The Irrawaddy's Blog |
| မြန်မာနိုင်ငံမှာ ဖူးစာရှင်ရှာဖွေရေးအေဂျင်စီ ပေါ်ပေါက်လာပြီ Posted: 02 Oct 2015 01:50 AM PDT
လူမျိုးဘာသာမရွေး အသက်အရွယ်အပိုင်းအခြားမရွေး ကိုယ့်ဖူးစာဖက်ကို ရှာဖွေချင်သူတွေအတွက် စွယ်တော်အချစ်ဆိုတဲ့ ဖူးစာရှင်ရှာဖွေရေးလုပ်ငန်းက ၀န်ဆောင်ပေးနေပါပြီတဲ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီလို ဖူးစာရှင်ရှာဖွေရေးအေဂျင်စီတွေပေါ်ပေါက်လာခဲ့တာ ကြာခဲ့ပြီဖြစ်တဲ့အတွက် အထူးအဆန်းမဟုတ်ပေမယ့် အခုလို မြန်မာပြည်အနေနဲ့ တရားဝင်ပေါ်ပေါက်လာတာကတော့ အထူးအဆန်း ပါပဲ။ ကိုယ့်ရဲ့ဖူးစာဖက်ကို ရှာဖွေချင်သူ စိတ်ဝင်စားသူ အမျိုးသား၊ အမျိုးသမီးတွေဟာ မိမိရဲ့ ခန္တာကိုယ် တ၀က် ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံ၊ တကိုယ်လုံးပုံ ၂ ပုံ၊ ကိုယ့်ရဲ့ကိုယ်ရေးအကျဉ်း၊ ပညာအရည်အချင်း၊ ဘွဲ့လက်မှတ် ဒါမှမဟုတ် ရရှိထားတဲ့ certificate၊ သန်းခေါင်စာရင်း မိတ္တူ စတာတွေကို စွယ်တော်အချစ် ၀န်ဆောင်မှု လုပ်ငန်းကို လာရောက်အပ်နှံရမှာဖြစ်ပါတယ်။ အဲ့ဒီလို လာရောက်အပ်နှံထားတဲ့ အမျိုးသား၊ အမျိုးသမီးတဦး ချင်းစီကို ဖိုင်ဖွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှုလုပ်ငန်းက သတ်မှတ်ပေးထားတဲ့ ပုံစံငယ်များကို မှန်မှန်ကန်ကန်ဖြည့်စွက်ကြရမှာလည်းဖြစ်ပါတယ်။ "အမျိုးသားကလည်း အမျိုးသမီးဖိုင်ကို ကြည့်ပြီး သူနဲ့လိုက်ဖက်မယ့်သူကို ရွေးချယ်လိုက်တဲ့အခါကျရင် ကျနော်တို့က အဲ့ဒီအမျိုးသမီးကို အကြောင်းကြားပေးပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ဆိုရင် အဲ့ဒီနှစ်ယောက်ကို ပေးတွေ့မယ်။ ပေးတွေ့လို့ အဆင်ပြေသွားတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ၀န်ဆောင်မှု ရည် မှန်းချက် အောင်မြင်တယ်လို့ဆိုရပါမယ်။ အမျိုးသားဘက်ရော အမျိုးသမီးဘက်ရော ဒီတယောက်နဲ့ အဆင်မပြေရင် နောက်တယောက်ကို ရွေးချယ်လို့ရပါသေးတယ်။" လို့ ၀န်ဆောင်မှုနဲ့ပတ်သက်လို့ စွယ်တော် အချစ် ဖူးစာရှင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းမှ ဦးခင်မောင်လတ်က ဧရာဝတီကိုပြောပါတယ်။ ဒီ ၀န်ဆောင်မှုလုပ်ငန်းကို လူငယ်၊ လူကြီး၊ လူမျိုးပေါင်းစုံ စိတ်ဝင်စားတဲ့သူတော်တော်များတယ်လို့လည်း သူက ဆက်ပြောပါတယ်။ စွယ်တော်အချစ်ရဲ့ ဖူးစာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အသေးစိတ်သိရှိလိုသူတွေအနေနဲ့ ဖုန်းနံပတ် ၀၉-၇၉၅၂၉၉၅၂၄၊ ၀၉-၇၉၂၅၆၇၁၆၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အခုလို ဖူးစာရှင်ရှာဖွေရေးလုပ်ငန်းတွေဟာ အာရှဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန် နဲ့ ကိုရီးယားနိုင်ငံ တွေမှာ အတော်လေး တွင်ကျယ်နေခဲ့တာပါ။ ကဲ .. မြန်မာနိုင်ငံရဲ့ ဖူးစာရှင်ရှာဖွေရေးလုပ်ငန်းတွေရော ဘယ်လောက်အထိတွင်ကျယ်လာလိ့မ်မလဲ။ ဘယ်လို အနေအထားတွေရှိလာမလဲ၊ ကိုယ့်ဖူးစာဖက်ကို ရှာဖွေချင်ကြတဲ့ လူငယ်လူရွယ်လူလတ်တန်းစားတွေ ဘယ်လောက်တောင်များလာပေဦးမလဲဆိုတာ စောင့်ကြည့်ရပေဦးမည်။ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |







0 comments:
Post a Comment