Related Posts Plugin for WordPress, Blogger...

October 1, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ကံဆိုးမှုများဖယ်ရှားဖို့ ချင်းမိုင်ဘုန်းတော်ကြီးကျောင်းကိုရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လတ်

Posted: 30 Sep 2015 10:33 PM PDT


photo - bangkokpost.com

ရင်လတ်ရှင်န၀ပ်ထရာဟာ အနာဂတ်မှာဖြစ်လာဖို့သေချာတဲ့ နိုင်ငံရေးကစားပွဲတွေကို ရင်ဆိုင်ရာမှာ     ကံကောင်းခြင်းများစွာရှိစေဖို့ ဘာသာရေးပွဲတစ်ပွဲကို ကျင်းပခဲ့ပါတယ်။

ယင်လတ်ရဲ့ညီအစ်မများဖြစ်သူ ရောင်ဝပ်ပ၀န်စ၀ပ်နဲ့ မွန်သတစ်ရှင်န၀ပ်ထရာဟာ အစ်မဖြစ်သူအတွက် ဒီဘာသာရေးပွဲတစ်ခုကို စီစဉ်ဖို့ချင်းမိုင်မြို့ မုဝမ်ဒေသရှိ ၀ပ်စရီဘွန်ရုဝမ်ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့တပတ်  သောကြာနေ့က ရောက်ရှိလို့လာပါတယ်။

ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရင်လတ်ဟာ ဦးခေါင်းမဲ့နေတဲ့ ဖရာ့စင်း ဗုဒ္ဓရုပ်ပွားတော်ကို ဦးခေါင်းလှူဒါန်းခဲ့ပြီး အဲဒီရုပ်ပွားတော်ရှိရာ ဖရာ့ခရူစူသပ်ဘုန်းတော်ကြီးကျောင်းဟာလည်း ကံဆိုးမှုများကို ဖယ်ရှားပေးနိုင်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ရင်လတ်ဟာ ကံဆိုးခြင်းတွေကို ပယ်ဖျက်တဲ့အနေနဲ့ အဲဒီ ရုပ်ပွားတော်ကို ချင်းမိုင်မြောက်ပိုင်းတစ်ဝှမ်းလုံးကို လှမ်းမျှော်ကြည့်နိုင်တဲ့ ၀ပ်ဖရာသက် ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရားရဲ့ ပင်မဘုရားခန်းမှာ တည်ထားခဲ့ပါတယ်။

ဝပ်စရီဘွန်ရုဝမ်ဘုန်းကြီးကျောင်မှ ကျောင်းထိုင်ဘုန်းကြီးနဲ့ အခြားသောဘုန်းကြီး (၈)ပါးက တရားရွတ်ဖတ် ပူဇော်ပြီး ရင်လတ်နဲ့အပေါင်းအပါများအပြင် ရှပ်နီအဖွဲ့ဝင်များနဲ့ ယခင်ပါလီမန်အဖွဲ့ဝင်များအား ပရိတ်ရေ ပက်ဖျန်းပေးခဲ့ပါတယ်။
ယခု လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ် ချိန်အိုချာ အစိုးရအဖွဲ့မှ ယခင်(၂)နှစ်ခန့်က ရင်လတ်ရဲ့အစိုးရကို အာဏာသိမ်းပြီးနောက် သူမဟာ နိုင်ရေးလောကမှာ ခေတ္တအနားယူနေခဲ့ခြင်းဖြစ်ပါတယ်။ သူမနောက်ထပ် ဆုံးရှုံးရခြင်းအတွက် ခုံရုံးတင်ထားတဲ့ အမှုဖြစ်ပါတယ်။ ဒီအရေးကိစ္စမှာ ရင်လတ်နဲ့ အပေါင်းအပါ (၂၁)ဦးဟာ ငွေကြေးအရတာဝန်ယူရခြင်း ရှိမရှိအတွက် ရင်ဆိုင်ရမယ့်အမှုလည်းဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီးစက်တင်ဘာလကုန်မှာဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ဒု ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ၀ီစနူ ကရီယားနန်က စက်တင်ဘာ (၁၈)ရက်နေ့က ဆိုပါတယ်။

အကယ်၍အစိုးရအနေဖြင့် သူမအားပျက်စီးမှုများအတွက် ပြန်လည်အလျော်အစားပေးရမည်ဟု တရားဝင် ထုတ်ပြန်လာပါက ရင်လတ်နှင့် သူ့အပေါင်းအပါများအနေဖြင့် ခုံရုံးတွင် အမှုဆက်လက် ရင်ဆိုင်ရမည့် အခွင့်အရေးကိုရရှိမှာ ဖြစ်ပါတယ်။ ရင်လတ်ဟာ အခုလို ဘာသာရေးပွဲကို ပြုလုပ်ပြီးနောက် စိတ်ခံစားမှုများ ပိုမိုကောင်းမွန်လာကြောင်း Thai RathOnline သတင်းဌာနကို ပြောဆိုထားပါတယ်။

ကံဆိုးမှုများ အဆုံးသတ်စေပြီး ကျောင်းထိုင်ဘုန်းကြီးမှလည်း ရင်လတ်အား ကောင်းကြီးပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးက ရင်လတ်အနေဖြင့် အစိုးရပြန်လည်ထူထောင်နိုင်မယ့် အခွင့်အရေးများ ပြန်လည်ရရှိနိုင်ဖို့ ယုံကြည်လျက်ရှိပါတယ်။ ယင်လတ်ရဲ့ အစ်ကိုဖြစ်သူသက်ဆင်ဟာလည်း ဒီ ဘုန်းတော်ကြီးအား ကိုးကွယ် ဆည်းကပ်သောသူဖြစ်ပါတယ်။



ခင်အေးမြလွင်


ကိုးကားသတင်း။  ။http://www.bangkokpost.com/news/politics/707652/yingluck-at-chiang-mai-temple-to-dispel-bad-luck



ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ရက်ပ်အဆိုတော် Redfoo လာရောက်ဖျော်ဖြေမည်

Posted: 30 Sep 2015 03:48 AM PDT




Electro music ပရိသတ်များအတွက် polyphonic entertainment Co.Ltd က International music festival yangon 2015 ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ထူးခြားမှုအနေနဲ့ မြန်မာနိုင်ငံက အဆိုတော် Ar T ၊ DJ wine တို့နဲ့အတူတူ အမေရိကန်အဆိုတော် Redfoo တေးဂီတအဖွဲ့ ပါဝင်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပွဲစဉ်မှာ အဆိုတော် Redfoo က မိနစ် ၆၀ စာ          ဖျော်ဖြေပေးမှာ ဖြစ်ပြီး အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်( Sky star hotel) မှာ ကျင်းပပြုလုပ်မှာပါ။ ပွဲစဉ်အတွက်လက်မှတ်များကို ၇သိန်း၊ ၅သိန်း၊ ၃သိန်း၊ ၁သိန်း နဲ့ ငါးသောင်းသတ်မှတ်ထားပြီး ကျပ် ၇ သိန်းတန် ၀ယ်ယူကြည့်ရှူမယ့်သူများ အနေနဲ့ကတော့ show ပွဲမစမီ အဆိုတော်များနဲ့အတူတူ စားသောက်ခွင့် ဓာတ်ပုံရိုက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော် redfoo ရဲ့ အ၀တ်အထည်အကျီများကိုလည်း ကံ   စမ်းမဲ ပြန်ဖောက်ပေးသွားမယ်လို့လည်း သိရပါတယ်။


ဈေးနှုန်းသတ်မှတ်ထားတဲ့အပေါ် polyphonic entertainment Co.Ltd က တာဝန်ရှိသူ ကို Tarry Tan က "လက်မှတ်ဈေးနှုန်းများမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီတခေါက်က ကျနော်တို့အနေနဲ့လည်း ပွဲကုန်ကျစရိတ်က များသွားတော့ များသွားတယ်။ ဈေးကိုဒီထက်ပိုလျော့ပေးချင်တယ်။ ပွဲလုပ်တဲ့ကွင်းက ဒီထက်ပရိသတ်ပိုဆံ့တဲ့ ကွင်းဖြစ်မယ်ဆိုရင် ကျနော်တို့ ပိုလျော့ပေးလို့ရပါတယ် ကြိုးတော့ကြိုးစားနေပါတယ် အခုလုပ်တဲ့ IMF ပွဲကိုလည်း နှစ်စဉ်လုပ်နိုင်အောင်လည်း ကြိုးစားသွားမှာပါ" လို့ ဧရာဝတီကို ပြောပါတယ်။


အဆိုတော်များစွာထဲမှ Redfoo ကို ဖိတ်ခေါ်ရခြင်းမှာ ရေဘေးအတွက် လှူဒါန်းရန် စီစဉ်နေတုန်း Redfoo နဲ့ တွေ့ဆုံပြီး Redfoo ကလည်းပါဝင်လှူဒါန်းဖို့ စိတ်ဝင်စားတဲ့အတွက် ဖိတ်ခေါ်ဖြစ်တာဖြစ်ကြောင်းလည်း သူကဆက်ပြောပါတယ်။



ပွဲကရရှိတဲ့ အကျိုးအမြတ်ထဲမှာ ရာခိုင်နှုန်းတချို့ကို ရေဘေးသင့် ပြန်လည်ထူထောင်ရေးအတွက် polyphonic entertainment  ဘက်မှရော အဆိုတော် Redfoo ဘက်မှရော ပါဝင်လှူဒါန်းပေးသွားကြမယ်လို့လည်း သိရပါတယ်။ အဆိုတော် Redfoo ဟာ ရန်ကုန်မြို့သို့ အောက်တိုဘာ၂၀ ရက်နောက်ပိုင်းရောက်ရှိလာမှာဖြစ်ပြီး ရောက်ရှိလာပါက ရွှေတိဂုံဘုရားသို့သွားရောက်ဖူးမျှော်ကာ TV အင်တာဗျုးရိုက်ကူးမှုများ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ Redfoo ဟာ  ၂၀၀၆ ခုနှစ်မှာ Eletro Pop Band ဖြစ်တဲ့ LMFAO ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကစလို့ တကိုယ်တော်ဖျော်ဖြေမှုတွေကို ဆက်လုပ်လာခဲ့တဲ့ Redfoo ရဲ့ Shuffle အကကို မြန်မာပရိတ်သတ်တော်တော်များများ သတိထားမိကြမှာပါ။


ယုမွန်ကျော်

သင့်ဝမ်းဗိုက်မှာအဆီပိုတွေ မရှိစေဖို့

Posted: 30 Sep 2015 02:35 AM PDT




ဝမ်းဗိုက်ကအဆီတွေ လျှော့ချနိုင်ဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ကာဘို ဟိုက်ဒရိတ် (ကစီဓာတ် သို့မဟုတ် ကစီဓာတ်များတဲ့ အစားအသောက်တွေ) စားသုံးမှုကို သတိပြုပါ။ သဘာဝမဟုတ်တဲ့ အချိုတွေကို ရှောင်ကြဉ်ပါ။ သကြားများတဲ့ သရေစာတွေနဲ့ သန့်စင်အောင် ပြုလုပ်ထားတဲ့ တခြား ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကလည်း ဆီးချိုဖြစ်စေနိုင်သလို၊ ကိုယ်ခန္ဓာ အလယ်ပိုင်းမှာလည်းအလေးချိန် တိုးလာ စေပါတယ်။ အဲဒါတွေအစား ပြောင်း၊ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးသင့်ပါတယ်။

“ကိုယ်တန်ဖိုးထားတဲ့ ဒီအလုပ်ကိုတသက်လုံးလုပ်သွားမယ်”

Posted: 30 Sep 2015 02:05 AM PDT




မသဉ္ဇာဖြိုး
Team Leader
Myanmar TTS Engine
Development Project
(Natural Language Processing)
အသက် - ၃၀ နှစ်

ဒီအလုပ်ကိုလုပ်နေတာရှစ်နှစ်ကျော်ပြီ။ ၂၀ဝ၀ ပြည့်နှစ်မှာဆယ်တန်းအောင်ပြီးတော့ ကွန်ပျူတာတက္ကသိုလ် လျှောက်ခဲ့တယ်။ အဲဒီအချိန်တုန်းကကွန်ပျူတာဆိုတာလူသိနည်းသေးတဲ့ နည်းပညာတခုပါ။ ဒါပေမယ့်      ကျောင်းပြီးတဲ့ အချိန်မှာတော့ အတော်လေးလူသိများလာပြီ။ ကိုယ်တတ်ထားတဲ့ ပညာကိုအသုံးချရမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်ဝင်ခဲ့တယ်။ NLP လို့ခေါ်တဲ့ Natural Language Processing ပိုင်းပါ။ ဘာသာစကားနဲ့   ပတ်သက်ပြီး ကွန်ပျူတာမှာဆော့ဖ်ဝဲတွေ ရေးတာပါ့နော်။ အင်္ဂလိပ်စာကိုထည့်လိုက်ရင် မြန်မာလို         ဘာသာပြန် ပေးတာပေါ့။

အခက်အခဲကတော့ အများကြီးရှိပါတယ်။ ပြောရင်တောင် မကုန်နိုင်ဘူးပေါ့။ အဓိကကတော့ Source ပေါ့နော်။ စာအုပ်တွေ မရှိတာ၊ Native speakerတွေ မရှိတာမျိုးပေါ့။ ဒါပေမယ့် ဝါသနာပါတော့လည်း အခက်  အခဲတွေ ကြားထဲကပဲရနိုင်သလောက်နဲ့ ဖြစ်အောင် လုပ်ယူခဲ့ပါတယ်။

အခုလက်ရှိတော့ အမြင်အာရုံချို့တဲ့သူတွေအတွက် ဆော့ဖ်ဝဲတခုရေးနေပါတယ်။ မြင်တဲ့သူတွေလည်း သုံးနိုင်ပါတယ်။ ကွန်ပျူတာမှာ မြန်မာစာရိုက်လိုက်ရင် အသံထွက် ဖတ်ပေးတာပေါ့နော်။ လာမယ့်  December လကုန်ပိုင်းမှာ အချောသတ်ပြီးတင်ပေးမှာပါ။

နေ့တိုင်းထမင်းစားရေသောက်သလိုဒီအလုပ်ကိုလုပ်တာပါ။ လူဆိုတာကိုယ်တတ်နိုင်သလောက် ကိုယ့်ရဲ့  လေ့လာမှုတွေကိုလုပ်နေရမှာလေ။ ရပ်ပစ်လိုက်ဖို့ မသင့်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်  ခွင့်ရှိသလောက် လုပ်နေမှာပါ။ တကယ်လို့ အခွင့်အရေးမရှိတော့ရင်တောင် ဆက်ပြီး လေ့လာနေဦးမှာပေါ့။ လူတိုင်းကတော့ ကိုယ်တန်ဖိုးထားတဲ့ အရာတခုကို တသက်တာဆုပ်ကိုင်ထားကြတာပဲလေ။ အဲ     ဒါကြောင့် ကိုယ်တန်ဖိုးထားတဲ့ ဒီအလုပ်ကို တသက်လုံး လုပ်သွားမှာပါ။

NLP နဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ အခွင့်အခါ သင့်လာရင်တော့ Project  အကြီးကြီးတွေ လုပ်ဖို့ရှိပါတယ်။ အခွင့်မရှိသေးခင်မှာတော့ လေ့လာနေဦးမှာပါ။ ဒီအလုပ်ကို ဘာကြောင့်    ရွေးဖြစ်လဲဆိုတော့ ဘာသာစကားနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ရမယ်၊ နောက်ပြီးအားလုံးက     လည်း အသစ်တွေချည်းပဲ၊ ကိုယ်ကလည်းကိုယ်ကိုယ်တိုင် ရှာဖွေရတာ၊ စဉ်းစားရတာကို ကြိုက်တယ်။ အဲ   ဒါကြောင့်ပါ။


ထက်ဦးဝေ

မင်္ဂလာစုံတွဲတချို့အတွက် အကောင်းဆုံးဓာတ်ပုံတွေပေးခဲ့တဲ့ လေမုန်တိုင်း

Posted: 30 Sep 2015 01:41 AM PDT




Dujuan လေမုန်တိုင်း မနေ့က ၀င်ရောက်ခဲ့တဲ့ တရုတ်ပြည် ရှန်ဒေါင်းခရိုင် Rizhao ရှိ ပင်လယ်ကမ်းခြေဧရိယာတလျှောက်မှာ ကြီးမားတဲ့ လှိုင်းတွေ၊ လေပြင်းတွေ ဖြစ်ပေါ်တိုက်ခတ်ခဲ့ပါတယ်။


ရာနဲ့ချီတဲ့ မင်္ဂလာစုံတွဲတွေဟာ သူတို့ရဲ့ မင်္ဂလာဓာတ်ပုံများကို ကြီးမားပြင်းထန်တဲ့ လှိုင်းကြီးတွေ လာရောက် ရိုက်ခတ်တဲ့ ပင်လယ်ကမ်းခြေကို နောက်ခံထားရိုက်ကူးကြဖို့ ရွေးချယ်လာကြပါတော့တယ်။ ဒါကို ဘေးက  ကြည့်ရှုနေကြတဲ့သူများက လှိုင်းတံပိုးဒဏ်ကို သူတို့ရဲ့ ချစ်မြင်းမေတ္တာတွေက ကြံ့ကြံ့ခံနိုင်တယ်ဆိုတာမျိုးကို သက်သေပြချင်တဲ့ ဆန္ဒမျိုးဖြစ်မယ်လို့ မှတ်ချက်ပေးကြပါတယ်။







Ref: CCTV news

မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်

Posted: 30 Sep 2015 12:12 AM PDT




ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy's စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း      တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။



သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု ပင် သလဲဆိုတဲ့ လျို့ဝှက်ချက်ကို အလွန်ပင်သိချင်နေကြတာပါ။ ဒါကို သူမက "သူ့မှာ ကြီးကြီးမားမား လျို့   ၀ှက်ချက် မရှိပါဘူး" လို့ Sunday Times' Style မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။



"အခုလို ခေတ်ဆန်ဆန်လှပနေတဲ့သူဖြစ်မလာခင်မှာ ကျမအနေနဲ့ အော်ဂန်းနစ်အစားအစာမှန်သမျှကို ကြာရှည်စားသုံးလာခဲ့တာပါ။ ကျမရဲ့ ဆံပင်တွေကို မုန်းညင်းဆီ ထည့်ပါတယ်။ တပတ်ကိုတကြိမ် သံလွင်ဆီ နောက်ပြီး ကောင်းမွန်တဲ့ သကြားတို့နဲ့ ကျမရဲ့အသားအရည်ကို ချေးချွတ်တာတို့ ပွတ်တိုက်တာ လုပ်ဖြစ်ပါ တယ်။ နောက် အရေးပြားကိုလည်း အဆီသုတ်လိမ်းပေးပါတယ်။ တနေ့ကို ထောပတ်သီးတလုံး နဲ့ အော်  ဂန်းနစ် အသားတွေ ငါးတွေကို စားဖြစ်ပါတယ်" လို့ Rossi က သူ့ရဲ့ လှပခြင်း လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။




Ref: NRJ Lebanon 99.1fm

0 comments:

Post a Comment