Related Posts Plugin for WordPress, Blogger...

June 26, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Backup & Clone Firmware နှင့် Error ကင်း Firmware များ ရောင်းနေပီ w... (သတင်းကောင်းပဲ)

Posted: 25 Jun 2016 08:57 PM PDT


Firmware များ ရောင်းပါသည်.
ရှားပါး FIrmware နဲ့ Clone Firmware များပါပါတယ်.
Backup ထုတ်ထားသော Fimware များနဲ့ Error Fix (Edit )လုပ်ထားသော
Error ကင်း Firmware များပါ ပါပါတယ်.

1T or 2T (ဈေးနှုန်း သင့်ပါသည်)..

Firmware တစ်ခုချင်းလိုချင်လည်း ရပါတယ် . Online မှ link ချပေးပါတယ်.

ဆက်သွယ် ရန်

ကိုအောင်ခန့် (YGN)
0997305037


သင့်တင့်သော ဈေးနှုန်းဖြစ်စေရပါ့မယ်...
ဖုန်လေးသာ ခေါ်လိုက်ပါ

+18 လူသားစား သွေးစုက် ဖုတ်ကောင် ဇာတ်ကားလေးပါ Nina Forever (2015) + 18 HD

Posted: 25 Jun 2016 12:59 PM PDT



ဒီတစ်ခါတော့  Nina Forever (2015) + 18 HD သရဲ့ဇာတ်ကားလေးကို တင်ပေးလိုက်ပါတယ်ဗျာ။

ဒီဇာတ်ကားလေးကတော့ + 18  လူသားစား သွေးစုက် ဖုတ်ကောင် ဇာတ်ကားလေးပါ ။

ကြောက်တတ်သူများ ကြည့်ရှုရန် မသင့်ပါ...

အချစ်ဇာတ်ဝင် သင်ခန်းစာတွေနှင့်  ရိုက်ကူးထားတဲ့ သွေးစုက် ဖုတ်ကောင်

အချစ်ဇာတ်ကားလေး ဖြစ်ပါတယ်။

 18+ နှစ် မပြည့်သူများ မကြည့်ရှုသင့်ပါကြောင့်

18+ အခန်းအနည်းငယ် ပါဝင်တာကြောင့် ။

အရည်အသွေး၊    အကြည်

 Subtitle ၊   English

File size ၊    908 MB

ယခုဇာတ်ကားကိုဒေါင်းလော့ ရယူရန်
 နှင့် 
တိုက်ရိုက်ကြည့်ရှုလိုသူများ  အောက်က

Watch And Download Here!!! ဆိုတာကို

 နှိပ်ပြီး  ကြည့်ရှု ဒေါင်းယူနိုင်ပါတယ်.။







ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
 လင်း-ဆော့ဖ်ဝဲ နှင့် နည်းပညာ Page ကိုနှိပ်ပြီး   Like  လုပ်ထားပေးပါ. 



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နောက်မကျလေအောင် မြန်မြန် ယူထားကြနော် နောက်ဆုံးထွက်အသစ်ဖြစ်တဲ့ Bagan Keyboard for Myanmar-v7.4 Apk [ Jun 25 2016]

Posted: 25 Jun 2016 12:56 PM PDT



အင်း မနေ့က ထွက်တဲ့ Bagan Keyboard လေးကို တင်ပေးဖို့ မေ့သွားလို့  ပြန်တင်ပေးလိုက်ပါတယ်။
 [ Jun 25 2016] ရက်နေ့က ထွက်ခဲ့တာပါ...
ဒီဗားရှင်းမှာ ထူးဆန်းတာက သတင်းတွေပါဖတ် လို့ရလာတယ် ။
ဒါ့အပြင် Zawgi ရော Unicode ရောကို နှစ်မျိုးစလုံးကို  ကြိုက်တာ ပြောင်းသုံးနိုင်အောင် Setting ထဲထိ သွားစရာမလိုဘဲ keyboard လက်ကွက်မှာတင် ပြုပြင်လို့ရလာတယ်။ 
စာလုံးကို ရိုက်လိုက်ရင် လှိုင်းထသလို အရိပ်ကလေးတွေ ပါလာတယ်ဗျ...။ 
အရမ်းလန်းတယ်ဗျာ။
နောက်မကျလေအောင် မြန်မြန် ယူထားကြနော်။

Screenshots


⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓⇓


⇓⇓ Download From Here ⇓⇓


⇓⇓ Download From Here ⇓⇓ 



ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
 လင်း-ဆော့ဖ်ဝဲ နှင့် နည်းပညာ Page ကိုနှိပ်ပြီး   Like  လုပ်ထားပေးပါ. 




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



i Pad 2 အတွက် Google Play Store ထည့်သွင်းနည်း- by CHAN LAY (MCMM)

Posted: 25 Jun 2016 12:53 PM PDT





Mi Pad 2 အတွက် Google Play Store ထည့်သွင်းနည်းကို
Mi Pad 2 ကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက် တင်ပေးလိုက်ပါတယ်။

Android Tablet တွေထဲမှာ Intel-based chipset အပေါ်မှာ အခြေခံပြီး
CPU & GPU course များဖြင့် ထွက်ရှိထားတဲ့ Xiaomi Mi Pad 2 က အလန်းဆုံးဖြစ်နေပါတယ်။

MIUI 7 China Stable version ကိုပိုင်ဆိုင်ထားသည့်အပြင်
Intel Atom Quad-core 2.24 GHz CPU နဲ့ Intel HD Graphics GPU များလည်း
ပါဝင်နေတာမို့ အားလုံးထက် မသာဘူးဆိုရင်တောင်မှ မညံ့တဲ့ တာထွက်မှုဖြစ်ပါတယ်။

ဒါပေမယ့် Google Service ဆိုင်ရာ Package များတော့သီးသန့်
ထည့်ပေးရမှာဖြစ်တဲ့အတွက် ဖေါ်ပြပါနည်းလမ်းအတိုင်းပြုလုပ်ပေးရမှာပါ။

ဒီအတွက် အခက်ကြီးမဟုတ်ပါ သူ့အတွက် အသင့်ထွက်ရှိပြီးဖြစ်တဲ့
Google GApps installer Tool ဖြင့် အလွယ်တကူ ထည့်သွင်းယူနိုင်ပါတယ်။


List of Google Apps included within the installer package

================================
Google Backup Transport
Market Feedback Agent
Google Service Framework
Google Account Manager
Google One Time Initializer
Google Partner Setup
Setup Wizard
Google Contacts Sync
Google Play services
Google Play Store
Gmail
Google App
Google Plus
Hangouts
Maps
Google Play Games
YouTube
Chrome


GApps_IntelChipset_xiaomitips-com.zip (172 MB)



Google Play Store ထည့်သွင်းနည်း

====================
၁။ ပထမဆုံး GApps Installer Package ကိုဒေါင်းလော့ပြီး zip ဖြည်လိုက်ပါ။

၂။ Settings >> Additional Settings >> Developer Options >> ကိုသွားပြီး
 USB Debugging ကို enable ပြုလုပ်ထားလိုက်ပါ။

၃။ မိမိ Device ကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပေးပြီး ကွန်ပျူတာမှ
Device ကို သိပြီးထိ စောင့်နေလိုက်ပါ။

၎။ GApps package ဇစ်ဖြည်ထားတဲ့ Folder သို့သွားလိုက်ပါ။

၅။ GApps Installer Package Tool ကို ဖွင့်လိုက်ပြီး Instruction အတိုင်း
Process တစ်ခုပြီးဆုံးအထိ ပြုလုပ်သွားလိုက်ပါ။






 ကိုကြီး ဇူးနစ်(နည်းပညာ) မှပြန်လည်မျှဝေပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Samsung Galaxy J700H Android Marshmallow 6.0.1 Firmware တင်နည်း- By CHAN LAY (MCMM)

Posted: 25 Jun 2016 12:44 PM PDT




Samsung Galaxy J700H ဖုန်းအတွက် နောက်ဆုံးထွက်
ဗားရှင်း Marshmallow 6.0.1 Firmware တင်နည်းကို မျှဝေလိုက်ပါတယ်။

ဒီ Galaxy J700H ဘော်ဒါတွေအတွက် ပျော်လို့ရပါပြီ 2016-06-20 နေ့မှ
Official မှတိုက်ရိုက်ချပေးလာတဲ့ Firmware ဖြစ်တဲ့အတွက် စိတ်ချလက်ချ တင်သုံးနိုင်ပါတယ်။

ဒီ Firmware သိတဲ့အတိုင်းပဲ 1.GB ကျော်ရှိတာမို့ နာရီပေါင်းမနည်း ဒေါင်းလော့ပြီးမှ
အသုံးလိုတဲ့သူတွေလည်း အသုံးပြုလို့ရအောင် Upload တင်ပြီး မျှဝေပေးလိုက်ပါတယ်။

နောက်ဆုံးထွက် ဗားရှင်းများကို တိုက်ရိုက်ဒေါင်းလော့ရယူဖို့ရန်အတွက်
မိမိမှာ သက်ဆိုင်ရာ Official Web တွင် Free register တင်ထားပြီးသား
အကောက်တစ်ခုတော့လိုအပ်ပါတယ်၊ သို့မှသာ အသစ်ထွက်တိုင်း
လိုင်းကောင်းနေတုန်း အချိန်ပေးပြီး ဒေါင်းလော့ရယူနိုင်ကြမှာပါ။

Share ပြုလုပ်ရတဲ့အလုပ်က လွယ်ကူတဲ့အရာတော့မဟုတ်ပါ
ကိုယ်တိုင် အကောက်သစ်တစ်ခုဖွင့်ပြီး ဒေါင်းလောရယူ ပြီးတော့
ပြန်လည် Upload တင်ကြည့်ပါမှ မလွယ်ပါလားဆိုတာကို သိကြမှာပါ

ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Official Firmware များကို
ဒေါင်းလော့ရယူရန်အတွက် အခက်အခဲရှိနေတဲ့သူတွေကိုတော့
ကျနော် တတ်နိုင်သလောက် Update New များကို တင်ပေးသွားမှာပါ

Firmware details

===========
Model Name: Galaxy J7 SM-J700H
Country: Russia
Version: Android 6.0.1
Changelist: 8116229
Build date: 02.06.2016
PDA: J700HXXU2BPF2
CSC: J700HOXY2BPF2


Download Samsung USB Driver for Windows


Download the latest Odin flashing Tool


Samsung Galaxy J7 SM-J700H Android 6.0.1 Marshmallow



How to Install Only tar.file Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။


မှတ်ချက်။ Share ပြန်လုပ်မယ့်ညီအကိုများအနေဖြင့် လွယ်လွယ်ကူးပြီး
နာမည်ကောင်းမလိုချင်ပါနဲ့ဗျာ ကြိုးစားအားထုပ်ပြီးမှ ထိုက်တန်မှုကို ရယူပါ။


အကိုကြီး ဇူးနစ်(နည်းပညာ) မှဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Samsung Galaxy A5 (2016) SM-A510F Android 6.0.1 Update တင်နည်း- By CHAN LAY (MCMM)

Posted: 25 Jun 2016 12:35 PM PDT



Samsung Galaxy A5 (2016) SM-A510F ဖုန်းကိုင်ဆောင်ထားကြတဲ့
ညီအကိုများအတွက် နောက်ဆုံးထွက် Android 6.0.1 ဗားရှင်းတင်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် ဒီဗားရှင်းဟာ Jun 23, 2016  ရက်စွဲဖြင့် မနေ့ကမှ
အသစ်တက်လာတာပဲဖြစ်ပါတယ်၊ Official Firmware ဖြစ်တာမို့
စိတ်ချလက်ချ အလွယ်တကူ တင်ယူနိုင်မှာလည်းဖြစ်ပါတယ်။


ဒီ Firmware link ကိုတော့ ကျနော်ကိုယ်တိုင် ဒေါင်းလော့ပြီးမှ
Upload တင်ပေးထားခြင်းမဟုတ်ပါ တွေ့မိတာလေးကို ပြန်လည်
မျှဝေပေးထားခြင်းပဲဖြစ်ပါတယ်၊ အသုံးလိုတဲ့သူတွေကတော့ အောက်ပါ
လင့်တွင် ရယူနိုင်ပါပြီ၊ ဒေါင်းလော့လင့်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်။

Firmware details

==========
Model Name: Galaxy A5 (2016) SM-A510
Country: Russia
Version: Android 6.0.1
Changelist: 8208732
Build date: 14.06.2016
PDA: A510FXXU2BPF9
CSC: A510FOXY2BPF9



Download Samsung USB Driver for Windows

Download the latest Odin flashing Tool

Samsung Galaxy A5 2016 (SM-A510F) Android 6.0.1 Firmware


 How to Install Only tar.file Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

မှတ်ချက်။ Share ပြန်လုပ်မယ့်ညီအကိုများအနေဖြင့် လွယ်လွယ်ကူးပြီး
နာမည်ကောင်းမလိုချင်ပါနဲ့ဗျာ ကြိုးစားအားထုပ်ပြီးမှ ထိုက်တန်မှုကို ရယူပါ။

 Ref ===> http://samsung-updates.com


ဇူးနစ်(နည်းပညာ) မှဝေမျှပေးပါသည်။

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

ဆိုင်ရှင်ဟောင်းရဲ့ ဝိဥာဉ်ကို CCTV မှာ အမှတ်မထင်ရိုက်ကူးမိခဲ့

Posted: 25 Jun 2016 12:30 PM PDT



လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့တဲ့ အဝတ်ဆိုင်ပိုင်ရှင်ဟောင်းရဲ့ ဝိဥာဉ်ဟာ ညဘက်မှာ လျှောက်သွားနေပြီး အရင်တုန်းက သူအလုပ်လုပ်ခဲ့တဲ့ နေရာမှာ ငြိမ်သက်နေခဲ့တာကို CCTV ကင်မရာကနေ တစ်ဆင့် အမှတ်မထင်ရိုက်ကူးမိခဲ့တယ်လို့ သိရပါတယ်။ ဟော့ပ်ကင်းစတိုးဟာ နော့တင်ဟမ်အရပ်မှာတည်ရှိတာဖြစ်ပြီး ၁၈၈၀ ပြည့်နှစ်တွေတည်းက ဒီလုပ်ငန်းကို ဘိုးဘွားအစဉ်အဆက် ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီအထည်လုပ်ငန်းဟာ ဟော့ပ်ကင်းကုမ္ပဏီဆိုပြီး နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

ဒီ လုပ်ငန်းကိုတော့ နောက်ပိုင်းမှာလည်း အခုလိုပဲ ဆက်လက်ပြုလုပ်နေခဲ့ပြီး တန်ဖိုးနည်း အဝတ်အထည်ဆိုင်တစ်ခုအဖြစ် နော့တင်ဟမ်မှာ နာမည်ကြီးတယ်လို့ သိရပါတယ်။ ဒီဆိုင်မှာတော့ ခေတ်အရ CCTV ကင်မရာတပ်ဆင်ထားခဲ့ပြီး တစ်နေ့မှာတော့ ဟိုးအရင်ဆိုင်ရှင်ဟောင်းဖြစ်သူ မိန်းမကြီးရဲ့ ဝိဥာဉ်ဟာ အခုလို လျှောက်သွားနေခဲ့တာကို အခုလိုပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆိုင်ရဲ့ လက်ရှိ မန်နေဂျာဖြစ်သူ အစ်ဇီကတော့ "ကျွန်တော် ဒီပုံရိပ်ကို မြင်ရတော့ ဖျားချင်သလိုတောင် ဖြစ်သွားတယ်။ ကျွန်တော် ဒါမျိုးတွေကို အရင်တုန်းက မမြင်ခဲ့ဖူးသလို အယုံအကြည်လည်း မရှိခဲ့ပါဘူး။ ကျွန်တော်ဒီဆိုင်မှာ တစ်ယောက်တည်းမနေရဲတော့ဘူး။ ဈေးဝယ်တွေကတော့ မေးကြတယ်။ ညဆို သရဲမခြောက်ဘူးလားဆိုပြီးတော့ပေါ့။ကျွန်တော်ကတော့ ဒီသရဲ့တွေနဲ့ ရင်းနှီးအောင်နေသွားမယ်။ အခင်ဆုံး ဝိဥာဉ်မိတ်ဆွေတွေပေါ့ " လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီလို CCTV ကင်မရာကနေ ဝိဥာဉ်ပုံဖမ်းယူနိုင်ခဲ့တာဟာဆိုရင်တော့ တမင် Edit လုပ်ထားတာမဟုတ်ဘူးလို့လည်း မန်နေဂျာ အစ်ဇီက ပြောကြားသွားခဲ့ပါတယ်။


Credit ===> သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

င်္ဟိန်းထက်ရဲ့... favorite မဟုတ်သော...နင်

Posted: 25 Jun 2016 12:24 PM PDT




မူရင်းခွေကိုလည်း အားပေးကြပါအုန်းနော်...။

ကျွန်တော် မနေ့က ကြိုပြီးတင်ပေးခဲ့တဲ့... Favorite မဟုတ်သော... နင်ဆို တဲ့ သီချင်းလေးကို

ပရိတ်သတ်ပေါင်းများစွာ... အားပေးပြီး.... Download ချကာ နားဆင်ခဲ့သည့်အတွက်

အရမ်းကျေးဇူးတင်ရှိပါတယ်လို့... အဆိုတော် Ko Hein Htet ကိုယ်စား ကျွန်တော် ချမ်းမြေမောင်မှ... ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

ပရိတ်သတ်များ၏ နောက်ထပ်တောင်းဆိုမှုများကြောင့်... Favorite မဟုတ်သော...နင် ဆိုတဲ့ တေးစီးရီး Albulm လေးအား...

အစအဆုံးတင်ပေးပါလို့တောင်းဆိုသူ များလွန်းသည့်အတွက်...

Ko Hein Htet မှလည်း... အခွေမှာ ပါဝင်တဲ့ သီချင်းအားလုံးကို ချစ်ပရိတ်သတ်များကို ဝေမျှပေးဖို့...

သဘောတူသည့်အတွက်... ကျွန်တော် Albulm တစ်ခုလုံးကို... နယ်ဝေး၊ သို့မဟုတ် နိုင်ငံရပ်ခြားရောက်ရှိနေကြသော... ချစ်ပရိတ်သတ်များအတွက်

တေးစီးရီး တစ်ပုဒ်စီ၏ Download Link များအား တင်ပေးလိုက်ပြီနော်...။

Downlaod Link ကို လည်း Network Tarffic မဖြစ်စေဖို့အတွက် Top Level Hostiong ကနေ တိုက်ရိုက် Direct Link

ချပေးထားသောကြောင့် ကြော်ငြာ Link များမတွေ့ရပဲ... လွယ်ကူစွာ Download ချယူနိုင်ကြပါလို့...

ကျွန်တော်ချမ်းလေးမှ... Ko Hein Htet ကိုယ်စား ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။

အောက်က တေးစီးရီးခေါင်းစဉ်အတိုင်း Download ချယူလိုက်ပါ...။


1. ချစ်တယ်
http://pc.cd/bndctalK

2. အသည်းကွဲသူ
http://pc.cd/L1dctalK

3. အဆုံးသတ်
http://pc.cd/eedctalK

4. တစ်သက်တာ
http://pc.cd/R1dctalK

5. favorite မဟုတ်သော...နင်
http://pc.cd/5ndctalK

6. မီးလျှံအချစ်
http://pc.cd/3sdctalK

7. ပထမအချစ်
http://pc.cd/JndctalK

8. နတ်သမ္မီး
http://pc.cd/asdctalK

9. တွေးကာဝေး
http://pc.cd/JndctalK

အဆိုတော် Ko Hein Htet ထက်၏... လူမှုကွန်ယက် Facebook Ofiicial Profile သို့လည်းသွားရောက်ပြီး...အကြံညာဏ်များပေးနိုင်ပါသေးတယ်နော်...။

For Singer Official Accoint
===> https://goo.gl/IKwUxT


For Network Composer
===> https://goo.gl/cFEoPY


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ခိုးယူခံခဲ့ရတဲ့ လက်မှုပစ္စည်းတွေကို အမေရိကန်က အိန္ဒိယကို ပြန်ပေး

Posted: 25 Jun 2016 12:23 PM PDT




အိန္ဒိယနိုင်ငံမှ အခိုးခံခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်း လက်မှုပစ္စည်းပေါင်း ၂၀၀ ကျော်ကို အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံကို ပြန်လည်ပေးအပ်ခဲ့ပါသတဲ့။

ဒီလို ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို တနင်္လာနေ့က Washington မှာ ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခိုးယူတူးဖော်ခဲ့ကြတဲ့ တန်ဖိုးကြီးမားလှတဲ့ ဘာသာရေးနဲ့ အနုပညာဆိုင်ရာ လက်မှုပစ္စည်းတွေကို အမေရိကန်နိုင်ငံကို ပို့ဆောင်ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ကြေးသွန်း ဟိန္ဒူနတ်ဘုရား ရုပ်တုဖြစ်တဲ့ Saint Manikkavichavakar နဲ့ ကြေးသွန်း ဟိန္ဒူနတ်ဘုရား Ganesh ရုပ်တုတွေတွေ ပါဝင်ပါသတဲ့။ ဒီလက်မှုပစ္စည်းတွေကို အိန္ဒိယနိုင်ငံကို ဖြည်းဖြည်းချင်း ပြန်လည်ပို့ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ၂၀၀၇ ခုနှစ်ကတည်းက U.S. Homeland Security စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ပြီး ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အများစုကိုတော့ အနုပညာပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားသူ၊ ဒေါ်လာသန်းပေါင်းများစွာဖြင့် တရားမ၀င် ကူးသန်းရောင်းဝယ်ဖို့ စီစဉ်နေတဲ့ Subhash Kapoor ထံမှ ပြန်လည်ဖမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။


Ref ===>UPI

Credit ===> သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

ဒီအကြောင်းအရာတွေကို သင်သိပါသလား !?

Posted: 25 Jun 2016 12:11 PM PDT



ကျွန်တော် အခုရေးသားမယ့် အကြောင်းအရာတွေကတော့ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။


၁. ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။

၂. ပြက္ခဒိန်မှာ ပါဝင်နေတဲ့ လ ၁၂ လမှာ သြဂုတ်လဟာ ကလေးမွေးဖွားမှု အများဆုံးလဖြစ်ပါတယ်။

၃. အစားအစာတွေဟာ တံတွေးနဲ့မရောမချင်း အစားအစာတွေရဲ့ အရသာ ဆိုတာကို ခံစားလို့မရပါဘူး။

၎. လူတစ်ယောက် အိပ်စက်သွားဖို့ အချိန်ယူချိန်ဟာ ပျမ်းမျှအနေနဲ့ ၇ မိနစ်သာကြာမြင့်ပါတယ်။

၅. ဝက်ဝံတစ်ကောင်မှာ သွား ၄၂ ချောင်းရှိပါတယ်။

၆. ငှက်ကုလားအုတ်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်တောင် အရွယ်အစားပိုမိုကြီးမားပါတယ်။

၇. သံပုရာသီးတစ်လုံးမှာ စတော်ဘယ်ရီသီတစ်လုံးထက်တောင် သကြားဓာတ်ပမာဏပါဝင်မှု ပိုမိုများပြားပါတယ်။

၈. ရှစ်ရာနှုန်းသောလူတွေဟာ နံရိုးအပိုပါကြပါတယ်။

၉. ၈၅ ရာနှုန်းသော သက်ရှိအပင်တွေဟာ သမုဒ္ဒရာ ကြမ်းပြင်ရေအောက်မှာ တည်ရှိနေပါတယ်။

၁၀. ကမ္ဘာပေါ်မှာ လူသုံးအများဆုံး အက္ခရာဟာ E ဖြစ်ပါတယ်။

၁၁. ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဘာသာစကားသုံးခုကတော့ မန်ဒရင်းတရုတ်ဘာသာစကား ၊ စပိန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား
တို့ဖြစ်ပါတယ်။
Ref ===> Did U Know

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

ကြောင်တွေ အုပ်ချုပ်နေတဲ့ ကျွန်း...

Posted: 25 Jun 2016 12:06 PM PDT



လူဦးရေ ၂၂ ပဲကျန်ရှိတော့တဲ့ ဂျပန်က Aoshima ကျွန်းပေါ်မှာတော့ ကြောင်တွေက ဖြန့်ကျက် ကျက်စားလျက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒီကျွန်းပေါ်မှာ အရင်တုန်းကတော့  ကြွက်တွေတစ်အားပေါပြီး ငါး ဖမ်းလှေတွေကို ကိုက်ဖြတ်လေ့ရှိတာကြောင့် ကြောင်တွေကို အဲ့ဒီကျွန်းပေါ်မှာ ခေါ်ဆောင်မွေးမြူခဲ့ကြတာဖြစ်ပါတယ်။

 ကြွက်တွေက ကုန်စင်သွားခဲ့ပေမယ့်လည်း ကြောင်တွေကတော့ မျိုးပွားနှုန်း အရမ်းများလာတာကြောင့် ကျွန်းပေါ်မှာ ကြောင်တွေ  အထိန်းအကွပ်မရှိ များပြားလာပြီး နည်းပါးသွားအောင် လုပ်ဖို့လည်း ခက်ခဲ လာခဲ့ပါတယ်။




အခုဆိုရင်တော့ အဲ့ကျွန်းပေါ် ကြောင် အရေအတွက်ဟာ ၁၂၀၀ ဝန်းကျင်ရှိပြီး ၄င်းတို့ထဲမှ ၁၀ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါတယ်။ ၄င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာများကိုသာ စားသောက်နေထိုင်တယ်လို့ သိရပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင်နေနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သို့ပေမယ့်လည်း အဲ့ကျွန်းပေါ်မှာ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ကြောင်တွေသာ ကျန်ရှိနေခဲ့ပြီး ငယ်ရွယ် သူတွေကတော့ အခြား မြို့ရွာများသို့ ပြောင်းရွေ့သွားကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဖြည်းဖြည်းနဲ့ လူမရှိဘဲ ကြောင်တွေသာ ကျန်ရှိတော့တဲ့ကျွန်းတစ်ခုဖြစ်သွားမှာကို ကြောက်ရွံ့နေရတယ်လို့ သိရပါတယ်။




Ref ===> DailyMail

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

လူတိုင်းကို ထောက်လှမ်းစောင့်ကြည့်နိုင်မယ့် နည်းပညာသစ်- by CHAN LAY (MCMM)

Posted: 25 Jun 2016 11:49 AM PDT




ဒါဟာ သံသယလွန်လွန်ကဲ ဟောလီးဝုဒ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုလိုပါပဲ။ တစ်ပြိုင်နက်တည်း လူပေါင်းများစွာကို နာရီပေါင်းများစွာကြာအောင် ထောက်လှမ်းနေနိုင်တဲ့ စောင့်ကြည့်နည်းပညာသစ် တစ်ရပ် ထွက်ပေါ်လို့လာပါပြီ။

Transformers ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ Michael Bay ရဲ့ ဇာတ်ညွှန်းတွေတော့ မဟုတ်ပါဘူး။ Washington Postကနေ စေ့စေ့စပ်စပ် ထုတ်ပြန်လာတဲ့ သတင်းတွေအရ ဒီနည်းပညာက တကယ်ကိုရှိတယ်ဆိုတာကို သိရပါတယ်။ ဒီစောင့်ကြည့်နည်းပညာကို ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့လည်း အသုံးချပြီးဖြစ်ပါတယ်။

Persistent Surveillance Systems ဆိုတာကတော့ ဒီနည်းပညာရဲ့ နောက်ကွယ်က အဖွဲ့အစည်းပါ။ PSS ကုမ္ပဏီဟာ Ohio ပြည်နယ်၊ Dayton မြို့မှာ အခြေစိုက်ထားပြီး သူ့ကုမ္ပဏီရဲ့ အလုပ်လုပ်ပုံ၊ အလုပ်လုပ်နည်းတွေကို Washington Postကို ရှင်းလင်းတင်ပြသွားပါတယ်။ တတ်နိုင်သမျှ Privacy နဲ့မညိအောင် လုပ်နေတဲ့ တချို့သော လုပ်ငန်းအဆင့်တွေအကြောင်းလည်း ပါပါတယ်။

ကောင်းကင်က မျက်လုံးတစ်လုံးနဲ့ စတာပဲ။ Cessna လေယာဉ်ကုမ္ပဏီက ထုတ်တဲ့ Cessna ဒရုန်းငယ်လေးဟာ အမြင့်ပေ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား အချင်း (၂)မိုင်ပတ်လည်မှာ ပျံသန်းနေပြီး တစ်ကြိမ်မှာ နာရီပေါင်းများစွာ ပျံသန်းနေနိုင်ပါတယ်။ အဲ့ဒီ့ ဒရုန်းအသေးစားလေးမှာ စက္ကန့်နဲ့အမျှ ဓာတ်ပုံတွေရိုက်ယူနေတဲ့ ပုံရိပ်ပြတ်သားမှုမြင့် ကင်မရာ (၁၂)လုံး တပ်ဆင်ထားပါတယ်။ အဲ့ဒီ့ကင်မရာတွေက လူတွေနဲ့ ယာဉ်တွေကို ဘယ်သူဘယ်ဝါမှန်း မစူးစမ်းနိုင်ပေမဲ့ လူတွေနဲ့ ယာဉ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ ထောက်လှမ်းနေနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲ့ဒီ့ကတဆင့်မှ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသွားနိုင်ပြီး ဖမ်းဆီးမှုတွေလုပ်သွားနိုင်ပါတယ်။

အမေရိက အနှံ့မှာ ဒီစောင့်ကြည့်နည်းပညာသစ်ကို သုံးသွားချင်တယ် လို့ Persistent Surveillance Systems ရဲ့ ဥက္ကဋ္ဌ Ross McNutt ကပြောသွားပါတယ်။ Baltimore, Philadelphia, Compton, California တွေမှာ ဒီနည်းပညာကို သရုပ်ပြပြီးဖြစ်ပါတယ်။ Ohio ပြည်နယ်၊ Dayton မြို့က ရာဇ၀တ်မှုတစ်ခုကိုလည်း ဒီစောင့်ကြည့်နည်းပညာသစ်နဲ့ ဖြေရှင်းပေးလိုက်နိုင်ခဲ့သေးတယ်လို့ ဥက္ကဋ္ဌ McNutt က Washington Post ကို ပြောသွားပါတယ်။


Ref ===> Washington Post

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

iPhone 7 ကို အာကာသမီးခိုးရောင်အစား နက်ပြာရောင်နဲ့ အစားထိုးထုတ်လုပ်ဖွယ်ရှိ

Posted: 25 Jun 2016 11:43 AM PDT



Apple ကတော့ သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် iPhone 7 မှာ အာကာသ မီးခိုးရောင်အစား နက်ပြာရောင်ကို ထည့်သွင်းသွားဖွယ်ရှိတယ်လို့ Apple အကြောင်းကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတဲ့ ဂျပန်သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ iPhone 7 မှာဆိုရင်တော့ ငွေရောင် ၊ ရွှေရောင် ၊ နှင်းဆီရောင်နဲ့ နက်ပြာရောင်ဆိုပြီး အရောင်လေးခုနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

iPhone အသုံးပြုသူတွေကြားမှာ အာကာသမီးခိုးရောင်ဟာ လူကြိုက်နည်းတာကြောင့် Apple က ဖယ်ရှားဖို့ စီစဉ်လိုက်တာဖြစ်ပြီး နောက်ပိုင်း iPhone တွေမှာတော့ နက်ပြာရောင်ကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။ ဒီဂျပန်ဝက်ဘ်ဆိုက်ကတော့ iPhone 7 မှာ OLED display ပါဝင်လာနိုင်ဖွယ်မရှိသေးဘဲနဲ့ LED Display သာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အာကာသမီးခိုးရောင်ကိုတော့ iPhone 5S ကို ထုတ်လုပ်စဉ်က စတင်အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေရောင် ၊ ရွှေရောင်နဲ့ နှင်းဆီရွှေရောင်ဆိုပြီး နောက်ပိုင်းမှာ အရောင်တွေ ပိုတိုးလာခဲ့တာပါ။

နောက်ထွက်မယ့် iPhone 7 အတွက်တော့ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေပြီး headphone jack ကို ဖယ်ရှားသွားမယ် ၊ မျက်နှာပြင်ပြည့် display ပါလာမယ် ၊ Home ခလုပ်ကို ဖြုတ်ပစ်မယ် အစရှိသဖြင့် ခန့်မှန်းနေကြပါတယ်။ ကင်မရာပိုင်းမှာတော့ Lens နှစ်ခုနဲ့ ကင်မရာပါလာမယ်လို့ခန့်မှန်းနေကြပြီး RAM 3GB နဲ့ storage 256GB အထိ ပါဝင်လာမယ် အစရှိသဖြင့် သတင်းတွေအမျိုးမျိုး
ထွက်ပေါ်နေကြတာပါ။

Ref ===> AppleInsider

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

ဝက်ခြံအမာရွတ်တွေကို နှုတ်ဆက်နည်းများ... by CHAN LAY (MCMM)

Posted: 25 Jun 2016 11:31 AM PDT







ဆယ်ကျော် သက် ရွယ် ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန့် တိုင် အောင် ဟော်မုန်းေ တွ ပြော င်း လဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး မှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှား ပါးလွန်း တဲ့ အသားအရေ ကံထူးရှင် တွေ လို့ ဆိုနိုင် ပါတယ်။ အသင့် အတင့် ၀က်ခြံ ပေါ က်ပြီးေ နာက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ် တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက် အောင် ၀က်ခြံ အ မာရွတ် တွေ စွဲကျန် နေရစ် ခဲ့ရှာ တုန်း ပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံး နည်းလမ်း ( ၅ ) သွယ် ထဲက တစ်ခုခု နဲ့  အဆ င်ပြေ သွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်


နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မ ဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေ အေးမြ တဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ



( ၃ ) သခွားသီး

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ် လိမ်းပေး ကြည့် ပါနော်။ အစိုဓာတ် ထိန်း ပေးနိုင် တဲ့ အစွမ်း သတ္တိ ပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ် ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီ ပေါ့ရှင်။


အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေ ကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်



( ၅ ) ရေ

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။


တစ်နေ့ ကို သောက် ရေ ဖန်ခွက် ၈ - ခွက် စာထက် မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်း က ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များ ကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ် အသေ တွေ ၊ အ မာရွတ် တွေ ကို ဖယ်ရှား သန့် စင် စေပေးလို့ပါ။

Ref ===> Daily Health

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

ရေသောက်သုံးခြင်းက ဦးနှောက်ကို များစွာအကျိုးပြု

Posted: 25 Jun 2016 11:31 AM PDT





ရေသောက်သုံးခြင်းက လူသားတွေရဲ့ အတွေးနဲ့စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာတွေကိုဖြေရှင်းရာမှာ ပိုပြီး စိတ်အေးအေးနဲ့ ရလဒ်ကောင်းအောင် ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လူတွေဟာ ရေဆာလောင်နေရင် အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာမှာ နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်းလာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင်ထက်မြက်လာတာဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ဆွဲခဲ့တာပါ။

ဒါ့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှု မရှိတာဟာ လူသားတွေရဲ့ တွေးခေါ်လုပ်ဆောင်မှုကိုပိုပြီးခက်ခဲ့စေတယ်လို့ သိရပါတယ်။

သုတေသီများ၏လေ့လာစမ်းသပ်မှု့ မှာတော့ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့ ၏ ချွေးထွက်မှု ပမာဏကို လေ့လာခဲ့ကြပါတယ်။

ဒီလို လေ့လာရာမှာတော့ ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားတာကို တွေ့ခဲ့ရပါတယ်။ အဲ့အချိန်မှာ  ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန်တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားကို ပြန်ပြီးရောက်ရှိသွားတယ်လို့ သိရပါတယ်။

သုတေသီတွေရဲ့ အဆိုအရ မိနစ် ၉၀ ကြာပုံမှန်ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ်ပိုမို ကြီးသွားသကဲ့ သို့ ရှုံ့ သွားနိုင်ကြောင်းလည်း သိရပါတယ်။


Ref ===> Recipe

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Facebook Live ကို MSQRD မှ filter များဖြင့် မကြာမီ အသုံးပြုနိုင်မည်... by CHAN LAY (MCMM)

Posted: 25 Jun 2016 11:22 AM PDT






လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် live video ရိုက်ကူးထုတ်လွှင့်မှုများကို MSQRD app မှ တိုက်ရိုက်ပြုလုပ်နိုင်ရန် Facebook က စီစဉ်လျက်ရှိသည်။ အဆိုပါ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မှုများကို Snapchat ကဲ့သို့သော filter အမျိုးမျိုးဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရိုက်ကူးထုတ်လွှင့်မှုအတွက် ပရိသတ်များကို friends သို့မဟုတ် public ဟူ၍ ရွေးချယ်နိုင်သည်။

Facebook သည် face-swapping app MSQRD ကို ဖန်တီးသည့် ဘီလာရုစ်ကုမ္ပဏီကို မတ်လက ဝယ်ယူခဲ့စဉ်က Facebook ဗီဒီယိုအတွေ့အကြုံကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုရေးကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MSQRD နှင့် ပေါင်းစပ်ဆောင်ရွက်မည့်အစီအစဉ်ကို Facebook ၏ ထုတ်ကုန်ဒါရိုက်တာ ဖစ်ဂျီဆီမိုက နှစ်စဉ်ကျင်းပပြုလုပ်သည့် အွန်လိုင်းဗီဒီယိုကွန်ဖရင့်စ် VidCon တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

Ref ===> TheVerge


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Micro USB နှင့်ပတ်သတ်ပြီး...

Posted: 25 Jun 2016 11:17 AM PDT





Micro USB ဆိုတာကတော့ USB connector ရဲ့ မျိုးကွဲအခေါ်အဝေါ်တစ်ခုပဲ ဖြစ်ပါတယ်။ USB ရဲ့ အရှည်ကတော့ Universal Serial Bus ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် USB စနစ်သုံးကြိုးတွေကို ကျွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အချက်အလက်ဖိုင်တွေကို အလွယ်တကူ ကူးပြောင်းနိုင်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ ထုတ်ကုန်ရဲ့ ထောက်ပံ့မှုပေါ်မူတည်ပြီး အထူးသီးသန့် drivers ဒါမှမဟုတ် တခြားသော ဆော့ဖ်ဝဲ အထောက်အပံ့မလိုဘဲ အသုံးပြု နိုင်မှာလည်းဖြစ်ပါတယ်။

အချို့ထုတ်ကုန်တွေကတော့ USB စနစ်အသုံးပြု ကြိုးကို ကွန်ပျူတာမှာချိတ်ဆက်ပြီး ထုတ်ကုန်ရဲ့ ဘက်ထရီကို အားပြန်ဖြည့်နိုင်ပါတယ်။ USB မှာ မတူကွဲပြားတဲ့ မျိုးကွဲတွေရှိသလို MicroUSB မှာ လည်း Micro-A ၊ Micro-B နဲ့ micro USB 3 ဆိုပြီး မျိုးကွဲတွေ ရှိပါတယ်။

Micro USB 3 က micro B နဲ့ ပုံသဏ္ဍာန် ဖွဲ့စည်းပုံမှာတော့ သိပ်မကွာခြားပေမယ့် USB 3 က ပိုမိုမြန်ဆန်မှုရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ အသုံးပြုနေကြတာကတော့ အဲဒီအမျိုးအစား တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ တကယ်တော့ MicroUSB က USB ရဲ့ အရွယ်အစားထက် ပိုမို သေးငယ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ USB ရဲ့ စံသတ်မှတ်ချက်အတိုင်းပဲ MicroUSB စနစ်ကို plug-and-play နဲ့ hot-swappable အနေနဲ့ အသုံးပြုနိုင်ပါတယ်။

USB ရဲ့စံသတ်မှတ်ချက်ကို Compaq, IBM, DEC, Intel, Mircrosoft, NEC နဲ့ Northern Telecom စတဲ့နည်းပညာကုမ္ပဏီတွေက ပူးပေါင်းသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Portable ထုတ်ကုန်တော်တော်များများဖြစ်တဲ့ စမတ်ဖုန်း၊ Tablet PC, MP3 Players, GPS Devices, Photo Printer နဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေမှာ အချက်အလက်ကူးပြောင်းဖို့နဲ့ ဘက်ထရီအားကို ပြန်လည်ဖြည့်သွင်းဖို့အတွက် MicroUSB စနစ်ကို တွင်ကျယ်စွာ အသုံးပြုပြီဖြစ်ပါတယ်။



ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

CEO scam မှုခင်းများကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးခဲ့ကြောင်း FBI ထုတ်ပြန်

Posted: 25 Jun 2016 11:14 AM PDT




ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း CEO phishing များစွာကြောင့် သားကောင်ဖြစ်ရသူများနှင့် ဆုံးရှုံးမှုများ မြင့်တက်လာကြောင်း FBI မှ ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက CEO အယောင်ဆောင် အီးမေးလ်များကြောင့် ကန်ဒေါ်လာ ၃.၁ ဘီလျံဆုံးရှုံးမှုဖြစ်ပေါ် ခဲ့ကြောင်း Federal Bureau of Investigation (FBI) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ်ငွေစာရင်းအတွင်းသို့ ငွေများလွှဲပြောင်းရန် ကုမ္ပဏီ၏ဘဏ္ဍာရေး ထိန်းချုပ်သူများထံသို့ CEO အယောင်အဆောင် အီးမေးလ် account အတုများ အသုံးပြုသည့် ပြစ်မှုကျူးလွန်သူများ ရှိနေသည်။ အဆိုပါ ရာဇဝတ်ကောင်များအကြောင်းကို လုပ်ငန်းရှင်များအား သတိပေးရန် Internet Crime Complaint Centre (IC3) ရှိ ပြည်သူ့ဝန်ဆောင်မှု ကြေညာချက်တွင် FBI ကထုတ်ပြန်ခဲ့သည်။

ယခုကိန်းဂဏန်းသစ် ဖော်ပြချက်အရ CEO အယောင်ဆောင် လိမ်လည်မှု သို့မဟုတ် စီးပွားရေးလုပ်ငန်းသုံး အီးမေးလ်မလုံခြုံမှုများသည် လုပ်ငန်းများအတွက် ထင်မှတ်ထားသည်ထက် ပိုမိုကြီးမားသော ပြဿနာတစ်ခုဖြစ်ကြောင်း တွေ့ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၎င်းကဲ့သို့ လိမ်လည်မှုများကြောင့် ကမ္ဘာတစ်ဝန်း ငွေကြေး ၂.၃ ဘီလျံ ဆုံးရှုံးခဲ့ကြောင်း FBI ကဧပြီလက ဖော်ပြခဲ့ဖူးသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ် မေလအကြား CEO အယောင်ဆောင် လိမ်လည်မှုများ ပြုလုပ်ခံရသော သားကောင် ၂၂ ဦးအပြင် ၁၄၃ ဦးက တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုဖော်ပြပါ ၃.၁ ဘီလျံသည် အမေရိကန်ဒေါ်လာ ငွေကြေးဖြင့် ဆုံးရှုံးသွားသော အရေအတွက်ဖြစ်ကြောင်း IC3 က မှတ်ချက်ပြုခဲ့သည်။ ၎င်းတို့အနေဖြင့် အမေရိကန်နှင့် နိုင်ငံတစ်ဝန်းတွင် သားကောင်ဖြစ်ခဲ့ ရသူများမှ အစီရင်ခံစာပေါင်း ၁၅,၆၈၈ ရရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၁ ဘီလျံကျော်ရှိသည်။ ထိုအထဲတွင် အမေရိကန်နိုင်ငံသား ၁၄,၀၀၀ ကျော်ပါဝင်ကြောင်း IC3 က ဖော်ပြခဲ့သည်။

"ယခုလိမ်လည်မှုကို နိုင်ငံပေါင်း တစ်ရာကျော်နဲ့ ပြည်နယ်ပေါင်း ၅၀၀က တွေ့ကြုံခဲ့ရသူတွေက အကြောင်းကြားခဲ့ပါတယ်။ တရုတ်နဲ့ ဟောင်ကောင်အခြေစိုက် အာရှဘဏ်တွေ အကူအညီနဲ့ နိုင်ငံပေါင်း ၇၉ နိုင်ငံသို့ ငွေကြေးလိမ်လည် လွှဲပြောင်းမှုတွေကို ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ညွှန်ပြနေပါတယ်"ဟု IC3 မှဖော်ပြခဲ့သည်။

Ref ===> ZDNet

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

0 comments:

Post a Comment