The Irrawaddy's Blog |
- ငရဲကိုပုံဖော်ပြတဲ့ ချင်းမိုင်မြို့က ထိုင်းဘုန်းတော်ကြီးတပါး
- သွေးတိုးသူများငှက်ပျောသီးစားကြည့်ပါ
- သေဆုံးသွားတဲ့ အိမ်မွေးခွေးလေးအတွက် ပြုလုပ်ပေးတဲ့ တန်ဖိုးကြီး အသုဘအခမ်းအနား
- Bee Talk ရဲ့ Brand Ambassador အဖြစ် ဖွေးဖွေးကို ခန့်အပ်
| ငရဲကိုပုံဖော်ပြတဲ့ ချင်းမိုင်မြို့က ထိုင်းဘုန်းတော်ကြီးတပါး Posted: 31 Aug 2015 10:43 PM PDT ငှက်များရဲ့တွန်ကျူးသံများနှင့် ပုစဉ်းရင်ကွဲသံတစီစီတို့ကြားတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းရဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ စာချဘုန်းတော်ကြီးတပါးဖြစ်တဲ့ ကျောင်းထိုင် ဆရာတော်ဟာ ဘုရားရင်ပြင်တော်တွင် လမ်းလျှောက်လျက်ရှိနေပါတယ်။ ဘုန်းတော်ကြီးမှာ သိပ်မကြာမီကပင် ကလေးငယ်များအား စာချခဲ့ပြီးဖြစ်ပါတယ်။ ဘုန်းကြီးများရဲ့ အအုပ်အကဲအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်နေသော ကျောင်းထိုင်ဘုန်းတော်ကြီးမှာ စာချခဲ့ပြီးသည့်နောက် နှလုံးစိတ်ဝမ်း အေးချမ်း လျက်ရှိပါတယ်။ ဘုန်းတော်ကြီးသတင်းသုံးရာ ဒီကျောင်းတော်ဟာ ထိုင်းနိုင်ငံရှိ အခြားသော ဘုန်းကြီးကျောင်းများကဲ့သို့ပင် ရွှေဝါရောင်တ၀င်းဝင်းဖြစ်နေသည့်အပြင် နံရံရှိ ကနုတ်ပန်းများမှာလည်း ကြွတက်လျက် သပ္ပါယ်လွန်းလှပါတယ်။ သို့သော် ဒီဘုန်းတော်ကြီးကျောင်းရဲ့ ပန်းဥယျာဉ်ထဲမှာတော့ ကျောင်းထိုင်ဆရာတော်ရဲ့ အိပ်မက်ဆိုးပုံ ရိပ်တွေကို ထုဆစ်ပုံဖော်ထားတဲ့ ကြောက်မက်ဖွယ် ရုပ်တုများကို တွေ့ရမှာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်နေသည့်ပုံများ၊ ညင်းဆဲသတ်ဖြတ်နေပုံများ မကောင်းဆိုးဝါးတကောင်မှ အမျိုးသမီးတဦးအား သတ်ဖြတ်စားသောက်နေသည့်ရုပ်တုများ၊ ကလေးများ ငါးမျှားချိတ်များဖြင့် ထိုးဆွသတ်ဖြတ်ခံနေရပုံများကို ကျောက်ရုပ်များ အဖြစ် ပုံဖော်ထားပါတယ်။ မဲခက်နွိုင် ဘုန်းတော်ကြီးကျောင်းအား တည်ထားပြီးစီးရန် အချိန် (၅)နှစ်ကြာ ယူခဲ့ရသော်လည်း ဒီကျောင်းတော်မှာ ငရဲကိုပုံဖော်ပြသည့် ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ဘုန်းတော်ကြီးကျောင်းဖြစ်ရုံမက စက်ဆုတ်ရွံရှာဖွယ်ကောင်းသော အကြောင်းအရာများကို ဖော်ပြသတိပေးထားသော နေရာတစ်နေရာ လည်း ဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်သော ဘုန်းတော် သို့မဟုတ် ဆာအက်ဟု လူသိများသော သက်တော် (၅၃)နှစ်ရှိ အရှင် ဖရာ့ ခရူ ဗီရှန်ဂျလီကွန်းက "ဘုန်းဘုန်း အိပ်လို့မရတာ ကြာပါပြီ။ ဒီအိပ်မက်ဆိုးတွေကို ခဏခဏမက်တယ်။ နိုးတ၀က်ဖြစ်နေချိန်တွေမှာဆို မိုးကြိုးပစ်သလို ခံစားရပြီး နောက်တော့ နောက်ကမ္ဘာတစ်ခုဖြစ်တဲ့ ငရဲဆိုတာကို မြင်ရပါတော့တယ်" လို့ မိန့်ပါတယ်။ ဒီဥယျာဉ်တော်ဟာ ချင်းမိုင်မြို့မြောက်ဘက် (၁၇) မိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး အထူးသဖြင့် ငရဲအကြောင်းကို သိမြင်လာအောင်သင်ပြနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရ စာသင်ကျောင်းများတွင် ဗုဒ္ဓတရားတော်များကို သင်ကြားခြင်း၌ ငရဲအကြောင်းကို သင်ကြားပေးလျက် ရှိပါတယ်။ သို့သော် ထို့သို့သင်ကြားပေးရာတွင် ဖိတ်ခေါ်ထားသော ဆရာတော်များမှ တရားဒေသနာ ဟောကြားတော်မူသော စနစ်ဖြင့် ဖြစ်ပြီး အရည်အသွေးကောင်းမွန်ခြင်းမရှိသည့် ရုပ်ပုံကားချပ်များဖြင့်သာ ငရဲအကြောင်းကိုသင် ကြားလေ့ရှိပါတယ်။ သို့သော်လည်း ဆာအက်ဘုန်းတော်ကြီးရဲ့ ဥယျာဉ်တော်မှာ ငရဲအကြောင်းအား မျက်ဝါးထင်ထင် မြင်တွေ့သင်ယူရန် ရှားပါးနေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဆရာတော်ဟာ အိမ်မက်ဆိုးများကို လွန်ခဲ့တဲ့(၂၅)နှစ်ခန့်က စတင် မြင်မက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အိပ်မက်ထဲမှာတော့ ဆရာတော်ဟာ အလွန်မှောင်မိုက်ပြီး အထီးကျန်ဆန်၊ ပူလောင်အိုက်စပ်လှတဲ့ မြို့တော်တစ်ခုအတွင်း လှည့်လည်လို့ သွားနေခဲ့ရတာ ဖြစ်ပါတယ်။ "အဲဒီအချိန်မှာ အနီရောင်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ချဉ်းကပ်လာတယ်။ သူစကားပြောတိုင်း ပထ၀ီမြေကြီးတွေ တုန်လှုပ်ကုန်တယ်။ လူ့လောကကို ပြန်ရောက်တဲ့အခါ အခုမြင်တွေ့နေရတဲ့ မြို့တော်နဲ့တူတဲ့ နေရာတစ်ခုကို တည်ဆောက်ဖို့မှာတယ်" လို့ ဘုန်းဘုန်းက မိန့်ပါတယ်။ စေတီတော်တည်ထားတဲ့ ဥယျာဉ်မြေမှာ ၀ိညာဉ်လောကနဲ့ လူ့လောက နှစ်ခုစလုံးကို ဖော်ပြထားတဲ့ ရုပ်တုများကို တွေ့ရမှာပါ။ အဲဒီရုပ်တုများထဲမှာ တစ်ရုပ်ဟာ လူတစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး မျက်လုံးများပြူးထွက်နေတဲ့ ပုံကို ဖော်ပြထားပါတယ်။ အဲဒီရုပ်တုကို အ၀တ်မပါတဲ့ အမျိုးသမီးငါးဦးပုံဆောင်တဲ့ ရုပ်တု ငါးရုပ်က ၀န်းရံထားပြီး လဲလျောင်းနေတဲ့ လူရဲ့ ပါးစပ်ထဲကို ငှက်ပျောသီးတစ်လုံးကို ထိုးသွင်းနေပုံနဲ့ အမျိုးသားလိင်တံရုပ်တုကို ၄င်းရဲ့စအိုထဲကို ထိုးသွင်းနေပုံများကို ထုလုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီးက အဲဒီရုပ်တုတွေကို မနှစ်မြို့ဟန်နဲ့ ရှုရင်း "ဒီရုပ်ထုတွေဟာ လိင်စိတ်ကျူးလွန်ပုံတွေကို ဖော်ပြနေတာပဲ မဟုတ်လား။ ဒါကြောင့် ကာမတဏှာထဲမှာ မနစ်မွန်းကြပါနဲ့" လို့ ခေါင်းတငြိမ့်ငြိမ့်နဲ့ မိန့်တော်မူပါတယ်။ အဲဒီရုပ်တုများနဲ့ အနည်းငယ် ကွာဝေးတဲ့ နေရာမှာတော့ မကောင်းဆိုးဝါးတစ်ကောင်ကနေ အပူလောင်နေတဲ့ အမျိုးသမီးအမျိုးသားများကို အဓမ္မကျင့်နေတဲ့ပုံ၊ ဆူးချွန်တွေ ပုဆိန်တွေနဲ့ နှိပ်စက်နေတဲ့ ရုပ်တုပုံများကို တွေ့ရမှာဖြစ်ပါတယ်။ ရိုးရာဓလေ့အားလုံးနီးပါးမှာ ငရဲကိုပုံဖော်ပြထားတဲ့ အကြောင်းအရာတွေရှိမှာပဲ ဖြစ်ပါတယ်။ ဟေးဒီးရဲ့အမှောင်လောကကဲ့သို့သော ရှေးခေတ် ဂရိပုံပြင်မှသည် ဒန်တီးရဲ့ အင်ဖရာနိုအထိ ငရဲကို ဖော်ပြထားတဲ့ ဇာတ်လမ်းပုံပြင်တွေ ရှိကြပါတယ်။ စိတ်ညစ်ညူးဖွယ်များဖြင့် တည်ဆောက်ထားသော ဒန်တီးအယူဝါဒနှင့်အပြိုင်ဖြစ်သည့် စိတ်တည်ငြိမ်မှုကို ဦးတည်သော ဗုဒ္ဓဘာသာတွင်လည်း နာရက သို့မဟုတ် နာရွတ်အမည်ဖြင့် ငရဲကို ခေါ်ဆိုကြပါတယ်။ ရှေးခေတ် အယူဝါဒများတွင် မီးတွင်း ၁၃၆ တွင်းရှိသည်ဟု ဖော်ပြထားပြီး သေမင်းဘုရင်ဟု တင်စားခေါ်သော ဖရာ့ရွမ်မှာ အဆုံးအဖြတ်ပေးသူ ဖြစ်သည်ဟု ဆိုပါတယ်။ ခိုးခြင်း၊ လူ သတ်ခြင်း၊ ကာမလွန်ကျူးခြင်း၊ သေရည်သေရက်မူးယစ်ခြင်း၊ လိမ်လည်ပြောဆိုခြင်း စတဲ့ ဖောက်ဖျက်သော တရားအပေါ်မူတည်ပြီး သေမင်းဘုရင် ဖရာ့ရွမ်ကနေ အဆုံးအဖြတ်ပေးပါတယ်။ သူ့ရဲ့အဆုံးအဖြတ်အပေါ်မူတည်ပြီး သေမိန့်က စောင့်မျှော်နေမှာ ဖြစ်ပါတယ်။ နာရကတွင် ငရဲမှာ ခရစ်ယာန်တရားမှာကဲ့သို့ ထာဝရ မဟုတ်ဘဲ ငရဲကျသူသည် ငရဲတွင် ကံ၏အကျိုးကို ပေးဆပ်ပြီးပါက မိမိကိုယ်ကို အခြားသောကောင်းမွန်သည့်နေရာများတွင် ပြန်ဝင်စားခွင့်ကို ပေးနိုင်ပါတယ်။ "နာရကနဲ့ ပတ်သက်တဲ့ ရှေးဟောင်းစာပေများကို ဖတ်ရှုပြီးတဲ့နောက် အဲဒီလို အိပ်မက်တွေ ရရှိလာတာဖြစ်မယ်ထင်ပါတယ်။ ဘုန်းဘုန်းအိပ်ပျော်နေစဉ်မှာ အခြားသော ကမ္ဘာတစ်ခုကို တွေ့မြင်ရပြီး အိပ်မက်ကနိုးထ ပြီး အင်တာနက် စာမျက်နှာတွေမှာ ရှာကြည့်တော့ အဲဒီပုံရိပ်တွေကို ဖော်ပြထားတဲ့ အကြောင်းအရာတွေကို တွေ့ရတယ်။ အဲဒီပုံရိပ်တွေကို ကွန်ပျူတာနဲ့ စာရွက်ထုတ်ပြီး ပန်းပုသမားကို အပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၁၀၀)ကျော်ခန့်က ငရဲကို ပုံတွေဆွဲပြီး ဖော်ပြခဲ့ကြပေမယ့် ဘုန်းဘုန်းကတော့ အဲဒီထက်ပိုပြီး ရုပ်တိရှိအောင် ပြချင်ပါတယ်" လို့ ဆာအက်ဘုန်းတော်ကြီးက မိန့်ပါတယ်။ "အခြားသောဘုန်းတော်ကြီးများက ကြီးမားတဲ့ ရွှေဗုဒ္ဓရုပ်ပွားတော်တွေ ထုလုပ်ဖို့ အလှူခံနေတဲ့အချိန်မှာ ဘုန်းဘုန်းကတော့ ငရဲခန်းပုံဖော်တဲ့ ဥယျာဉ်တော်ကို တည်ထားလို့ လူတွေက အံ့အားသင့်ကြပါတယ်။ ရူးနေပြီလားလို့လည်းအပြောခံရပါတယ်။ ဘုန်းဘုန်းရဲ့ ကျောင်းတော်ဟာ အင်မတန်ဆင်းရဲလှပါတယ်။ ငွေကြေးအနေနဲ့ လုံးဝမရှိသလောက်ပါပဲ။ ဒီအတွေးအခေါ်တွေကို ဖော်ပြတော့ လူတွေက ဘုန်းဘုန်းကို ရယ်မောကြတယ်" လို့ ဆာအက်ဘုန်းတော်ကြီးက မိန့်ပါတယ်။ ဘုရင့်မျိုးရိုးတော်ထဲက အထင်ကရဖြစ်တဲ့သူတစ်ယောက် ရောက်ရှိလာပြီး ကူမလို့သာလျှင် ဘုန်းကြီးကျောင်းတော်မှာ တောက်ပြောင်လာခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုသူကပဲ ဥယျာဉ်တော်ကို ပြင်ဆင်ဖို့ ငွေကြေးထောက်မပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထိုင်းလူမျိုးတွေဟာ သူတို့ရဲ့ မွေးနေ့၊ မင်္ဂလာဆောင်နဲ့ အသုဘတွေ အတွက် ဒီနေရာကို ခဏခဏ ရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ လူတွေဟာ ဒီဥယျာဉ်ကို အကြောင်းအရာနောက်တစ်မျိုးနဲ့ လာရောက် လည်ပတ် ကြတာကိုတွေ့ရပါတယ်။ "ဒီရုပ်တုပုံဟာ လူတွေကို ကလေးမဖျက်ချဖို့ တိုက်တွန်းထားတဲ့ ပုံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းကပဲ အသက်မရှိတော့တဲ့ ကလေးများကို ဒီနေရာမှာတကယ်ပဲ တွေ့ခဲ့ရပါတယ်" လို့ မိမိမွေးထားတဲ့ကလေးကို ပြန်သတ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ရုပ်ထုပုံအနားမှာ ရပ်နေတဲ့ ဘုန်းဘုန်းက မိန့်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားဥပဒေနဲ့ ဆန့်ကျင်ပြီး အချို့သောသူများဟာ မိမိမှာရှိတဲ့ ကိုယ်ဝန်ကို ကိုယ်တိုင် ဖျက်ချပစ်တတ်ကြပါသေးတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ ထိုင်းလူမှုအသိုင်းအ၀ိုင်းမှာ အရှက်ရစရာဖြစ်ပြီး ဖျက်ချပြီးမှ နောင်တရတဲ့ အမျိုးသမီးတွေက ၄င်းတို့ရဲ့သန္ဓေသားလောင်းတွေကို ဒီရုပ်တုနားမှာလာရောက်စွန့်ပစ်တတ်ကြပါတယ်။ " တစ်နေ့ ဘုန်းဘုန်း အပြင်ထွက်လာတော့ အဲဒီရုပ်တုနားမှာ ကလေးမလေးတစ်ဦး ငိုနေတာကို တွေ့ရပါတယ်။ သူမရဲ့လက်ထဲမှာ အသက်မရှိတော့တဲ့ သန္ဓေသားလေးကို ကိုင်ထားပြီး မြေမြုပ်င်္သဂြိုလ်ပေးဖို့ ဘုန်းဘုန်းကို အကူအညီတောင်းလာပါတယ်။ သူမ ပြုလုပ်ခဲ့တဲ့အမှားကို သူမသိရှိပြီး အပြစ်ရှိကြောင်း ၀န်ခံပါတယ်။ ဘုန်းဘုန်းလည်း ကလေးငယ်ကို သဂြိုင်္လ်ပေးခဲ့ပါတယ်" လို့ မိန့်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ အဲဒီလိုသန္ဓေသားငယ်ပေါင်းမည်မျှကို သဂြိင်္ုလ်ပေးလိုက်တယ်ဆိုတာ မ မိန့်ခဲ့ပေမယ့် အများကြီးကို သဂြိုင်္လ်ပေးခဲ့တယ်လို့ မိန့်ထားပါတယ်။ " ဒီရုပ်ထုတွေက ငါတို့ နှစ်ယောက်စလုံးအပေါ်မှာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိနေတယ်။ ငရဲရှိတာကို ငါယုံပါတယ်။ ဒါပေမယ့် ဒီလိုနေရာမျိုးကို နောက်တစ်ခေါက်တော့ ထပ်မလာချင်ဘူး။ ဘယ်ဘ၀ရောက်ရောက် ဒီနေရာမျိုးကို မရောက်လာချင်ဘူး" လို့ ချင်းမိုင်ကိုလာရောက်လည်ပတ်တဲ့ ထိုင်းလူငယ်စုံတွဲနှစ်ဦးက ဥယျာဉ်ထဲမှာ လမ်းလျှောက်လာရင်း အချင်းချင်းပြောဆိုနေကြပါတယ်။ "ဘုန်းဘုန်းကတော့ လူတွေကို ပိုပြီးခြောက်လှန့်ချင်တယ်။ သူတို့ကို ငရဲနဲ့ အပြစ်အကြောင်းကိုသိပြီး ကြောက်စေချင်တာ၊ ရှက်ဖို့ကောင်းကြောင်း သိစေချင်တာပါ။" လို့ မိန့်နေချိန်အတွင်းမှာပဲ အသံလွှင့်စက်ကနေ နှိပ်စက်ခံရလို့ အော်နေတဲ့ အသံမျိုး ထွက်ပေါ်လာပါတယ်။ " အဲဒီစက်မှာ အဲဒီလို ကြောက်စရာကောင်းတဲ့ အသံမျိုးထွက်လာအောင် သွင်းထားပါတယ်။ အကြွေစေ့ထည့်ရင် အဲဒီအသံထွက်လာတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က (၁၀)ဘတ်တန် အကြွေစေ့ကို စက်ထဲ ထည့်လိုက်ပြီထင်တယ်" လို့ ဘုန်းဘုန်းက ရယ်လျက် မိန့်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။http://roadsandkingdoms.com/2015/nsfw-the-hell-temple-of-chiang-mai/ | ||
| သွေးတိုးသူများငှက်ပျောသီးစားကြည့်ပါ Posted: 31 Aug 2015 03:10 AM PDT | ||
| သေဆုံးသွားတဲ့ အိမ်မွေးခွေးလေးအတွက် ပြုလုပ်ပေးတဲ့ တန်ဖိုးကြီး အသုဘအခမ်းအနား Posted: 31 Aug 2015 01:46 AM PDT ရှန်ဟိုင်းမြို့မှ အမျိုးသမီးတဦးဟာ သူ့ရဲ့ ချစ်လှစွာသော ခွေးကလေးရဲ့ အသုဘအခမ်းအနားကို တရုတ်ယွမ်ငွေ ၈ ထောင်(အမေရိကန် ဒေါ်လာ ၁၂၅၁ ဒေါ်လာ) အကုန်အကျခံကာ ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့ပါ တယ်။ ခွေးလေးရဲ့ အသုဘအခမ်းအနားမှာ တရုတ်ရိုးရာဓလေ့ထုံးစံအတိုင်းပြုလုပ်ခြင်း၊ မီးသဂြိုလ်ခြင်း၊ ခွေးလေးရဲ့ ဓာတ်ပုံနဲ့ အမှတ်တရအထိမ်းအမှတ်အဖြစ်ထားရှိခြင်း စတာတွေပါဝင်ပါတယ်။ အသုဘအခမ်းအနားတွေရဲ့ ထုံးစံအတိုင်း ပထမဆုံးအနေနဲ့ သေဆုံးသွားတဲ့ ခွေးကလေးကို ရေချိုး သန့် စင်ပေးခြင်း၊ နောက် ပန်းတွေ ပတ်ပတ်လည်ခြံရံထားတဲ့ အထူးကောင်းမွန်သော ခေါင်းတလားထဲသို့ ထည့်ကာ တရုတ်ယွမ်ငွေ တသန်း(အမေရိကန်ဒေါ်လာ ၁၅၆၅၀၀) တန်တဲ့ အဖိုးတန် အသုဘယာဉ်ဖြင့် ပို့ဆောင် မီးသဂြိုလ်ပေးခဲ့ပါတယ်။ Ref: CCTV news | ||
| Bee Talk ရဲ့ Brand Ambassador အဖြစ် ဖွေးဖွေးကို ခန့်အပ် Posted: 30 Aug 2015 11:42 PM PDT မြန်မာဘာသာနဲ့ အသုံးပြုနိုင်သော ပထမဆုံး Chatting Application တခုဖြစ်တဲ့ Bee Talk ရဲ့ Brand Ambassador (ကုန်အမှတ်တံဆိပ်သံတမန်)အဖြစ် ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို ခန့် အပ်လိုက် ပြီဖြစ်ပါတယ်။ Beetalk ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးမှ ကြော်ငြာရိုက်ကူးပေးခြင်း၊ ပရိုမိုးရှင်းပွဲများတွင် ပါဝင်ပေးခြင်းတို့အပြင် BeeTalk သုံးစွဲသူများအတွက် "PhwayPhway" Public Account ကိုပါဖွင့်လှစ်ပေးထားပါတယ်။ ထိုမှတဆင့် ဖွေးဖွေးရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အနုပညာသတင်းတွေနဲ့  ဖွေးဖွေးရဲ့ခံစားမှုလေးတွေကိုပါ BeeTalk အသုံးပြုသူများ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ "Bee Talk ကနေ Brand Ambassador လုပ်ဖို့အတွက် ကမ်းလှမ်းလာတဲ့အခါမှာ တကယ်ပဲ ပျော်ရွှင်မိပါတယ်။ BeeTalk ရဲ့Brand Ambassador ဖြစ်ပြီးနောက်ပိုင်းမှာ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ sticker လေးတွေကို အမြဲတမ်းစဉ်းစားပြီးလုပ်ပေးသွားမှာပါ" လို့ ဖွေးဖွေးကပြောပါတယ်။ Bee Talk ရဲ့ အကြိုက်ဆုံးသော ထူးခြားချက်ကိုရွှေးချယ်ရန်အတွက် ဖွေးဖွေးအား မေးမြန်းသောအခါ ကျွန်မအကြိုက်ဆုံးကတော့သူငယ်ချင်းတွေ မိသားစုတွေနဲ့ လွယ်ကူစွာ Chat နိုင်တာကိုပါ။ အဲ့ဒါက ဆက် သွယ်ရေးပိုင်းမှာ အခြား Chat Application တွေထက်ပိုသာတယ်လို့ထင်မိပါတယ်" လို့ ဖွေးဖွေးက ဆက်လက် ပြောကြားခဲ့ပါတယ်။ Bee Talk ကို GPS နဲ့ သုံးရင် သူငယ်ချင်းတွေ ဒီထက်ပိုရနိုင်ပြီး ပိုပျော်စရာကောင်းတယ်လို့ ဒီ app ကို သုံးစွဲနေသူတဦးက ဆိုပါတယ်။ BeeTalk application ကို (၂၀၁၅) ခုနှစ် ဇန်န၀ါရီလမှာစတင်ခဲ့ပြီး မြန်မာဘာသာနဲ့ အသုံးပြုနိုင်တဲ့ ပထမဆုံး Chatting App တစ်ခုလည်း ဖြစ်ပါတယ်။ ထက်ဦးဝေ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |

















0 comments:
Post a Comment