Related Posts Plugin for WordPress, Blogger...

November 25, 2014

Internet Speed ကိုဖော်ပြပေးနိုင်ပြီး Internet Plan ကိုထိန်းချုပ်နိုင်တဲ့ - Internet Speed Meter v1.1.1 Apk (android internet)



ကျွန်တော်အခုတင်ပေးလိုက်တဲ့ Internet Speed Meter ဆိုတဲ့ Application လေးကတော့ အရင်တင်ပေး ခဲ့ဖူးတဲ့ Application တွေထက်ပိုပြီးကောင်းပါတယ်ဗျာ။ Ooredoo တို့ Telenor တို့လို Internet Data Plan တွေနဲ့သုံးမယ်ဆိုရင်ပိုပြီးသင့်တော်ပါတယ်။ ဒီကောင်လေးက အင်တာနက်မြန်နှုန်းကို ဖော်ပြပေးနိုင် ပါတယ်။ Download Speed / Upload Speed နှစ်မျိုးစလုံးကိုခွဲခြားပြသပေးနိုင်ပါတယ်။ ဒါ့အပြင် မိမိသုံး ခဲ့တဲ့ 3G & Wifi Internet ပမာဏကိုပါဖေါ်ပြပေးနိုင်ပါတယ်။ တနေ့ကို အင်တာနက် Data ဘယ်လောက် အထိအသုံးပြုမလည်းဆိုတာကိုပါ သတ်မှတ်ပေးနိုင်ပါတယ်။ တစ်ရက်ကို Internet Data 100MB သုံးမယ် လို့သတ်မှတ်ထားခဲ့ရင် 100MB ကျော်သွားတာနဲ့ Internet ကိုအလိုလျှောက်ပိတ်ပေးမှာဖြစ်ပါတယ်ဗျာ။ ဒါကြောင့် Ooredoo တို့ Telenor တို့လို Internet Data Plan တွေနဲ့သုံးမယ်ဆိုရင်ပိုပြီးသင့်တော်ပါတယ် လို့ကျွန်တော်ပြောတာပါ။ မိမိရဲ့ Phone Bill များကို အတိုင်းအဆနဲ့ချွေတာသုံးနိုင်တာပေါ့ဗျာ။ မဟုတ်ရင် သုံးလို့ကောင်းကောင်းနဲ့သုံးနေရင်တော့ Bill တွေကုန်မှန်းမသိ မြန်မြန်ကုန်မှာပေါ့ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
   
   




   Download




0 comments:

Post a Comment