Related Posts Plugin for WordPress, Blogger...

November 27, 2014

ဖုန်းအား Polaroid ကင်မရာအဖြစ် အသွင်ပြောင်းလဲ ပေးနိုင်သော Prynt Case






ဓာတ်ပုံများ ရိုက်ကူးရခြင်းကို နှစ်သက်သူများအတွက် ဓာတ်ပုံထောင်ပေါင်းများစွာ ရိုက်ကူးပြီးနောက် hard copy ရယူထားသော ဓာတ်ပုံများ တစ်ပုံမျှပင် မရှိကြောင်း သတိပြုလာ မိတတ်ကြသည်။ သင့်အနေဖြင့် ရိုက်
ကူးထားသည့် ဓာတ်ပုံများကို လူမှုရေးမီဒီယာ ဆိုက်များသို့ တင်သည့်အခါ ပြီးပြီးပျောက်ပျောက် ဖြစ်သွားလေ့ ရှိသည်။
Prynt Case သည်ဖုန်းကို Polaroid ကင်မရာကဲ့သို့ အသုံးပြုနိုင်သည့် ထုတ်ကုန်ဖြစ်သည်။ ၎င်း case ကို သုံးစွဲရသည်မှာလည်း ရိုးရှင်းလှပြီး ဖုန်းတွင် ပလပ်ထိုးသွင်းကာ စာရွက်ထည့်သွင်းပြီးနောက် ဓာတ်ပုံများကို ရိုက်ကူးနိုင်သည်။ ဓာတ်ပုံများ ရိုက်ကူးပြီးသည့် အခါတွင်လည်း ချက်ချင်း print ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း Prynt Case ကို၉၉ ဒေါ်လာဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။
အဆိုပါ Prynt Case ကို iPhone နှင့် Android ဖုန်းများဖြင့် အသုံးပြုနိုင်သော်လည်း ဖုန်း၏မျက်နှာပြင် အနေအထားမူတည်၍ ကန့်သတ်ချက်ရှိကြောင်း သိရှိရသည်။
-စိုးထက်
Ref: Coolest-Gadgets

0 comments:

Post a Comment