဲလို့ မျက်နှာပိုင်းဆိုင်ရာ ခွဲစိပ်ပြုပြင်ထားခြင်းမျိုး မရှိခဲ့ဘူးဟု မဂ္ဂဇင်းနှင့် တီဗီအင်တာဗျူးတွေမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သေးသွယ်တဲ့ ခါးအလှကို ပိုင်ဆိုင်နိုင်စေဖို့ သူမရဲ့နံရိုးတွေကို ဖယ်ရှားထားတယ်ဆိုတဲ့ အဆိုကိုလည်း ငြင်းဆိုခဲ့ပါသေးတယ်။ ဘာဘီရုပ် ကလေးကဲ့သို့ ကျစ်လစ်သွယ်လျတဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့ ကိုယ်အလေးချိန်ကို အထူးလျော့ချခြင်း မျိုးနှင့် Gym ကစားခြင်းမျိုးတို့ကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သူမအား ဝေဖန် တိုက်ခိုက်ချင် သူတွေက သူမရဲ့ဓာတ်ပုံတွေဟာ ဖိုတိုရှော့ခ် ပြု လုပ်ထားတဲ့ပုံတွေပါလို့ အပြစ်တင်ဝေဖန်ခြင်းကိုလည်း ခံခဲ့ရတာပါ။ အရပ် ၅ ပေနှင့် ၇ လက်မရှိတဲ့ ယူကရိန်းသူ Valeria Lukyanova ဟာ ဗိသုကာဘွဲ့ရ တယောက်လည်းဖြစ်ပါတယ်။ I wanted to go to #Burma for a long time. We were connected since before the last incarnation, when I traveled there with my spiritual brother. We are traveled a lot, doing meditation all the time and being a pilgrims who seeking the places full of power. And of course we could not bypass its attention to Burma. How do I know about Burma? One day, I meditate and practice self-hypnosis in order to learn more information about my incarnation in which I often traveled with my spiritual brothers. During this I had vision of a great place surrounded with thousands of beautiful amazing temples. It was inexplicable, wonderful and I felt deja vu! I spent a lot of time there in this magical mystical place. Before leaving my spiritual family told me that it's called Burma. After awake I started searching in the internet about this country. Discovered that Burma now had a name Myanmar. I saw a pictures and remembered the here is place where I was in meditation and decided to go there! It is difficult to describe the admiration I felt when I saw it with my own eyes Shwedagon and Bagan: just shocked! It's greatness was leaving me with no words! So many memories, energy, states that washed over me and awakened forgotten feelings. Reverence and quiet. Meditation there were incredible. I found a lot of answers for myself, and again saw parallels with the history of ancient Mexico and a variety of characters. | ||||||||
| Posted: 20 Aug 2015 01:09 AM PDT
ဂီတပညာရှင် ဓီရာမိုရ်ရဲ့ "မြစ်အိုကြီး"လို့ အမည်ပေးထားတဲ့ တေးစီးရီးခွေနဲ့ "ရိုးရာအလှ"လို့နာမည်ပေးထားတဲ့ မြန်မာဂီတကို ကမ္ဘာကိုချပြမယ့် 1st project 100 myanmar Traditinal and Classical Songs တေးစီးရီးများကို စီစဉ်နေပြီဖြစ်ကြောင်း အသိပေးတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ ဓီရာမိုရ်ရဲ့ "မြစ်အို ကြီး"လို့ နာမည်ပေးထားတဲ့ တေးစီးရီးဟာဆိုရင် လေးခွေမြောက် ဖန်တီးထားတဲ့ တေးစီးရီးဖြစ်ပြီး ဒီတေးစီးရီးမှာ Pop ၊Rock ၊ Orchestra ၊Choir ၊ Tradition Music များ ပေါင်းစပ်ထားတဲ့ ဂီတပုံစံများကို တွေ့ရမှာ ဖြစ်ပြီး တေးရေးဆရာများအနေနဲ့ အကိုဖြစ်သူ အကြည်တော်၊ အရိုး၊ ဂျပန်လူမျိုး Takeharu Ishizuka ၊ နေထွန်း၊ တီလုံးနဲ့ ဓိရာမိုရ် ကိုယ်တိုင်ရေးစပ်ထားပါတယ်။ စီးရီးခွေ "မြစ်အိုကြီး"နဲ့ ပတ်သက်လို့ ဓီရာမိုရ်က "မြစ်အိုကြီးဆိုတဲ့ သီချင်းက ကျနော်ပထမအခွေမှာထဲက ပါတဲ့သီချင်းပေါ့၊ စာသားက သူငယ်ချင်းနေထွန်းကရေးထားတယ်။ သံစဉ်က ကျနော်ပေါ့။ သူ့အဓိပ္ပာယ်က လူတယောက်က မွေးဖွားလာကတည်းက သူ့မှာ ဗီဇသွေးဆိုတာ ပါလာတယ်။ နှစ်ပေါင်းများစွာ သူ့ရဲ့သွေးက ကိုယ်ထဲမှာ ရှိနေတာ။ အခုမှ စပြီးဖြစ်လာတာ မဟုတ်ဘူးပေါ့။ အဲဒါကို ရည်ရွယ်ပြီး ကျနော်က မြစ်အို ကြီးလို့ ပေးထားတယ်။ ဒီလိုပဲ လူ့အသိုင်းအ၀ိုင်းတခုမှာ အချိန်ကာလတွေ ဘယ်လိုပဲကျော်လွန်ဖြတ်သန်းရပေမယ့် အမြဲသစ်လွင်ကောင်းမွန်နေအောင် ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အရာတွေရှိတယ်။ အဲဒါတွေက အခု ကျနော်တေးစီးရီးထဲမှာပါလာတဲ့ အကြောင်းအရာတွေ ဖြစ်လာတယ်ပေါ့၊ အခုအခွေမှာလည်း ကျနော်က ပြင်းပြင်းပျပျ ပြချင်တာ ကျနော်ဘယ်သူလဲဆိုတာပြချင်လို့ အဲလိုဂီတတွေ ထည့်ထားတယ်။ ဒါကြောင့် ဒီအခွေက ကျနော်ရဲ့ Identity Album လည်းဖြစ်တယ်၊ ကျနော်သီချင်းတွေ နားထောင်ရင် ကျနော်က ဘယ်လိုရှင်သန်နေတာလဲ ဘယ်လို သွားနေတာလဲ ဘယ်လိုလူလဲဆိုတာ ပေါ်လွင်တဲ့တေးစီးရီးပါ" လို့ ပြောပြခဲ့ပါတယ်။ ဒီ "မြစ်အိုကြီး" စီးရီးကိုတော့ စက်တင်ဘာ ၁ ရက်နေ့မှာ အွန်လိုင်းမှ အရင် စတင်ဖြန့်ချိမှာဖြစ်ပြီး ဒီဇင်ဘာလကျမှ Audio CD ထွက်ရှိမှာဖြစ်ပါတယ်။ ဒီအခွေမှာ ဂျပန်လူမျိုး Audio Enginer Takeharu Ishizuka ကလည်း ပါဝင်ကူညီပေးထားကြောင်းသိရပါတယ်။
ဒါ့အပြင် "ရိုးရာအလှ"လို့ အမည်ပေးထားတဲ့ Beauty of tradition 1st project 100 myanmar Traditional and Classical Songs တေးစီးရီးတွင် မဟာဂီတများ၊ ဒုံမင်း၊ ပတ်ဝိုင်း၊ နှဲ၊ ပလွေ၊ အိုးစည် ဒိုး ပတ်၊ ရိုးရာနတ်သီချင်းများ၊ ဆိုင်းဝိုင်း၊ ဓမ္မပူဇာတေးများ၊ မြန်မာ့စောင်း၊ မြန်မာပတ္တလား တို့ပါဝင်ပါတယ်။ ဒီတေးစီးရီးခွေဟာ ဂျပန်မှာ ဖြန့်ချိထားပြီး ရောင်းအားကောင်းတဲ့ အခွေလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီအခွေနဲ့ပတ်သက်လို့ ဓိရာမိုရ်က "ကျနော်တို့ ဂျပန်မှာ ဒီအခွေကို ဖြန့်ပြီးပါပြီ၊ ဂျပန်မှာ မြန်မာ့ဂီတဟာ အ ဆင့် ၈ ချိတ်တယ်လို့ Mr. Takeharu Ishizuka ကပြောပါတယ်။ မြန်မာ့ဂီတကို ဂျပန်လူမျိုးတွေ အရမ်းကိုစိတ်ဝင်စားတယ်လို့ ပြောပါတယ်။ အခွေတွေလည်း အရမ်းရောင်းရတယ်လို့ ပြောပါတယ်"လို့ ရိုးရာအလှ အခွေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဒီ တေးစီးရီးကိုတော့ ပြည်တွင်းပြည်ပမှ လေ့လာသူ၊ ခံစားသူ၊ သင်ယူသူ၊ ထိန်းသိမ်းသူ၊ မျှဝေသူ အားလုံးအတွက် အကောင်းဆုံး Collection ဖြစ်စေရန် ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။ ဂျပန်မှာဖြန့်ချိထားပြီး ကမ္ဘာကိုလည်း ဆက်လက်ဖြန့်ချိသွားဦးမယ်လို့ သိရပါတယ်။ ဒီအခွေကိုလည်း စက်တင်ဘာလအတွင်းမှာ Online (www.myanmarmusicstore.com) မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ယုမွန်ကျော် |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |

















0 comments:
Post a Comment