မောင်ပေါက် ( Maung Pauk ) |
- ဖုန်းဒေါင်းလုတ်ဆော့ဝဲကောင်းလေး - Advanced Download Manager Pro v5.0.0 APK
- YouTube ကဗီဒီယိုဖိုင်တွေကိုဒေါင်းနိုင်တဲ့ - SnapTube – YouTube Downloader HD Video v2.5.2.8092 Apk
- ဖုန်း Music Player အကောင်းဆုံးလေး - Rocket Player Premium v3.4.1.60 Apk
- ဖုန်း user တွေဆောင်ထားသင့်တဲ့ - All-In-One Toolbox (Cleaner) Pro v5.2.4 Final Apk
- ဖုန်း Camera apk ကောင်းလေး - MagicPix Pro Camera Chromecast v3.3 Apk
- ♪ File Manager Premium v1.6.2 Apk ♫
- Android OS ဖုန်း နှင့် Tablet တွေမှာ Video တွေကြည့်ရှုရန်လိုအပ်မယ်-Archos Video Player v9.2.48 Apk
- ♪ ဒီဇိုင်းလန်းတဲ့ Icon လေးများ - Miu – MIUI 6 Style Icon Pack v86.0 Apk (7-Sept) ♫
- ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ
- ဈေးနူန်းချို သာ အာမခံချက်အပြည့်ရှိပြီး ထူးခြားချက်ရှိသော NEWINGS Dual 3G Hanset(တစ်သိန်းအောက်ကောင်းကောင်းသုံးလိုသူများအတွက်)
- ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေ
- Android ဖုန်းကင်မရာတွေကို Manual စနစ်ဖြင့် ထိန်းချုပ်အသုံးပြုခြင်း
- Flipagram for Windows Phone
- Life Calculator For Android
- Aquapolis For IOS
- Poster For IOS
- စမတ်ဖုန်း ဈေးကွက်ကို လွမ်းမိုးရန် တရုတ်ကုမ္ပဏီများ ရည်မှန်း
- WhatsApp အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်းပေါင်းများစွာ ထိခိုက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခု သတိပေး
- တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက်ပြသမည်
- CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်းကျင်းပမည်
- အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခု၌ ၂ ခုသာ Mobile Vision ကို အထောက်အပံ့ ပေးနိုင်
- ဗေဒင်ဝါသနာရှင်တွေ အတွက် ဆရာ ဇင်ယော်နီရဲ့ ဗေဒင်ဟောစာတမ်း apk( ဒေါင်းလုတ်လင့် 3 ခု)
- ဖုန်း Call/ Message /facebook -၀င်လာရင် Led မီးလေးနဲ့အချက်ပြပေးမယ့် -LED Blinker Notifications v6.8.3 Apk
- ဖုန်းမှာသုံးတဲ့ အသံဖမ်း apk ကောင်းလေး - Easy Voice Recorder Pro v1.9.1 Apk
- သင့်ဖုန်းလေးနေတာကို မြန်ဆန်စေမယ့် - Smart Booster Pro v5.5 Apk
| ဖုန်းဒေါင်းလုတ်ဆော့ဝဲကောင်းလေး - Advanced Download Manager Pro v5.0.0 APK Posted: 09 Sep 2015 09:35 PM PDT |
| YouTube ကဗီဒီယိုဖိုင်တွေကိုဒေါင်းနိုင်တဲ့ - SnapTube – YouTube Downloader HD Video v2.5.2.8092 Apk Posted: 09 Sep 2015 09:23 PM PDT |
| ဖုန်း Music Player အကောင်းဆုံးလေး - Rocket Player Premium v3.4.1.60 Apk Posted: 09 Sep 2015 09:13 PM PDT |
| ဖုန်း user တွေဆောင်ထားသင့်တဲ့ - All-In-One Toolbox (Cleaner) Pro v5.2.4 Final Apk Posted: 09 Sep 2015 09:03 PM PDT |
| ဖုန်း Camera apk ကောင်းလေး - MagicPix Pro Camera Chromecast v3.3 Apk Posted: 09 Sep 2015 08:55 PM PDT |
| ♪ File Manager Premium v1.6.2 Apk ♫ Posted: 09 Sep 2015 07:10 PM PDT File Manager ဆိုတာကတော့ Android Phone အားလုံးမှာပါပြီးသား Application တစ်ခုဖြစ်ပါတယ်ဗျာ။ ဒါပေမယ့် အခုတင်ပေးလိုက်တဲ့ File Manager Premium လေးကတော့ အခြားသော File Manager များ ထက်ပိုပြီးကောင်းမွန်တဲ့ စုံလင်တဲ့ Feature လေးတွေပါဝင်တာကိုတွေ့ရပါတယ်။ ဒီကောင်လေးကတော့ ဖုန်းထဲမှာရှိတဲ့ Photo , Music , Video , Apk , Document , အစရှိတဲ့ File အမျိုးအစားအလိုက် သီးသန့်ခွဲခြားပြီး ပြသပေးတဲ့အတွက် မိမိလိုချင်တဲ့ File တွေကိုရှာဖွေရာမှာလွယ်ကူအဆင်ပြေစေမှာဖြစ်ပါ တယ်ဗျာ။ အချို့သောသူငယ်ချင်း များကလည်း ဖုန်းကိုကလိလွန်ပြီး File Manager ပျောက်သွားတက်ပါ တယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာ အခုတင်ပေးလိုက်တဲ့ File Manager Premium လေးကိုဒေါင်းယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Android OS ဖုန်း နှင့် Tablet တွေမှာ Video တွေကြည့်ရှုရန်လိုအပ်မယ်-Archos Video Player v9.2.48 Apk Posted: 09 Sep 2015 06:20 PM PDT ![]() သီးချင်းတွေ Video တွေကြည့်မယ်ဆိုရင် လိုတဲ့ Video Player Application တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေး၏လုပ်ဆောင်ချက်ပြောရရင် တော့ ပြောမဆုံးတော့ပါဘူးဗျာ။ တိုးတိုးလိုရင်ပြောရရင်တော့ အခု Player လေးကတော့ ဖုန်းအတွင်းမှာရှိတဲ့ Video ဖိုင်များကိုကြည့်ရှုနိုင်တဲ့အပြင် အင်တာနက်ကွန်နရှင်သာရှိ မယ်ဆိုရင် Online Video တွေကိုပါကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Video များကိုလည်း ဒေါင်းလုပ်ဆွဲနိုင် ပါသေးတယ်ဗျာ။ Online Video ကတော့ မိမိကြည့်ရှုချင်တဲ့ သီချင်း MP4,ဇတ်ကားနာမည်ကိုရိုက်ပြီး ရှာဖွေကြည့်ရှုနိုင် မှာဖြစ်ပြီး ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။ ဒီ Application ၏ size ကတော့19.14MB ဖြစ်ပြီး Android OS 4.0 အထက်ရှိဖုန်းမှာသုံးနိုင်ပြီး အောက်မှာ Screen Shot တွေနဲ့ရိုတ်ပြပေးထားပါတယ်။ |
| ♪ ဒီဇိုင်းလန်းတဲ့ Icon လေးများ - Miu – MIUI 6 Style Icon Pack v86.0 Apk (7-Sept) ♫ Posted: 09 Sep 2015 04:29 PM PDT အခုတင်ပေးလိုက်တဲ့ Icon Pack လေးကတော့ အရောင်အသွေးစုံလင်စွာနဲ့ လှပဆန်းသစ်နေတဲ့ Miu – MIUI 6 Style Icon Pack v86.0 လေးပဲဖြစ်ပါတယ်ဗျာ။ သူ့ရဲ့ Icon လေးတွေနဲ့ လိုက်ဖက်ညီတဲ့ Wallpaper လေးတွေပါအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖုန်းတစ်ခုလုံးကို လှပဆန်းသစ်သွားစေမှာတော့ အမှန်ပါပဲဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shoot လေးတွေကိုရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0.3 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ Posted: 09 Sep 2015 08:55 AM PDT မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ.. လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။ Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။ ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။ မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။ ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။ ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။ . Ref: wiki ref: အောင်ခမ်း (MMAS) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:49 AM PDT မြန်မာပြည်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ NEWINGS ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဈေးနူန်းကတော့ 6xxxx ,9xxxx ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဈေးနူန်းလည်းချိုသာသလို အရည်အသွေးလည်းကောင်းမွန်ပြီးအာမခံချက်အပြည့်အ၀ရှိတဲ့ဖုန်းဖြစ်ပါတယ်။ Screen Size က ၅လက်မ,၄လက်မနဲ့ လာတာဖြစ်ပြီး SIM Card ၂ကဒ်ထည့်သွင်းနိုင်ပါတယ်။Android Version ကို Jelly,Kitkat ကိုအသုံးပြုထားပါတယ်။ 3Gonly Hanset ဖြစ်ပြီး Flash light,font&Back Camera ,facebook ,Youtube ,Google Service,Myanmar fontကို Built inအနေန့ ပါဝင်ပြီး ပါဝင်သောဖုန်းများဖြစ်ပါတယ်။ ကြိုက်သလောက် Runပြီး Screen ပေါ့တာကြိုက်သူတွေ နဲ့ Memory အတော့်အသင့်ပါဝင်တာ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်ပါဘူး ။ ထပ်ပြောရရင်တော့ COC(Clash of Clan) ၀ါသနာရှင်တွေအတွက် အကောင့်ချိတ်ဖို့အဆင်သင့်ပါသည့်အတွက် လက်မလွှင့်ပါဘူး။ မိမိအနေနဲ့ တစ်သိန်းအောက်ဖြစ်ရမည် ဈေးနူန်းသက်သာရမည် , အရေအသွေးကောင်းရမည်,ပြင်ဆင်မူပစွည်းရှိရမည် အာမခံချက်အပြည့်အ၀ရှိမယ်ဆိုရင် Newings ကိုမေ့လို့လုံးဝမရပါဘူး လက်ရှိ ဈေးကွက်မှာ ရောင်းအားကောင်းပြီး သုံးသူတိုင်း စိတ်ကျေနပ်မူအပြည့်အ၀ပေးနေတဲ့ Hanset တစ်လုံးဖြစ်ပါတယ်။အောက်တွင် Model တစ်ခု ခြင်းဆီကို ရှင်းပြထားပါတယ် ဖတ်ကြည့်ပေးပါ။ W500 Model (Dual 3G)ဆိုလျှင်.., Screen Size က 5 inches ရှိပြီး Flash မီးပါဝင်ပါတယ်။Android Version 4.4 ( Kitkat)ကိုသုံးထားပြီးCPU ကတော့ Quad-Core 1.3GHz သုံးထားပါတယ်။အဖြူ၊အမည်းနှစ်မျိုးလာပါတယ်။ Rom Memory 4GB ပါဝင်ပြီး SD Card အနေနဲ့တော့ 32GB ထိထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ RAM ပမာဏကတော့ 512MB ပါ။Dual Sim Card စိုက်နိုင်ပြီး ကဒ်ပေါက်နှစ်ခုလုံးက 3G တွေဖြစ်ပါတယ် ။ GPS,Wifi,Bluetooth&FMပါဝင်ပါပြီး Video Call ,Motion & Gesture,Magic Thumb ပါဝင်တဲ့အတွက် အသုံးပြုသူတွေအတွက်ပိုနှစ်သက်စေမှာပါ။ မြန်မာဘာသာစကားBuilt in ပါဝင်ပြီး up to 39 languages ထိsupport လုပ်ပါတယ်။Camera အနေနဲ့ Back camera 5 Megapixel ဖြစ်ပြီး font camera ကတော့ 0.3MP ဖြစ်ပါတယ်။ COC နှစ်သက်သူများအတွက် Google Play Service built inပါဝင်တဲ့အတွက် updateလုပ်ရသက်သာပြီး အခက်အခဲမရှိလွယ်ကူစွာချိတ်ဆက်ကစားနိုင်ပါတယ်။ အခြားသော ဂိမ်းကစားသူများအတွက်လည်း CPU Quad-Core 1.3 GHz သုံးထားတဲ့အတွက် Touch အသွားအလာလျင်မြန်ပြီး စက်ဟမ်းခြင်းမှာကင်းဝေးပါတယ်။ Screen 5လက်မဖြစ်သဖြင့်စာဖတ်ဝါသနာပါသူတွေအတွက်လည်းအဆင်ပြေပြီး Screen size ကြီးတာကိုင်ချင်သူများအတွက်လည်းမငြင်းလောက်ပါဘူး။ှSmart Motion များပါဝင်သည့်အတွက် လူတိုင်းသိပြီးဖြစ်ကြသလို Double Click ဆိုပါဝင်ပွင့်တာ, M လို့ရေးရင် music ပွင့်တာ ,W ဆိုလူတိုင်းသုံးတဲ့ WhatsApp ပွင့်တာ..အစသဖြင့် Motion များပါဝင်တဲ့အတွက်အလွယ်တကူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။Notibar ကိုဆွဲချလိုက်ရင်လည်း Shortcut များစွာတွေ့ရမှာပါ Lock Screen Shortcut,Power off shortcut ,Flashမီး,Location.. အစသဖြင့် Easy Shortcut များပါဝင်ပါတယ်။ Individuality ထဲမှ font ထဲဝင်ပြီး မိမိနှစ်သက်ရာ Font Size ကိုများကို မူလပါတာလည်းသုံးလို့ရသလို User font အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာ။ ပိုပြီးကောင်းတာကတော့ အာမခံတစ်နှစ်ပေးထားပြီး တစ်နှစ်တွင်း User Earror မဟုတ်ဘဲ System Earror ဆိုရင် Free Service ကိုအချိန်အနည်းငယ်တွင်း ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။ တစ်နှစ်ကျော်သွားပါကလည်း ပစွည်းမရှိမှာစိုးရိမ်စရာမလိုဘယ် နီးစပ်ရာ Newings Showroom ,Newings Service Center,မိမိဝယ်သည့်ဆိုင်များကို သွားရောက်ပြင်ဆင်နိုင်ပါတယ်။ Touch နဲ့ LCD သက်သက်ဖြစ်တာကြောင့် မိမိမှန်ကွဲရင်မှန်ပဲလဲရမှာပါ ,Lcd ကွဲရင် LCD ပါပဲ။ မိမိတို့ဖုန်းများပြင်ဆင်မူပိုင်းအတွက် စိုးရိမ်စိတ်မရှိအောင်လည်း Newings မှ MotherBoard ကအစရှိတာ ကြောင့် Board လဲရမည့်အနေအထားမှာလည်း မိမိဟန်းဆက်ကိုပဲမခွဲမခွါ တူညီတဲ့တန်ဖိုးကုန်ကျခံကာ ပြင်ဆင်နိုင်ပါတယ်။ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။ ကျန်သည့် Function များကျန်သေးသည့်အတွက်မိမိကိုယ်တိုင် ၀ယ်ယူပြီးမှ အသုံးပြုကြပါလို့တိုက်တွန်းပါတယ် ။ တစ်သိန်းအောက်ဟန်းဆက်လည်းဝယ်ချင် " ဈေးနူန်းချိုသာရမယ် , အရေအသွေးစိတ်ချ ရမယ်၊အာမခံချက်အပြည့်ရှိရမယ် နဲနဲပေးပြီးများများသုံးမယ်ဆိုရင်တော့" ကျွန်တော်အကြံပြုချင်တောတော့ Newings Hanset ကိုသတိရလိုက်ပါခင်ဗျာ... V840 Model ဆိုလျင်.., CDMA/GSM နှစ်ကဒ်ထိုးဖြစ်ပါတယ် အခြားသော Brandများထက်ထူးခြားချက်အနေနဲ့ကတော့ Telenor ,Ooredoo ,MPT ,MEcTel လေးမျိုးလုံးအသုံးပြုနိုင်ပါတယ် Sim Slot (1)တွင် 3G Network ဖြင့်အသုံးပြုနိုင်ပါတယ် ooredoo နဲ့cdma(800MHz)အသုံးပြုချင်တဲ့သူတွေ အတွက် ရွေးရမည့်ဖုန်းဖြစ်ပါတယ်။Screen Size ကတော့ 4.0 ဖြစ်ပြီး Flashမီးပါဝင်ပါတယ်။ Android Version 4.3 အသုံးပြုထားပြီး CPU 1.2GHz သုံးထားပါတယ် Rom Memory 4GB ပါဝင်ပြီး RAM အနေဲ့ 512 ပါဝင်ပါတယ်။Camera ကတော့ Back Camera 5.0MP ပါဝင်ပြီး font က 0.3MP ဖြစ်ပါတယ်။ Facebook ,Youtube, Google Service,Myanar Font များကို Built in ပါဝင်ပြီး အသုံးပြုသူများအတွက် ပေးရသော တန်းကြေးထက် စိတ်ကျေနပ်မူကို ပိုပေးနိုင်မှာပါ ။ ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။ WG 931 Model ဆိုလျှင်.., Screen အားဖြင့် ၅ လက်မရှိပြီး Flash မီး ပါဝင်ပါတယ်။3G Support လုပ်သည့်အတွက် Telenor ,Ooredoo,MPT Sim card များကို 3G အသုံးပြုနိုင်မှာပါ။ CPU Quad-Cord 1.2GHz အသုံးပြုထားတဲ့အတွက်မြန်ဆန်မူအပိုင်းမှာ စိတ်ချရပါတယ်။Rom Memory 4GB သုံးထားပြီး Ram ကတော့ 512 ပါ။ Camera ကို Back 8MPနဲ့ Font 2.0MP သုံးထားတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားစွာမြင်တွေ့ရမှာပါ။ Battery ကတော့ 2000 mAh ဖြစ်ပါတယ်။အခြားသော 3D Wallpaperများ Theme များ လည်းစိတ်ကြိုက်ရွှေးချယ်သုံးနိုင်ပြီး အခြားသော ဒီမှာမရေးသေးသော Function များလည်းပါပါသေးတယ်။ ဈေးနူန်းကလည်း 9xxxx ဖြစ်သည့်အတွက် လူတိုင်းအလိုလို ၀ယ်ယူနိုင်ပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာ, အင်္ဂလိပ်, တရုတ် သုံးဘာသာနဲ့အသုံးပြုနိုင်ပါတယ်။ Google Service,Myanmar Font ပါတစ်ခါတည်းပါပြီး ဖြစ်သည့်အတွက် မြန်မာဖောင့်ပျောက်ခြင်းမှလည်းကင်းဝေးပါတယ်။ Model 200 Hanset ဖြစ်ပါတယ်။ GSM ,WCDMA မှန်ကန်သော မြန်မာစာ စနစ်အသေပါဝင်ပြီး Rom 1GB နဲ့ Ram 256MB ဖြစ်ပါတယ်။Camera 0.08 MP ဖြစ်ပါတယ်။ Transfer လုပ်ငန်းစဉ်အတွက် Bluetooth ပါဝင်ပြီး FM လည်းSupport လုပ်ပါတယ်။Battery လည်း 1000m Ah ဖြစ်ပါတယ်။ Model C820&C850 ဖြစ်ပါတယ် CDMA 1x800 MHz ဖြစ်ပါတယ်။Camera ကတော့ 0.08 MPဖြစ်ပြီး Mp3 Support ပေးပါတယ်။မြန်မာစာစနစ် အသေပါဝင်ပြီး Battery ကတော့ 1000mAh ဖြစ်ပါတယ်။ အာမခံကတော့ 1 year ပေးထားပါတယ်။ Hanset အားလုံးကို ၁ နှစ်အာမခံပေးထားပြီး ဈေးနူန်းချိုသာစွာဖြင့် Brand အားလုံးထဲမှာထူးခြားသော Brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။ *ဆက်သွယ်ရန်* " (1021/B)Thu Damar Road,2 QT,North Okkalapa Township,Yangon. ph;+959420006923,795872700,974777111 Email-telelorddistribution@gmail.com " သို့ဆက်သွယ်မှာယူနိုင်ပါသည်ခင်ဗျာ။ ။ ဆိုင်ခွဲများ===> ပေါက်လမ်းနှင့်မြိုင်လမ်းထောင့်အနီး၊ယာဉ်စွန်းတန်းစတိုးနှင့်မျက်စောင်းထိုး အမှတ်(၇)ရပ်ကွက်၊ပခုတ်ကူမြို့  ဖုန်း-09-790550511၊09-790550499 ==> အမှတ်(၁၀၂၁-ခ)၊သုဓမာလမ်း၊(၂)ရပ်ကွက်၊မြောက်ဥကလာပ၊ရန်ကုန်မြို့ ။ ဖုန်း-01-655686၊09-420006923၊09-795872700 facebook page==>https://www.facebook.com/myanmarnewings?fref=ts Website==> www.myanmarnewings.com ------------------ * အထက်ပါ Hanset များကို ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)တွင် လာရောက်ဝယ်ရောက်ပြီးလည်းအားပေးနိုင်ပါတယ်ခင်ဗျာ။ဝယ်ယူသူများကို Facebook Accountတစ်ခု ၊ လိုအပ်သောAppsများ၊Music,Wallpaperများကိုအခမဲကထည့်သွင်းပေးပြီးဟန်းဆက်များကိုလည်းဈေးနူန်းချိုသာစွာဖြင့် လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေ Posted: 09 Sep 2015 06:48 AM PDT မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အနည်းဆုံးဒေသများမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဒေသနှစ်ခုသည် တစ်နိုင်ငံလုံး၏ မိုဘိုင်းသိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ နည်းပါးနေသေးခြင်းမှာ အဆိုပါဒေသများ၏ တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် မိုဘိုင်း ဆက်သွယ်ရေးဈေးကွက် အနည်းငယ်သာရှိနေသေးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ "ဒီမှာက မြို့ကြီးတွေလို တစ် ဦးချင်း မိုဘိုင်းဖုန်းကိုင်သုံးတာ နည်းတယ်ပြောရမယ်။ ရွာဘက် တွေဆို ပိုနည်းတာပေါ့။ စစ်တွေ၊ တောင်ကုတ်လိုမြို့ပေါ်မှာတော့ တစ်ယောက်ချင်းစီ ဖုန်းသုံးတာ ပိုများတယ်။ ဒါတောင် မိသားစု တစ်စုမှာ လူစေ့ဖုန်းကိုင်တာမျိုး မရှိသေးဘူး။ ရန်ကုန်မှာဆို မိသား စု လေးဦးရှိရင် လေးဦးလုံးမှာ မို ဘိုင်းဖုန်းတစ်လုံးစီရှိ ကြတယ်လေ" ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်းသိပ်သည်းဆ နည်းပါးနေသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အများဆုံး ဒေသမှာ နေပြည်တော်ကောင်စီနယ်မြေ ဖြစ်နေပြီး ယင်းဒေသတွင် ၁၂၄ ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ မိုဘိုင်းဖုန်း သိပ်သည်းဆပမာဏမှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး မန္တလေး တိုင်းတွင် မိုဘိုင်းဖုန်းသိပ်သည်း ဆ ၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း အထက်ပါဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။ အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော နိုင်ငံအတွင်း မိုဘိုင်းဖုန်းသိပ်သည်းဆ ပမာဏများသည် ဒေသတစ်ခုချင်းစီးအ တွက် ရောင်းချပြီးသော ဆင်းမ်ကတ် အရေအတွက်နှင့် အသုံးပြု နေသည့် အရေအတွက်တို့အား အချိုးချ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Android ဖုန်းကင်မရာတွေကို Manual စနစ်ဖြင့် ထိန်းချုပ်အသုံးပြုခြင်း Posted: 09 Sep 2015 06:44 AM PDT Android ဖုန်းတွေမှာ ပါဝင်တဲ့ ဖုန်းကင်မရာကို ဓာတ်ပုံကင်မရာတွေမှာ အသုံးပြုသလိုမျိုး Manual စနစ်နဲ့ ကိုယ်တိုင်အလင်းအမှောင် ချိန်ညှိရိုက်ကူးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြု နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုရ ပါလိမ့်မယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ IgCamera ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို Play Store ပေါ်မှာ အခမဲ့ရယူအ သုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးပါ။ ဆော့ဖ်ဝဲကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ ကင်မရာစနစ်က တစ်ခါတည်း ပွင့်လာမှာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ ကင်မရာမြင်ကွင်းပေါ်မှာ အသုံးပြုနိုင်မယ့် စနစ်တွေကတော့ ပုံမှန် ဖုန်းကင်မရာတွေမှာ မြင်တွေ့နေကျ စနစ်ပုံစံမျိုးတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ ဆော့ဖ်ဝဲရဲ့ Setting စနစ်ပါပဲ။ ကျွန်တော်တို့ Setting ထဲကို နှိပ်လိုက်ပါမယ်။ Setting ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။ Setting ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို အပေါ်မှာ ဘားတန်းလေးခု ပြသပေးထားတာ ရှိပါတယ်။ ပထမဆုံး ထိပ်ဆုံးကစနစ်ကတော့ ကင်မရာအတွက် ချိန်ညှိနိုင်မယ့် နည်းလမ်းတွေဖြစ်ပြီး ဒုတိယ စနစ်တစ်ခုဖြစ်တဲ့ ဓာတ်ပုံ ပုံစံသင်္ကေတကတော့ ဓာတ်ပုံရဲ့ အရည်အသွေး Pixel နဲ့ ဘယ်နေရာတွေမှာ သိမ်းဆည်းမယ်ဆိုတာကို ရွေးချယ်သတ်မှတ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ တတိယ စနစ်ဖြစ်တဲ့ ဗီဒီယို အခွေပုံစံ သင်္ကေတကတော့ ဗီဒီယိုနဲ့သက်ဆိုင်တဲ့ Resolution တွေနဲ့ File Format တွေကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ လေးခုမြောက် စနစ်ဖြစ်တဲ့ Setting ပုံသင်္ကေတကတော့ ဆော့ဖ်ဝဲရဲ့ Setting တွေကို စုစည်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ ပထမဆုံး ဓာတ်ပုံစနစ်အတွက် ကင်မရာချိန်ညှိခြင်းတွေကို စတင်လေ့လာ ကြည့်ကြပါမယ်။ ကင်မရာထဲကို ဝင်လိုက်ရင် ခုလိုမျိုးမြင် ရပါလိမ့်မယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းမှာတော့ DSLR ကင်မရာတွေမှာ ဓာတ်ပုံကို Manual စနစ်နဲ့ ရိုက်သလိုမျိုး ကိုယ်တိုင်စိတ်ကြိုက် အလင်းအမှောင်တွေနဲ့ White Balance, Effect, ISO, Exposure အစရှိတဲ့ စနစ်ပေါင်းများစွာကို စိတ်ကြိုက်ချိန်ညှိပြီး ရိုက်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပထမဆုံး White Balance ကို ချိန်ညှိကြည့် ကြပါမယ်။ White Balance ကို ချိန်ညှိနိုင်ဖို့အတွက် စနစ်ထဲကို ဝင်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ရ ပါလိမ့်မယ်။ မြင်တွေ့ရမယ့် မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် White Balance စနစ်ပေါင်းများစွာကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒါက White Balance ထဲမှာပဲ ရှိပါသေးတယ်။ ISO ထဲကိုဝင်လိုက်မယ် ဆိုရင်တော့ ISO 1600 ထိ အသုံးပြုနိုင်တာကို မြင်တွေ့ရပါ လိမ့်မယ်။ Exposure ထဲကို ဝင်လိုက်မယ်ဆိုရင်လည်း အသုံးပြုနိုင်မယ့် Exposure စနစ်ပေါင်းများစွာကို မြင်တွေ့နိုင်ပါတယ်။ Focus Mode လည်း ပါဝင်တဲ့အတွက် Focus စနစ်တွေကိုလည်း ကိုယ့်စိတ်ကြိုက်ပုံစံမျိုးနဲ့ ပြောင်းလဲချိန်ညှိ အသုံးပြုနိုင်ပါတယ်။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:44 AM PDT Flipagram ဆိုသည့် app သည် Windows Phone အသုံးပြုသူများအတွက် Social app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်အတိုများကို တင်၍ မိမိသူငယ်ချင်း အပေါင်းအသင်းများကို ဝေမျှနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ download ပြုလုပ်လိုသူများအနေဖြင့် Windows Store တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 15.71 MB ခန့် ရှိမည်ဖြစ်သည်။ Windows Phone version 8 နှင့်နောက်ပိုင်းတွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:43 AM PDT Life Calculator ဆိုသည့် app သည် မိမိမွေးဖွားသည့် ခုနှစ်ကို ရိုက်ထည့်ပေးရုံနှင့် မိမိနှင့်အတူ မွေးနေ့ရက်တူသည့် နာမည်ကျော်ကြားသူများကို ဖော်ပြပေးနိုင်မည်ဖြစ်သလို၊ မွေးဖွားသည့် ရာသီခွင်များကိုလည်း ဖော်ပြပေးနိုင်မည် ဖြစ်သည်။ အဆိုပါ appကိုယခင်က Play store တွင် ကန်ဒေါ်လာ ၁ ဒေါ်လာ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါတွင် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ Android version 2.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလို သူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:43 AM PDT ရေအောက်တွင် အဆောက်အဦများကို စနစ်တကျ ဆောက်လုပ်ပေးရမည့် ဂိမ်းအမျိုးအစား ဖြစ်သည်။ အဆိုပါ Aquapolis game app သည် မြို့တည်ထောင်သည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး မြို့ကို ရေအောက်တွင် တည်ဆောက်ပေးရမည် ဖြစ်သည်။ ထည့်သွင်းကစားလိုသူများအနေဖြင့် iTunes တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 97.7MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:42 AM PDT Poster ဆိုသည့် app သည် Video Record များပြုလုပ်၍ Effect များ ထည့်သွင်းကာ အသုံးပြုနိုင်အောင် စီစဉ်ထားသည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် မိမိ၏ အမှတ်တရ ရုပ်ပုံလွှာများကို မှတ်တမ်းတင် video file အဖြစ်မှတ်တမ်းတင်ပြီး အဆိုပါ video file တွင် အသံဖိုင်များ၊ effect များစွာကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ download ပြုလုပ်လိုသူများအနေဖြင့် iTunes တွင် အခမဲ့ download လုပ်ယူနိုင်မည် ဖြစ်သည်။ download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 66.8 MB ခန့် ရှိမည်ဖြစ်ပြီး iOS version 8.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| စမတ်ဖုန်း ဈေးကွက်ကို လွမ်းမိုးရန် တရုတ်ကုမ္ပဏီများ ရည်မှန်း Posted: 09 Sep 2015 06:42 AM PDT တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ကာ ကမ္ဘာ့စမတ်ဖုန်း ရောင်းချမှု ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိသည်။ လက်ရှိတွင် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်စမတ်ဖုန်း ထုတ်လုပ်သူများအနေဖြင့် နိုင်ငံရပ်ခြား ဈေးကွက်သစ်များ ရှာဖွေရန် ဖိအားရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ စမတ်ဖုန်းသစ်များ ၃၂.၃ ရာခိုင်နှုန်းအထိ တင်ပို့ခဲ့ကြောင်း သုတေသနကုမ္ပဏီ IDC မှ ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ၁.၂ ရာခိုင်နှုန်းနှစ်စဉ် တိုးတက်လာနိုင်ကြောင်း၊ ယခင်နှစ်ကထက် ၁၉.၇ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း IDC မှ ခန့်မှန်းထားသည်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူများသည် နိုင်ငံရပ်ခြားရှိ သုံးစွဲသူများကို ဆွဲဆောင်ရန် နည်းဗျူဟာအသစ်များ အသုံးပြုလျက်ရှိသည်။ Lenovo သည် ၂၀၁၄ခုနှစ် ကန်ဒေါ်လာ ၁၂.၅ ဘီလီယံဖြင့် Motorola Mobility ကို ဝယ်ယူခဲ့ပြီး အမေရိကန်နှင့် ဥရောပတို့ ခြေကုပ်ရယူခဲ့သည်။ တရုတ်နိုင်ငံ၏ Apple ဟု ခေါ်ဆိုနိုင်သော Xiaomi သည် ဖွံ့ဖြိုးဆဲ ဈေးကွက်များဖြစ်သော အာဖရိကတွင် စမတ်ဖုန်းများ စတင်ရောင်းချရန် စီစဉ်ထားသည်။ ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်သည့် Huawei သည် အနောက်နိုင်ငံမှ သုံးစွဲသူများ ဖုန်း၏အမည်ကို လွယ်ကူစွာ ခေါ်ဆိုနိုင်ရန် Honor အမှတ်တံဆိပ် ကို မိတ်ဆက်ခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ယူကေတွင် Honor 7 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။ Ref: Telegraph Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 09 Sep 2015 06:41 AM PDT နာမည်ကျော် messaging ဝန်ဆောင်မှုဖြစ်သော WhatsApp ရှိ အားနည်းချက်တစ်ခုကြောင့် သုံးစွဲသူ သန်း ၂၀၀ ခန့်တွင် အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း လုံခြုံရေးကုမ္ပဏီ Check Point မှ သတိပေး ပြောကြားခဲ့သည်။ အဆိုပါ အားနည်းချက်သည် သုံးစွဲသူက မိမိ၏ ဖိုင်များသုံးစွဲခွင့်အတွက် အခကြေးငွေပေးရမည့် ransomeware အပါအဝင် malware များကို ဟက်ကာများက ဖြန့်ဝေစေနိုင်ကြောင်း သိရသည်။ ၎င်းအားနည်းချက်သည် WhatsApp ဝက်ဘ်အခြေခံ ဝန်ဆောင်မှုတွင်သာ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ WhatsApp သည် သြဂုတ်လကုန်ပိုင်းက ၎င်းပြဿနာနှင့် စပ်လျဉ်း၍ သတိပေးပြောကြားခဲ့ပြီးနောက် ပြင်ဆင်မှုတစ်ရပ်ကို ချက်ချင်း ပြုလုပ်ပေးခဲ့သည်။ Check Point ကမူ သုံးစွဲသူများအနေဖြင့် WhatsApp software ကို update လုပ်ကာ အားနည်းချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။ WhatsApp web app သည် မိုဘိုင်း app ၏ mirror ဗားရှင်းတစ်ခုဖြစ်ပြီး စမတ်ဖုန်းတွင် လက်ခံရရှိသော message များ၊ ဓာတ်ပုံများနှင့် အခြား content များကို web browser တစ်ခုပေါ်တွင် အသုးပြုနိုင်စေသည်။ လက်ရှိတွင် web app ကို အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိကြောင်းနှင့် စမတ်ဖုန်း app ကို အသုံးပြုသူ သန်း ၉၀၀ ရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ WhatsApp ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Facebook က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ Ref: BBC Credit internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက်ပြသမည် Posted: 09 Sep 2015 06:31 AM PDT ဂျပန်နိုင်ငံတွင်ကျင်းပမည့် တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Tokyo Game Show 2015 ပြပွဲသို့ မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်း Game Developers များ သွားရောက် လေ့ လာမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း Game Developer များ ဖန်တီး ထုတ်လုပ်ထားသော ဂိမ်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဂိမ်းကုမ္ပဏီ သုံးခု၏ ဂိမ်းစုစုပေါင်း ၁၂ မျိုးဝန်းကျင်ခန့် ပြသမည်ဖြစ်သည်ဟု သိရသည်။ ဂျပန်နိုင်ငံရှိ အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center-AJC) မှကြီးမှူး၍ ASEAN Creative Network အစီအစဉ်အရ Tokyo Game Show 2015 ကို စက်တင်ဘာလ (၁၇) ရက်မှ (၂၀) ရက်နေ့အထိကျင်း ပမည်ဖြစ်သည်။ "ကျွန်တော့် အနေနဲ့ကတော့ Rage of Rama ဂိမ်း (ရာမဇာတ်တော်အား အခြေခံထားသည့် ဂိမ်း) ကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်" ဟု ပါဝင်ပြသမည့် Total Gameplay Studio မှကိုမြင့်ကျော်သူက ပြောသည်။ မြန်မာနိုင်ငံမှ Kodots, Total Gameplay Studio, Joy Dash တို့မှ ထုတ်လုပ် ဖန်တီးထားသော ဂိမ်းများ ပြသ သွားမည်ဖြစ်သည်။ Joy Dash အနေဖြင့် စုစုပေါင်း ဂိမ်းဆယ်မျိုး ဝန်းကျင်ခန့်ကို ပြသမည်ဖြစ်ကြောင်း Joy Dash မှ ကိုသက်နိုင်ဆွေကပြောသည်။ "ကျွန်တော်တို့ အနေနဲ့ ကတော့ ဥာဏ်စမ်းဂိမ်း၊ ဇာတ်လမ်း ဦးစားပေးတဲ့ ဂိမ်းအမျိုးအစားတွေကို အဓိကထား ပြသသွားမှာဖြစ် ပါတယ်" ဟု Kodots မှ ကိုချစ်ကိုကို က ပြောသည်။ အဆိုပါ တိုကျိုဂိမ်းပြပွဲတွင် နိုင်ငံ (၄၀) ကျော်မှ လာရောက် ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှ နာမည်ရ ဂိမ်း ကုမ္ပဏီများဖြစ်သော Capcom, Namco, CryTeck စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် အချက်အလက်များ ယူဆောင်ပြီး ချိတ်ဆက်ရန် ဆက်သွယ်ရမည့် သူများ အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ အနေဖြင့် အဆိုပါ အသင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်းကျင်းပမည် Posted: 09 Sep 2015 06:31 AM PDT CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင် စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရ သည်။ "ဒီပွဲကနေပြီး အိုင်စီတီနယ်ပယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဆထက်မကဖြစ်လာမယ်လို့ ယုံကြည် ပါတယ်၊ အိုင်စီတီလုပ်ငန်းက နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အရေးပါပြီး နယ်ပယ်အနှံ့မှာ အခွင့်အလမ်းတွေ ရှိနေတယ်" ဟုမြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်၏ ဥက္ကဌ ဦးခွန်ဦးကပြောသည်။ အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ CommuniCast ၏ ပထမဆုံး အခမ်းအနားကို ၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၉၀) ကျော်နှင့် အိုင်စီတီ ကျွမ်းကျင်သူပေါင်း (၂၀၈၆) ယောက် တက်ရောက်ခဲ့ကြောင်း၊ Myanmar International ICT Exhibition ကို မြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်မှ အဆက်ဆက် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ အခမ်းအနားနှစ်ခုကို တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်သည်။ ဂြိုဟ်တု နည်းပညာနှင့် Broadband များမှ မိုဘိုင်းနှင့် Enterprise Solution များ အထိပြသသွား မည်ဖြစ်ကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခု၌ ၂ ခုသာ Mobile Vision ကို အထောက်အပံ့ ပေးနိုင် Posted: 09 Sep 2015 06:30 AM PDT အဆိုပါလေ့လာမှုကို Open Myanmar Initiative မှ Chief Technology Officer ဖြစ်သူ ကိုစိုးသီဟနောင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အချိန်တစ်လခန့်ယူ၍ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကို လေ့လာခဲ့သည်ဟု သိရသည်။ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် တိုးတက်များပြားလာသည့်နောက် နည်းပညာလမ်းကြောင်းသည် Mobile Application များဆီသို့ ဦးတည် ပြောင်းလဲလာသော်လည်း အစိုးရအဖွဲ့၏ နည်းပညာပိုင်းဆိုင် အပြောင်းအလဲသည် Mobile နှင့်ပတ်သက်၍ မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်သည်။ "အစိုးရဝ က်ဘ်ဆိုက်တွေထဲမှာ Mobile App အနေနဲ့ နှစ်ခုရှိတယ်။ တစ်ခုကတော့ သမ္မတရုံးဝက်ဘ်ဆိုက်ပါ။ နောက်တစ်ခုကတော့ Mobile အနေနဲ့ App ရှိတယ်။ ဒါ ပေမယ့် သုံးလို့မရဘူး" ဟု အစိုးရ ဝက်ဘ်ဆိုက်များနှင့်ပတ်သက်၍ လေ့လာမှုပြုလုပ်ခဲ့သူ ကိုစိုးသီဟ နောင်က ပြောသည်။ လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်များတွင် ဝက်ဘ်ဆိုက် ၁၂ ခုသည် Zawgyi Font ကို အသုံးပြုကြပြီး ဝက်ဘ် ဆိုက် ၇ ခုသည် Unicode စနစ် ကိုအသုံးပြုကြသည်ဟု သိရသည်။ အလားတူ ဝက်ဘ်ဆိုက် ၃ ခုသည် Unicode နှင့် Zawgyi နှစ်မျိုးအ သုံးပြုနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ "သတင်း အချက်အလက်ရယူနိုင်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က လေ့လာခဲ့တာပါ။ လက်ရှိအခြေအနေကို သုံးသပ်ခဲ့တာပေါ့။ ဘာတွေ့ရလဲဆိုတော့ အစိုးရ ဝက်ဘ်ဆိုက်တွေဟာ သူတို့ပြောချင်တာကိုပဲ အသိပေးကြတာ။ ပြည်သူတွေ ဘာသိချင်လဲဆိုတာ မစဉ်းစားကြ ဘူး" ကိုစိုးသီဟနောင်ကပြောသည်။ ထို့အပြင် အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များသည် ဝန်ကြီးဌာနအချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက် နိုင်သည့် အခြေအနေတွင်မရှိကြောင်း ပြည်သူများနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အခြေအနေမှာလည်း အဆင်မပြေမှုများ တည်ရှိနေကြောင်း လေ့လာ တွေ့ရှိချက်များအရ သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဗေဒင်ဝါသနာရှင်တွေ အတွက် ဆရာ ဇင်ယော်နီရဲ့ ဗေဒင်ဟောစာတမ်း apk( ဒေါင်းလုတ်လင့် 3 ခု) Posted: 09 Sep 2015 05:23 AM PDT contentshub ကထုတ်တဲ့ application ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ ခင်ညာ ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားသွားကြမယ်ထင်တယ် ဟုတ်ပါတယ် တကယ်လည်း စိတ်ဝင်စားစရာ Application လေးတစ်ခုပါ။ ဘာလို့ဆိုတော့ ကျနောတို့ မြန်မာလူမျိုးတွေက ဗေဒင်တွေ ယတြာတွေကို စိတ်ဝင်စားကြတဲ့သူတွေ မဟုတ်လားဗျ။ အဲ့တော့ ဒီ Application လေးကို စိတ်ဝင်စားကြမှာ မဆန်းဘူးလေ။ ဒီလောက်ဆို ဘာ Application လေးဆိုတာ မပြောလဲ သိနေလောက်ပြီပေါ့ ဟုတ်ပါတယ်၊ ဆရာကြီး အဘ မင်းသိင်္ခရဲ့ သားတပည့်လို့ဆိုနိုင်တဲ့ ဆရာဇင်ယော်နီရဲ့ ခုနှစ်ရက်သားသမီများအတွက် နေ့စဉ်ဟောစာတမ်း Mobile Application လေးပါ။ မိုလ်ဘိုင်းထပ်ဆောင်း ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်းများကို ၀န်ဆောင်မှုပေးနေတဲ့ Contents Hub Co., Ltd. က ဖန်တီးထုတ်လုပ်လိုက်တဲ့ ဒီ Application လေးဟာ အသုံးပြုသူတွေကို ဆရာ ဇင်ယော်နီကိုယ်တိုင် ကိုယ်ကျ ဟောကြားပေးနေသကဲ့သို့ ခံစားရမယ်လို့ ညွှန်းထားပါတယ်။ ခုနှစ်သားသမီးများအတွက် နေ့စဉ်ဟောစာတမ်းများဖြစ်သည့် 'ယနေ့တစ်နေ့တာသင့်ကံကြမ္မာ' တွင် နေ့သားတစ်ဦးချင်းစီ၏ တစ်နေ့တာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အချစ်ရေး ကံကြမ္မာအတက်အကျများ၊ တစ်နေ့တာအတွက် ရွေးချယ်သင့်သည့် အရောင်များ နှင့် ပြုလုပ်ပေးသင့်သော ယတြာများကို အသုံးပြုသူတွေအနေနဲ့ အခမဲ့ နေ့စဉ်မပြတ်သိရှိနိုင်မှာဖြစ်သလို တားရောဒ့်ကဒ်နှင့် ဟောသကဲ့သို စီမံထားသော 'ယခုသိချင်တာ ဘာလဲဗျာ' တွင် သင့်အနေဖြင့် မိမိမေးမြန်းလိုသောမေးခွန်းကို စိတ်တွင် မှတ်၍ တွက်ချက်ရန်လို အပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေက သင့်စိတ်ကို အင်မတန်လှုပ်ရှားသွားစေပါလိမ့်မယ်ဟု ကြိုတင်စကားခံထားချင်ပါတယ်။ 'သင့်ဖူးစာကံသိဖို့ရန်' တွင် သင့်ဘ၀ရဲ့ ဖူးစာဖက်အတွက် ဘယ်လိုနေ့သားတွေကို ဦးစားပေး ရွေးချယ်သင့်တယ်၊ ဘယ်နေ့သားတွေကို ရှောင်ရှားသင့်တယ်ဆိုတာကို သင့်ရဲ့မွေးနေ့နဲ့ မွေးသက္ကရာဇ် ကိုရိုက်ထည့်ပြီး မေးလို့ရပါတယ်။ သင့်ဘ၀မှာ ဘယ်လုပ်ငန်းတွေလုပ်ရင် ပိုပြီးတော့ အကျိုးပေးနိုင်သလဲဆိုတာကို 'ချမ်းသာမယ့်လမ်းပြတဲ့လမ်း' မှာ မွေးနေ့နဲ့မွေးသက္ကရာဇ်ထည့်ပြီး ရှာဖွေကြည့်ုနိုင်ပါတယ်။ ကဲ … ဒီလောက်ဆို ညွှန်းတာလေးတွေရပ်ပြီး သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ လက်တွေ့သုံးကြည့်လိုက်တော့ဗျာ။ www.patheinit.com pyaephyokyaw |
| Posted: 09 Sep 2015 05:06 AM PDT |
| ဖုန်းမှာသုံးတဲ့ အသံဖမ်း apk ကောင်းလေး - Easy Voice Recorder Pro v1.9.1 Apk Posted: 09 Sep 2015 04:54 AM PDT |
| သင့်ဖုန်းလေးနေတာကို မြန်ဆန်စေမယ့် - Smart Booster Pro v5.5 Apk Posted: 09 Sep 2015 04:46 AM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |






















0 comments:
Post a Comment