The Irrawaddy's Blog |
| ခွေးစုံတွဲ ၁၅ တွဲရဲ့ မင်္ဂလာအခမ်းအနား Posted: 19 Oct 2015 02:51 AM PDT တရုတ်ပြည် Jiangsu ခရိုင် Nanjing မြို့မှာ အလှမွေးခွေးစုံတွဲ ၁၅ တွဲကို လက်ထပ်ထိမ်းမြားပေးတဲ့ အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ပုံမှာမြင်တွေ့ရသလိုပဲ လက်ထပ်ထိမ်းမြားပေးမယ့် ခွေးစုံတွဲလေးများကို သတို့သား၊ သတို့သမီး ၀တ် စုံပြည့်ဝတ်ဆင်ပေးထားရုံသာမက သူတို့ရဲ့ လက်ထပ်စာချုပ်လေးတွေနဲ့ပါ မင်္ဂလာ အခမ်းအနားကို တခမ်း တနား ကျင်းပပေးခဲ့ကြတာပါ။ ကျွေးမွေးဧည့်ခံတဲ့ အစီအစဉ်တွေလည်း ပါပါသေးတယ်တဲ့။ Ref: CCTVnews |
| တိပ်ကပ်ပြီး ပန်းချီလေးတွေ ဖန်တီးမယ် ဆိုရင်… Posted: 19 Oct 2015 12:51 AM PDT ကလေးငယ်လေးတွေ စိတ်ဝင်စားနိုင်မယ့် တိပ်လေးတွေကပ်ပြီး ပန်းချီကား ဘယ်လို ဖန်တီးယူနိုင်တယ်ဆိုတာ ပြောပြပါမယ်။ တကယ်တော့ ရေးဆွဲတာလည်း ပန်းချီအနုပညာ ဖြစ်သလို.. မရေးဆွဲဘဲ ချန်လှပ်ထား ပြီး ဖန်တီးတာလည်း ပန်းချီ အနုပညာ ဖြစ်ပါတယ်။ အများအားဖြင့် ရေးဆွဲပြမှ ပန်းချီအနုပညာလို့ မဆိုနိုင်တော့ပါဘူး။ ဒါကြောင့် ပန်းချီကားထဲမှာ တိပ်ကလေးတွေကပ်ပြီး ချန်ရစ်ဖန်တီးဖို့ ပြောပြပေးမှာဖြစ်တယ်။ ဒီလိုဖန်တီးဖို့ ပန်းချီဆရာကြီးတွေလည်း သုံးစွဲဖန်တီးကြတာပါ။ ဒါကြောင့် ကလေးတို့လည်း ကိုယ်တိုင်ဖန်တီးယူနိုင်ဖို့ ပြောပြတာပါ။ တိပ်လေးတွေကပ်ပြီး ပန်းချီကားဖန်တီးယူဖို့အတွက် ကိရိယာတန်ဆာပလာတွေ အများကြီးမလိုပါဘူး။ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) ကင်းဗတ် ၊ ဒါမှမဟုတ် ပန်းချီဆွဲ စက္ကူ တခု၊ (၂) ပန်းချီဆေးရေးဖို့ ရောင်စုံ ပန်းချီဆေး၊ (၃) တိပ်အခွေ တခု၊ (၄) ကတ်ကြေး တခု..၊ ဒါလောက်ပဲ လိုအပ်တာပါ။ ဥပမာပုံ ပြရရင် အောက်ပါ အတိုင်းပေါ့။ ပထမဆုံး အနေနဲ့ ပန်းချီကား ဖန်တီးမယ့် ကင်းဗတ်မျက်နှာပြင် ဒါမှမဟုတ် စက္ကူအပေါ်မှ ကိုယ်ကြိုက်နှစ်သက်သလို တိပ်ကလေးတွေကို ဖြတ်တောက်ယူပြီး ကပ်ယူပါ။ အခုဖော်ပြထားတာက နမူနာ ကပ်ပြထားတာပါ။ ကလေးတို့အနေနဲ့ ကိုယ်ကပ်ချင်သလို ကပ်ယူရမှာပါ။ အခုပြထားတဲ့အတိုင်း ကပ်ဖို့ မဟုတ်ပါဘူး။ အဲဒီလို ကိုယ့်စိတ်ထဲမှာရှိနေတဲ့အတိုင်း ကပ်ယူပြီးပြီ ဆိုရင်တော့ ဒုတိယအဆင့် ဆက်ဖန်တီးကြည့်ကြစို့။ တိပ်တွေလည်း ကပ်ပြီးပြီ ပန်းချီရေးဆွဲဖို့လည်း အဆင့်သင့်ဖြစ်နေပြီဆိုရင် အဲဒီ ကင်းဗတ် သို့မဟုတ် စက္ကူပေါ်မှာ ကိုယ် သုံးချင်တဲ့ ပန်းချီဆေးအရောင်ကို ရွေးချယ်ပြီး ညှစ်ချလိုက်ပါ။ အဲဒီအရောင်တွေကို ရောနှောလို့ပဲဖြစ်ဖြစ် မရောနှောဘဲ ဖြစ်ဖြစ် ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ရှိနေပါစေ။ အခုအောက်မှာ ပြထားတဲ့ပုံက ကလေးငယ်တဦး ဖန်းတီးယူတဲ့ အနေအထားပါ။ အဲဒီလို ကလေးငယ်တဦးတောင် ဖန်တီးယူနိုင်တယ်ဆိုရင် သူ့ထက်ကြီးတဲ့ ကလေးတို့လည်း အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပါ တယ်။ တိပ်နဲ့ကပ်ပြီး ကလေးငယ်တဦး ဘယ်လို ဖန်တီးယူတယ်ဆိုတာ ကြည့်ပါ။ ကလေးငယ်ဖြစ်တာကြောင့် သူဟာ ဘယ်သီအိုရီတွေကိုမှ ဂရုစိုက်နေမှာမဟုတ်ဘဲ သူ့စိတ်ထဲ ဖြစ်နေတဲ့အတိုင်း သူလုပ်ချင်ရာ ဆေးတွေနဲ့ ကစားနေပါ လိမ့်မယ့်။ အနုပညာဆိုတာ သီအိုရီတွေရဲ့ အလွန် စိတ်ခံစားမှုမှာ မူတည်တယ်ဆိုတာ ကလေးတို့ သတိပြုရမှာပါ။ နည်းစနစ်အတိုင်း ရေးတာက အတတ်ပညာပဲ ဖြစ်တယ်။ စိတ်ခံစားမှုကို ဖော်ပြနိုင်မှ အနုပညာ ဖြစ်တယ်ဆိုတာ ကလေးတို့ ကြီးလာတဲ့အခါ ပိုသိလာမှာပါ။ အခုတော့ အဲဒီကလေးငယ် ဘာလုပ်နေလဲဆိုတာ ကြည့်ပါဦး။ အခုမြင်တွေ့ရတာက ကလေးငယ်တဦး ပျော်ရွှင်စွာနဲ့ ဆေးတွေနဲ့ ဆော့ကစားနေတာပါ။ ကလေးလေးဟာ ပန်းချီဆေးတွေနဲ့ ပျော်နေတယ် မဟုတ်လား။ ပျော်နေတဲ့ ကလေးငယ်ရဲ့စိတ်ခံစားမှုက ဖြစ်တည်လာတဲ့ ပန်းချီကားက ဘယ်လို ဖြစ်မလဲ။ သေချာကြည့်ကြရအောင်နော်။ အဲသလို ကလေးငယ်အနေနဲ့ တိပ်ကပ်ထားတဲ့ ကင်းဗတ် ဒါမှမဟုတ် စက္ကူပေါ်မှာ သူပျော်သလို ဆေးတွေကို ဆော့ကစားပြီးတဲ့အခါမှာ ဘာတွေ ထူးခြားနေမလဲ။ စောစောက ပြောခဲ့တဲ့ တိပ်တွေ ခွာယူလိုက်ရင်အောက်ပါအတိုင်း စိတ်ဝင်စားစရာ ပန်းချီကား တခု တွေ့ရမှာပါ။ နည်းနည်းထပ်ပြီး ပြောရရင်တော့ အခုလို တိပ်ကပ်ပြီး ဖန်တီးကြတာဟာ ပန်းချီဆရာကြီးတွေ၊ ပန်းချီဆရာငယ်တွေလည်း သုံးစွဲတတ်ကြပါတယ်။ ဒါကြောင့် ကလေးတို့လည်း ကိုယ့်စိတ်ကူးစိတ်သန်းရှိသလို ဖန်တီးယူကြဖို့ www.houseofburkeblog.com ကနေ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။ နိုင်စွမ်း |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |

















0 comments:
Post a Comment