The Irrawaddy's Blog |
| ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို တစ်ရက်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိန်းကလေး Posted: 18 Oct 2015 10:25 PM PDT
အသက် ၈ နှစ်အရွယ် ကလေးငယ်လေးဟာ အမေရိကန် ပြည်ထောင်စု မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို ၁ ရက်တာ ထမ်းဆောင်ခဲ့တယ် ဆိုရင် စာဖတ်သူတွေ အံ့သြမသွားပါနဲ့။ အဲ့ဒီတုန်းက အုပ် ချုပ်ရေးမှူးဖြစ်တဲ့ မာတင်အိုမော်လေးရဲ့ နေရာမှာ ဂီနီရာဟာရီဆန် (Genea Harrison) ဆိုတဲ့ မိန်းကလေးက တာဝန်ယူခဲ့တာဖြစ်ပြီး သူမက ပြည်သူ့ ဘ၀ လုံခြုံမှု တိုးတက်စေချင်သလို သဘာဝပတ်ဝန်းကျင်ကို ကာ ကွယ်ထိန်းသိမ်းချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီကာလကတော့ လွန်ခဲ့တဲ့နှစ်နှစ်တာကာလ ၂၀၁၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့တုန်းကဖြစ်ပါတယ်။ ငယ်ရွယ်တဲ့မိန်းကလေးတွေကို ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေမှာပါဝင်လာဖို့ရည်ရွယ်တဲ့ အက်ဆေးပြိုင်ပွဲမှာ သူမက ဗိုလ်စွဲခဲ့တာကြောင့် ဖြစ်ပါတယ်။ သူမရဲ့အက်ဆေးကို ပြည်နယ်အုပ်ချုပ်ရေမှူး မာတင်က ရွေး ချယ်ခဲ့တာပါ။ သူမကို Twitter ကနေတဆင့် အားပေးစကားပြောခဲ့တဲ့သူတွေထဲမှာ အိမ်ဖြူတော်အကြံပေးအရာရှိ Balerie Jarret တို့လို ပုဂ္ဂိုလ်တွေ၊ ကင်းဆတ်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Katheleen Sevelius တို့ ပါဝင်ပါတယ်။ သူမဟာ အနီ၊ အဖြူနဲ့ အပြာရောင်တွေပါဝင်တဲ့ ၀တ်စုံကို ၀တ်ဆင်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားတွေကို အထပ်ထပ် ရွတ်ဆိုခဲ့ပါတယ်။ ဟာရီဆန်ဟာ Rasa L. Parks မူလတန်းကျောင်းက တတိယတန်း ကျောင်းသူတယောက် ဖြစ်သလို သူမ တင်သွင်းတဲ့ အက်ဆေးထဲမှာ ဘာကြောင့် ပြည်နယ်အုပ်ချုပ်ရေး မှူးဖြစ်ချင်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အသက် ၁၃ နှစ်အောက် ၀င်ရောက်ယှဉ်ပြိုင်သူ အယောက် ၂၀၀ ကျော်ထဲကမှ ထူးထူးခြားခြား ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ကို ၁ ရက်တာ ရယူစဉ်ကာလအတွင်း အမေရိကန်ဆိုင်ရာ ထိုင်ဝမ် သံ အမတ်ကြီး ပူဆောင်အင်းနဲ့ တွေ့ဆုံခဲ့သလို အမျိုးသမီးတွေဦးဆောင်တဲ့ နိုင်ငံရေးဦးစီးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အက်ဆေးပြိုင်ပွဲ ကျင်းပရတာနဲ့ ပတ်သက်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး မာတင်ကလည်း အခုလို ပြောကြားခဲ့တာပါ။ "မယ်ရီလန်းပြည်နယ်မှာ အမျိုးမျိုး အထွေထွေကွဲပြားမှုကပဲ ကျနော်တို့ရဲ့ ခွန်အားဖြစ်နေပါတယ်။ အမျိုးသမီးတွေရဲ့ အလုပ်တွေပြီးမြောက်အောင် စွမ်းဆောင်နိုင်မှုဟာ ကျနော်တို့တိုးတက်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ Governor for a Day အက်ဆေးပြိုင်ပွဲက မိန်းကလေးတွေရဲ့ အိပ်မက်တွေ ပိုမို ပီပြင်လာစေဖို့၊ သူတို့ရဲ့ ယုံကြည်မှုနဲ့ အရည်အသွေးတွေ တိုးတက်လာစေဖို့ ရည်ရွယ်တာပါ။ သူတို့ဟာ မနက်ဖြန်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေပါ။ ဂီနီရာရဲ့ ထိပ်တန်း ဦးစားပေးတွေက ပညာရေး၊ ပြည်သူ့ဘ၀ လုံခြုံမှု၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတော့ သူမက ကျနော်တို့ ကလေးငယ်တွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးဖို့ သတိပေး နေသလိုပါပဲ" တဲ့။ မီဒီယာတွေကနေ မေးတဲ့ မေးခွန်းတွေကို ဂီနီရာဟာရီဆန်က စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ ဂီနီရာရဲ့ မိခင် Agie Tunyon က "ကျမ သမီးလေးကို ရှက်နေမယ်လို့ ထင်တာ၊ မဟုတ်ဘူး ရှင့်..။ လုပ်တာ ကိုင်တာက ပြောတာ ဆိုတာက အစ တကယ့်ကို တာဝန်ထမ်းဆောင်နေတဲ့အတိုင်းပါပဲ" လို့ ပြောပြပါတယ်။ ဂီနီရာရဲ့ နောက်ထပ် အိပ်မက် တခုကတော့ သိပ္ပံပညာရပ်တွေကို သင်ကြားပေးတဲ့ ဆရာမ ဖြစ်ချင်ပါသတဲ့။ "အခုလို အုပ်ချုပ်ရေးမှူး တာဝန်ကို ၁ ရက်တာ ထမ်းဆောင်ရလို့ ကျမ ဂုဏ်ယူပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဒီလို တာဝန်ကို ယူနိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ ကြိုးစားရင် ဘယ်သူမဆို ကျမလို ဖြစ် လာနိုင်ပါတယ်" လို့ ဂီနီရာက ပြောပြပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ် ဆိုတာကို ၈ နှစ်အရွယ် သမီးလေးက သက်သေပြခဲ့တာပါ။ ဒါပေ မယ့် အိပ်မက်ဆိုတာ တကယ်ဖြစ်လာဖို့က လက်တွေ့လုပ်ဆောင်မှု၊ ကြိုးစားမှုတွေနဲ့ အစဉ်တွဲလျက် ရှိနေ တယ်ဆိုတာတော့ ဂီနီရာက တကမ္ဘာလုံးသိအောင် ပြောပြလိုက်တာလည်း ဖြစ်ပါတယ်။ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |







0 comments:
Post a Comment