The Irrawaddy's Blog |
| မိုးရာသီမှာ အသုံးတည့်တဲ့ အဝတ်အခြောက်ခံစက် Posted: 21 Aug 2015 04:07 AM PDT မြန်မာနိုင်ငံရဲ့ ဒီနှစ် မိုးရာသီက တနိုင်ငံလုံးနီးပါး စံချိန်တင်ရလောက်အောင် ရွာအားကောင်းကောင်းနဲ့ ရွာသွန်းတဲ့ မိုးလို့ ဆိုရမလားပဲ။ တနိုင်ငံလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးမှုဖြစ်စဉ်တွေနဲ့ တချို့နေရာဒေ သတွေမှာ ရေကျသွားပေမယ့် တချို့နေရာတွေကတော့ ရေကြီးမှုကို ရင်ဆိုင်နေရဆဲပါပဲ။ ရန်ကုန်မှာဆိုရင်လည်း နေ့စဉ်ရက်ဆက်ရွာနေတဲ့ မိုးတွေကြောင့် သွားရ၊ လာရခက်ခဲသလို ရန်ကုန်မြို့ရဲ့ တိုက်ခန်း၊ ကွန်ဒို အသီးသီးမှာ နေထိုင်ကြသူတွေအတွက် ဒီလို မိုးရာသီအချိန်ကာလမှာ အဝတ်လှန်းရတာ၊ အဝတ်တွေ မခြောက်တာ၊ အဝတ်တွေ စိုထိုင်းပြီးခြောက်ဖို့ အချိန်ကြာတာစတဲ့ ပြသနာမျိုးတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒီတပတ်မှာတော့ မိုးရာသီအတွက် အရမ်းသင့်တော်တဲ့ အဝတ်အခြောက်ခံစက်လေးတွေနဲ့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။ အဝတ်ခြောက်ခံစက်တွေကို Online Shopping တွေနဲ့ Electronics ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်ပါတယ်။ အမြင့်က လူတရပ်နီးပါး 150 cm အမြင့်ရှိပြီးတော့ အလေးချိန်အနေနဲ့က 30 kg အထိ ခံနိုင်ရည်ရှိ တာကြောင့် နေ့စဉ် ရုံးတက်၊ ကျောင်းတက်နေရတဲ့သူတွေတွက် အင်္ကျီ၊ဘောင်းဘီ၊ ယူနီဖောင်းစတာတွေကို အချိန်တိုတွင်း လျင်လျင်မြန်မြန် အခြောက်ခံနိုင်မှာပါ။ ဒီစက်လေးတွေက DIY (Do It Yourself) ဆိုတဲ့အတိုင်း အလွယ်တကူ ကိုယ်တိုင် ဖြုတ်၊တပ် ပြုလုပ် တပ်ဆင် နိုင်ပြီး မီးအားလည်း အထွေအထူး ကုန်မှာ မဟုတ်ပါဘူး။ လက်နဲ့လျှော်ပြီးနဲ့ လက်နဲ့ညှစ်ထားတဲ့လက်ညှစ် အဝတ်စိုတွေဆို ၄၅ မိနစ်ကနေ တနာရီအတွင်းမှာ အဝတ်တွေ ခြောက်သွားနိုင်ပြီး စက်နဲ့ လျှော်ထားတဲ့ အဝတ်တွေ ဆိုရင်တော့ မိနစ် ၂၀ ကနေ နာရီဝက်အတွင်းမှာ အဝတ်တွေ ခြောက်သွားနိုင်ပါတယ်တဲ့။ ဒီလို အဝတ်ခြောက်ခံစက်လေးတွေက အလျား 75 cm၊ အနံ 46cm အဲဒီဝန်းကျင်ပဲရှိတာကြောင့် အိမ်မှာထားဖို့ နေရာအများကြီးပေးစရာမလိုပါဘူး။ အရောင်အားဖြင့်လည်း အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင် စတဲ့ ချစ်စရာကောင်းတဲ့ အရောင်လေးတွေလာတာမို့လို့ အိမ်ရှင်မတွေနဲ့ အမျိုးသမီးတွေအကြိုက်ဖြစ်မှာပါ။ ကဲ… ဒီလိုဆိုရင်တော့ မိုးရာသီမှာ အသုံးလည်းဝင်၊ အသုံးတည့်ပြီး ခေတ်မီ ချစ်စရာကောင်းတဲ့ အဝတ်ခြောက်ခံစက် လေးတွေကိုဝယ်ထားရအောင်လို့ လက်တို့လိုက်ချင်ပါတယ်။ ဈေးနှုန်းအနေနဲ့က ကျပ် ၃သောင်းခွဲလောက်ကစလို့ ၃ သောင်း ၈ ထောင်ကျပ်၊ ၄သောင်း၊ ၄ သောင်းခွဲ၊ ၅ သောင်းအထိ အစားစားရှိပါတယ်။ သီဟတိုး | ||
| ရုပ်ရည်ရူပကာကိုပြောင်းလဲသွားစေမယ့် အိပ်ချိန်(၂)နာရီ Posted: 21 Aug 2015 01:08 AM PDT ညစဉ်ညတိုင်း အိပ်ရေးဝစွာအိပ်စက်ခြင်းဟာ သင့်ကျန်းမာရေးအတွက်အကျိုးရှိနေတယ်ဆိုတဲ့ အချက်ကတကယ်တော့ လျို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ ဒီအချက်ကိုသိကြပေမယ့် လူတွေဟာညဖက် အချိန်နောက်ကျ ပြီးမှ အိပ်ယာဝင်တတ်ကြပါတယ်။ ဒီလိုညဖက်အချိန်နောက်ကျပြီးမှ အိပ်ယာဝင်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ပိုတိုးစေတဲ့အပြင် ကြည်လင်လန်းဆန်းစွာအိပ်ရာနိုးထနိုင်မှာမဟုတ်ပါဘူး။ ဒီလိုအိပ်ချိန်မမှန်တဲ့ အမူအကျင့်တွေကြောင့် ဖြစ်တတ်တဲ့ အကျိုးသက်ရောက်မှုတွေအပြင် တနေ့ကို အိပ်ချိန် (၈)နာရီမရှိတဲ့သူများဟာ ခန္ဓာကိုယ်နဲ့ မျက်နှာအသားအရေတွေအပေါ်မှာ ကျရောက်လာနိုင်တဲ့ ဆိုးကျိုးတွေက ခံစားရနိုင်တယ်လို့ သိပ္ပံပညာရှင်များကအတည်ပြုထားပါတယ်။ မွေ့ယာကုပ္မဏီတစ်ခုဖြစ်တဲ့ Bensons for Bed နှင့် လန်ဒန်မြို့ရှိအိပ်မပျော်သောရောဂါကို ခံစားနေရသည့် ဝေဒနာရှင်များကို ကုသမှုပေးနေသော Sleep School တို့ပူးပေါင်းကာ လေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ရာ တစ်နေ့ကို ရှစ်နာရီအိပ်စက်ရန် သတ်မှတ်ထားပြီး ၄င်း(၈)နာရီထက် နည်း၍ အိပ်စက်သူများသို့မဟုတ်၊ တစ်နေ့လျှင် အိပ်ချိန်(၆)နာရီထက်နည်း၍ အိပ်စက်သူများအနေဖြင့် ၄င်းတို့ရဲ့ ရုပ်ရည်ရူပကာအပေါ်တွင် လျင်မြန်သော အကျိုးသက်ရောက်မှုများရှိနေသည်ဟု တွေ့ရှိခဲ့ရပါတယ်။ တွေ့ရတဲ့ ဆိုးကျိုးများကတော့ ကြောက်စရာကောင်းလှပြီး အဲဒီဆိုးကျိုးတွေဟာ တစ်ပတ်အတွင်းသိသိသာသာ ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။
အဆိုပါလေ့လာမှုမှာ လူပေါင်း (၁,၁၀၀၀)မျှ ပါဝင်ခဲ့ပြီး ဆာရာကယ်လ်မာဆိုသူ အမျိုးသမီးတစ်ဦးကတော့ ၄င်းမှာတွေ့ရှိရတဲ့ရလဒ်များကို ပျော်ရွှင်စွာမှတ်တမ်းတင် ဖော်ပြခွင့်ပေးခဲ့ပါတယ်။ လေ့လာမှုအတွက် သူမဟာ (၅)ရက်ဆက်တိုက် တစ်နေ့လျှင် (၆)နာရီကြာသာ အိပ်စက်ခဲ့ပါတယ်။ အဲဒီအချိန်များအတွင်းမှာ သူမဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ မေ့လျော့တတ်ခြင်းစသည်တို့ကို ခံစားရတဲ့အပြင် အချိုပါသော အစားအသောက်များကိုသာ ဆက်တိုက်စားသောက်ဖို့ အာသီသ ပြင်းပြနေခဲ့ပါတယ်။ အဲဒီရလဒ်တွေအထဲ အံ့သြဖို့အကောင်းဆုံးအချက်ကတော့ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေဟာ ကျယ်လာတဲ့အပြင် ၄င်းချွေးပေါက်အနီးတ၀ိုက်ရှိ အသားအရည်မှာလည်းပိုပြီးနီရဲလာတာကို တွေ့ရပါတယ်။ ၄င်းရလဒ်တွေကတော့ တစ်နေ့ကို ၈ နာရီဝန်းကျင်အိပ်စက်ချိန်မရှိသူတွေအနေနဲ့ တွေ့ကြုံရမယ့် ရုပ်ရည်ရူပကာနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။http://www.stethnews.com/2846/think-theres-not-much-difference-between-six-and-eight-hours-of-sleep-wrong/ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |









0 comments:
Post a Comment