The Irrawaddy's Blog |
| သီတင်းကျွတ်အတွက် ဆင်တူလက်စွပ်လေးတွေ ကြိုပြင်ကြတော့မလား Posted: 25 Oct 2015 10:29 PM PDT ဝါလကင်းလွတ် သီတင်းကျွတ်တော့မှာမို့ မောင်မယ် ယှဉ်တွဲကာ ထိမ်းမြားလက်ထပ်ကြရန် ပြင်ဆင်သူတွေ ရှိနေပါပြီ။ ဒီလိုစုလျားရစ်ပတ်ကြမယ့် သူတွေအတွက် မပါမဖြစ် အရေးကြီးတဲ့ လက်ထပ် လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လက်ထပ်လက်စွပ် ဝတ်ဆင်ခြင်းဟာ နှစ်ဦးကြားပတ်သက်မှုတခုကို တံဆိပ် ခတ်နှိပ်လိုက်တာဖြစ်ပြီး သံယောဇဉ်တွေ ပိုခိုင်မြဲစေတယ်လို့လည်းဆိုကြပါတယ်။ ဆင်တူလက်စွပ်တွေကို လက်ထပ်ထိမ်းမြားသူတွေချည်းမဟုတ်ဘဲ ချစ်သူ၊ သူငယ်ချင်းတွေလည်း ဝတ်ဆင် ကြပါတယ်။ လမ်းသရဲဆန်တဲ့၊ ချစ်စရာကောင်းတဲ့၊ လှပတဲ့ စတဲ့စတဲ့ ဒီဇိုင်းပေါင်းစုံကို ရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝတ်ဆင်ကြပါတယ်။ ဒါ့အပြင် လက်ခလယ်ကို ခေါက်ထားကာကျန်လက်လေးချောင်းကို ခွာချည်ကပ်ချည် ပြုလုပ်ပြီး အဲဒီလိုလုပ်လို့မရတဲ့ လက်သူကြွယ်မှာလက်ထပ်လက်စွပ်လို ဆင်တူလက်စွပ်ဝတ်ဆင်ခြင်းက အဲဒီခွဲမရတဲ့ လက်ချောင်းတွေလိုပဲ ချစ်ကြမယ်ဆိုတာမျိုး ကြားဖူးပါတယ်။ လက်စွပ်တွေကို ပတ်သတ်မှုအမျိုးမျိုးနဲ့ ဝတ်ဆင်ကြပေမယ့် သူတို့ရဲ့ အဓိပ္ပာယ်တွေကတော့ တူညီကြပါတယ်။ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားကြတာလည်း တူညီကြပါတယ်။ ဒီတပတ်မှာ သီတင်းကျွတ်ကာလ လက်ထပ် ထိမ်းမြားကြမယ့် ချစ်သူတွေအတွက်ရော၊ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေအတွက်ရော အဆင်ပြေမယ့် ဆင်တူလက်စွပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်စွပ်ဆင်တူအမျိုးမျိုးရှိသလို ခုနောက်ပိုင်းမှာတော့ လက်စွပ်နှစ်ခုကို ထပ်လိုက်ရင် တခုတည်းလို ဖြစ်သွားတဲ့ ပုံစံလေးတွေကို အကြိုက်များလာပါတယ်။ ဆင်တူလက်စွပ်တွေကို Online shopping နဲ့ လက် ဝတ်ရတနာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ထက်ဦးဝေ |
| လူမှုအသိုင်းအ၀ိုင်းမှာကျယ်ပြန့်လာသော Instagram ဆိုတဲ့ ငါးနှစ်သားမိုဘိုင်းအပလီကေးရှင်း ၀န်ဆောင်မှု Posted: 25 Oct 2015 09:51 PM PDT Instragram ဆိုတာ မိုဘိုင်းဖုန်းကနေတစ်ဆင့် Facebook, Twitter, Tumblr and Flickr အစရှိတဲ့ လူမှုကွန်ယက်တွေမှာ ဓါတ်ပုံနှင့်ဗီဒီယိုများဝေမျှနိုင်သည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး Instagram ၀န်ဆောင်မှုရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ်ပွဲအတွက် ပွဲတက်စာရင်းမှာ အယောက်သန်း (၄၀၀)ရှိနေခဲ့ပါတယ်။ အဲဒီ အယောက် သန်း (၄၀၀)ကျော်ဟာ Instagram အပလီကေးရှင်း ၀န်ဆောင်မှုကို လစဉ်ပုံမှန် သုံးစွဲနေသူများဖြစ် ပြီး အဲဒီသုံးစွဲသူများရဲ့ထက်ဝက်နီးပါးခန့်ဟာ အသက် (၂၅)နှစ်အောက် လူငယ်များဖြစ်ကြပါတယ်။ Facebook Twitter တို့နဲ့အတူ ပူးတွဲလည်ပတ်နေတဲ့ Instagram ဟာ တကယ်ပဲ နှစ်ခြိုက်စရာကောင်းလှတဲ့ အပလီကေးရှင်း ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ Instagram နဲ့ ကိုင်းကျွန်းမီကျွန်းကိုင်းမီ အသုံးပြုနေတဲ့ လူမှုကွန်ယက်များကလည်း ရိုးရှင်း လွယ်ကူခြင်းရှိဖို့ တောင်းဆိုထားတာမို့ Instagram ကို တည်ဆောက်တဲ့သူများကလည်း Instagram စတင်ထွက်ရှိကတည်းက ယခုထိတိုင် အပြောင်းအလဲ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ကြပါတယ်။ သို့ပေမယ့် ကမကထပြုလုပ်ထားတဲ့ တင်ပြချက်တွေကြောင့် Instagram ရဲ့ရှေ့ရေးဟာ မတင်မကျ၊ ခန့်မှန်း၍မရ ဖြစ်နေခဲ့ပါတယ်။ Instagram ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ထူးခြားမှုပေးနေခြင်း အနေအထားမှ ဆုံးရှုံးသွားမှာလား ဒါမှမဟုတ် အသွင်အပြင်အသစ်တွေနဲ့ နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုကို တက်လှမ်းသွားမှာလားဆိုတာတော့ Instagram ရဲ့ရှေ့ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အချိန်နာရီတွေကသာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ပြောပြသွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Instagram မှ ပေးစွမ်းနေတဲ့ ပျော်ရွှင်ခြင်းတွေကို ခဏဘေးဖယ်ထားပြီး Instagram ဟာကမ္ဘာကြီးကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်လဲ စဉ်းစားဖို့အချိန်ဖြစ်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။ http://edition.cnn.com/2015/10/22/fashion/instagram-is-changing-the-world/index.html?sr=cnnifb |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment