မောင်ပေါက် ( Maung Pauk ) |
- ဖုန်းထဲ့မှာသီချင်းနားထောင်းရန်-Shuttle+ Music Player v1.5.3-beta10 Apk
- TZ New Reader version 5.0
- Samsung Galaxy Tab A 9.7 ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ
- Simcard လိုင်းcard မရှိဘဲ Viberသုံးနည်း
- format ချမိSD Card ထဲကဓာတ်ပုံတွေ ပြန်ရှာပေးမယ့် Software လေး...
- SD Memory အလိုအလျောက် full ဖြစ်နေတာဘယ်လိုလုပ်မလဲ???
- ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စူပါစမတ်ဖုန်းဟုဆိုသည့် Turing Phone
- မကြာမီ ထွက်ရှိလာမည့် Galaxy Note 5 တွင် 4GB LPDDR4 RAM ပါရှိလာဖွယ်ရှိ
- Dual-SIM Archos 50d Helium 4G ကို အမေရိကန်တွင် ဒေါ်လာ ၁၂၉ ဖြင့် ရောင်းချ
- Google က အိန္ဒိယတွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်
- Firefox အတွက် Adobe Flash ဗားရှင်း အားလုံးကို Mozilla တားမြစ်
- Ooredoo Myanmar နှင့် Telenor Myanmar တို့ အရင်းစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်ဆဲ ကာလသာဖြစ် ဟုဆို
- ♪ Root မလိုပဲမြန်မာ Font အမှန်ပေါ်စေမယ့် - iFont (Expert of Fonts) v5.5.5 (Unlocked) Apk ♫
- ♪ Computer ပေါ်မှာပေါ့ပါးမြန်ဆန်စွာသုံးနိုင်မယ့် - UC Browser v5.2.1369.1414 For PC ♫
- ♪ ရဲရင့်အောင် သီဆိုထားတဲ့ " သဝေထိုးခခွေးယပင့် " Music Album (11ပုဒ်) ♫
- ♪ Internet Download Manager v6.23 Build 15 Final + Patch (10-July) ♫
| ဖုန်းထဲ့မှာသီချင်းနားထောင်းရန်-Shuttle+ Music Player v1.5.3-beta10 Apk Posted: 14 Jul 2015 11:14 AM PDT ဖုန်းထဲ့မှာသီချင်းတွေ နားထောင်းရန်အတွက် လိုအပ်တယ်Player ထည့်မှာ ဒီကောင်းထပ်ဆုံးမှာပါ တယ်။ဒါကြောင်းလေးဘော်တော်ဒီကောင်းလေးကိုအသုံးပြုသင်းပါတယ် ။ဘော်ဘော်တို့ဖုန်းအတွက် အသုံးပြုမယ်ဆိုရင်တော့ အောက်link မှာဒေါင်းနိုင်ပါတယ်ဗျ။ဖုန်း 2.3အထက်ကိုသုံးနိုင်ပါတယ်နော်။ဒီကောင်းလေးဖိုင်းဆိုဒ်လေးကတော့6.69MB ဖြစ်ပါတယ်ခင်ဗျား။ Download Here |
| Posted: 14 Jul 2015 06:36 AM PDT TZ New Reader လေးပါ ပေါကရ ပါတာ မကြိုက်သူများဒေါင်းထားပါခင်ဗျ အခုမှ Update လေးထွက်ရှိလာတာပါ Facebook လိုမျိုး သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိချင် သုတ ရသ နည်းပညာ အတွေးအခေါ်ဆိုင်ရာများ တင်ပေးနေတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ.. ကဲဒေါင်းလိုက်ကြစို့နော်... Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Samsung Galaxy Tab A 9.7 ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ Posted: 14 Jul 2015 06:13 AM PDT USD - 269 အားသာချက် Samsung Galaxy Tab A 9.7 သည် ပါးလွှာ ပေါ့ပါးကာ စတိုင်လ်ကျသည့် Tablet တစ်မျိုးဖြစ်သည်။ အဆိုပါTablet အတွင်း အခကြေးငွေပေးရသော app များ အခမဲ့ပါဝင်လာပြီး 128 GB အထိ ထည့်သွင်းနိုင်သော microSD slot လည်း ပါဝင်လာသည်။ အားနည်းချက် မျက်နှာပြင် အရွယ်အစား ၉.၇ လက်မရှိ Samsung Galaxy Tab A ၏ ရုပ်ထွက်အရည်အသွေးမှာ ပုံထွက်ကောင်းခြင်း မရှိပေ။ ထို့အပြင် Samsung Galaxy Tab A တွင် ပုံမှန်တွေ့နေကျ spec များသာ ပါဝင်သည်။ ဘက်ထရီ Galaxy Tab A 9.7 ၏ ဘက်ထရီသည် ၇၁ ရာခိုင်နှုန်း ရောက်ရှိသည့် အချိန်တွင် မျက်နှာပြင်ကို ၃ နာရီခန့် ဖွင့်ထားပြီး standby ဖြင့် ၂ ရက် နှင့် ၁၂ နာရီခန့် အသုံးပြုနိုင်ကြောင်း သိရသည်။ အသေးစိတ်ဖော်ပြချက် Samsung Galaxy Tab A 9.7 သည် ၈ လက်မအရွယ်ရှိ Samsung Galaxy Tab A နှင့် specs အပိုင်းကွာခြားမှု မရှိလှပေ။ Samsung Galaxy Tab A 9.7 သည် စွမ်းဆောင်ရည် တည်ငြိမ်မှုရှိပြီး ဒီဇိုင်းပိုင်း ဆန်းသစ်မှုရှိသည့် tablet တစ်မျိုးဖြစ်သည်။ Galaxy Tab A 9.7 တွင် The New York Times နှင့် The Economist တို့ ဖတ်ရှုနိုင်မည့် software အပြင် The Hobbit: Kingdoms နှင့် Pac-Man Friends ကဲ့သို့ ဂိမ်းများလည်း ပါဝင်လာသည်။ Samsung Galaxy Tab A 9.7 ၏ ဒီဇိုင်းသည် သက်တောင့်သက်သာရှိပြီး Tablet ၏ ကျောဘက်တွင် လက်ဖြင့်ကိုင်တွယ်ရာတွင် နူးညံ့မှုရှိစေရန် ဖန်တီးပေးထားသည်။ Galaxy Tab A 9.7 တွင် Android Lolliop 5.0 ကို Samsung ၏ TouchWiz UI ဖြင့် တွဲဖက် အသုံးပြုထားသည်။ ၎င်းတွင် 1.2 GHz quad-core Qualcomm Snapdragon CPU, RAM 1.5 GB နှင့် internal storage 16GB ၏ ရုပ်ထွက် အရည်အသွေးမှာ 1,024x 768 pixel အပြင် 128GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD slot တို့ပါဝင်လာသည်။ အခြား hardware feature ဖြစ်သော Bluetooth 4.1 နှင့် GPS တို့ လည်း ပါဝင်သည်။ Credit to ==> Internet Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Simcard လိုင်းcard မရှိဘဲ Viberသုံးနည်း Posted: 14 Jul 2015 05:49 AM PDT မင်္ဂလာပါဗျ ... Android အတွက် နည်းပညာလေးတစ်ခုပါ ... ကျွန်တော်ဒီနည်းလေးကို အခုမှသိတာဆိုတော့ အသစ်ပေါ့နော် ....ဒီနည်း ကို သိပီးသားသူများလည်းရှိကြမှာပါ ... သိပီးသားသူများကလည်း ကျွန်တော်ကိုခွင့်လွှတ်ကြပါအုံးဗျ ... အခုနည်းပညာလေးကတော့ ဖုန်းပြောဖို့အတွက် သင့်မှာ Sim Card လိုင်းကဒ်ရှိစရာမလိုပါဘူး ... အတန်အတင့်ရှိတဲ့ Android ဖုန်းတစ်လုံး ရှိဖို့ပဲလိုပါတယ် {အတန်အတင့်ဆိုပေမယ့် Android 2.2 + လောက်ရှိမှအဆင်ပြေပါမယ် ... ဆော့ဝဲလ်နှစ်ခုလုံးက Android 2.2 + မှ သုံးလို့ရမှာမို့ပါဗျ ...} ... Wifi မိတဲ့ မည်သည့်နေရာကမဆို အခုနည်းလေးနဲ့ ဖုန်း Sim Card လိုင်းကဒ် မရှိဘဲ Viber နဲ့ ဖုန်းခေါ်နိုင်/ လက်ခံနိုင်မှာဖြစ်ပါတယ်ဗျ ... အခြားနိုင်ငံတစ်ခုရဲ့ ဖုန်းနံပါတ်ကိုယူ ... Viber ကို Activated လုပ်ပြီး အသုံးပြုမှာဖြစ်ပါတယ်ဗျ ... {မှတ်ချက် - Wifi network မိနေဖို့လိုပါတယ် ...} စလိုက်ရအောင်ဗျ ... Pinger ဆော့ဝဲလ်လေးနဲ့ UK (or) US ရဲ့ ဖုန်းနံပါတ်တစ်ခု ပြုလုပ်ရပါမယ် ... ပီရင် Pinger ဆော့ဝဲလ်ရဲ့ UK (or) US Phone No. နဲ့ Viber ကို Register ပြုလုပ်မှာပါခင်ဗျ ... 1/ Pinger ဆော့ဝဲလ်ဒေါင်းရန် {Android 2.2 +} 2/ Viber v.4.2.1.1 ဆော့ဝဲလ်ဒေါင်းရန် {Android 2.2 +} Pinger ဆော့ဝဲလ်ကို ကျွန်တော် Upload တင်ပေးထားပါတယ် ... viber ဆော့ဝဲလ်ကိုတော့ saisai2865 ပို့စ်ထဲက လင့်ကိုညွန်းထားပါတယ် ... အရင်ဦးဆုံး မိမိရဲ့ဖုန်းကို Wifi မိတဲ့နေရာကနေပီ Wifi ချိတ်လိုက်ပါအုံးဗျ ... - Pinger ဆော့ဝဲလ်ကို Install ပီရင် ဖွင့်ပါ ... Welcome to Pinger! ဆိုတဲ့ page မှာ ကျွန်တော်မျှားပြထားတဲ့ ကောင် လေးကိုကလစ်ပါ ... ပေါ်လာတဲ့ lists ထဲမယ် United States (or) United Kingdom နှစ်ခု ကြိုက်ရာကိုရွေးပါ ... ပီရင် အောက်ဘက်မှာ let's do this! ကိုနှိပ်ပေးပါ ... အချက်အလက်တွေဖြည့်ရမယ့် page မှာဖြည့်ပေးပီ Create account ကိုနှိပ်ပါ ...{သတိပြုရန် - username ထည့်တဲ့အခါ မယ် ( ဥပမာ - zawmyooo401 ) စာလုံးနဲ့ ဂဏန်းတွဲပီ ဖြည့်ပေးရပါမယ် ...} ဒီအောက်ကပုံအတိုင်းတွေ့ရင် accept လုပ်ပါ ... registering လုပ်နေပါလိမ့်မယ် ... finding you a free bonus number ဆိုပီခဏစောင့်ပါ ... ပီရင်အောက်ပုံ ထဲကအတိုင်း မိမိကြိုက်ရာနံပါတ်ဘေးမှာ ရွေးပေးပီ get this number ကိုနှိပ်ပါ ... ခဏလောက်နေရင် confirm ဖြစ်ကြောင်းပေါ်လာပါမယ် confirm နှိပ်ပါ ... ဒါဆိုရင်တော့ Pinger နဲ့ UK Phone No. တစ်ခုရရှိပါပီဗျ ... Viber ကိုဖွင့်ပါ ... Continue ကိုနှိပ် ... နိုင်ငံမှာ ခုနက Pinger နဲ့ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကိုထည့်ရပါမယ် ... ကျွန်တော်က United Kingdom ကိုရွေးထားတာဖြစ်တဲ့အတွက် Your country အကွက်မှာ United Kingdom (Great Britain) (+44) ကိုရွေးပါမယ် ... ဖုန်းနံပါတ်မှာ ခုနက Pinger နဲ့ confirm လုပ်ထားတဲ့ ဖုန်းနံပါတ်ကိုထည့်ပါမယ် ... Continue ကိုနှိပ်ပါ ... Ok နှိပ်ပါ ... (စကန့် 30 လောက်) ခဏလောက်စောင့်ပေးပါ ... ပီရင် အောက်ကပုံလေးအတိုင်းတွေ့ရင် Press here to get a call ကိုနှိပ်ပါ ... Browser တက်လာပီ Viber website ပွင့်လာပါမယ် ... Get Code ကိုနှိပ်ပါ ... (15 စကန့်လောက်) ခဏစောင့်ပါ .. ပီရင် back key ကိုတစ်ချက်နှိပ်ပီ Get Code ကိုထပ်နှိပ်ပါအုံး ... (15 စကန့်လောက်) ခဏစောင့်ပါအုံးဗျ ... back key နဲ့ Get Code ကို နောက်တစ်ခါပြန်နှိပ်ရတာက Code ပြန်မပို့မှာစိုးသဖြင့် ကျိန်းသေအောင် ကျွန်တော်က နှစ်ခါပြန်နှိပ်တာပါ ... Home key နဲ့ထွက်ပါ ... Pinger ကိုဖွင့်ပါ ... စာဝင်တာမတွေ့သေးရင် menu ကိုနှိပ်ပီ refresh လုပ်ပေးပါ ... ပီရင် အောက်ကပုံအတိုင်းလေး voice message လေးနှစ်ခုရောက်နေပါမယ်ဗျ ... အသံဖိုင်နားထောင်ရန် မျှားပြထားတဲ့ Play buttom လေးကိုနှိပ်ပါ ... အသံနားထောင်ပီ Code ရပီဆိုရင် Viber ကိုပြန်သွားပါမယ် ...Code 4 လုံးဖြည့်ပေးပီ Continue ကိုနှိပ်ပါ ... Activation လုပ်နေပါမယ် ... ပီရင်တော့ အောက်ကပုံလေးလိုပဲ Sim card မရှိဘဲနဲ့ Viber ကို UK ဖုန်းနံပါတ်တစ်ခုနဲ့ Activated လုပ်ပီပါပီခင်ဗျာ ... ဖုန်းထဲမှာ Contacts တွေထည့်ထားသော်လည်း Viber အသုံးပြုထားတဲ့ဘက်မှာ Contacts တွေမပေါ်ဘူးဆိုရင်တော့ ဒီလိုလေးလုပ်ပေးပါ ... Viber Out အကွက်ကိုသွားပါ ... Viber အသုံးပြုထားတဲ့သူတစ်ယောက်ကိုကလစ်ပေးပါ ... အောက်ကပုံလိုတွေ့ပါမယ် ... မျှားပြထားတဲ့ခဲတံပုံလေးကိုကလစ်ပါ ... ပီရင် 09 xxxxxxxxxx ဆိုတာကို +959 xxxxxxxxxx ပြောင်းပီ Save လုပ်ပေးပါ ... [(09) နေရာမှာ (+959) ပြောင်းပေးရပါမယ် ...] ပီရင် Viber အကွက်ဘက်ပြန်သွားကြည့်လိုက်ပါ Viber အသုံးပြုထားတဲ့သူများ ပေါ်လာမှာဖြစ်ပါတယ်ဗျ ... မတွေ့ရင် viber contacts ကို refresh လုပ်ပေးပါ ... ဒီနည်းလမ်းလေးကို Android လုလင် ဘလော့ကနေတွေ့တာပါ ... မူလရေးသားနည်းပေးသူ ကိုကျော်ဝင်းထွန်း နဲ့ သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်ဗျ .... ကျွန်တော်ကိုယ်တိုင်စမ်းသပ်ကြည့်ပီ {100 % Working} အဆင်ပြေလို့ ပြန်ရှယ်လိုက်ပါတယ်ဗျ ... ဒါဆိုရင်တော့ ဖုန်းထဲမှာ Sim Card လိုင်းကဒ်မရှိဘဲနဲ့ wifi မိတဲ့ ဘယ်နေရာကနေမဆို ဖုန်းကို အမုန်းပြောနိုင်ကြပါပီ ခင်ဗျာ ... အားလုံးအဆင်ပြေကြပါစေခင်ဗျာ .... မှတ်ချက်။ ။ ရမယ်လို့ယုံကြည့်ပါသည် ကျွန်တော်တော့မစမ်းရသေးပါ... အသိပေးချက်။ ။ ကျွန်တော်ထသို့ Email ဖြင့် Chatbox များမှမေးမြန်းထားသော မိတ်ဆွေများအားလုံး ကျွန်တော်အခုတလော အလုပ်များနေလို့ပါ ကျွန်တော် မေးထားသော မေးခွန်းများဖြေပေးပါ့မယ်ဗျ Ref;mm-mpxteam credit to ZawMyoOo Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... a မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| format ချမိSD Card ထဲကဓာတ်ပုံတွေ ပြန်ရှာပေးမယ့် Software လေး... Posted: 14 Jul 2015 05:37 AM PDT SD Card ထဲကဓာတ်ပုံတွေ လူတိုင်းပျောက်ဖူးမှာပါ ခုပေမဲ့ Application လေးကတော်တော်ကိုအဆင်ပြေပါတယ် format ချမိရင်လည်းဒီကောင်လေးနဲ့ပြန်ယူလို့ရတယ် ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးတင်ပေးလိုက်တာပါ APK File လေးက file size ဘာမှမရှိပါဘူး ကြိုက်တယ်ဆိုရင် အောက်မှာဒေါင်းနိုင်ပါတယ်... မှတ်ချက်။ ။ ကျွန်တော်မစမ်းရသေးပါ စမ်းလိုသော ဘော်ဘော်များအတွက် Share ပေးခြင်းဖြစ်ပါတယ်... Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| SD Memory အလိုအလျောက် full ဖြစ်နေတာဘယ်လိုလုပ်မလဲ??? Posted: 14 Jul 2015 05:36 AM PDT စက်ရုပ်အတွက် နည်းပညာလေးတစ်ခုပါ ...သိသူများကျော်သွားလိုက်ပါဗျ .... သင်ဖုန်းမှာထည့်ထားတဲ့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 3 Gb ကျော်လောက် ဖြစ်နေတတ်ပါတယ် ... အဲ့လိုဖြစ်တာကတော့ အများအားဖြင့် photo, video တွေ အကြည့်များတဲ့ စက်တွေမှာအဖြစ်များပါတယ် ... ကျွန်တော်လိုပေါ့ ဟီးဟီးးးးးးး ..... photo, video တွေအကြည့်များတဲ့အတွက် thumb ဖိုင်တွေအများကြီးထွက်ပါတယ် ... [သိတဲ့သူကတော့ thumb ဖိုင်ကိုရှာဖျက်ပေးလိုက်ရင် OK ပါတယ် ... အခုကမသိသေးတဲ့သူများအတွက်ပါ ...] ကျွန်တော် (Android 4.0.4) စက်မှာဆိုရင် .thumbdata ဖိုင်တစ်ခါတက်ရင် 900 Mb ကျော်ကျော်လောက်တက်ပါတယ် ... .thumbnails ဖိုဒါထဲက .thumbdata ဖိုင်က ဖိုင်ဆိုဒ်အရမ်းကြီးလာလို့ Memory Full ဖြစ်ရခြင်းပါ ... အဲ့ .thumbnails ဖိုဒါက DCIM ဖိုဒါထဲမှာပါ ... ပုံမှန်အားဖြင့်တော့ အဲ့ .thumbnails ဖိုဒါက Default File Manager နဲ့ဖွင့်ရင် မတွေ့နိုင်ပါ ... Show hidden files function ပါတဲ့ File Manager တွေသုံးပီဖွင့်မှာ အဲ့ .thumbnail ဖိုဒါကိုတွေ့ရမှာပါ ... [မှတ်ချက် - ဖုန်း SD ကို PC နဲ့ဖွင့်ရင်တွေ့နိုင်ပါတယ် ...] photo, video တွေကြည့်လိုက် ... thamb ဖိုင်တွေတက်လာလို့ free storage ကနည်းသွားလိုက် ... thumb ဖိုင်တွေရှာပီ ဖျက်လိုက်နဲ့အလုပ်တော်တော်ရှုပ်ခဲ့ပါတယ် ... အခုတော့ ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ ... ဘယ်တော့မှာ DCIM >> .thumbnails ဖိုဒါထဲမှာ thumb ဖိုင်တွေ ထပ်တက်လာတော့မှာမဟုတ်ပါဘူး ...ကျွန်တော်ဒီနည်းလေးအတိုင်း Android 2.3.5 နဲ့ 4.0.4 version နှစ်မျိုးမှာ စမ်းသပ်ပီးပါပြီ ...ဖြေရှင်းနည်းတွေအများကြီးရှိတဲ့ထဲက ဒီနည်းလေးကအဆင်အပြေဆုံးမို့ ရှယ်လိုက်ပါတယ်ခင်ဗျာ ... ကဲစလိုက်ရအောင်ဗျ -ကျွန်တော် ES File Manager ဆော့ဝဲလ်လေးနဲ့ ပြုလုပ်ပြပါမယ်ဗျ ...မရှိသေးရင်လည်း Play Store မှာဒေါင်းလိုက်ပါခင်ဗျာ ... ပထမဆုံး Android 2.3 တွေမှာ Setting >> Applications >> Manage applications >> All tab ကိုသွားပီ Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ ဖုန်းကို Reboot (or) Restart လုပ်ပါ ... Android 4.0.4 တွေမှာ Setting >> Apps >> All Tab ကိုသွားပီ Gallery နဲ့ Media Storage နှစ်ခုကို Clear data နဲ့ Force stop လုပ်ပေးပီ ဖုန်းကို Reboot (or) Restart လုပ်ပါ ... ပြန်တက်လာရင် ES File Manager ကိုဖွင့် Menu ထဲက Show hidden files က OFF ဖြစ်နေရင် On ပေးပါ ... ပီရင် ES File Manager >> DCIM >> .thumbnails ဖိုဒါထဲကိုဝင်ပါ ... ပုံမှာပြထားသလိုပဲ .thumbdata ဖိုင် (976.52 MB) တစ်ဖိုင် {.thumbdata3--1967290299}(သို့) {.thumbdata3-1763508120} (32.61 MB) တစ်ဖိုင်နဲ့ ပုံတွေ စသဖြင့်တွေ့ပါလိမ့်မယ် ... .thumbdata တစ်ဖိုင်ရှိလည်း တစ်ဖိုင် ... နှစ်ဖိုင်ရှိလည်း နှစ်ဖိုင် ... လုံးရဲ့ Rename ကို Copy ယူပီ notepad မှာဖြစ်ဖြစ်မှတ်ထားလိုက်ပါ ... ပီရင် .thumbdata ဖိုင်နဲ့ ပုံတွေအားလုံးကို Delete လုပ်လိုက်ပါ ... ပီရင် ပုံထဲမှာမျှားပြထားတဲ့ (+) အပေါင်းလေးကိုနှိပ်ပီ File ကိုရွေးပါ ... ပေါ်လာတဲ့အကွက်ထဲမယ် ခုနက Rename မှတ်ထားတဲ့ name ကိုထည့်ပေးရပါမယ် ... Ok လုပ်ပါ ... {မှတ်ချက် - .thumbdada ဖိုင် နှစ်ဖိုင်ပေါ်တဲ့သူကတော့ နှစ်ဖိုင်လုံး ပြုလုပ်ပေးရပါမယ် ...} ဒါဆိုရင်တော့ ခုနက ဖိုင်ဆိုဒ်အကြီးဆုံးနဲ့ .thumbdata3--1967290299 ဖိုင်နေရာကို 0.00 B ဆိုဒ်နဲ့ ချိန်းလိုက်တာပါ ... သဘောကတော့ photo, video တွေကြည့်လို့တက်တဲ့ .thumbdata ဖိုင်နေရာကို ကျွန်တော်တို့က ဘာမှမသုံးထားတဲ့ ဖိုင်အလွတ်နဲ့ အစားထိုးလိုက်တာပါ ... ပီရင် ဖုန်းကို Reboot (or) Restart ချပါ ... ပြန်တက်လာရင်တော့ အသုံးပြုလို့ရပါပီခင်ဗျာ ... .thumbdata ဖိုင်တွေဆက်မတက်တော့ပါဘူးခင်ဗျာ ... အပေါ်ကနည်းအတိုင်း ES File Manager နဲ့ပြုလုပ်လို့ thumb ဖိုင်တွေ ထပ်တက်လာသေးတယ်ဆိုရင် Root Explorer ကိုအသုံးပြုပီ အပေါ်ကနည်းအတိုင်းပဲ ပြုလုပ်ပါခင်ဗျာ ...စက်အားလုံးမှာ အဆင်ပြေချင်မှာပြေပါမယ် ... ကျွန်တော်စက်အားလုံးတော့ မစမ်းသပ်ရသေးပါခင်ဗျာ... Ref:mm-mpxteam Credit to ZawMyoOo Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...] အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စူပါစမတ်ဖုန်းဟုဆိုသည့် Turing Phone Posted: 14 Jul 2015 04:55 AM PDT ![]() (အဆုံးထိ မဖတ်ခင် ဈေးနှုန်း ဘယ်လောက် ရှိနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။) Steve Chao ဆိုတဲ့ ပုဂ္ဂိုလ်က ယင်းရဲ့ လက်ဆွဲသေတ္တာကို စားပွဲပေါ်ကို တင်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့ အခါမှာတော့ အဖြူရောင် အဝတ်နဲ့ ပတ်ထားတဲ့ ထောင့်မှန်စတုဂံပုံစံ ပစ္စည်း ၃ ခုနဲ့ လက်အိတ်တစ်စုံ ထွက်လာပါတယ်။ ဒီအခြေအနေက Iron Man ရုပ်ရှင်ထဲက စူပါဗီလိန်တစ်ယောက် ကမ္ဘာဖျက်မယ့် လက်နက်ဆန်းတွေကို ထုတ်ဖော်ပြသ မယ့်ပုံစံမျိုး ပေါက်နေပါတယ်။ Stave Chao က လက်အိတ်ကို စိမ်ပြေနပြေဝတ်ပြီး အဝတ်ပတ်ထားတဲ့ ပစ္စည်း ၃ ခုထဲက ၁ ခုကို ဖြည်းဖြည်းခြင်း ဖြေလိုက်တဲ့အခါမှာတော့ ဘယ်အရာနဲ့မှ မတူတဲ့ ချွန်မြတဲ့ ထောင့်ချိုးတွေနဲ့ ထူထဲတဲ့ ကိုယ်ထည်ရှိတဲ့ စမတ်ဖုန်းတစ်လုံး ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဖုန်းကတော့ ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတဲ့ Turing Phone ပဲ ဖြစ်ပါတယ်။ Steve Chao ကလည်း အခြားသူတော့ မဟုတ်ပါဘူး။ ဒီ Turing Phone ကို တီထွင်ဖန်တီးခဲ့သူဖြစ်သလို Turing Robotic Industries ရဲ့ အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။ ဖုန်းတွေကို တစ်ခုခြင်းစီ ထုတ်ဖော်ပြသနေစဉ် Steven Chao က ယင်းရဲ့ Turing Phone အကြောင်းကို ရှင်းပြခဲ့ပါတယ်။ "ကားလောကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေဟာ Volkswagen တွေ၊ Toyota တွေ ပေါ့ဗျာ။ ဒီကားတွေက အများစုအတွက်တော့ အဆင်ပြေပေမယ့် တစ်ချို့သော သူတွေကတော့ Lamborghini တွေ၊ Ferrari တွေ၊ Aston Martin လို စူပါကားတွေကို ဝယ်စီးချင်ကြတာ သေချာပါတယ်။" ဆိုလိုချင်တာကတော့ Chao ရဲ့ လက်ထဲက Turing Phone ဟာ ဖုန်းလောကရဲ့ စူပါကားပါပဲ။ ဒီလောက်တောင် အမွှန်းတင်နေတဲ့ ဒီစမတ်ဖုန်း တကယ်ကော သူပြောသွားတဲ့ ဂုဏ်အင်္ဂါများ နဲ့ ပြည့်စုံပါရဲ့လား။ Turing Phone ဟာ ၅.၅ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး 2.5 GHz Quad-core Snapdragon 801 ပရော်ဆက်ဆာနဲ့ 3GB RAM တပ်ဆင်ပေးထား ပါတယ်။ သိုမှီးမှုပမာဏ 16GB ၊ 64GB နဲ့ 128GB ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 5.1 (Lollipop) ကို Turing ရဲ့ မူပိုင် Æmæth User Interface ထပ်ဆောင်းထည့်သွင်း ပေးထားပါတယ်။ နောက်ကျောပြင် ကင်မရာက 13-megapixel ပုံထွက်နှုန်းရှိပြီး ရှေ့ဖက် Selfie ကင်မရာကတော့ 5-megapixel ရှိပါတယ်။ Turing Phone ရဲ့ အဓိက ထူးခြားချက် ၁ ခုကတော့ ဈေးကွက်ထဲက အခြားစမတ်ဖုန်းများနဲ့ လုံးဝကွဲပြားခြားနားပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ Steve Cho ရဲ့ အဆိုအရ Turing Phone ရဲ့ ဒီဇိုင်းဟာ Interstellar ရုပ်ရှင်ထဲက အာကာသယာဉ် Endurance ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ချွန်မြတဲ့ အနားဘောင်များ၊ အရောင်စုံ ပုံဖော်ထားတဲ့ ကိုယ်ထည်၊ အာကာသယာဉ် တစ်စီးအလား အကွက်ဖော်ထားတဲ့ နောက်ကျောပြင်တို့ဟာ အမှန်တကယ်ကို ထူးခြားလှပါတယ်။ ဒီဖုန်းမှာ USB အပေါက်တွေ၊ Headphone အပေါက်တွေ မပါဝင်ပါဘူး။ အားသွင်းဖို့နဲ့ Data ကူးပြောင်းဖို့ Bluetooth နဲ့ Apple ရဲ့ သံလိုက်သုံး MagSafe နဲ့တူတဲ့ အပေါက်တစ်ခုသာ ပါရှိပါတယ်။ Turing Phone ဟာ ဈေးကွက်ထဲမှာ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတာလည်း အလကား မဟုတ်ပါဘူး။ ဖုန်းရဲ့ ကိုယ်ထည်ဟာ သံမဏိနဲ့ အလူမီနီယံတို့ထက် ခိုင်ခံတဲ့ Liquidmorphium လို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ယင်းသတ္တုဟာ ထုတ်လုပ်မှု အပိုင်းမှာလည်း ပိုမိုလွယ်ကူပြီး အနာဂတ် စမတ်ဖုန်းများမှာ အသုံးများလာဖို့ ရှိနေပါတယ်။ Apple ပင်လျှင် လက်ရှိ iPhone 6 နဲ့ 6 Plus တို့ရဲ့ ဆင်းမ်ကဒ်အကန့်များကို Liquidmorphium နဲ့ ပြုလုပ်ထားပြီး iPhone 7 မှာတော့ ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာမယ်လို့ ယူဆရပါတယ်။ ရေစိုခံ၊ ဖုန်ဝင်ခံ၊ အကြမ်းခံတဲ့ အပိုင်းမှာလည်း ထိပ်တန်းပါပဲ။ ဖုန်းအတွင်းပိုင်းက အစိတ်အပိုင်းများကို nano-coating အလွှာပါးတစ်ထပ် အုပ်ပေးထားလို့ ရာဘာအနားကွပ်များ အသုံးပြုစရာ မလိုတော့ပါဘူး။ ရေထဲကျပြီး ဖုန်းထဲရေဝင် သွားတဲ့အခါမှာ ဝင်သွားတဲ့ရေကုန်အောင် ခါပြီးတာနဲ့ ဆက်သုံးနိုင်ပါလိမ့်မယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Turing Phone ဟာ Android 5.1 ကို ကြီးမားတဲ့ ပြောင်းလဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ Steve Chao ကတော့ ဖုန်းရဲ့ ပုံစံဒီဇိုင်းထက် ဆော့ဖ်ဝဲပိုင်းကို ပိုမိုအားရမိကြောင်း ပြောသွားပါတယ်။ လက်တွေ့မှာလည်း Turing Phone ဟာ အထူးလုံခြုံပြီး မသမာသူများရဲ့ ဖောက်ထွင်းဝင်ရောက်မှုကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဖုန်းရဲ့ ပင်မ App တွေအားလုံးကို End-to-End Encryption ပြုလုပ် ကာကွယ်ပေးထားပြီး "Turing Coin" လို့ အမည်ပေးထားတဲ့ Bitcoin ကဲ့သို့ လျှို့ဝှက်ငွေကြေး (Cryptocurrency) ထည့်သွင်းပေးထားပါတယ်။ ဒီ ငွေကြေးကိုသာ လူသုံးများလာမယ်ဆိုရင် Turing Phone ဝယ်ထားသူ တစ်ဦးအနေနဲ့ ဖုန်းဈေးတက်ပြီး အမြတ်တောင် ရရှိမယ့် အနေအထားလို့ Chao က နောက်ပြောင်ခဲ့ပါသေးတယ်။ ဖုန်းရဲ့ နဘေးမှာ လက်ဗွေ လုံခြုံရေးစနစ်လည်း ထည့်သွင်းပေးထားပြီး ပြင်ပ ဆာဗာများနဲ့ ကွန်ယက်များကနေ ခွင့်ပြုချက်မရှိပဲ ချိတ်ဆက်လို့ မရနိုင်အောင် ဆောင်ရွက်ထားပါတယ်။ အတိုချုပ်ပြီး ပြောရမယ်ဆိုရင် Turing Phone ရဲ့ အဓိက အားသာချက် ၃ ခုကတော့ - လုံခြုံစိတ်ချရမှုအတွက် (Privacy Features) ၊ ခိုင်ခံမှုအတွက် Liquidmorphium သတ္တု၊ နဲ့ အတွင်းပိုင်းက အစိတ်အပိုင်းများကို Nano-coating အလွှာပါး ဖုံးအုပ်ထားမှုတို့ ဖြစ်ပါတယ်။ Turing Phone ကို လာမယ့် ဂျူလိုင်လ ၃၁ ရက်နေ့မှာ www.turingphone.com ၌ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းများကတော့ 16GB မော်ဒယ်အတွက် ဒေါ်လာ ၆၁၀၊ 64GB မော်ဒယ်အတွက် ဒေါ်လာ ၇၄၀ နဲ့ 128GB မော်ဒယ်အတွက် ဒေါ်လာ ၈၇၀ ကျသင့်မှာ ဖြစ်ပါတယ်။ Credit to ==> Myanmar Consumer Guide Credit to ==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မကြာမီ ထွက်ရှိလာမည့် Galaxy Note 5 တွင် 4GB LPDDR4 RAM ပါရှိလာဖွယ်ရှိ Posted: 14 Jul 2015 04:55 AM PDT ![]() အင်တာနက်ပေါ် ယနေ့မှာ ပြန့်နှံ့ရောက်ရှိလာတဲ့ ကောလာဟလများအရ လာမယ့် သြဂတ်စ်အတွင်း Samsung မှ ထုတ်ဖော်ပြသဖို့ ရှိနေတဲ့ Galaxy Note 5 ဟာ 4GB ပမာဏရှိ LPDDR4 RAM ထည့်သွင်းပေးထားမယ်လို့ သိရှိရပါတယ်။ ဤပမာဏဟာ သာမန် လက်ပ်တော့ပ် တစ်လုံးမှာ ပါဝင်တဲ့ RAM ပမာဏဖြစ်နေပြီး လက်ရှိ Asus ZenPhone 2 နဲ့ မကြာမီ ထွက်ရှိလာမယ့် OnePlus Two ကလည်း 4GB RAM ပါဝင်မှာဖြစ်လို့ 4GB RAM ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ တစ်ခေတ်ဆန်းလာတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ LPDDR4 ဟာ ယခင် ပါဝင်နေကျ LPDDR3 RAM ထက် ပိုမိုလျှင်မြန်ပြီး စွမ်းအင်သုံးစွဲမှု နည်းပါးလို့ ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံစေမှာ ဖြစ်ပါတယ်။ ထို့အပြင် Note 5 ဟာ ၅.၇ လက်မအရွယ် qHD မျက်နှာပြင် ပါရှိမှာဖြစ်ပြီး Galaxy S6 ထက် စွမ်းရည်ပိုမိုမြင့်မားပြီး စွမ်းအင်သုံးစွဲမှု သက်သာတဲ့ Exynos 7422 All-in-One ပရော်ဆက်ဆာကို သုံးစွဲထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ Exynos 7422 ဟာ ပရောက်ဆက်ဆာ (CPU) ၊ ဗီဒီယိုယူနစ် (GPU) ၊ RAM နဲ့ LTE Modem တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ဖြစ်လို့ All-in-One လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းမှာတော့ Note 5 ဟာ Galaxy S6 အကြီးစား ဖြစ်လာဖွယ်ရှိနေပြီး သတ္တုနဲ့ ဖန်သား ပေါင်းစပ်မှုပုံစံနဲ့ပဲ ထုတ်လုပ်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ Credit to ==> Myanmar Consumer Guide Credit t0==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Dual-SIM Archos 50d Helium 4G ကို အမေရိကန်တွင် ဒေါ်လာ ၁၂၉ ဖြင့် ရောင်းချ Posted: 14 Jul 2015 04:54 AM PDT ![]() Archo က အမေရိကန်ဈေးကွက်အတွက် Dual-SIM အသုံးပြုနိုင်သော 50d Helium 4G ကို မိတ်ဆက် လိုက်ပါသည်။ ဈေးနှုန်း သက်သာသော စမတ်ဖုန်းကို ယခုလကုန်တွင် ဒေါ်လာ ၁၂၉ ဖြင့် ရောင်းချမ ည် ဖြစ်ပြီး Android 5.1 မောင်းနှင်မည် ဖြစ်သည်။ Archos 50d Helium သည် ဒီဇိုင်းအပိုင်းတွင် OnePlus One နှင့် ဆင်တူပါသည်။ Archos 50d Helium တွင် Qualcomm Snapdragon 410 SoC, 1GB RAM, 8GB Storage, 5" 720p Display, 13MP Main Camera, 5MP Front Camera, 2100mAh Battery တပ်ဆင်ထားပါသည်။ WiFi, Bluetooth 4.0 LE , GPS ဆက်သွယ်မှုများ ပါရှိပါသည်။ ၈.၄ မီလီမီတာ အထူရှိပြီး ၁၅၄ ဂရမ် အလေးချိန် ရှိပါသည်။ Credit to ==> Myanmar Digital Life Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Google က အိန္ဒိယတွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည် Posted: 14 Jul 2015 04:53 AM PDT ![]() Google က ဇူလိုင် ၁၄ ရက်တွင် Android One Phone အသစ်တစ်လုံးကို ရောင်းချမည်ဟု Economic Times က ရေးသားထားပါသည်။ အိန္ဒိယပြည်တွင်း ကုမ္ပဏီ Lava က ထုတ်လုပ်မည့် ဖုန်းအသစ်ကို ရူပီး ၁၂ ၀၀၀ ( ဒေါ်လာ ၁၉၀) ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါဖုန်းကို Lava နှင့် MediaTek တို့ ပူးပေါင်း ဖန်တီးခြင်း ဖြစ်ပြီး MediaTek SoC , 2GB RAM, 5" Display တပ်ဆင်ထားမည် ဖြစ်သည်။ Android One စမတ်ဖုန်းများကို Google က စံနှုန်း သတ်မှတ်ပေးထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ စမတ်ဖုန်းကို စတင်အသုံးပြုမည့်သူများအတွက် ရည်ရွယ်ထားပါသည်။ Google က ဒီဇိုင်း၊ ဈေးကွက်၊ ထောက်ပံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စီမံခန့်ခွဲပါသည်။ Android One စမတ်ဖုန်းများတွင် Stock Android နှင့် နီးစပ်သော ဆော့ဝဲ မောင်းနှင်ထားပြီး စမတ်ဖုန်း ထုတ်လုပ်သူများ၏ အပိုဆော့ဝဲများမပါရှိပါ။ Security နှင့် System Updates များကို Google က ကိုင်တွယ်ပါသည်။ Android One ဖုန်းများကို ၂၀၁၄ တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် အခြား တောင်အာရှနိုင်ငံများတွင် စတင်ရောင်းချပေးခဲ့ပါသည်။ Credit to ==> Myanmar Digital Life Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Firefox အတွက် Adobe Flash ဗားရှင်း အားလုံးကို Mozilla တားမြစ် Posted: 14 Jul 2015 04:52 AM PDT မကြာသေးမီက ဖြန့်ချိထားသော ဗားရှင်းအပါအဝင် Adobe Flash ဗားရှင်းအားလုံးကို Firefox ၏ တားမြစ်စာရင်းတွင် Mozilla က ထည့်သွင်းခဲ့သည်။ လုံခြုံရေး ပညာရှင်များသည် မကြာသေးမီက ထွက်ရှိထားသော Adobe Flash တွင် Adobe မှ ပြင်ဆင်ထားခြင်း မရှိသော အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Firefox သုံးစွဲသူများကို ကာကွယ်သည့် အနေဖြင့် Mozilla က အထက်ပါအတိုင်း Adobe Flash လက်ရှိဗားရှင်းနှင့် ယခင် ဗားရှင်းအားလုံးကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။ Flash အားနည်းချက်သည် Windows, Linux နှင့် Macintosh ပေါ်ရှိ Flash ဗားရှင်းအားလုံးတွင် သက်ရောက်မှုရှိသည်။ Firefox သည် ၎င်း၏ plugin management စာမျက်နှာတွင် Flash ၌ အားနည်းချက်ရှိကြောင်း သတိပေးထားသည်။ သို့သော်လည်း Flash ကို လုံးဝပိတ်ပင်ထားခြင်းမျိုး မဟုတ်သောကြောင့် Firefox တွင် plugin ကို သုံးစွဲသူက allow လုပ်ခြင်းဖြင့် ယခင်အတိုင်း အသုံးပြုနိုင်မည်ဟု သိရသည်။ Ref: ghacks Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Ooredoo Myanmar နှင့် Telenor Myanmar တို့ အရင်းစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်ဆဲ ကာလသာဖြစ် ဟုဆို Posted: 14 Jul 2015 04:51 AM PDT Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့မှ ရငွေများနှင့် သုံးငွေများကို နှစ်စဉ် အစီရင်ခံ တင်ပြရာတွင် ယခုအချိန်အထိ အရင်းကြေကာလ မရောက်ရှိသေးဘဲ ကုမ္ပဏီများအနေဖြင့် အရင်းစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်ဆဲ ကာလသာဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရခြင်း မရှိကြောင်း၊ ကျန် အော်ပရေတာများဖြစ်သည့် Ooredoo Myanmar Limited သည် ၁၅ နှစ်တာ ကာလအတွက် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရမည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံကို သုံးရစ် ပေးသွင်းရမည်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅၇.၅ သန်းနှင့် ညီမျှသော ကျပ် ၇၄၁.၆၅၃ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၅၂.၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ကြောင်း၊ Telenor Myanmar Limited ကလည်း ပေးသွင်းရမည့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ အနက် ၇၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃၇၅ သန်းနှင့်ညီမျှသည့် ကျပ် ၃၆၇.၁၅၅ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၃ ရက်မြောက်နေ့ကျင်းပရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ် သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် လိုင်စင်နှစ်စဉ်ကြေးများအပြင် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ၂၅၂.၈ ကျပ်သန်းအား ရရှိထားပြီး Ooredoo Myanmar Limited ထံမှ နှစ်စဉ်သက်ဆိုင်ရာ ဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၃၇.၄၃၇ အား ရရှိထားပြီး ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး နှစ်စဉ် ပေးသွင်းသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် အော်ပရေတာ သုံးဦးထံမှ လိုင်စင် ပထမနှစ်အတွက် လိုင်းနှုန်း စီမံခန့်ခွဲမှု အခွန်အခများနှင့် ဆက်သွယ်ရေးနံပါတ် သုံးစွဲမှုများအတွက် အခွန်အခများကိုလည်း သက်ဆိုင်ရာကာလများအလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ခံမှု စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု (Infrastructure) အခြေခံအဆောက်အဦများအတွက် Ooredoo Myanmar Limited သည် ကျပ်သန်း ၆၉.၅၄၃ ဘီလီယံအား ရင်းနှီးမြှုပ်နှံထားပြီး Telenor Myanmar Limited သည် ကျပ်သန်း ၂၀၃.၁၂၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံထားရှိပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ဆဲ ကာလပင်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ၂၄-၃-၂၀၁၄ ရက်မှ ၂၃-၃-၂၀၃၀ ရက်အထိ ၁၅ နှစ်၊ Ooredoo Myanmar Limited ကို ၅-၂-၂၀၁၄ ရက်မှ ၄-၂-၂၀၂၉ ရက်အထိ ၁၅ နှစ်၊ Telenor Myanmar Limited ကို ၅-၂-၂၀၁၄ ရက်မှ ၄-၂-၂၀၂၉ ရက်အထိ ၁၅ နှစ် အသီးသီး လုပ်ငန်းဆောင်ရွက်ခွင့်ကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ များအရ လုပ်ကိုင်ခွင့်ပြုထားပြီး ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ခွင့် ပြုသွားပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်အနေဖြင့်ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အော်ပရေတာများအတွက် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ ဝန်ကြီးဌာနက ခွင့်ပြုထားသော ဆက်သွယ်ရေး အော်ပရေတာ အရေအတွက်နှင့် ဝန်ကြီးဌာနသို့ နှစ်အလိုက် ပေးသွင်းငွေပမာဏ၊ ခွင့်ပြုထားသည့် သဘောတူညီချက်များ၊ အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့် ပေးသည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်းတွင် အထက်ပါအချက်များကို ထည့်သွင်းဖြေကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Credit to ==> Internet Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ♪ Root မလိုပဲမြန်မာ Font အမှန်ပေါ်စေမယ့် - iFont (Expert of Fonts) v5.5.5 (Unlocked) Apk ♫ Posted: 14 Jul 2015 02:54 AM PDT Android ဖုန်းတွေမှာ font တွေကိုလွယ်လွယ်ကူကူသွင်းနိုင်ဖို့ iFont (Expert of Fonts) Version : 5.5.5 Apk update လေးကိုတင်ပေးလိုက်ပါတယ် ။ Samsung, XiaoMi (MIUI), Meizu, HuaWei, Htc, (Emotion UI) , Sony, Motolora အစရှိတဲ့ ဖုန်းအမျိုးအစားများမှာ Root မလိုပဲ မြန်မာဖောင့်ကိုမှန်ကန် စွာနဲ့ရေးနိုင်ဖတ်နိုင်မှာဖြစ်ပါတယ်ဗျာ။ Font Style ပါလာတဲ့ ဖုန်းတော်တော်များများကို မြန်မာစာထည့်ပြီး အသုံးပြုနိုင်တယ်လို့ပြောရင်ပိုပြီးမှန်ကန်ပါလိမ့်မယ်ဗျာ။ အခု iFont Apk ထဲကနေပြီး Font Style တွေ Font Size တွေကို လိုအပ်သလိုပြောင်းလဲနိုင်မှာလည်းဖြစ်ပါတယ်ဗျာ။ ဒါ့အပြင်အခြားသော Font အလှ စာလုံးလေးတွေကိုပါ ထပ်မံဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။ Change the font, Change your mood! Main functions: 1.Support Samsung, XiaoMi (MIUI), Meizu,HuaWei(Emotion UI)phone perfect replacement font 2.Support Htc, Sony, Motolora phone replacement font(Need Root) 3.Support to modify the font size, support for custom fonts 4.Easy to operate,eliminate the tedious steps. 5.Automatic backup fonts easily restore the factory font 6.Change font size,make size from small to big. ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ Computer ပေါ်မှာပေါ့ပါးမြန်ဆန်စွာသုံးနိုင်မယ့် - UC Browser v5.2.1369.1414 For PC ♫ Posted: 14 Jul 2015 12:04 AM PDT UC Browser ကတော့ ဖုန်းထဲမှာ အသုံးပြုရတာ ပေါ့ပါးမြန်ဆန်မှုရှိလို့ လူကြိုက်များလာတဲ့ Web Browser တစ်ခုဖြစ်ပါတယ်ဗျာ။ အဲ့ဒီ UC Browser ကိုအခု ကွန်ပြူတာမှာအသုံးပြုနိုင်ပါပြီဗျာ။ ကျွန်တော်စမ်းပြီး အသုံး ပြုကြည့်ရသလောက်တော့ Firefox ထက်ပိုမိုမြန်ဆန်ပြီး ပေါ့ပေါ့ပါးပါးလေးအသုံးပြုနိုင်တာကိုတွေ့ရပါတယ် ဗျာ။ ဘော်ဒါတွေစမ်းသုံးချင်ရင်တော့ အောက်က Link မှာဒေါင်းယူသွားနိုင်ပါပြီဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ရဲရင့်အောင် သီဆိုထားတဲ့ " သဝေထိုးခခွေးယပင့် " Music Album (11ပုဒ်) ♫ Posted: 13 Jul 2015 10:33 PM PDT ![]() ရဲရင့်အောင် ပရိတ်သက်များအတွက် ရဲရင့်အောင်သီဆိုထားတဲ့ " သဝေထိုးခခွေးယပင့် " ဆိုတဲ့ Alblum ကိုတင်ပေးလိုက်ပါတယ်ဗျာ။ သီချင်းစုစုပေါင်း 11ပုဒ်ပါဝင်ပါတယ်။ ဒေါင်းယူရအဆင်ပြေအောင် စုစည်းပြီး Mediafire ကနေပဲတင်ပေးလိုက်ပါတယ်ဗျာ။ 1.ချေ 2.နင့် Nana 3.အသည်းကွဲလူမိုက် 4.waiting for you 5.better than me 6.မင်းရည်းစားကိုပြောလိုက် 7.တစ်ယောက်ထဲပါပဲ 8.Kiss Me Quick 9.အပြုံး(သို့)အရှုံး 10.မင်းအမေတော့ဆူတော့မှာပဲ 11.ကလေးလေးအိပ်နေသည် Credit to ==> Zaw Thiha Aung ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ Internet Download Manager v6.23 Build 15 Final + Patch (10-July) ♫ Posted: 13 Jul 2015 10:10 PM PDT ![]() Internet Download Manager နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ 10-July ကမှထွက်လာ တဲ့ Version အသစ်လေးပါ။ IDM ဆိုတာက အင်တာနက်အသုံးပြုသူများနဲ့ Download ဆွဲသူများအတွက် မရှိမဖြစ်အရေးပါ တာကြောင့် ဒေါင်းယူထားစေချင်ပါတယ်ဗျာ။ IDM ရဲ့ ထုံးစံအတိုင်း Full Version ဖြစ်ရန် အတွက် Patch File ကိုပါထည့်သွင်းပေးထားပါတယ်။ အင်စတော လုပ်ပြီးတာနဲ့ ကွန်ပြူတာရဲ့ညာဖက်ထောင့်အောက်ဆုံးမှာပေါ်နေတဲ့ IDM launch Icon လေးကို Right Click နှိပ်ပြီး Exit နဲ့ထွက်ထားပေးပါ။ ပြီးသားရင်တော့ Patch File ကို Install လုပ်ထားတဲ့ C/Program/Internet Download Manager ဖိုင်ထဲမှာကူးထည့်ပေးလိုက် ပါ။ ပြီးသွားရင်တော့ Patch File လေးကို Double Click နှိပ်ပြီး Run ပေး လိုက်ပြီး Patch လေးကိုနှိပ်လိုက်တာနဲ့ Patch Done ဆိုတာလေးပေါ် လာပါ လိမ့်မယ်။ ဒါဆိုရင်တော့ Full Version အဖြစ် သုံးပြုနိုင်ပါပြီဗျာ။ Patch File နှိပ်နေ တုန်းမှာ IDM ကို ပိတ်ထားရပါမယ်ဗျာ။ ![]() ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |



















0 comments:
Post a Comment