Related Posts Plugin for WordPress, Blogger...

August 23, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ကင်မရာ လှည့်လို့ရတဲ့ ဈေးသက်သာ နောက်ဆုံးပေါ် စမတ်ဖုန်း Honor 7i

Posted: 22 Aug 2015 07:25 AM PDT

honor


Honor 7i လို့ အမည်ရတဲ့ စမတ်ဖုန်းကို တရုတ်ပြည်မှာ တရားဝင် မိတ်ဆက်ပြီး စတင်ရောင်းချနေပါပြီ။ သူ့ကို နိုင်ငံတကာ ဈေးကွက်ဖြန့်ချိမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ ဈေးကွက် ရောက်ရှိမယ့် စမတ်ဖုန်းကတော့ Honor 7 ဖြစ်ပါတယ်။ Honor 7i နဲ့ သိပ်မကွာတဲ့ ဗားရှင်းမျိုး ဖြစ်ပါလိမ့်မယ်။




Honor ဆိုတာ Huawei ရဲ့ brand အခွဲ တစ်ခု ဖြစ်ပါတယ်။ ဈေးသက်သာပြီး Spec မြင့်တဲ့ စမတ်ဖုန်း ကိုင်ချင်သူများအတွက် ရည်ရွယ်ထားပြီး ဥရောပနဲ့ ကမ္ဘာ့ ဈေးကွက်တွေအထိပါ ရောက်ရှိလာပါတယ်။ ယခု 7i မှာ ပါဝင်တဲ့ ကင်မရာဟာ 13 Megapixel ရှိပါတယ်။ RAM 2GB စမတ်ဖုန်း ဖြစ်ပေမယ့် 64bit Octacore processor ကို အသုံးပြုထား ပါတယ်။ internal storage 16GB ကနေ စတင်ပြီး micro SD ကဒ်ကတော့ 32GB အထိပဲ တိုးမြင့်လို့ ရပါတယ်။ ထူးခြားချက်ကတော့ ကင်မရာဟာ တစ်ခုတည်းပါဝင်ပြီး ယင်း ကင်မရာကို အရှေ့အနောက် လှည့်ယူ သုံးလို့ ရပါတယ်။ ဒါကြောင့်မို့ Selfie ကြိုက်သူများ အတွက် သင့်တော်ပါတယ်။

ယင်းကဲ့သို့ အလားတူ ပုံစံကို စတင်ခဲ့တာကတော့ OPPO ပါ။ OPPO ရဲ့ N စီးရီး ဖုန်းတစ်လုံးတည်းမှာ ကင်မရာကို အရှေ့အနောက် လှည့်နိုင်တာကို သုံးခဲ့ပြီး ရောင်းအားကောင်းခဲ့ ပါတယ်။ ယခု Honor 7i ရဲ့ ကင်မရာကတော့ အလယ်မှာ မဟုတ်ပဲ ဘေးဘက် နည်းနည်းကျ ပါတယ်။

မျက်နှာပြင် အရွယ်အစားနဲ့ အရွယ်အသွေးကတော့ 5.2 လက်မနဲ့ Full HD Display တို့ ဖြစ်ပါတယ်။ Android 5.1 သုံးထားပြီး Emotion UI 3.1 ကို အပေါ်မှာ ဖုံးထား ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ရှိတာကြောင့် ဈေးနှုန်းနဲ့ ပါဝင်တဲ့ Spec ယှဉ်လိုက်ရင် အတော်လေး တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Brand ကို ခေါင်းထဲ မထည့်ပဲ spec မြင့်မြင့် ဈေးသက်သက်သာသာ သုံးချင်သူများအတွက်ဆိုရင်တော့ အဆင်ပြေ ပါလိမ့်မယ်။
.
Ref: pocketlint
Credit အောင်ခမ်း (MMAS)

Thiha Htike(THT)
 
My Facebook Account Click


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



လမ်းသွားရင်း ဖုန်းအသုံးပြုနိုင်တဲ့ ထီး

Posted: 22 Aug 2015 07:25 AM PDT

phonebrella 2ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဟာ သူ့ထက်ငါ အပြိုင် မျက်နှာပြင် ကျယ်ကိုဦးစားပေးကာ  ထုတ်လာကြရင်းနဲ့ အခုဆိုရင် မျက်နှာပြင် ကျယ်စမတ်ဖုန်း အမျိုးအစားပေါင်းများစွာ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီလို ပေါ်ထွက်လာခဲ့တဲ့ မျက်နှာပြင် ကျယ်စမတ်ဖုန်းအမျိုးမျိုးကို စာရိုက်ဖို့အတွက် အသုံးပြုကြတဲ့အခါ အနည်းဆုံး လက်နှစ်ဖက်တော့ အသုံးပြုရပါတယ်။ ဒီလို မျက်နှာပြင်ကျယ်စမတ်ဖုန်းတွေနဲ့ အပြင်ထွက်ရင်းစာရိုက်တဲ့အခါ နေပူရင်ဖြစ်ဖြစ်၊ မိုးရွာရင်ဖြစ်ဖြစ် ထီးတစ်ဖက်နဲ့ဆိုတော့ အနည်းငယ်တော့ ဒုက္ခရောက်စေပါတယ်။ ဒါတွေအတွက် အကောင်းဆုံး ဖြေရှင်းချက် တစ်ခုကို တောင်ကိုရီး ယားနိုင်ငံက ဖြေရှင်းပေးခဲ့ပါတယ်။
phonebrella 1
အပြင်မှာ ထီးဆောင်းရင်းစမတ်ဖုန်းအသုံးပြုကာ စာရိုက်နေတဲ့လူတွေအတွက် အဆင်ပြေစေအောင် ထီးရဲ့ လက်ကိုင်ကို "C" ပုံစံ ကွင်းအဖြစ်သို့ပြောင်းလဲလိုက်ပါတယ်။ စမတ်ဖုန်းအသုံးပြုရင်း စာရိုက်နေတဲ့လူတွေအတွက် ထီးရဲ့ "C" ပုံစံလက်ကိုင်ကွင်းထဲကို လက်တစ်ဖက်ထည့်ထားပြီး ထီးရဲ့ ဟန်ချက်ကို ထိန်းနိုင်ပါတယ်။ ဒါဆိုရင် ထီးဆောင်းလည်း မပျက်တော့သလို စမတ်ဖုန်းအသုံးပြုရတာလည်း မပျက်တော့ဘူးပေါ့။
ဒီထီးရဲ့နာမည်ကို Phonebrella လို့အမည်ပေးထားပါတယ်။ ဒီထီးကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကလည်း ကမ္ဘာ့စမတ်ဖုန်းအသုံးပြုမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက KT Company ဖြစ်ပါတယ်။ ထီးရဲ့ ဒီဇိုင်းဟာ  တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Red Dot Design Award ဆုကိုလည်း ရရှိထားပါတယ်။ ထီးရဲ့ အရောင်ကိုတော့ ဓါတ်ပုံများ ဗီဒီယိုဖိုင်များအရ အရောင်းငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Ref : Mashable

Credit Aung Ko Htet (MMAS)

Thiha Htike(THT)

My Facebook Account Click


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung က အရွယ် အစားကြီးမားတဲ့ ၁၈လက်မ မျက်နှာပြင်ရှိတဲ့ Tablet ကိုထုတ်မည်လော

Posted: 22 Aug 2015 07:25 AM PDT

 samsungtablet-420x314
ကြီးလာတဲ့ မျက်နှာပြင်တွေဟာ တော်တော် ခေတ်စားလာပါတယ်
ဒီလိုခေတ်စားလာတာကလည်း Samsung ရဲ့ Galaxy Note Series က အစချီလို့ နောက်ပိုင်းမှာ
စမတ်ဖုန်းတွေ tablet တွေကို ကိုင်တွယ်လာကြပါတယ်
မျက်နှာပြင်ကြီးတာရဲ့ အားသာချက်ကတော့ ရုပ်ထွက်ပြတ်ပြတ်သားသား မြင်ရတယ်
ကိုင်တွယ်ရတာ အားရကျေနပ်မှုရှိတဲ့ အပြင် ကျန်းမာရေး အရဆိုရင်တော့
မျက်လုံး အားစိုက်ရမှုမှာ စမတ်ဖုန်းတွေထက်လျော့နည်းစေတာကြောင့် Tablet , Phablet တွေကို အသုံးပြုလာကြပါတယ်
ယခုလည်း Samsung ဟာ အရွယ်အစားကြီးမားတဲ့ Tablet တလုံးကို ထုတ်လုပ်ဖို့ ကြံစည်နေပြီလားဆိုတာကို
လေ့လာကြည့်ရအောင်ဗျာ ထွက်ရှိလာတဲ့ သတင်းတွေအရ Samsung ဟာ
Tahoe အမည် code name ထားရှိတဲ့ ကြီးမားတဲ့ Tablet တစ်လုံးထုတ်လုပ်ဖို့ စီစဉ်နေပြီး
18.4 inch မှာ HD Display တပ်ဆင်ပေးထားမယ်လို့ ဆိုထားပါတယ်
အဆိုပါ Tablet Model ကို Galaxy Tab A , Tab E , Tab S 2 တို့ နှင့် တွဲဖက် လုပ်ဆောင်နေပြီး ဒီနှစ်မှာ
ထုတ်လုပ်ဖြန့်ချီသွားနိုင်မယ်လို့လည်း သတင်းတွေထွက်ရှိလာပါတယ်
Tahoe အတွင် Model Name ကိုတော့ SM-T670 ပေးမည်ဟု ခန့်မှန်းထားကြပြီး TFT LCD Screen မှာ
1920 x 1080 resolution နဲ့ ပြသပေးနိုင်မှာပါ  ထို့ အပြင် အဆိုပါ Tablet ကို
Exynos 7580 processor အသုံးပြု မောင်းနှင်ပေးထားပြီး ClockSpeed 1.6GHz ထိရရှိနိုင်မှာဖြစ်ပါတယ်
2GB RAM ထည့်သွင်းပေးထားပြီး သိုလှောင်မှုအနေနဲ့ အနည်းဆုံး 32GB ပါရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်
ကျောဖက် အလယ်မှာတော့ 8MP Camera ကို တပ်ဆင်ပေးမှာဖြစ်ပြီး ရှေ့ဖက်မှာတော့ 2.1MP ထည့်ပေးထားပါတယ်
နောက်ဆုံး Model Name နဲ့ အခြားသော အကြောင်းအရာတွေ မထွက်ရှိသေးပေမယ့်
အဆိုပါ ကြီးမားတဲ့ Tablet ထွက်လာရင်ကော ဈေးကွက်ကို ဖောက်နိုင်ပါ့မလားဆိုတာကတော့……
Source – SamMobile
Credit Aung Khaing (MMAS)&MMAS
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Translate လုပ်ပေးမယ့် APK လေးပါ

Posted: 22 Aug 2015 07:13 AM PDT

Image result for Translate image
 
 
 
Translate က လူတိုင်းဒီလိုIT ခေတ်မှာမဖြစ်မနေလိုအပ်ပါတယ်အဲ့ကြောင့်download ဆွဲထားလို့မမှားပါဘူး ဘာသာပေါင်း(70)လောက်ကိုဘာသာပြန်ပေးတဲ့ apk လေးပါ။
တွေ့တာနဲ့ ဘော်ဘော်တို့ကိုပြန် Share ပေးလိုက်တာပါ။
 
 
Thiha Htike(THT)
 
 
 
 
 
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့ထည့်သွင်းနိုင်ပါသည်)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



No Root,No MM Font but MMfontကိုသုံးနိုင်တဲ့Apk(MMHub Dialer)

Posted: 22 Aug 2015 07:13 AM PDT



MMHub Dialer App သည် Android System သုံး System Application တစ်ခုဖြစ်ပါသည်။ ၄င်း App ကို အသုံးပြုခြင်းဖြင့် Root မလုပ်ထားသော (သို့) မြန်မာ Font မထည့်ထားသော Android System သုံး Phone (Sony Ericsson Phone များအပါအ၀င်) များတွင်လည်း မြန်မာစာလုံးများကို အသုံးပြုပြီး Contact အမည်များကို မြန်မာစာဖြင့်မှတ်သားနိုင်ခြင်း၊ ဖုန်းအ၀င်အထွက်များနှင့် ခေါ်ဆိုသူ၏ အမည်ကို မြန်မာစာလုံးများဖြင့်ဖော်ပြခြင်း၊ ဖုန်းအ၀င်အထွက်မှတ်တမ်းများ၊ ဖုန်းခေါ်ဆိုထားမှုများကိုလဲ ကြည်ရှု့နိုင်ပါသည်။
        အနည်းဆုံး လိုအပ်သော Android Version မှာ 1.6 ဖြစ်ပြီး 4.x.x အထိအသုံးပြုနိုင်ပါသည်။



Credit mpxteam&fivestar
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့ထည့်သွင်းနိုင်ပါသည်)



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဒီApp ကinternetအတွက်ပါခင်ဗျာ...( Stabilizer Booster)

Posted: 22 Aug 2015 07:13 AM PDT


 Cover art




Internet connection ကိုပိုမြန်စေတဲ့ Android Application ပါ။
-Internet connection ခနခန out ခြင်းကို auto reconnect နဲ့ မကျအောင်ပြုလုပ်ပေးခြင်း
-Internet လိုင်းကိုပိုမိုမြန်စေခြင်း
facebook သုံးရင်တောင် loading အကြာကြီးစောင့်နေစရာမလိုတော့ခြင်း

စတဲ့အချက်တွေပိုမိုကောင်းမွန်လာစေမှာပါ။
ဆော့ဝဲသွင်းပြီးလို့စတင်အသုံးပြုပြီဆိုရင် အပေါ်ပုံမှာပါတဲ့အတိုင်း Setting ချိန်ပေးပါ။
## inatall ပီးရင် app ရဲ့ mobile data ကို on(internet ကို Application ကနေပဲ ON ပေးပါကြိုတင်ဖွင့်ထားစရာမလိုပါ) ပီးရင် reconnector ကို ON နောက်ဆုံး မှ keep alive photo ကိုနှိပ် ခနစောင့် 
လိုင်းပေါ်လိုက်ပျောက်လိုက်ဖြစ်ရင် ခနစောင့်ပါ သို့ မဟုတ် restart ချပေးပါ ဖုန်းကို (internet လိုင်းကိုဖွင့်ရင် ဒီsoftware ရဲ့ mobile data ကိုပဲ On ပေးပါ)
ဖုန်းအင်တာနက် သုံးပြီးလို့ပိတ်ရင် Connection Stabilizer Booster yt software ရဲ့  mobile data ကိုလည်း off ပါ။
auto reconnector နဲ့ off keep alive ကို off ပါ။
 
 
 

Credit mpxteam&ssai2865
 
Thiha Htike(THT)
 
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့ထည့်သွင်းနိုင်ပါသည်)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Media ဖိုင်တွေကိုအမြန်ဒေါင်းပေးမယ့် BitTorrent® Pro – Torrent App v3.8 Apk

Posted: 22 Aug 2015 05:10 AM PDT


Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Sniper ဂိမ်းကောင်းလေး - Hitman: Sniper APK V1.3.49 MOD Unlimited Money

Posted: 22 Aug 2015 05:05 AM PDT

    
                         

                                    www.patheinit.com
                                       
Payephyokyaw

ဖုန်းမှာ မှားဖျက်မိတဲ့ဖိုင်တွေ ကိုပြန်ရှာပေးနိုင်တဲ့-Titanium Backup Pro v7.2.0.1 Patched Apk

Posted: 22 Aug 2015 05:00 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Android နှင့်သုံးနိုင်မည့် BlackBerry Venice ဖုန်းကို နိုဝင်ဘာလတွင် ရောင်းချမည်

Posted: 22 Aug 2015 02:31 AM PDT





BlackBery Venice ဟုခေါ်သော Android slider ဖုန်းသစ်ကို နိုဝင်ဘာလတွင် အမေရိကန်ရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီ လေးခုထံမှ ဖြန့်ချိသွားမည်ဟု လျှို့ဝှက်သတင်းအချက်အလက်များကို ဖော်ထုတ်ရာတွင် လူသိများသော အီဗန်ဘလပ်စ်က Twitter မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

ဘလပ်စ်၏ tweet တွင် Venice ဖုန်း ဓာတ်ပုံများကိုလည်း ထည့်သွင်းဖော်ပြခဲ့ပြီး ၎င်းအနက် ဓာတ်ပုံတစ်ခုတွင် Google Play လိုဂိုနှင့် screen တစ်ခုကို ဖော်ပြခဲ့သည်။ အခြားဓာတ်ပုံများတွင် အီးမေးလ်များ၊ text message များနှင့် လူမှုရေးကွန်ရက် update များကို ကြည့်ရှုနိုင်မည့် BlackBerry Hub portal ကို ပြသခဲ့သလို Content Transfer ဟုခေါ်သည့် feature တစ်မျိုးကိုလည်း ဖော်ပြခဲ့သည်။

မတ်လက Mobile World Congress တွင် နမူနပြသချက်အရ BlackBerry Venice ဖုန်းတွင် အနားနှစ်ဘက် ကွေးညွှတ်သည့် all-touch display ကို keyboard တစ်ခုနှင့်အတူ အသုံးပြုထားပြီး အဆိုပါ keyboard ကို အသုံးပြုလိုသည့်အခါ အောက်ဘက်သို့ slide ပြုလုပ်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ Google ၏ Android OS ကို အသုံးပြုထားခြင်း ဖြစ်သည်။



အခြားအသေးစိတ် အချက်အလက်များ အနေဖြင့် Venice ဖုန်းတွင် Snapdragon 808 ပရိုဆက်ဆာ၊ ၅.၄ လက်မ 2560 x 1440 pixel QHD LCD နှင့် 3GB RAM တို့ ပါဝင်ကြောင်း သိရသည်။

အထက်ပါ ဖော်ပြချက်နှင့် စပ်လျဉ်းပြီး BlackBerry မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက "ကျွန်မတို့ အနေနဲ့ ကောလာဟလနဲ့ မှန်းဆချက်တွေအပေါ် ထင်မြင်ချက်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ သုံးစွဲသူရဲ့ လုံခြံမှုကို ထောက်ပံ့ပေးနိုင်ပြီး ကုန်ထုတ်စွမ်းအားဖြစ်ထွန်းမှု အကျိုးကျေးဇူး ရရှိနိုင်တဲ့ BlackBerry 10 operating system ကို ဆက်လက်အသုံးပြုသွားမှာပါ" ဟု ပြောကြားခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Medical Dictionary For IOS

Posted: 22 Aug 2015 02:31 AM PDT

Medical Dictionary app သည် ဆေးပညာကို လေ့လာနေသူများအတွက် အသုံးဝင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် ဆေးပညာနှင့်ပတ်သက်သည့် စကားလုံးပေါင်း ၁၈၀,၀၀၀ ခန့်ကို ထည့်သွင်းပေးထားပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်များကိုပါ ဖော်ပြပေးထားသည်။ အဆိုပါ app ကို Offline အဖြစ် အသုံးပြုနိုင် မည်ဖြစ်ပြီး မကြာခဏ ရှာဖွေသည့် စကားလုံးများကို recent တွင် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။
Download ပြုလုပ်လိုသူများအနေဖြင့် iTunes တွင် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 87.4 MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
 
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့ထည့်သွင်းနိုင်ပါသည်)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



iPad Pro ထုတ်လုပ်မှုကို အောက်တိုဘာလတွင် စတင်ဖွယ်ရှိ

Posted: 22 Aug 2015 02:31 AM PDT





ကောလာဟလ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော iPad Pro နှင့် ပတ်သက်၍ နောက်ဆုံး ထွက်ရှိလာသော သတင်းအရ Apple ၏ screen အရွယ်ကြီးမားသော iPad ကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ရန် ပြင်ဆင်ထားကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ အစီရင်ခံစာကို ကိုးကားကာ MacRumors မှ ဖော်ပြခဲ့သည်။

iPad Pro ထုတ်လုပ်မှုကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ထုတ်လုပ်ခဲ့ပါက ၎င်းကို အစောဆုံး အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် စတိုးများ၌ မြင်တွေ့ရဖွယ်ရှိသည်။ Screen အရွယ်အစားနှင့် ပတ်သက်၍ အခြား သတင်းဌာနများက ၁၂.၂ လက်မဟု ဖော်ပြခဲ့သော်လည်း ကူကမူ iPad Pro screen အရွယ်အစားမှာ ၁၂.၉ လက်မ ဖြစ်ကြောင်း ဆိုခဲ့သည်။
ထို့အပြင် အရွယ်ကြီးမားသော iPad တွင် Bluetooth stylus နှင့်အတူ သုံးနိုင်မည့် Force Touch ပါဝင်လာဖွယ်ရှိကြောင်းလည်း ကူက ပြောကြားခဲ့သည်။

Apple Watch တွင် ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သော Force Touch သည် သုံးစွဲသူက screen ကို ဖိနှိပ်သည့် အားကို အာရုံခံ သိရှိနိုင်သော haptic နည်းပညာတစ်ခု ဖြစ်သည်။

Ref: Mashable
 Credit  internetjournal

Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ပြည်တွင်း စမတ်ဖုန်း အသုံးပြုမှုပမာဏ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိလာ

Posted: 22 Aug 2015 02:31 AM PDT



 မန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် အပြောင်းအလဲ ပြုလုပ်ပြီးနောက် ပြည်တွင်း စမတ်ဖုန်းအသုံးပြုနိုင်မှု ပမာဏသည် ယခု လက်ရှိ အချိန်တွင် ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။ 


ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး နိုင်ငံ၏ အခြေခံလူတန်းစားများ တတ်နိုင်သော တန်ဖိုးနည်းဆင်းမ်ကတ်များ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူအသုံးပြုလာနိုင်ခြင်းကြောင့် စတ်မတ်ဖုန်းအသုံးပြုနှုန်းမှာ တစ်နှစ်အတွင်း အများအပြား တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁,၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များကို အလှည့်ကျ မဲစနစ်ဖြင့် စတင်ရောင်းချခဲ့သည့် ၂၀၁၂ ခုနှစ် အချိန်မှစတင်၍ စမတ်ဖုန်းသုံးစွဲမှု ပမာဏမှာ အနည်းငယ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo Myanmar ၊Telenor Myanmar နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ၂၀၁၄ ခုနှစ်က ၎င်းတို့၏ ဆင်းမ်ကတ်များအား ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် စမတ်ဖုန်းသုံးစွဲနိုင်သည့် အရေအတွက်မှာ ဆက်တိုက် မြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်း ဝန်ဆောင်မှုဈေးကွက်မှ စုံစမ်း သိရသည်။

၂၀၁၅ ပထမခြောက်လတွင်လည်း ဆက်တိုက် မြင့်တက်နေသော ပြည်တွင်းစမတ်ဖုန်း ဝယ်လိုအားဈေးကွက်သည် ဆက်လက် တိုးတက်နေဆဲဖြစ်ကြောင်း အထက်ပါ ဈေးကွက်မှ သိရသည်။
ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ စမတ်ဖုန်းအသုံးပြု၍ လူမှုကွန်ရက် အသုံးပြုနေသူ အရေအတွက်မှာ ၂ သန်းကျော်ရှိကြောင်း Amara Digital Marketing Agency မှသိရသည်။

ပြည်တွင်း၌ တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် စမတ်ဖုန်းအသုံးပြုပြီး Facebook အသုံးပြုနေသူ ဦးရေမှာ ၁.၁ သန်းကျော်ရှိပြီး Samsung အမှတ်တံဆိပ် စမတ်ဖုန်း သုံးစွဲသူ ၉ သိန်းကျော်၊ HTC အသုံးပြုသူ ၇ သောင်းကျော်၊ iPhone သုံးစွဲသူ ၁ သိန်း ၈ သောင်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နေရောင်ခြည်စွမ်းအင်သုံး ကမ္ဘာ့ပထမဦးဆုံး လေဆိပ်

Posted: 22 Aug 2015 02:30 AM PDT





အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကိုချီမြို့ရှိ ကိုချင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နေရောင်ခြည်စွမ်းအင် အပြည့်အဝ အသုံးပြုသော ကမ္ဘာ့ပထမဦးဆုံး လေဆိပ် ဖြစ်လာခဲ့သည်။ ၎င်းတွင် အကျယ် ၄၅ ဧက၌ ဆိုလာပြား ၄၆,၁၅၀ တပ်ဆင်ထားသော ၁၂ မဂ္ဂါဝပ် ဆိုလာစွမ်းအင်စက်ရုံတစ်ခုကို တည်ဆောက်ထားသည်။ အဆိုပါ ဆိုလာစွမ်းအင်စက်ရုံသည် နေ့စဉ် လျှပ်စစ်ဓာတ်အား ၆၀,၀၀၀ ယူနစ်အထိ ထုတ်လုပ်ပေးနိုင်သည်။

၎င်းလေဆိပ်ကို Cochin International Airport Limited (CIAL) ဟုခေါ်သော ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ကီရာလာ ပြည်နယ်အစိုးရက ရှယ်ယာ ၃၃.၃၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ အိန္ဒိယနိုင်ငံသား မဟုတ်သူများနှင့် သီးခြား ရင်းနှီးမြှုပ်နှံသူများက ၃၈.၀၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို အခြားကုမ္ပဏီများက ပိုင်ဆိုင်သည်။



အဆိုပါ စီမံကိန်းကို လွန်ခဲ့သည့် နှစ်နှစ်က ၁၀၀ ကီလိုဝပ် ဆိုလာစက်ရုံဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
"နောက် ၂၅ နှစ်အကြာမှာ ဒီ သဘာဝစွမ်းအင် စီမံကိန်းက ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၃ သိန်းကျော်ကို တားဆီးစေနိုင်ပါလိမ့်မယ်။ ဒီပမာဏဟာ သစ်ပင်သုံးသန်း စိုက်ပျိုးတဲ့နှုန်းနဲ့ ညီမျှပါတယ်" ဟု လေဆိပ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref: TechInAsia
Credit internetjournal

Thiha Htike(THT)
My Facebook Account Click


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



တစ်ချက် click ရုံနဲ့ဖုန်းမှာလေးနေတာတွေရှင်းပေးမယ့် - 1Tap Cleaner Pro v2.62 Apk

Posted: 22 Aug 2015 01:55 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Sony Xperia Z3, Z3 Compact တို့အတွက် Root CWM

Posted: 22 Aug 2015 01:54 AM PDT

Sony Xperia Z3, Z3 Compact တို့အတွက် Root လုပ်ရန်အဆင်ပြေစေဖို့ CWM boot img ဖိုင်များ
Custom recovery here (Z3) and here (Z3 Compact).


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်းမှာတင် ဗီဒီယို edit ပြုလုပ်နိုင်မယ့် -VivaVideo Pro v4.4.0 Apk

Posted: 22 Aug 2015 01:45 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

ရန်သူနယ်မြေကိုသွားတိုက်ခိုက်ရမယ့်ဂိမ်းလေး - METAL SLUG 3 v1.7 Apk

Posted: 22 Aug 2015 01:32 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Zombie တွေကိုဝေဟင်ကနေပစ်ခက်ရမယ့်ဂိမ်းလေး - Zombie Gunship: Gun Dead 3D v1.14.4 Update Apk

Posted: 22 Aug 2015 01:27 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Galaxy Wallpaper လေးနဲ့ဖုန်းမှာလန်းနိုင်မယ့် - Galaxy Wallpaper v: 1.3

Posted: 22 Aug 2015 01:22 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

♪ ပင်လယ်ရေအောက်ကမ္ဘာမှ ငါးအလှလေးများ - aniPet Freshwater Aquarium LWP v2.4.9 Apk ♫

Posted: 22 Aug 2015 12:16 AM PDT

aniPet Freshwater Aquarium LWP APK

ထွေထွေထူးထူးတော့မဟုတ်ပါဘူးဗျာ Android User တွေအတွက် Live Wallpaper လှလှလေးတစ်ခုရ ထားလို့တင်ပေးလိုက်တာပါ။ ပင်လယ်ရေအောက်ကမ္ဘာမှာရှိတဲ့ အလှမွေးငါးလေးတွေနဲ့ သမုဒ္ဒယာ ကြမ်းပြင်ရဲ့သဘာဝအလှရှုခင်းတို့ကို Live Wallpaper တစ်ခုအဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ မိမိရဲ့ ဖုန်းထဲမှာ Live Wallpaper အဖြစ်ထားထားမယ်ဆိုရင် မျက်စိအေးပြီးကြည့်နူးစရာလေးတွေပေါ့။ အလှမွေး ငါးလေးတွေကိုလည်း မိမိသဘောကျတဲ့ ငါးလေးတွေကိုပဲရွေးချယ်ပြီးထည့်ထားနိုင်ပါတယ်ဗျာ။ ငါးလေးတွေ ကလည်းအစုံပါပဲ Live Wallpaper ရဲ့နမူနာပုံစံကိုအောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။



   aniPet Freshwater Aquarium LWP- screenshot         aniPet Freshwater Aquarium LWP- screenshot

   aniPet Freshwater Aquarium LWP- screenshot         aniPet Freshwater Aquarium LWP- screenshot

   aniPet Freshwater Aquarium LWP- screenshot         aniPet Freshwater Aquarium LWP- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ ဒီဇိုင်းလန်းတဲ့ Icon လေးများ - Miu – MIUI 6 Style Icon Pack v82.0 Apk ♫

Posted: 21 Aug 2015 11:46 PM PDT

   Miu - MIUI 7 Style Icon Pack- screenshot

အခုတင်ပေးလိုက်တဲ့ Icon Pack လေးကတော့ အရောင်အသွေးစုံလင်စွာနဲ့ လှပဆန်းသစ်နေတဲ့ Miu – MIUI 6 Style Icon Pack v82.0 လေးပဲဖြစ်ပါတယ်ဗျာ။ သူ့ရဲ့ Icon လေးတွေနဲ့ လိုက်ဖက်ညီတဲ့ Wallpaper လေးတွေပါအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖုန်းတစ်ခုလုံးကို လှပဆန်းသစ်သွားစေမှာတော့ အမှန်ပါပဲဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shoot လေးတွေကိုရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0.3 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Features
*2800+ HD Icons
*35 Cloud Wallpapers - if when applying it doesn't perfectly fit your screen, please download them and then set manually
*MIUI 6 Style Icons with a vivid color palette
*Muzei Support
*Behang Support for BLink
*Icon Masking for unthemed apps
*Frequent Updates
*Dynamic Calendars
*Alternative Drawer & App icons
*Advanced Material Dashboard
*Alphabetical Ordering in Nova Manual Icon Picker
*Icons Request - note that only most requested ones will be added each week
*Works with: Nova/Apex/Atom/Adw/Holo/Action/Trebuchet/Go/Smart/Unicon/Aviate/Next/Inspire/KK/Nine/TSF/Themer
*Compatible with CM12 Theme Chooser
 



Miu - MIUI 6 Style Icon Pack - screenshot thumbnail

Miu - MIUI 6 Style Icon Pack - screenshot thumbnail     Miu - MIUI 6 Style Icon Pack - screenshot thumbnail

Miu - MIUI 6 Style Icon Pack - screenshot

Miu - MIUI 6 Style Icon Pack - screenshot     Miu - MIUI 6 Style Icon Pack - screenshot

Miu - MIUI 6 Style Icon Pack - screenshot     Miu - MIUI 6 Style Icon Pack - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment