Related Posts Plugin for WordPress, Blogger...

August 3, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ထိုင်းအမျိုးသားတဦး လမ်းဘေးခွေးတွေကို ကိုယ်တိုင်သတ်ပြီး ရဲစခန်းသို့ လာရောက်ဝန်ခံ

Posted: 02 Aug 2015 11:02 PM PDT


photo - wikipedia.org

ထိုင်းနိုင်ငံ ဆူရတ်ဌာနီဒေသ ဖွန်ဖင်းခရိုင်အတွင်းမှာ လမ်းဘေးခွေးလေခွေးလွင့်နှစ်ကောင်ကို ရက်ရက်    စက်စက် ပစ်သတ်ခဲ့တယ်လို့ အမျိုးသားတဦးဟာ အဲ့ဒီဒေသ ရဲစခန်းသို့ လာရောက် ၀န်ခံသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသက် ၂၁ နှစ်အရွယ် Staporn Promtas ဆိုသူကို ရဲစခန်းက ဆင့်ခေါ်ခဲ့တာပါ။

ထို့နောက် အသက် ၃၇ နှစ်အရွယ် Thanyarat Prommakorn ဆိုသူ အမျိုးသမီးတဦးရဲ့ ထွက်ဆိုချက်အရ သူမ အိမ်ရှေ့မှ ခွေးလေခွေးလွင့် သုံးကောင်ကို အမျိုးသားတဦးက ပစ်သတ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခွေးနှစ်ကောင်ဟာ သေဆုံးခဲ့ပြီး ကျန်ခွေးတကောင်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မစ္စတာ Staporn ဟာ သူ့ရဲ့ ကြက်ကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့က အဆိုပါ ခွေးလေခွေးလွင့်တွေက လာရောက်နှောက်ယှက်တဲ့အတွက်  စိတ်ဆိုးဒေါသဖြစ်ပြီး သတ်ဖြတ်ခဲ့တာလို့ ၀န်ခံသွားပါတယ်။

ရဲစခန်းမှ အဆိုပါ အမျိုးသားကို လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှုနှင့် တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပေဒချိုးဖောက်မှု စတာတွေနဲ့ တရားဆွဲဆိုခဲ့ပါတယ်။ တရားလိုအစိုးရရှေ့နေတွေက အဆိုပါ အမျိုးသားကို တရားရုံးတင် စစ်ဆေးဖို့ စဉ်းစားနေကြပါတယ်။ အကယ်လို့ အပြစ်ရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါက အဲ့ဒီ အမျိုးသားအနေနဲ့ ထောင်ဒဏ်နှစ်နှစ်နဲ့ ဘတ်ငွေ ၄ သောင်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရနိုင်ဖွယ်ရှိပါတယ်။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/637132/man-surrenders-over-stray-dog-killings

စင်ကာပူနိုင်ငံမှလုပ်ငန်းလုပ်ပိုင်ခွင့်ရယူပြီး Pastamania Italian Restaurant ရန်ကုန်တွင်ဖွင့်မည်

Posted: 02 Aug 2015 09:57 PM PDT


ဓာတ်ပုံများ -သီဟတိုး/ The Irrawaddy

ပါစတာ၊ ပီဇာ ၊ စပါကတီ စတဲ့ အီတာလျံ အစားအစာတွေကို ရရှိနိုင်မယ့် Pastamania Italian Restaurant (ပါစတာမေးနီးယား အီတာလျံ စားသောက်ဆိုင်) ကို မြန်မာနိုင်ငံ Root of Asia ကုမ္ပဏီမှ     စင်ကာပူနိုင်ငံကနေ Franchise (လုပ်ငန်းလုပ်ပိုင်ခွင့်)ယူပြီး ရန်ကုန်မြို့မှာ လာရောက် ဖွင့်လှစ်တော့မှာပါ။

အဆိုပါ Pastamania အီတာလျံ စားသောက်ဆိုင်ကို ပထမဦးဆုံး နံပါတ် (၇)၊ အင်းယားလမ်း၊ ကမာရွတ်   မြို့နယ်၊ ရန်ကုန်မြို့မှာ ဒီနှစ်ကုန်ပိုင်းလောက် စတင်ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဇူလိုင်လ ၂၈     ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံ၊ Royal Garden Restaurant မှာ ကျင်းပပြုလုပ်ခဲ့တဲ့  သတင်းစာ ရှင်းလင်းပွဲအရ သိရပါတယ်။

တနှစ်အတွင်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ Pastamania ဆိုင် စုစုပေါင်း ဆိုင်(၃) ဆိုင်  ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်တဲ့။


"ကျနော် Pastamania ကို စပြီး Franchise ယူဖို့ ရွေးချယ်ဖြစ်ခဲ့တာတော့ မြန်မာနိုင်ငံမှာ Pasta ကို Franchise ယူပြီး လုပ်တဲ့ Restaurant တွေမရှိဘူး။ အီတာလျံ အစားအစာဆိုင်တွေ အများကြီး ဖွင့်လာတာ တွေ့ရပေမယ့် ပါစတာကို အဓိကထားပြီး Focus လုပ်တာ မတွေ့ရဘူး။ ပီဇာကိုပဲ အဓိကထားတာ တွေ့ရတယ်။ နောက်ပြီး ကျနော်ကိုယ်တိုင်ကလည်း ပါစတာကို နှစ်သက်လို့ ရွေးခဲ့တာပါ။ ပြီးတော့ မြန်မာပြည်သူ ပြည်သား တွေနဲ့ ဒီ ပါစတာ taste အရသာ ကိုက်ညီအပ်စပ်မယ်ထင်လို့ ကျနော် တင်သွင်းခဲ့တာ ဖြစ်ပါ တယ်" လို့ Root of Asia ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုအေးချမ်းကိုကို က ပြောပါတယ်။

ဆက်လက်ပြီး သူက "ကျနော့်ဆိုင်က ကျောင်းသူ၊ကျောင်းသားတွေ လာစားတာပဲဖြစ်ဖြစ်၊ မိသားစုတွေ လာစားတာကအစ ကျနော့်ဆိုင်ထဲကို ဝင်ရောက်တာနဲ့ အီတလီကို ရောက်သွားတဲ့ ခံစားချက်မျိုး ဖြစ်သွား         အောင်  ဆိုင်ကို ပြင်ဆင်ထားပါတယ်" လို့ ဆိုပါတယ်။

ဆိုင်အတွင်းပိုင်း အပြင်အဆင်က စားသုံးသူတွေကို အီတလီနိုင်ငံ မြို့တမြို့ရဲ့ City Square ကို ရောက်သွား သလို ခံစားရအောင် ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Customer တွေ ဆိုင်ထဲ ဝင်ရောက်လာတာနဲ့ နံရံပတ်လည်မှာ Italian New-stand, The Neighborhood Pasta Shop, Grocery Store နဲ့ Italian Traditional Bakery အစရှိတဲ့ Station တွေကို တွေ့မြင်ရမှာပါ။



Restaurant Structure အနေနဲ့က Ground Floor နဲ့ First Floor ဆိုပြီး အထပ်နှစ်ထပ် ရှိမှာဖြစ်ပြီး ပထမထပ်မှာဆိုရင် Private Room အခန်းနှစ်ခန်း ပါရှိမှာဖြစ်ပါတယ်။

"ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိမယ့် နိုင်ငံတကာ အစားအစာတွေ တင်သွင်းချင်တာပါ။ အခုဆိုရင် အရမ်း တိုးတက်နေတဲ့ခေတ်မှာ လူတွေက ဖုန်းတွေနဲ့ပဲ ဒေတာတွေ ဖွင့်ပြီး အင်တာနက်ပဲ သုံးနေကြတာများတယ်။ ဒီလိုမျိုး လူချင်းတွေ့ဆုံပြီး စကားပြောတာ အရမ်းနည်းသွားပြီ။ အဲဒီတော့ ကျမတို့ Root of Asia ကုမ္ပဏီက ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတော့ သူငယ်ချင်းတွေစုပြီး အပြင် သွားပြီး လျှောက်စားကြမယ်။ မိသားစုနဲ့ အပြင်ထွက်စားကြမယ်ဆိုရင် နေရာကောင်းကောင်းတခုမှာ အစားအသောက်အကောင်းကောင်းနဲ့ စားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီဆိုင်ကို ဖွင့်ဖြစ်တာ ဖြစ်ပါတယ်" လို့ Root of Asia ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ မဖြူစင်သန့်က ပြောပါတယ်။

Pastamania အီတာလျံ အစားအစာဆိုင်မှာ ပီဇာလို Fast Food (အမြန်စာ) ကို အချိန်ကြာကြီး စောင့်ဆိုင်း စရာ မလိုအောင် အချိန်တိုတွင်း ပြုလုပ်ချိန် ငါးမိနစ်နဲ့ အလျင်မြန်ဆုံး ဝန်ဆောင်မှု ပေးသွားနိုင်ရန် စီစဉ်ထား ပြီး အစားအသောက် Menu ထဲမှာ Ice-Cream နဲ့ Pizza ပေါင်းစပ်ထားတဲ့ Dessert Pizza တွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

"ကျနော်တို့ အီတာလျံ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေ၊ နိုင်ငံခြားသား ဧည့်သည်တွေ၊ သံရုံးက ဝန်ထမ်းတွေနဲ့ မိသားစုတွေကို အဓိက Focus လုပ်ထားပါတယ်။ Menu ထဲမှာဆိုရင်လည်း Vegetarian Menu (သတ်သတ်လွတ် မီနူး) ကိုပါ စီစဉ်ထားတာကြောင့် သတ်သတ်လွတ်စားသူတွေ     အတွက်လည်း အဆင်ပြေနိုင်အောင် ရည်ရွယ်ထားပါတယ်" လို့ Root of Asia ကုမ္ပဏီရဲ့Operation Manager ကိုတေဇာခိုင်စိုးက ပြောပါတယ်။

Pastamania အီတာလျံ စားသောက်ဆိုင်က စင်ကာပူနိုင်ငံမှာ အောင်မြင်မှုရရှိနေတဲ့ အကြီးဆုံး Italian Restaurant ကြီးပဲ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပထမဦးဆုံး ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင်      အရှေ့တောင်အာရှနိုင်ငံတွေနဲ့ Middle East လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာပါ အားလုံးပေါင်း (၁၀) နိုင်ငံနဲ့ ဆိုင်ပေါင်း (၅၀) ကျော် ဖွင့်လှစ်နိုင်ခဲ့တဲ့ Italian Chain(အီတာလျံဆိုင်ခွဲ) တခုပဲ ဖြစ်ပါတယ်။


သီဟတိုး

“အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တယ်”

Posted: 02 Aug 2015 09:24 PM PDT




အိမ့်ခြူးစံ
၂၃ နှစ်
Finance Manager @Hotel 78, Mandalay

ကျမက အခု လက်ရှိမန္တလေးမြို့၊ Hotel 78 မှာ Finance Manager အနေနဲ့ အလုပ်လုပ်နေပါတယ်။ ဒီ အ လုပ်လုပ်နေတာ (၂) နှစ်ကျော်ပါပြီ။ ပညာရေးကတော့ ကျမ မန္တလေးရတနာပုံတက္ကသိုလ်မှာ B.A (English) နဲ့ ကျောင်းပြီးထားတယ်။

Hotel Life ထဲကို ကျမ ဘယ်လို ရောက်လာလဲဆိုတော့ အဓိကတော့ ကျမဖေဖေက ကျမကို အလုပ်တခုရှိစေချင်တယ်။ အဲဒီလို အလုပ်လုပ်စေချင်တော့ ဖေဖေ့ရဲ့ အလုပ်ထဲမှာ ကျမလိုက်လုပ်ရင်း ဒီ Hotel Life ထဲမှာ ဝင်လုပ်ဖြစ်တာပါ။ အရင်တုန်းက Hotel Life မှာ Experience မရှိဘူး၊ ဒီမှာ စလုပ်ရင်းနဲ့ပဲ အတွေ့အ ကြုံတွေ ရလာတယ်။ ဝန်ထမ်းတွေကို ဘယ်လို Control လုပ်ရမယ်ဆိုတာ သိလာတယ်။

ကျမ Finance Manager အလုပ်မလုပ်ခင် အရင်တုန်းက ဖေဖေက အစိုးရကနေ ပုဂ္ဂလိကကို လွှဲတဲ့ ဆီဆိုင် တွေရှိတယ်။ အဲဒီဆီဆိုင်မှာ ဖေဖေနဲ့အတူ အလုပ်တွေ တွဲလုပ်ခဲ့တယ်။ လူတွေအများကြီးနဲ့လည်း ပြောဆိုဆက်ဆံခဲ့ရတယ်။ အလုပ် အတွေ့အကြုံအနေနဲ့ အဲဒီလိုမျိုးတွေရှိခဲ့တယ်။ Finance နဲ့ ပတ်သက်ပြီးတော့ သူများတွေလို သင်တန်းတွေ တက်ခဲ့တာ မျိုးတော့ မရှိဘူး။

စလုပ်ကတည်းပဲ အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်ခဲ့တဲ့အတွက် သင်တန်းတောင်တက်စရာ မလိုဘဲ စာရင်းဇယားတွေ အကုန်လုံး Accountant တယောက်လို လုပ်နိုင်လာခဲ့တယ်။ အဓိကကတော့ ဘယ်ပညာရပ်မဆို စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားမယ်ဆို ဘယ်အရာမဆို ဖြစ်ပါတယ်။ ကျမတို့တုန်းက LCCI သင်တန်းတွေ ဘာတွေ တက်ခဲ့ရတာမျိုး မဟုတ်ဘဲ လုပ်ငန်းခွင်ထဲဝင်ပြီး ချက်ချင်းထိတွေ့ပြီး လုပ်လာခဲ့ရတယ်။

ကျမရဲ့ ဘဝရည်မှန်းချက်ကို ပြောပါဆိုရင် အခု ကျမ အလုပ်နှစ်ခု လုပ်နေတယ်။ Hotel Life မှာ Finance Manager တယောက်လုပ်နေသလို အပြင်မှာဆိုရင်လည်း ကျမရဲ့ ဝါသနာအရ Makeup လိမ်းခြယ်ခြင်းနဲ့ အလှအပရေးရာ ဗဟုသုတ အကြောင်းတွေရေးတဲ့ Beauty Blogger တယောက်လုပ်နေတယ်။ နောက်ပိုင်း ကျရင် ကျမရဲ့ ရွေးချယ်မှုက စီးပွားရေး အပိုင်းမှာပဲ ရပ်တည်မယ်၊ ကိုယ့်စီးပွားရေး ကိုယ်လုပ်မယ်။

ဘယ်လို စီးပွားရေးမျိုးလုပ်မလဲဆိုတော့ နိုင်ငံခြားကနေ ပစ္စည်းတင်သွင်းပြီး ရောင်းတာမျိုးလုပ်မယ်။  ဘယ်လို ပစ္စည်းမျိုးကို ရောင်းရမလဲဆိုတာကို အခုကတည်းက နည်းနည်းလိုက်ပြီး စုံစမ်းနေတယ်။ သူများနဲ့လည်း မတူချင်ဘူး။ သူတို့နိုင်ငံမှာလည်း တကယ်တမ်းခေတ်စားနေတဲ့အရာ၊ မြန်မာနိုင်ငံမှာလည်း မသိသေးတဲ့ အရာမျိုးကို သိစေချင်တဲ့ အရာမျိုးနဲ့ စီးပွားရေးလောကမှာ လုပ်ချင်တယ်။ အဲဒီ ရည်မှန်းချက်လေးတော့ ရှိတယ်။ ကျမ ရည်မှန်းချက် စိတ်ကူးက လုပ်ငန်းတခုကို ကိုယ်တိုင် ဦးဆောင်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တယောက်ပေါ့။

Beauty Blogger အနေနဲ့ ခြူးလုပ်တာ တကယ်တမ်း Page တွေဘာတွေ ထောင်ပြီး လုပ်တာ (၂) လ ပဲ ရှိသေးတယ်။ ဒါပေမယ့် Makeup နဲ့ အလှအပရေးရာ အကြောင်းတွေကို စိတ်ဝင်စားခဲ့တာ ဟိုးလွန်ခဲ့တဲ့ (၃)နှစ် လောက်ကတည်းကပါ။ တကယ်တမ်းချဲ့ပြီး ပြောရမယ်ဆိုရင် ငယ်ငယ်လေးကတည်းက Makeup ဆိုတာကောင်းကောင်းမသိဘူး။ သူများ ဆံပင်လေးတွေ စည်းပေးတယ်၊ သူများကို လှအောင်လုပ်ပေးရတာ ခြူးက အရမ်းသဘောကျတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက Makeup နဲ့ ပတ်သက်တာတွေကို လေ့လာခဲ့တယ်။ တခြား Beauty Blogger တွေ တင်တဲ့ ဗီဒီယိုဖိုင်တွေကြည့်တယ်။ ပြီးတော့ ကိုယ်လည်း ကိုယ်တိုင်လိုက်လုပ်ခဲ့ဖူးတယ်။ အောင်မြင်ခဲ့လား ဆိုတော့မအောင်မြင်ခဲ့ဘူး။ ဒါကို အရှုံးမပေးခဲ့ဘူး ထပ်ခါထပ်ခါ ကြိုးစားရင်း အခုမှာတော့   ခြူးရဲ့ပရိသတ်တွေက ခြူးကို လက်ခံလာခဲ့ပါပြီ။

အဓိကကတော့ ခြူးဒီလိုမျိုးလုပ်လာခဲ့တယ်။ အစကတော့ အပျော်သဘောနဲ့ပဲ Page မှာ ရေးပေမယ့် နောက်ပိုင်းမှာ ခြူးအတွက် Fan တွေရှိလာတယ်။ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျမက ဝက်ဘ်ဆိုက်မှာတင် ရေးတာမဟုတ်တော့ဘဲ Makeup နဲ့ပတ်သက်ပြီးတော့ အပြင်မှာ Workshop တွေ လုပ်ဖြစ်တယ်။ ပထမ မန္တလေးမှာ လုပ်ဖြစ်တယ်။မန္တလေးမှာဆိုရင်လည်း ပရိသတ်အများအပြားနဲ့ အထိုက်အလျောက် အောင်မြင်ခဲ့တယ်။ အခု ရန်ကုန်မှာလည်း Beauty Workshop နှစ်ရက်လုပ်တယ်။
Makeup Workshop ကို အခမဲ့လုပ်ပေးရတဲ့ ခြူးရဲ့ ရည်ရွယ်ချက်ကတော့ ခြူးကိုယ်တိုင်ကလည်း ဒီ ပညာရပ်တွေကို အွန်လိုင်းကနေတဆင့် အခမဲ့သင်ခဲ့ရတာဆိုတော့ ဒီပညာတွေကို အခမဲ့ ပြန်မျှဝေပေးချင်တယ်။အဓိကကတော့ ခြူးရဲ့ စေတနာပါ။ ကိုယ်အလှပြင်တတ်သလို သူတို့ကိုလည်း လှစေချင်တာ။
Makeup အပြင် တခြားဝါသနာပါတာက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ အရင်ကဆို ကျမ ဓာတ်ပုံရိုက်တာ အရမ်းရူးသွပ်ခဲ့တယ်။ ဒါပေမယ့်လည်း အိမ်က သဘောမကျဘူး၊ အနုပညာအလုပ်လုပ်တာကို အားမပေးတဲ့အတွက် ကျမ မလုပ်ဖြစ်ခဲ့ဘူး။

အိမ်ကလည်း ကျမကို သမီးအကြီးဆုံးဖြစ်တော့ စီးပွားရေးပဲလုပ်စေချင်တယ်။ စီးပွားရေးကို ဦးဆောင် စေချင်တယ်။ ပထမ ကျမဖြစ်ချင်တဲ့ Photographer လိုင်းကို လုံးဝကို မအောင်မြင်ခဲ့ပါဘူး။ အားသွန်ခွန်စိုက်မရှိခဲ့တာလည်းပါတယ်။ Makeup က ကျတော့ ကျမ နေ့စဉ်ထိတွေ့နေရတဲ့ အရာလည်းဖြစ်တော့ အခုလုပ်တဲ့အခါ အထိုက်အလျောက်တော့ ကျမမှာ ပရိသတ်တွေရှိလာပြီး "Chue" ဆိုပြီး ကျမကို သိလာကြတယ်။

ကျမကိုယ်တိုင်က အခု Managing လိုင်းမှာ အလုပ်လုပ်နေတယ်။ အခုနောက်ပိုင်း Management အပိုင်းတွေမှာ အမျိုးသမီးတွေကို နေရာပေးလာတာနဲ့ ပတ်သက်ပြီး မြင်တာက အရင်တုန်းကဆို မန်နေဂျာနေရာမှာ အမျိုးသားတွေ များတယ်။ အခု အမျိုးသမီးတွေ ရှိလာတယ်။ အခုနောက်ပိုင်း အမျိုးသမီးတွေက ပိုပြီးထက်လာတယ်။ မိန်းကလေးတွေက အလုပ်လည်း လုပ်လာကြတယ်၊ အခုနောက်ပိုင်း Management            အပိုင်းတွေမှာ နေရာရလာတာလည်း သူတို့ရဲ့ ကြိုးစားမှု မို့လို့သူတို့ကို အသိအမှတ် ပြုပါတယ်။

လူငယ်တွေ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေ လုပ်နေတယ်၊ အောင်မြင်နေကြတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါပဲ။ အဓိကက ရင့်ကျင့်မှုပါပဲ။ ရင့်ကျက်မှုက အသက်နဲ့လည်း မဆိုင်ဘူး။ တချို့ကျတော့ အ သက်ကြီးပေမယ့် မရင့်ကျက်ကြဘူး။ တချို့ကျတော့ ဘွဲ့တွေ အများကြီးရတယ်။ လုပ်ငန်းခွင် မဝင်သေးတော့ မရင့်ကျက်သေးဘူး။ အလုပ်လုပ်မှသာ ရင့်ကျက်သွားတာ။

အလုပ်ရဲ့ ဒဏ်၊ တိုက်ခိုက်မှု၊ ဖိစီးမှုတွေကို ခံရပြီးတော့မှ ရင့်ကျက်လာတာ။ ဒါကြောင့်မို့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် နေတဲ့သူတွေကို ခြူးက သဘောကျတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းယုံကြည်မှုရှိပြီး အရာရာကို အောင်မြင်အောင် ဖြတ်ကျော်တာ တော်တယ်။ ကြိုးစားနေတဲ့ လူငယ်တွေကို ဒီထက်ပိုပြီး အောင်မြင်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။


သီဟတိုး

အနုပညာရှင်ပေါင်းများစွာနဲ့ ပြုလုပ်မယ့် တေးရေးမင်းချစ်သူရဲ့ ဂီတသက်တမ်း ၃၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ

Posted: 02 Aug 2015 09:05 PM PDT


တေးရေး - မင်းချစ်သူ (ယုမွန်ကျော်/ The Irrawaddy)

တေးဂီတ သက်တမ်းတလျှောက် ရေးခဲ့တဲ့သီချင်းတိုင်းလိုလို ပရိသတ်အားပေးမှုရရှိခဲ့ကာ သူ့ရဲ့တေးသီ     ချင်းတွေနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်လာစေခဲ့သူ တေးရေးဆရာ တယောက် ရှိပါတယ်။သူကတော့      တေးရေး မင်းချစ်သူပါ။

အခုအခါမှာ တေးရေး မင်းချစ်သူက သူရဲ့  ဂီတသက်တမ်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မင်းချစ်သူရဲ့  ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော်ကို သြဂုတ်လ ၉ ရက်နေ့မှာ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းမှာရှိတဲ့ Myanmar Event Park  မှာ  ကျင်းပပြုလုပ်မှာပါ။

ဂီတသက်တမ်း နှစ် ၃၀ ကျော်အတွင်း အောင်မြင်မှုရရှိခဲ့တဲ့ တေးသီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုရှင်များစွာတို့က ပြန်လည်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပါဝင် သီဆိုကြမယ့် အဆိုတော်တွေကတော့ ဇော်ဝင်းရှိန်၊ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ရင်ဂို၊ စည်သူလွင်၊ ဂရေဟမ်၊ ဖိုးကာ၊ ဇော်ပိုင်၊ Rဇာနည်၊        ကျော်စည်သူကျော်၊ ထက်နေကြည်၊ ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ အားမာန်၊ မိုးဈာန်၊ ၀ိုင်းလမင်းအောင်၊ နွဲ့ယဉ်ဝင်း၊ မေဆွိ၊ မေခလာ၊ ဟေမာနေ၀င်း၊ ကော်နီ၊ မီမီဝင်းဖေ၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ရေဗက္ကာဝင်း၊ ဖြူဖြူကျော်သိန်း၊ ရတနာမိုင်၊ တွင်ကယ်လ်၊ ခေမီကို၊ အေသင်ချိုဆွေ၊ စိုးပြည့်သဇင်၊ ဆုပန်ထွာ၊ ဖြိုးသိရီခေတ်၊ သန္တာဗို၊ ဆုထက်လှိုင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ထိုက်ထိုက်၊ ရွှေရည်ဖြိုးမောင်၊ ၀တ်ရည်  ထက်၊ ဂျူးဂျူးစံတို့ဖြစ်ကြပြီး  အဆိုတော်တယောက်ကို တပုဒ်နှုန်းနဲ့ ပါဝင်သီဆိုဖျော်ဖြေပေးကြမှာပါ။

ပွဲလုပ်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ တေးရေးမင်းချစ်သူက "ဒီပွဲလေးကတော့ ခေါင်းစဉ်မှာပါတဲ့အတိုင်း ဂီတလောကရဲ့ ကြယ်တွေစုံလည်းစုံ၊ ဆုံလည်းဆုံကြတဲ့ ပွဲလေးတခုပါ။ အဆိုတော်တွေက အကုန်လည်း မပါသေးပါဘူး။ အားလုံးပါမယ်ဆိုရင် မိုးလင်းမယ့်ပွဲဖြစ်သွားပါလိမ့်မယ်။ တချို့သီချင်းတွေကို နှစ်ယောက်ပေါင်း ဆိုကြပြီး၊ တချို့သီချင်းတွေကို ငါးယောက်ပေါင်းဆိုကြမယ့် သီချင်းတွေလည်းပါပါတယ်။ ပွဲလေးမှာ သီချင်းတွေ ကိုလည်း အားလုံးအဆင်ပြေအောင်ရွေးထားကြပြီး အကောင်းဆုံးဖျော်ဖြေမှုတွေကို ပေးကြမှာပါ"လို့ ပြောပြပါတယ်။


ဒီပွဲမှာ တေးရေးမင်းချစ်သူသီချင်းတွေနဲ့ လူကြိုက်များခဲ့တဲ့အဆိုတော်စည်သူလွင်က "ကိုယ့်ကြောင့်"၊ တင်ဇာမော်က "မှားပြန်တယ်"၊ ဂျေမောင်မောင်က "တယောက်မျက်နှာကိုတယောက်ကြည့်ကာ"၊ Rဇာနည်က "အသည်းကွဲမြို့တော်"၊ ရေဗက္ကာဝင်းက "အရင်လိုပဲ အရင်တိုင်းပဲ"၊ ထွန်းအိန္ဒြာဗိုလ်က "မမေ့နဲ့နော်"၊ စိုးသူက "ကြည်ဖြူပါတော့"၊ ဖြူဖြူကျော်သိန်းက "အဘယ့်ကြောင့်ဆိုသော်"၊ ဆုန်သင်းပါရ်က "အကြင်နာစစ်ရင်" စသဖြင့် တေးသီချင်းတွေကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ပါဝင်တီးခတ်ပေးမယ့် band တွေကတော့ Emperor ၊ Dream Lover နဲ့ Dj သော်သော်တို့ပဲ ဖြစ်ပြီး        ဖျော်ဖြေပွဲကို ညနေခြောက်နာရီခွဲအချိန်မှစတင်ကာ MRTV- 4 မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ  လည်း  ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းများကိုတော့ VIP အတွက် ကျပ် ၅၀၀၀၀ နဲ့ ရိုးရိုး ကျပ် ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ သတ် မှတ်ထားပါတယ်။


ယုမွန်ကျော်

0 comments:

Post a Comment