The Irrawaddy's Blog |
- ဇာဝမ်းဆက် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာဆန်ကြည့်ရအောင်
- Nissan ရဲ့ မော်ဒယ်သစ် Nissan Juke
- "ချစ်ပြီးသားပါ" လို့ ထပ်မံဆိုလိုက်တဲ့ အဆိုတော်ထွန်းရတီ
- OPPO နဲ့ WeChat တို့ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေ ဖန်တီးပေးမည်
- Selfie က ပေးတဲ့ အန္တရာယ်များ
| ဇာဝမ်းဆက် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာဆန်ကြည့်ရအောင် Posted: 24 Sep 2015 10:26 PM PDT
ခုခေတ်မှာ နိုင်ငံခြားက တင်ပို့လာတဲ့ အဝတ်အ ထည်ဆန်းတွေလည်း များပြားလာပြီမို့ သူ့ထက်ငါ စိတ်ဝင်တစား ဝယ်ဝတ်ကြတာမဆန်းပါဘူး။ တချို့သော မြန်မာမိန်းကလေးတွေဆိုရင် ဘောင်းဘီတို၊ စ ကတ်တွေပဲ ထည်လဲဝတ်ပြီး ထဘီမဝတ်တတ်ဘူးလို့ ပြောရတာကို ဂုဏ်ယူစရာတခုလို့ ထင်လာကြပါ တယ်။ ဒါပေမယ့် ခေတ်ပေါ်အဝတ်အစားအဆန်းအပြားတွေထဲမှာမှ မြန်မာဝတ်စုံ ဒီဇိုင်းဆန်လေးတွေ ပြန်လည်ခေတ်စားလာပြီး တခုတ်တရ ဝတ်တဲ့သူတွေကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ချည်သားဝမ်းဆက် ကလေးတွေ၊ တိုင်းရင်းသား ရိုးရာ ဒီဇိုင်းတွေနဲ့ မြန်မာဝတ်စုံဝတ် မိန်းကလေးငယ်တွေကို ရန်ကုန်မြို့ထဲမှာ ဥဒဟို သွားလာနေတာ မြင်ရမှာပါ။ တန်ဖိုးလည်း သင့်၊ မြင်ရသူ ရင်အေးစရာလည်း ဖြစ်တဲ့ မြန်မာဝတ်စုံတွေနဲ့အတူ ပွဲထိုင်သွားဖို့အဆင်ပြေတဲ့ မြန်မာဝတ်စုံ တွေကတော့ ဇာနဲ့ချုပ်ထားတဲ့ ဝမ်းဆက်ဝတ်စုံတွေ ဖြစ်ပါတယ်။ ဟိုအရင်တည်းက ဇာနဲ့ဆက်ပြီး ချုပ်ဝတ်ကြပေမယ့် အခုခေတ်မှာတော့ ဇာပွင့်ပုံစံမျိုးစုံ၊အရောင်မျိုးစုံကို လှပဆန်းပြားတဲ့ ဒီဇိုင်းလေးတွေနဲ့ မရိုးမယဉ်လေးတွေ ဝတ်ဆင်လာကြတာပါ။အလွန်ချစ်စရာကောင်းပြီး ကျက်သရေလည်း ရှိပါတယ်။ ဇာနဲ့ချုပ်ထားတဲ့ အင်္ကျီတွေက Sizeအနေနဲ့ Medium, Large, XLဆိုပြီး သုံးခုရရှိ မှာဖြစ်ပြီး ဝမ်းဆက်ဆိုရင်တော့ Medium နဲ့ Large နှစ်မျိုးရရှိနိုင်ပါတယ်။ဈေးနှုန်းတွေအနေနဲ့ အင်္ကျီချည်းပဲဆိုရင် ကျပ် ၁၂၀၀ က စပြီး ဇာဝမ်းဆက်တွေကတော့ ၃၀၀၀၀ ကျပ်လို့ သိရပါတယ်။ "ဝတ်စုံတွေကိုတော့ ကျမတို့ စက်ရုံမှာပဲ ချုပ်ပါတယ်၊ အင်္ကျီတွေကို တခါတည်း ဝတ် ကြည့်ပြီးအဆင်မပြေတာရှိရင် ချက်ချင်းလုပ်ပေးပါတယ်"လို့ 'cho mon ko' ဖက်ရှင်ဆိုင်က မဇင်မာနိုင်ကပြောပါတယ်။ အပျော့သား၊ ဇာ၊ ချည်သားတွေနဲ့ ချုပ်ထားတဲ့ အင်္ကျီနဲ့ ဝမ်းဆက်ဒီဇိုင်းလေးတွေကို ဧရာဝတီပရိသတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံများကို ရန်ကုန်မြို့ ကုန်သည်လမ်း ပေါ်က ဂမုန်းပွင့် မျက်စောင်းထိုးမှာ ရှိတဲ့ "cho mon ko" ဖက်ရှင်ဆိုင်က ရိုက်ယူ ဖော်ပြထားပါတယ်။ ထက်ဦးဝေ | ||
| Nissan ရဲ့ မော်ဒယ်သစ် Nissan Juke Posted: 24 Sep 2015 08:30 PM PDT
ဒီနှစ်ထဲမှာဂျပန်အခြေစိုက် ကမ္ဘာ့အကြီးဆုံးနဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ Toyota ရဲ့ ရောင်းအားကို ထမ နှစ်ဝက်ထဲမှာတော့ ကျော်တက်ထားနိုင်ခဲ့ပြီဖြစ်တဲ့ Nissan အတွက် ဘာကြောင့်များ အခုလို ပထမနေရာကို ရောက်လာတယ်ဆိုတာအံ့သြစရာကောင်းနေတာပါ။ ဈေးကွက်အတွင်းမှာ SUV မော်ဒယ် XTrail က ဥရောပတလွှားမှာ လူကြိုက်အများဆုံးမော်ဒယ်ဖြစ်လာသလို Hatchback တန်းဝင် Juke ကလည်းဆင်တူတဲ့ ရုပ်ထွက်မျိုးမရှိတာကြောင့် သိသာထင်ရှားမှုနဲ့အတူဈေးကွက်မှာ နေရာရလာပါတယ်။ ကျနော်တို့ ပြည်တွင်းဈေးကွက်ကတော့ တခြားကားဈေးကွက်ကြီးတွေနဲ့ စာရင် မော်ဒယ်သစ် ၀င်ရောက်မှုနဲ့ စီးနင်းမှု နည်းနေသေးပေမယ့် အခု ပြည်တွင်းမှာကိုပဲJukeတွေ အစီးများလာသလိုဈေးကွက်လည်း အ၀ယ်လိုက်လာတာကြောင့် ဒီတပတ်မှာကျနော်ကလူကြိုက်များလာနိုင်ဖို့ အလားအလာရှိနေတဲ့ Jukeနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဇိမ်ခံမော်ဒယ် အနေနဲ့ပါ စီးနင်းနိုင်မှာ ဖြစ်ပြီးတန်ကြေးပိုင်းလည်းသင့်တာကြောင့်၊ SUVဒီဇိုင်းမျိုးဖန်တီးထားတာကြောင့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်လည်းရှိသလို ခရီးဝေးလည်း မောင်းနှင်နိုင်မယ့် အခုမော်ဒယ်ကိုလေ့လာကြည့်လိုက်ရအောင်ပါနော်။ ကိုယ်ထည်ပိုင်း… တကယ်လို့သာJukeကိုလူအများအလယ်မှာ ချပြပြီးဒါကဘာအမျိုးအစားလဲလို့ မေးရင် ဆယ်ယောက်မှာကိုးယောက် SUပါလို့ ဖြေကြပါလိမ့်မယ်။ ဟုတ်လည်းဟုတ်ပါတယ်၊ တကယ်လည်းJukeကSUVနည်း ချွတ်စွပ်ပါပဲ။ ဒါပေမယ့် Nissanကတော့ Hatchbackအဖြစ် သတ်မှတ်ထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ အရောင်အပိုင်းမှာ ၈ရောင်ထိအောင်ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာတွေ့ရသလိုအတွင်းဖက် အပြင်အဆင်မှာတော့ အထည်ဦးစားပေးပုံစံနဲ့ နှစ်မျိုးတည်းပဲရနိုင်ပါတယ်။ အသေးစား Hatchbackတန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ အလျား ၁၃ပေနဲ့ ၆လက်မခွဲရှိမှာ ဖြစ်ကာမျက်နှာစာအကျယ်ကတော့ ၅ပေနဲ့ ၉လက်မခွဲပါ။ ကားရဲ့ အမြင့်မှာတော့ SUVတွေနဲ့ ဆင်တူပြီး ၅ပေနဲ့ ၁.၈လက်မထိအောင် ရှိမှာ ဖြစ်ကာ Ground Clearanceကိုလည်း ၇လက်မထိအောင် ဖန်တီးထားတာကOff-Roadအတွက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းကတော့ ရှေ့ဖက်ခန်းမှာ ၅၃လက်မခွဲကို နည်းနည်းစွန်းပြီးနောက်ဖက်ခန်းကတော့ ၅၁လက်မခွဲရှိမှာ ဖြစ်ပါတယ်။ အားသာချက်၊ အားနည်းချက် … အားနည်းချက် အပိုင်းကိုတချက်ကြည့်လိုက်မယ်ဆိုရင် အတွင်းခန်းကျဉ်းမြောင်းတာကအဓိကပြောစရာ ဖြစ်နေပါတယ်။ အထူးသဖြင့် ရှေ့ဖက်ခန်းက ၅၅အနည်းဆုံး ရှိသင့်ပေမယ့် အခုတော့ တလက်မခွဲလောက် ကျဉ်းနေပါတယ်။ နောက်တချက်ကတော့ အတွင်းခန်းအပြင်အဆင်အပိုင်းမှာ နှစ်မျိုးတည်းရနိုင်တာ ဖြစ်သလိုPlasticဦးစားပေးပုံစံနဲ့ တည်ဆောက်မှု အပိုင်းမှာအသုံးပြု Plasticသားတွေကနည်းနည်း ကြမ်းချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောရလောက်အောင်တော့ ဒီနှစ်ချက်ပဲရှိပြီးတော့ အားသာချက် အပိုင်းမှာတော့ စွမ်းဆောင်ရည် ကောင်းမွန်တာကအဓိကအခရာကျနေပါတယ်။ များသောအားဖြင့် HatchbackတွေကSUVတွေလောက်တောင် အမြန်နှုန်း မြှင့်တင်နိုင်မှု မကောင်းသလိုအင်ဂျင်အသေးစားပါ တပ်ဆင်ထားရင်တော့ ပိုဆိုးတတ်ပေမယ့် အခုJukeမှာတော့ အင်ဂျင်အသေးစားတပ်ဆင်သည့်တိုင်အောင် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်းအားကောင်းတာတွေ့ရပါတယ်။ နောက်တချက်ကတော့ လက်ကိုင်ပိုင်းမှာSportဆန်အောင် ဖန်တီးထားတာတွေ့ရသလို ထိန်းချုပ်မောင်းနှင်ရမှုလည်း ညင်သာသွက်လက်တာဖြစ်ပါတယ်။ ဒါ့အပြင် Drive စနစ်မှာ ဘီးစုံယက်စနစ်နဲ့ပါ ရနိုင်တယ်ဆိုတဲ့ တချက်ကတော့ ဂျာမနီထုတ် SUV တွေကိုယှဉ်နိုင်တဲ့တချက် ဖြစ်လာစေပါတယ်။ အင်ဂျင်ပိုင်း ... Jukeရဲ့ ရွေ့လျားသွားလာဖို့ရာအတွက် တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး လေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီးစွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်အောင် Turbocharged စနစ်ပါ ထည့်သွင်းတည်ဆောက်ထားတာတွေ့ရပါတယ်။ အဆိုပါ အင်ဂျင်ကနေ ထုတ်လုပ်ပေးနိုင်မယ့်စွမ်းအင် ပမာဏက ရုန်းအား ၁၇၇ပေ-ပေါင်မှာ မြင်းကောင်ရေ ၁၈၈ကောင်အား ဖြစ်ပြီးတော့ ဒီပမာဏက အရွယ်တူ အင်ဂျင်တပ်မော်ဒယ်တွေထက် မြင်းကောင်ရေ ၁၀ ကောင်အားလောက် ပိုတာ ဖြစ်ပြီး ရှေ့ဘီးယက်စနစ်ထက် စာရင်တော့ တခြားDriveစနစ်တွေကစွမ်းအင် ထုတ်လုပ်သုံးစွဲနိုင်မှု သာလွန်တာတွေ့ရပါတယ်။ ဒီနေရာမှာ Drive စနစ်မှာက ရှေ့ဘီးယက်စနစ်နဲ့လည်းလာသလိုပြောခဲ့ပြီးသလိုဘီးစုံယက်စနစ်နဲ့လည်းရနိုင်မှာ ဖြစ်ပါတယ်။ Transmissionအပိုင်းမှာတော့ Manual စနစ်နဲ့ရော CVT စနစ်နဲ့ပါ တွေ့ရပြီး ထူးခြားတာ တခုလည်းပြောစရာရှိလာပါတယ်။ အဲဒါကတော့ ပုံမှန်ဆိုရင် Manualစနစ်ကအမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်တာ ဖြစ်ပြီးCVTကအားနည်းတာ ဖြစ်ပေမယ့် Jukeမှာတော့ CVTကတနာရီမိုင် ၆၀နှုန်းကိုအချိန် ၇.၃စက္ကန့်ပဲယူမှာ ဖြစ်ပေမယ့် Manualစနစ်နဲ့ ဆိုရင်တော့ အချိန် ၈.၁ စက္ကန့်လောက်ထိအောင် ကြာမှာ ဖြစ်ပါတယ်။ ဆီစားနှုန်း… ကားတစီးလုံးရဲ့ အလေးချိန်ကတော့ အာရှထုတ် မော်ဒယ် ဖြစ်ပေမယ့် ပေါင် ၂၉၅၉ပေါင်ထိအောင် ရှိမှာ ဖြစ်ပြီးအရွယ်တူအာရှထုတ် မော်ဒယ်တွေနဲ့ နှိုင်းစာရင် ပိုများတာ တွေ့ရသလို ကိုယ်ထည်ပိုင်း မာကျောမှုလည်း ပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ ကားရဲ့ အလေးချိန်များပြီးအင်ဂျင်အရွယ်အစားသေးငယ်တာကြောင့် ဆီစားနှုန်းအပိုင်းမှာသင့်တင့်တာတွေ့ရပြီးပျမ်းမျှ အနေနဲ့တော့ ဆီတဂါလံကို ပျမ်းမျှမိုင် ၃၀ ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာရှေ့ဘီးယက်စနစ်နဲ့ ဆိုရင်တော့ City မှာ ၂၇မိုင်နဲ့ Highway မှာ ၃၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပေမယ့် ဘီးစုံယက်စနစ်နဲ့ဆိုရင်တော့ City မှာ ၂၆ မိုင်နဲ့ Highway မှာ ၃၂ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က မြန်နှုန်းများများမောင်းဖို့ မရှိဘူး ဆိုရင်တော့ ရေရှည်မှာစကားပြောမယ့် ဆီစားနှုန်းသက်သာအောင် ရှေ့ဘီးယက်စနစ်ကို ရွေးချယ်တာ မှန်ကန်လိမ့်မယ် ထင်ပါတယ်နော်။ သုံးသပ်ချက် ... လုံခြုံရေးစနစ်တွေလည်းအားကောင်းသလို ပြည်တွင်းမှာနောက်ဆုံးထုတ် မော်ဒယ်တွေထိအောင် ရရှိနေနိုင်တဲ့ Jukeကရွေးချယ်ဖို့ သင့်တဲ့ မော်ဒယ် တခုပါ။ အင်ဂျင်ပိုင်းစွမ်းဆောင်ရည်နဲ့ အတူတွဲဖက် ဘရိတ်စနစ်တွေလည်း စိတ်ချရပါတယ်။ ဒါပေမယ့် နောက်ဆုံးထုတ် မော်ဒယ်တွေကတော့ ဈေးကွက်မှာနည်းနည်းရှားချင်ပြီးတော့ မော်ဒယ်မြင့်ထဲကဆိုရင် ၂၀၁၃ခုနှစ်လောက် မော်ဒယ်တွေ မြင်နေရပါတယ်။ သူတို့ကတော့ ကီလို ၂ သောင်း ကျော်လောက် စီးနင်းပြီး ဖြစ်သလိုဈေးနှုန်းပိုင်းမှာသိန်း ၄၂၀လောက် ခေါ်ပါတယ်။ ငွေဈေး အတက်ဘက်ရှိတာကြောင့် ခေါ်ဈေးမများဘူးလို့ ဆိုနိုင်ပေမယ့် ၄၀၀ကို နည်းနည်းလောက်ပဲစွန်းမယ် ဆို ရင်တော့ အ၀ယ်မမှားနိုင်တဲ့ မော်ဒယ်တခုလို့ ဆိုလိုက်ပါရစေဗျာ။ လင်းထက်(IA) | ||
| "ချစ်ပြီးသားပါ" လို့ ထပ်မံဆိုလိုက်တဲ့ အဆိုတော်ထွန်းရတီ Posted: 24 Sep 2015 02:21 AM PDT
"အချစ်များစွာယူ" ဆိုတဲ့ ဆယ်ကျော်သက်လူငယ် တေးသီချင်းနဲ့ ပရိသတ်အသိအမှတ်ပြုခံခဲ့ရသော အဆို ရှင် ထွန်းရတီ ရဲ့ ဒုတိယမြောက် တေးစီးရီး "ချစ်ပြီးသားပါ" ဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထွက်ရှိ လာတော့မှာပါ။ အခုထွက်ရှိမယ့် "ချစ်ပြီးသားပါ" စီးရီးခွေမှာလည်း အချစ်သီချင်းအမျိုးအစား ၁၂ ပုဒ်ပါဝင်ပြီး တေးရေးတွေအနေနဲ့ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုးလင်း၊ မိုးမိုး၊ ညီမင်းခိုင်၊ သိန်းလင်းစိုး၊ ခင်ဆွေလင်း၊ မိုင်း နဲ့ ထွန်းရတီ ကိုယ် တိုင် ပါဝင် ရေးသားထားကြပါတယ်။ အခွေနဲ့ပတ်သတ်လို့ အဆိုတော်ထွန်းရတီက "ဒီ အခွေက ပထမစီးရီး အချစ်များစွာယူ နဲ့ တနှစ်နဲ့ ၇ လ ခွာ ထားပါတယ်။ ခွာရတဲ့အကြောင်းရင်းကလည်း သီချင်းတွေကို သေချာရွေးနေတဲ့အတွက်ကြောင့်ပါ။ အခုခွေမှာ တေးရေးတွေအများကြီးပါပြီး သီချင်းခပ်မြူးမြူးလေးတွေလည်း အများကြီးထည့်ထားပါတယ်" လို့ ဆိုပါ တယ်။ ၂၀၁၃ ခုနှစ်က စလို့ "အချစ်များစွာယူ" ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကထဲကို ၀င်ရောက်လာခဲ့တဲ့ အဆိုရှင် ထွန်းရတီဟာ အဲဒီတေးစီးရီးနဲ့ပဲ အောင်မြင်မှုရရှိခဲ့တဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ ယုမွန်ကျော် | ||
| OPPO နဲ့ WeChat တို့ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေ ဖန်တီးပေးမည် Posted: 24 Sep 2015 01:16 AM PDT OPPO နဲ့ WeChat တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတွက် အွန်လိုင်းလူမှုကွန်ယက်ကို ဖော်ထုတ်ပေးလိုက်ပါ ပြီ။ စက်တင်ဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိပြုလုပ်တဲ့ ပျော်ရွှင်ဖွယ်ကောင်းသော အွန်လိုင်းကံစမ်းမဲဂိမ်းအစီအစဉ်မှာ ပါဝင်လိုသူတွေအနေနဲ့ WeChat သုံး၍ OPPO Official Account ကို follow လုပ်ပြီး ဆုမဲထည့်ထားတဲ့ သေတ္တာလေးများကိုဖွင့်ကာ လက်ဆောင်များ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ ဂိမ်းအစီအစဉ်မှာ ကံစမ်းမဲသေတ္တာဖွင့်ရန် မိမိရဲ့ မိတ်ဆွေ၊ မိသားစုအကူအညီကို ရယူဖို့ လိုပါတယ်။ လုပ်ဆောင်ရမယ့်အဆင့်တွေက ရိုးရှင်းပြီး WeChat အသုံးပြု၍ ဆုလက်ဆောင်များ ရယူနိုင်ဖို့ ဖန်တီးပေးထားခြင်းလည်းဖြစ်ပါတယ်။ "WeChat က သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းစေမယ့် အစီအစဉ်တွေ ဖန်တီးပေးနိုင်ဖို့ နည်းလမ်းတွေ အမြဲတမ်းရှာဖွေနေပါတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူအသစ်တွေကို အွန်လိုင်း လူမှု ကွန်ယက်သုံးစွဲခြင်းက ပျော်ရွှင်မှုတွေဖြစ်ပေါ်စေနိုင်သလို တခြားအကျိုးသက်ရောက်မှုများစွာ ရှိတယ်ဆိုတာ သိရှိနားလည်စေချင်ပါတယ်" ဟု Mr. Poshu Yeung, Vice President of International Business at Tencent, the company behind the WeChat app က ပြောပြခဲ့ပါတယ်။ ဒီအစီအစဉ်ကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် တောင်ကြီး၊့ လားရှိုး၊ မွန်ပြည်နယ် မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မကွေး၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းစတဲ့ မြို့နယ်အသီးသီးရှိ သုံးစွဲသူများ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ OPPO ဟာ အမေရိက၊ အာဖရိက၊ ဥရောပ၊ သမုဒ္ဒရာဒေသနဲ့ အာရှတစ်ဝန်းရှိ သုံးစွဲသူများထံ ဆန်းသစ်သော ထုတ်ကုန်တွေကိုဦးဆောင်ထောက်ပံ့နေတဲ့ အပြည်ပြည်ဆိုင်ရာ နည်းပညာအမှတ်တံဆိပ်တခု ဖြစ်ပါတယ်။ (၂၀၀၄) ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ OPPO ဟာ ဈေးကွက်မှာ အလျင်အမြန် နေရာရရှိလာခဲ့ပါတယ်။ OPPO မိုဘိုင်းဖုန်းတွေကို လက်ရှိ ဈေးကွက် (၂၀) ကျော်တွင် ရရှိနိုင်ပြီး အခြား နိုင်ငံပေါင်း (၅၀) ကျော်မှာလည်း အွန်လိုင်းကနေ ဝယ်ယူနိုင်ဖို့်အတွက် ထောက်ပံ့ပေးထားပါတယ်။(၂၀၁၅) ခုနှစ် ဧပြီလမှာ OPPO အမှတ်တံဆိပ်ကို နိုင်ငံပေါင်း (၁၁၆) နိုင်ငံတွင် မှတ်ပုံတင်ထားနိုင်ခဲ့ပါပြီ။ ထက်ဦးဝေ | ||
| Posted: 24 Sep 2015 12:17 AM PDT
Selfie ရိုက်ခြင်းဟာ မတော်တဆသေဆုံးခြင်းနဲ့ ဘယ်လို ဆက်စပ်မှုရှိလည်းဆိုတာ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးသော်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပင် Selfie ရိုက်ခြင်းကြောင့် မတော်တဆ သေဆုံးရသော ၀မ်းနည်းဖွယ်ရာ ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့ပါတယ်။ သင်ဟာ ငါးမန်းလိုရေသတ္တ၀ါမျိုးကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပေမယ့် နောက်ပိုင်းထွက်ရှိလာတဲ့ စာရင်းဇယားအချက်အလက်များအရ ငါးမန်းတိုက်ခိုက်လို့ သေဆုံးသူထက် Selfie ရိုက်လို့ သေဆုံးသူက ပိုမိုများပြားလာတယ်လို့ ဖော်ပြထားပါတယ်။ (၂၀၁၅)ခုနှစ် ယခုအချိန်အထိ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးရသူ (၁၂)ဦှးရှိပြီး ငါးမန်းကိုက်လို့ သေဆုံးသူဟာ (၈)ဦးသာရှိပါသေးတယ်။ Selfie ရိုက်ခြင်းကြောင့် မတော်တဆသေဆုံးမှုများထဲက အများဆုံးဖြစ်ခဲ့တဲ့အကြောင်းအရင်းဟာ Selfie ရိုက်နေရင်း ပြုတ်ကျသေဆုံးရခြင်းကြောင့်ပါ။ နောက်ထပ်ဖြစ်ရပ်အကြောင်းအရင်းထဲက တစ်ခုကတော့ Selfie ရိုက်နေ ရင်း မောင်းနှင်လာတဲ့ယာဉ်များအတိုက်ခံရမှုကြောင့် ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ Selfie ရိုက်နေရင်းမတော်တဆ သေဆုံးမှုဖြစ်ပွားနှုန်းပိုမိုများပြားလာတာမို့ ရုရှားအစိုးရအနေနဲ့ Selfie ရိုက်နေရင်းမတော်တဆသေဆုံးမှုတွေ မဖြစ်ပွားအောင် လိုက်နာရန်စည်းကမ်းများတောင် ထုတ်ပြန် ထားရပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ၊ မျက်နှာပြင်တွေမှာ Selfie မရိုက်ဖို့နဲ့ ကျည်ဆန်ထည့် မောင်းတင် ထားတဲ့ လက်နက်တွေနဲ့ Selfie မရိုက်ဖို့ စတဲ့အချက်အလက်တွေကို စည်းကမ်းချက်တွေအဖြစ် ထည့်သွင်း ထားရပါတယ်။ Yellowstone အမျိုးသားဥယျာဉ်မှာလည်း အလားတူ ပြသနာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ကျွဲရိုင်းတိရိစ္ဆာန် တစ်မျိုးဖြစ်တဲ့ ပြောင် နဲ့ Selfie ရိုက်ရာမှာ လူငါးဦးလောက် အခွေ့ခံရပြီးနောက်ပိုင်းမှာ အဲဒီသတ္တ၀ါနဲ့ Selfie မရိုက်ဖို့ တားမြစ်ချက် ထုတ်ပြန်ခဲ့ရပါတယ်။ အမျိုးသားတစ်ဦးဟာ ခလောက်မြွေတစ်ကောင်နဲ့ တွဲဖက်ပြီး Selfie ရိုက်ခဲ့လို့ ၄င်းရဲ့လက်တစ်ဖက် ပျက်စီးဆုံးရှုံးသွားမလို ဖြစ်ခဲ့ဖူးသလို ကျည်ဆန်ထည့်မောင်းတင်ထားတဲ့ သေနတ်နဲ့ Selfie ရိုက်ခဲ့လို့လည်း မတော်တဆ ကျည်ဆန်မှန်ပြီး သေဆုံးခဲ့တဲ့သူလည်း ရှိခဲ့ဖူးပါတယ်။ အကြောင်းအရာတွေဟာ Selfie ရိုက်ခြင်းကြောင့် မတော်တဆဖြစ်မှုတွေရဲ့သာဓကများပဲ ဖြစ်ပါတယ်။ ၀ီကီပီးဒီးယား ၀က်ပ်ဆိုက်မှာတော့ Selfie ရိုက်ခြင်းကြောင့် ဖြစ်ခဲ့ရတဲ့ မတော်တဆ သေဆုံးမှုနဲ့ ထိခိုက်မှုများစာရင်းကို အသေးစိတ်သိရှိနိုင်ပါတယ်။ (၂၀၁၄)မှ စတင်မှတ်တမ်းတင်ခဲ့တဲ့ စစ်တမ်းများအရ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့ရတဲ့ မတော်တဆမှုပေါင်း (၁၉)မျိုးအထိရှိပါတယ်။ (၁၈)နှစ်နဲ့ (၂၂)ကြားအသက်အရွယ်တွေမှာ Selfie ရိုက်ခြင်းကြောင့်ဖြစ်ပွားခဲ့တဲ့မတော်တဆမှုများကို အများဆုံးတွေ့ရှိရပြီး Selfie ရိုက်နေရင်း ဓါတ်လိုက်သေဆုံးရခြင်းမှသည် အသေးစား လေယာဉ်ကို မောင်းနှင်ရင်း Selfie ရိုက်မှုကြောင့် မောင်းသူရော လိုက်ပါစီးနင်းသူပါ သေဆုံးရသည်အထိ မတော်တဆမှု များစွာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့အပြင် Selfie ရိုက်နေရင်း မကြာခဏ ဖြစ်ပွားတတ်တဲ့ မတော်တဆမှုကတော့ မောင်းတင်ထားတဲ့သေနတ်နဲ့ Selfie ရိုက်ရင်း ကျည်ဆန်ထိမှန် သေဆုံးရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ခင်အေးမြလွင် ကိုကားသတင်း။ ။ http://www.telegraph.co.uk/technology/11881900/More-people-have-died-by-taking-selfies-this-year-than-by-shark-attacks.html |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |














0 comments:
Post a Comment