Related Posts Plugin for WordPress, Blogger...

September 23, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ရောင်ရမ်းခြင်းအတွက် Arnica ပန်း

Posted: 22 Sep 2015 11:20 PM PDT


photo -sanasana.com

ဒေစီပန်းနဲ့ ခပ်ဆင်ဆင် ပန်းတမျိုးဖြစ်တဲ့ Arnica ပန်းပါဝင်တဲ့ Homeopathic ခရင်မ်တွေ၊ ဂျယ်တွေ        လိမ်းဆေးတွေကို ရောင်ရမ်းခြင်းနဲ့ အတွင်းကြေခြင်းများအတွက် အသုံးပြုလာကြတာကြာပြီ ဖြစ်ပါတယ်။ နာကျင် ရောင်ရမ်းနေတဲ့နေရာကိုပွတ်လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် အရေပြားတွေ ကျိန်းစပ် လာမယ်ဆို ရင်တော့ ဆက်မသုံးပါနဲ့။

“ကာတွန်း ဇာတ်ကောင်တွေကို ထိန်းသိမ်းထားနိုင်လို့ ပျော်တယ်”

Posted: 22 Sep 2015 09:52 PM PDT




ကိုဝင်းကိုအောင်

၂၉ နှစ်

အာကာသ ဂင်္ဂါကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပို့စ်ကတ်တွေထုတ်ဖို့ အာကာသ ဂင်္ဂါ ကုမ္ပဏီနဲ့ စလုပ်ခဲ့တယ်။  အခုဆိုရင် ကာတွန်းတင်အောင်နီ၊မောင်မောင်လေး၊ မောင်မောင်အောင်၊ စောမင်းဝေ၊ ပိုးဇာ၊ ကိုရွှေထူး၊ အာကာ စတဲ့ ကာတွန်းဇာတ်ကောင်တွေကို အသုံးပြုပြီးတော့ ဆွဲထားတဲ့ ပို့စ်ကတ်တွေရှိပါတယ်။ အရွယ်အစား ၂ မျိုးရှိပါတယ်။ ပို့စ်ကတ်အသေးဆိုရင် ၈၀၀ကျပ် အကြီးဆိုရင်တော့ ၁၂၀၀ကျပ်ပါ။ စာအုပ်အရောင်းဆိုင်တွေ၊ ပန်း အလှ အရောင်းဆိုင်တွေနဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ စူပါမားကတ်တချို့မှာ ဝယ်လို့ရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဖြန့်ချိ ရောင်းချသူတွေကိုလည်း ကျနော်ရှာနေပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ရောင်းချဖို့ အစီအစဉ်ရှိပါတယ်။ အိမ်နဲ့ဝေးနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့  ထင်ပါတယ်။

တချို့ကို ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့လေးလေးဇာနဲ့ တူမ ၂ ယောက် လေးမွန်၊ ထွေးမွန်။ နောက်တော့ မောင်မောင်လေး၊ ကိုရွှေထူးရဲ့ ကိုမောင်တင့်။ အဲဒီဇာတ်ကောင်တွေက လူသိများတဲ့အတွက် ရွေးချယ်ခဲ့တာပါ။ တခြားကာတွန်းဆရာတွေဖြစ်တဲ့ စောမင်းဝေနဲ့ မောင်မောင်အောင်တို့မှာက ကိုယ်ပိုင်ကာရိုက်တာနဲ့ ဆွဲတာ သိပ်မရှိတော့ လုံးချင်းအနေနဲ့လူသိပ်မသိပေမယ့် သူတို့ရဲ့ ကာတွန်းဒီဇိုင်းတွေကတော့ နာမည်    ကြီးတယ်။ တကယ်လို့ ဒီပို့စ်ကတ်တွေ ရောင်းရတယ်ဆိုရင်တော့ လာမယ့်နှစ်ထဲမှာလည်း တခြားကာတွန်းဇာတ်ကောင်တွေကို ထပ်ပြီး မိတ်ဆက် ပေးချင်ပါသေးတယ်။ ဒီပို့စ်ကတ်တွေကို အမြတ်ငွေမယူဘဲ လုပ်ပေမယ့် ဒီ ကာတွန်းဇာတ်ကောင်တွေကို ထိန်းသိမ်းထား နိုင်လို့ ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ကာတွန်းတွေကို ကြိုက်တယ်လေ။



ကျနော်က ရှေးဟောင်းကာတွန်းတွေကို ကြိုက်တယ်။ ပြီးတော့ ကျနော်စဉ်းစားကြည့်တယ်၊ပြည်ပက ပို့စ်ကတ်တွေကိုတင်သွင်းနေဖို့ကျနော်တို့ဘာလို့ လိုအပ်နေမှာလဲ၊ကျနော်တို့ရဲ့ ကိုယ်ပိုင်အနုပညာကို ပိုပြီး   အားပေးဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါက ကွဲပြားတဲ့ မြန်မာ့အနုပညာတရပ်လည်း ဖြစ်တယ်။ ကျနော်တို့မှာ ရှိတဲ့အရာတွေနဲ့ မြှင့်တင်ချင်တယ်။ နောက်ပြီး နိုင်ငံတကာဈေးကွက်ကိုလည်း ရှာဖွေချင်တယ်။ ကျနော်တို့ တီ ထွင်မှုအသစ်တွေ ပြုလုပ်သင့်တယ်၊ ဒါကြောင့် ဒီပို့စ်ကတ်လေးတွေကိုဖန်တီးဖြစ်တာပါ။

ကျနော် ပို့စ်ကတ်တွေအများကြီးထပ်လုပ်ချင်သေးတယ်။ ရာသီအလိုက်ပွဲတွေအတွက် နောက်ပြီးတော့ အမေများနေ့၊ အဖေများနေ့တွေလို ထူးခြားတဲ့ နေ့တွေအတွက်ပါ။ နောက်တခုက တိုင်းရင်းသားလူမျိုးတွေရဲ့    ဝတ်စားဆင်ယင်မှုတွေကို အခြေခံပြီးတော့ ဒီဇိုင်းတွေ ဖန်တီးချင်ပါသေးတယ်။ ကျနော်မချမ်းသာပါဘူး။    ပိုက်ဆံရှာဖို့အတွက် ကျနော်အလုပ်တွေ အများကြီးလုပ်ရပါဦးမယ်။



ကိုယ်ပိုင်တံဆိပ် Karrot ဆိုတဲ့ နာမည်နဲ့ အကျီ ဦးထုပ်များရောင်းချနေသော အဆိုတော် ဘန်နီဖြိုး

Posted: 22 Sep 2015 01:39 AM PDT


အဆိုတော် ဘန်နီဖြိုးနဲ့ သူထုတ်လုပ်ရောင်းချနေတဲ့ Karrot အမှတ်တံဆိပ် အကျီများ (ဓာတ်ပုံ - ယုမွန်ကျော်)

အခုနောက်ပိုင်းမှာ အနုပညာရှင်တွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးတနိုင်တပိုင်လုပ်လာကြပါတယ်။ များသောအားဖြင့် ဖက်ရှင်ဆိုင်၊ ဇာဆိုင်၊ ပိုးထည်ဆိုင် ၊ အစားအသောက်ဆိုင် စသဖြင့် စီးပွားရေးလုပ်လာကြတဲ့အခါမှာ အခုအခါ မှာလည်း လူငယ်အဆိုတော်ဘန်နီဖြိုးက Karrot By Bunny Phyo ဆိုတဲ့ အမှတ်တံဆိပ်နဲ့  ကိုယ်ပိုင်ဒီဇိုင်း အမျိုးသားဝတ်အကျီများကို ရောင်းချနေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုတော့ ၂၀၁၅ ခုနှစ် နှစ်  စပိုင်းတုန်းက စတင်ခဲ့တာဖြစ်ပြီး နာမည်ပေးဖြစ်ပုံနဲ့ပတ်သက်ပြီး  အဆိုတော်ဘန်နီဖြိုးက

"ကျနော်က နာမည်ပေးဖို့ အမျိုးမျိုးစဉ်းစားတာပေါ့။ နောက်တော့ ကျနော်နာမည်နဲ့လည်း လိုက်ဖက်မယ့် မုန်လာဥဆိုတဲ့ ဒီ Karrot ဆိုတဲ့ နာမည်ကိုပေးဖြစ်သွားတာပါ။ ကျနော်ကတော့  C နဲ့မစဘဲ K နဲ့ဘဲ စဖြစ်သွားတာပေါ့။ ကိုယ်ပိုင်ဆိုင်ကို မဖွင့်ဖြစ်သေးတာက ဒါကို စီးပွားဖြစ်အဖြစ် သေချာမလုပ်ဖြစ်သေးတာရယ်   ကျနော်မကျွမ်းကျင်သေးတာရယ်ကြောင့် တကယ်ဆိုင်ဖွင့်နေတဲ့သူတွေဆီမှာပဲ တင်ထားဖြစ်တာပါ။ အကျီနဲ့ ဦးထုပ်ကိုပဲ လုပ်ဖြစ်တာက ကျနော် ကိုယ်တိုင် ၀တ်ချင်တဲ့ ဒီဇိုင်းတွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ၀တ်ချင်   တာကြောင့် လုပ်ဖြစ်ခဲ့တာပါ။ ဒီလို ဒီဇိုင်းလေးတွေ လုပ်နေရတာ ပျော်တယ်။ ဒါကြောင့်ပါ"  လို့ ဧရာဝတီကို  ပြောပြပါတယ်။


လောလောဆယ်မှာတော့ ဘန်နီဖြိုးရဲ့ Karrot တံဆိပ်အကျီများကို အဆိုတော်ဖြိုးလေးရဲ့ Genius ဖက်ရှင် ဆိုင်တိုင်းမှာ ကောင်တာဖွင့်ပြီး ရောင်းချနေပြီး လာမယ့် အောက်တိုဘာလမှာ မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ Fram Villy ရှော့ပင်းစင်တာမှာလည်း တင်သွင်းရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒီဇီုင်းနဲ့ပတ်သက်ပြီးတော့လည်း ဘန်နီဖြိုးအပါအ၀င် သူငယ်ချင်းသုံးယောက်က ပူးပေါင်းရေးဆွဲထားကြပြီး အကျီကို Regular Shirt အရောင် သုံးမျိုးစပ်တီရှပ်ကို ဒီဇိုင်းခြောက်မျိုး၊ ရိုးရိုးတီရှပ် Rocket Logo နဲ့ တီရှပ်၊ ဦးထုပ်များကို စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

အဆိုတော် ဘန်နီဖြိုး 

ဈေးနှုန်းနဲ့ပတ်သက်လို့ ဘန်နီဖြိုးက   "များသောအားဖြင့် ကျနော့် ပရိသတ်တွေက လူငယ် ပရိသတ်တွေဖြစ်တဲ့အတွက် ဈေးအရမ်းများရင် သူတို့အတွက် အဆင်ပြေမှာမဟုတ်ဘူးဗျ၊ ကျနော်ကိုယ်တိုင်လည်း အရင်က ကျနော်လိုချင်တာလေးတွေ မ၀ယ်နိုင်ရင် စိတ်မကောင်းဖြစ်ရတယ်လေ။ အဲလိုမျိုး မဖြစ်စေချင်တဲ့ အ       တွက်ကြောင့် အတတ်နိုင်ဆုံး လျော့ထားပြီး ကျနော်လည်းကိုက်တဲ့ ဈေးကို ထားရှိပါတယ်။" လို့ပြောပြပါ တယ်။

ဈေးနှုန်းကိုလည်း ကျပ်ငွေ တသောင်း ပတ်ဝန်းကျင်နားမှာ သတ်မှတ်ရောင်းချပေးနေပြီး  နောက်ပိုင်း     မှာတော့ ကီးချိန်း၊ ပိုက်ဆံအိတ်များကိုလည်း တိုးချဲ့ပြီး ထုတ်လုပ်ရောင်းချပေးသွားဖို့ရှိတယ်လို့လည်း သိရ ပါတယ်။

ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်လို့ လောလောဆယ်မှာတော့ ဘန်နီဖြိုးက "လူပျိုလှည့်တေး" DVD ကို လာမယ့် အောက်တိုဘာ ၄ ရက်နေ့မှာ စတင်ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။ ဘန်နီဖြိုးက အွန်လိုင်းမှာလည်း www.bunnyphyo.com ဆိုတဲ့ website ကိုလည်း ပရိသတ်များအတွက် မကြာသေးခင်က ဖွင့်လှစ်ထားတာကိုလည်း တွေ့ရပါတယ်။



ယုမွန်ကျော်


ဝေဖန်ခံနေရတဲ့ ရှိုးပွဲဖက်ရှင်နဲ့ ပတ်သက်လို့ အဆိုတော် အမွန်း ရှင်းပြီ

Posted: 21 Sep 2015 11:24 PM PDT


Miss  Myanmar International 2015 ပြိုင်ပွဲမှာ ဖျော်ဖြေသွားခဲ့တဲ့ အမွန်းရဲ့ ဖက်ရှင်(Photo -myanmarcelebrity.com)

၂၀၁၀ ခုနှစ်လောက်ကစလို့ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် အမွန်း(Ah moon) ဟာ အခုလတ် တလော သူ့ရဲ့ ရှိုးပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်တွေနဲ့ပတ်သက်လို့ လူပြောသူပြောများနေပါတယ်။ သူရဲ့ဝတ်ဆင်မှု ဖက်ရှင်တွေဟာ အနောက်နိုင်ငံက အဆိုတော်မမတွေရဲ့ ရှိုးပွဲဖက်ရှင်တွေနီးပါး ပေါ်ပေါ်တင်တင် ဖြစ်လာ လေတော့ မြန်မာပြည်ပရိတ်သတ်ရဲ့ ပါးစပ်ဖျား နည်းနည်း လှုပ်ခတ်လာခဲ့တာပါ။ အခုနောက်ဆုံး သိပ်မကြာ သေးခင်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားတဲ့ Miss Myanmar International 2015 မယ်ပြိုင်ပွဲကြီးရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ သူဝတ်ဆင်သွားခဲ့တဲ့ ဖက်ရှင်တခုကြောင့် ဝေဖန်ပြောဆိုမှုများရှိ လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီမယ်ပြိုင်ပွဲရဲ့ ကျင်းပရေးကော်မတီက သူတို့အလှမယ်ရွေးချယ်ပွဲမှ ဖျော်ဖြေရေး အစီအစဉ်တချို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေ ပါဝင်ခဲ့တဲ့အတွက် အမြင် မသင့်တော်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်လို့ တရားဝင် ပြန်လည်တောင်းပန်ခြင်း တွေ ပြုလုပ်ခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီလိုဖြစ်ပျက်ခဲ့ရတာနဲ့ပတ်သက်လို့ရော သူလက်ရှိ  လုပ်ကိုင်ဖြစ်နေတဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ရော အဆိုတော် အမွန်းကို ဧရာဝတီက ဆက်  သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး  အမွန်းရဲ့ ဖျော်ဖြေရေးဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့အပေါ် ဘာပြောချင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ  ပထမဆုံးအနေနဲ့ Miss Myanmar International Organizer တွေဘက်က သူတို့တွေအနေနဲ့ တောင်းပန်စာ ထုတ်ပြန်ရတယ်ဆိုတာကို ကြားသိရတဲ့အတွက်ကြောင့် စိတ်မကောင်းဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရဲ့ performance ကြောင့်ဆိုပြီး ဦးတည်ပြီးတော့ သူတို့ဘက်ကနေပြီး တောင်းပန်စာ ထုတ်ပြန်ရ တယ်ဆိုတဲ့အတွက်ကြောင့်မို့လည်း စိတ်မကောင်းတာပါ။ နောက်တချက်က ကျမအမြင်ကတော့ ကျမ အမြဲတမ်းပြောပါတယ်။ လူတွေအားလုံးရဲ့ မတူညီတဲ့ အမြင်တွေကို လေးစားပါတယ်။ ဘာကြောင့်လည်းဆို တော့ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတာပဲလေ။ ပြီးတော့ ကျမနိုင်ငံကို ကျမချစ်တယ်။ ကျမရိုးရာ ယဉ်ကျေးမှုကိုလည်း ကျမချစ်တယ်။ ကျမရဲ့ ကချင်ရိုးရာ မြန်မာရိုးရာ တိုင်းရင်းသားဝတ်စုံအားလုံးကို ကျမချစ်တယ်။ တနင်္ဂနွေဘုရားကျောင်းတက်တဲ့ အချိန်၊ ရွှေတိဂုံဘုရားသွားရင် ဒါမှမဟုတ် အလှူမင်္ဂလာ ပွဲတွေသွားရင် ကျမရဲ့ပုံစံက လုံချည်နဲ့ရင်ဖုံးပါပဲ။ ဒါပေမယ့် အခုဟာက ကျမက အနုပညာရှင်တယောက်လေ။ နောက် ဒါက ကျမရဲ့ အနုပညာ တင်ဆက်မှုတခုပါ။ စတိတ်ပေါ်မှာ ကျမရဲ့ပေါ့ပ်မြူးဇစ်နဲ့ ပေါ့ပ်ဂီတနဲ့ အကနဲ့ ဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ပုံစံသည် တခြားစီဖြစ်နေပါလိမ့်မယ်။ အဲ့လိုဖျော်ဖြေနေတဲ့အချိန်မှာ ကျမကို ယဉ်ကျေးမှုကို မမြတ်နိုးပါဘူးတို့၊ ယဉ်ကျေးမှုကို ဖျက်ဆီးနေပါတယ်တို့ပြောလိုက်ရင် ဒါနှစ်ခုဟာ လုံးဝမတူတဲ့ နေရာနှစ်ခုပေါ့နော်။ အဲ့လိုကျမ မြင်ပါတယ်။ အဲ့တော့ အဲ့နှစ်ခုကို ဆွဲစိပြီးတော့ ဘယ်လိုမှပြောလို့မရပါဘူး။ ကျမအမြင်ကိုပြောတာပါ။ ကျမ ကတယ်၊ ဆိုတယ်၊ တင်ဆက်တယ်။ ကျမပရိတ်သတ်တွေက ကျမကို ချစ်တယ်။ ကျမလုပ်တဲ့အနုပညာကို နှစ်သက်အားပေးကြတယ်။ ကျမလုပ်နေတဲ့အနုပညာက သူတို့အတွက် လုပ်တာပေါ့နော်။ ကျမ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း ဂုဏ်ယူနေသူတယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း "မြန်မာ" ဆိုတဲ့သီချင်းကို ကျမကိုယ်တိုင် ရေးထားတယ်။ အမေရိကား LA က Paramounp Studio မှာ အဲ့တုန်းကလည်း မြန်မာ ၀တ်စုံ အပြည့်နဲ့ကျမရိုက်တယ်။ ဆိုတော့ ကျမတို့နိုင်ငံတွင်းမှာလည်း အရည်အချင်းရှိတဲ့သူတွေအများကြီးရှိတယ်။ ကမ္ဘာကိုထွက်ပြမယ်ဆိုရင် ထွက်ပြရဲတဲ့ သတ္တိရှိဖို့ရယ်၊ ယှဉ်ပြိုင် နိုင်စွမ်းရှိဖို့လိုပါတယ်။ သူများနိုင်ငံက အနုပညာတွေ သူများနိုင်ငံက အဆိုအကတွေ အနုပညာပိုင်းဆိုင်ရာ အရာရာမှာ အရမ်းအဆင့်မြင့်ပြီး သာလွန်နေတယ်။ ကျမတို့နိုင်ငံက ပရိတ်သတ်တွေအားလုံးကလည်း နိုင်ငံတာက မြူးဇစ်ဗီဒီယိုတွေကိုရော အကဖျော်ဖြေတင်ဆက်ပုံတွေကိုရော တကယ့်နိုင်ငံတကာက K-pop ပဲဖြစ်ဖြစ်ပေါ့ သူတို့ရဲ့ ဖျော်ဖြေမှုဆိုရင် လက်မှတ်တွေ ဈေးကြီးပေးဝယ်ပြီး တခဲနက် သွား ကြည့်ကြတယ်။ နိုင်ငံခြားမှာ သွားမကြည့်နိုင်ရင်တောင်မှ ဒီနိုင်ငံမှာ လာဖျော်ဖြေဖို့အတွက် မျှော်လင့်ကြတယ်။ တကယ်လို့များ ဘီယွန်ဆေးတို့  ဘရစ်နီစပီးယားတို့ တေလာဆွစ်တို့ မြန်မာနိုင်ငံမှာ လာဆိုလို့ကတော့ လူတွေ သိန်းနဲ့ချီ သွားအားပေးကြမှာပဲ။ သူတို့ကိုလည်း ဘာဝတ်ပါတို့ ညာဝတ်ပါတို့ ပြီးရင် ဘာမ၀တ်နဲ့တို့ ဘာမပြောနဲ့တို့ ဘယ်သူကမှ ပြောကြမှာမဟုတ်ဘူး။ ကျမကမြန်မာနိုင်ငံက မိန်းကလေး တယောက်ဖြစ်လို့ပါဆိုပြီးတော့မှ ကျမဖျော်ဖြေတဲ့ ပေါ့ပ်နဲ့ အကမှာကျတော့ ယဉ်ကျေးမှု အကျီကြီးနဲ့ကျတော့ အဆင်မပြေဘူးပေါ့နော်။ ကျမဆိုတာ ကတာအတွက်ကို ကျမ၀တ်တဲ့အချိန်မှာ ပြောတာကို Miss Myanmar အဖွဲ့အစည်းအနေနဲ့ ပြန်ပြီးတောင်းပန်ရတယ်ဆိုတော့ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကျမ အဓိက ပြောချင် တာက ကျမတို့ မြန်မာနိုင်ငံက အနုပညာက ကမ္ဘာမှာ ဘယ်လိုယှဉ်မလဲ။ အနုပညာဆိုတာက ယဉ်ကျေးမှု ဘက်က သွားတာမဟုတ်ဘဲ ကမ္ဘာနဲ့ ယှဉ်တဲ့ အနုပညာက ဘယ်လိုယှဉ်မလဲပေါ့။ US နဲ့ Europe ကို ခဏ မေ့ထားလိုက်ပါဦး။ K-pop ကိုတောင် ဘယ်လိုယှဉ်မလဲ။ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ ထိုင်းကိုတောင် ကျမတို့ယှဉ်ဖို့တော်တော်ခက်နေပါသေးတယ်။ ကျမတို့ဆီမှာ အရည်အချင်းရှိတဲ့ တေးဂီတပညာရှင်တွေ တေးရေးဆရာတွေ တေးဆိုတွေအများကြီးရှိပါတယ်။ အားလုံးကို ကမ္ဘာ့အလယ်မှာ ထွက်ပေါ်လာစေချင်တာက ကျမရဲ့ စိတ်ဓာတ်အရင်းခံပါပဲ။ ကျမမျှော်လည်းမျှော်လင့်တယ်။ အဲ့ဒီအတွက် ကျမကြိုးစားနေတယ်။ ကျမရဲ့ ဂီတ တင်ဆက်မှုတွေ ဖက်ရှင်တွေကို မကြိုက်တဲ့ သူတွေအပေါ်မှာ ဘယ်လိုမှ ကျမ သဘောမထားပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိပါတယ်လို့ ကျမထင်တယ်။ ကျမ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ ပေါ့ပ်ဂီတနဲ့ အက အစီအစဉ်ပါ။ ကျမရဲ့ဖျော်ဖြေမှုကို ကြည့်ဖူးတဲ့သူတွေလည်း သိပါတယ်။ ကျမက စင်ပေါ်မှာ ဒီလိုမျိုး ပရမ်းပတာ ၀တ်ပြီးတော့မှ တက်ပြီး ဖျော်ဖြေနေတာမဟုတ်ပါဘူး။ တကယ်ဆို တကယ်ကပြီးတော့မှ ကျမရဲ့အက၊ အဆို တွေကို သေချာစီစဉ်ပြီးတော့မှ ဖျော်ဖြေလေ့ရှိပါတယ်။ အဲ့ဒါ ကျမရဲ့ အနုပညာရှင်တယောက်အနေနဲ့ ခံယူတဲ့ ခံယူချက်ပါပဲ။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ ထိခိုက် စေချင်တဲ့စိတ်အလျဉ်းမရှိပါဘူး။ အဲ့တော့ ကျမကို ဖျော်ဖြေခွင့်ပေးခဲ့တဲ့ Miss Myanmar အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။

၂၀၁၄ Grand Royal Pree New Year ပါတီပွဲတုန်းက ဝေဖန်ခံခဲ့ရတဲ့ အမွန်းရဲ့ ရှိုးပွဲဖက်ရှင်(photo - myanmarcelebrity.com)

မေး   ဒီမတိုင်ခင်က မျှော်စင်ကျွန်းက Grand Royal Pre New Year ပါတီပွဲတုန်းက အမွန်းရဲ့ အ၀တ်အစားတချို့ကြောင့် ဝေဖန်ခံခဲ့ရဖူးသေးတယ်နော်။ ဆိုတော့ အမွန်းရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ အခုနောက်   ပိုင်းမှာ ပရိတ်သတ်က ပိုသတိထားမိလားပြီး အမွန်းရယ်လို့ သိလာတယ်လို့ မြင်မိလား။

ဖြေ  ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲ့ဒီ ဖက်ရှင်တခုတည်းကြောင့်နဲ့ နေရာတနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာအလုပ်က ဒီ့ထက် ပိုကျယ်ပြန့်နက်နဲပါတယ်။ အဓိကက ကျမရေးတဲ့ သီချင်းလေး တွေနဲ့ ကျမတင်ဆက်ပုံတွေနဲ့ ကျမရဲ့ဆိုရှယ်မီဒီယာ ယူကျုမှာတင်ထားတဲ့ Music Video လေးတွေနဲ့ပေါ့။ ကျမ ဒီအနုပညာကို သဘောကျတဲ့ ပရိတ်သတ်တွေရှိလာတဲ့အတွက်ကြောင့်မို့သာ ဆက်ပြီးတော့ ဒီလို ရပ်တည်နိုင် တာပါ။ အဲ့ဒီဖက်ရှင်ကြောင့် လူသိတယ်ဆိုတာက တစိတ်တဒေသမှန်တော့မှန်ပါတယ်။ ဖက်ရှင်ကိုကြည့်ပြီး အော် သူဒီလို ၀တ်ထားတာပါလားဆိုပြီး သူတို့စိတ်ဝင်စားတာတော့ရှိတယ်။ အဲ့ဒီရဲ့နောက်ကွယ်မှာ သူတို့တွေ တကယ်တမ်းကြည့်လာတဲ့အချိန်မှာ ကျမရဲ့ သီချင်းလေးတွေ ကျမတကယ် ရေးထားဆိုထားတဲ့ သီချင်လေး တွေ ကျမတင်ဆက်ပုံလေးတွေကို သူတို့ မြင်လာတဲ့အချိန်မှာ အဲ့ဒါဟာ ကျမကိုပိုပြီး အရှေ့ကို ဆက်လှမ်းနိုင် ဖို့အတွက် သွားဖို့အတွက် ရပ်တည်ဖို့အတွက် အားပေးတဲ့ ပရိတ်သတ်ရှိမှသာလို့ ကျမထင်ပါတယ်။ ကျမအနေ နဲ့ အဲ့ဒီဖက်ရှင်ကြီးကိုပဲ သိပ်ပြီးတော့ ခေါင်းထဲထားမနေဘူး။ လူတိုင်းနဲ့ မတူတဲ့ အမြင်တွေရှိတဲ့ထဲမှာ လူတိုင်း ပြောကြဆိုကြတာကို ကျမတယောက်တည်းမှ မဟုတ်ပါဘူး။ ဘယ်သူ့ကို ဖြစ်ဖြစ်ပေါ့နော်။ လမ်းသွားနေတဲ့သူ တယောက်ကိုလည်း လူတွေက ထိုင်ပြောရင်လည်း ပြောနေကြတာပဲ။ အဲ့တယောက်ကတော့ ပုံတုန်းကြီး၊ အဲ့တယောက်ကတော့ တအားလန်းလွန်းတယ်၊ လွန်လွန်းတယ်။ အဲ့တယောက်ကတော့ ရိုင်းတယ်။ မိုက်တယ် ပေါ့နော်။လူတွေက လမ်းပေါ်လျှောက်သွားနေတဲ့လူတွေကိုတောင် ပြောချင်ပြောနေကြတာ။ အဲ့တော့ ကျမအ နေနဲ့ ဖက်ရှင်ပိုင်းကို ပြောနေကြတာကို အရမ်းကြီးထွေထွေထူးထူး အာရုံထားပြီး အဲ့ဒါကို တွေးမနေပါဘူး။ အဓိက ကျမလုပ်စရာရှိတဲ့ နိစ္စဓူဝ သီချင်းရေးတယ်၊ ဆိုတယ်၊ ပရိတ်သတ်ကို သီချင်းတွေ ချပြဖို့အတွက် အဲ့ဒါကိုပဲ အဓိက ကျမအာရုံထားပါတယ်။

မေး  အမွန်းရဲ့ တကိုယ်ရည်အမြင်တခုအနေနဲ့ အနုပညာတခုကို ဖန်တီးတဲ့အခါမှာ ဖက်ရှင်က ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လဲလို့ သုံးသပ်မိလဲ။

ဖြေ  ဖက်ရှင်ကတော့ တော်တော်ကို အရေးပါပါတယ်။ အဆိုရယ်၊ အကရယ်၊ သီချင်းရေးတာရယ် ပြီးရင်ဖက်ရှင် ကတော့ တွဲကို တွဲရတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လောက်ပဲ အရည်အချင်းရှိပြီးတော့ တော်နေပါစေ။ အမြင်မှာ မျက်စိပသာဒ သိပ်မကျရင်လည်း ပရိတ်သတ်က ထင်သလောက် အားပေးမှုက မရှိကြဘူးပေါ့။ သီချင်းလေးတွေတော့ ကြိုက်တယ်ပေါ့။ အဲ့လိုဖြစ်တတ်တယ်။ လူကိုယ်တိုင်လည်း ဖက်ရှင်မှာ အားထုတ်ဖို့ လိုတော့ လိုပါသေးတယ်။ အဲ့တော့ ကျမကတော့ အဓိကက ကိုယ်ကိုယုံကြည်မှုပေးနိုင်မယ့် အ၀တ်အစား တွေကို ကျမ၀တ်တယ်။ ဘာလို့လည်းဆိုတော့ လူငယ်တယောက်အနေနဲ့ လူငယ်ပရိတ်သတ်တွေရဲ့ ရေစီး ကြောင်းကိုလည်း ကျမ လူငယ်တယောက်အနေနဲ့ သိပါတယ်။ အဲ့တော့ ဒီ လူငယ်တွေ သဘောကျ လူငယ်တွေ လက်ခံနိုင်တဲ့ အနေအထားနဲ့ မျက်စိအမြင်မှာ လူငယ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တခုကိုတော့ ကျမ ၀တ်လေ့ရှိပါတယ်။ အဓိကက ကျမ မြူးဇစ်နဲ့လိုက်တဲ့ ဖက်ရှင်ကို ကျမ စဉ်းစားပြီးတော့မှ ဖျော်ဖြေရေးနေရာ တွေမှာ ကျမ၀တ်ပါတယ်။ ဖက်ရှင်ပံ့ပိုးမှုအပိုင်းကတော့ ရာခိုင်နှုန်းတော်တော်မျာများ အရေးပါပါတယ်။

မေး  အမွန်းရဲ့ ဒုတိယအယ်လ်ဘမ်ကို စီစဉ်နေပြီလို့လည်းသိရတယ်။ အမွန်းရဲ့ ပရိတ်သတ်တွေကို အဲ့ဒီသတင်းလေး ပေးပါဦး။

ဖြေ  အောက်တိုဘာ တတိယပတ်မှာ ထွက်နိုင်အောင် ကြိုးစားနေတယ်။ Title ကိုတော့ အပီးသတ်ရွေးနေပါပြီ။ မကြာခင်တော့ ပရိတ်သတ်သိရတော့မှာပါ။ ပြီးရင် သီချင်း ဆယ်ပုဒ်ပါပါမယ်။ အဲ့ဒီထဲမှာ ကျမကိုယ်တိုင်ရေး ထားတဲ့ သီချင်း ၇ ပုဒ်ပါပါတယ်။ ကျမ ပရိတ်သတ်တွေကို ကျမ သီချင်း အသစ်တွေပေးချင်နေတာ     ကြာပါပြီ။ မနှစ်က အောက်တိုဘာမှာ "မင်းပေးတဲ့အချစ်" ဒီဗီဒီ ထွက်ထားပါတယ်။ အဲ့တော့ တနှစ်ပြည့်တဲ့အချိန်မှာ ကျမ နောက်ထပ် အယ်လ်ဘမ်အသစ်ကို အော်ဒီယိုအနေနဲ့ ပရိတ်သတ်လက်ထဲကို ပေးမှာပါ။

0 comments:

Post a Comment