Monday, November 02, 2015
| Android ဖုန်းနှင့် Tablet တွေမှာ အနီ ဖိုင်းလေးနဲ့ထားမယ် - File Manager v1.6.7 APK Posted: 01 Nov 2015 10:03 AM PST Android ဖုန်း နှင့် Tablet အသုံးပြုသူ များအတွက် ဖုန်းထဲမှာ Date များများ သိမ်းဆည်းထားချင်းတဲ့ ဘော်ဒါတို့အတွက် Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ ဘော်ဒါတို့အတွက် Date များတွေကို File manager တစ်ခုအဖြစ်သိမ်းထားအတွက် အထူးလိုအပ်မယ် အနီေ၇ာင် ခပ်မိုက်မိုက် Android Application လေးတစ်ခုပါ။ မိမိဖုန်းထည့်မှာ ဘယ်ရှိရှိ ဒီကောင်းနှင့် သိမ်းဆည်းထားမယ်ဆိုရင် မိမိဖုန်းပေါ့သွားမယ်ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်းသုံးထားပြီးပါပြီး အရမ်းကောင်းလိုထင်ပေးလိုက်တာပါ။ ဘော်ဒါတို့သုံးမယ်ဆိုရင် တော့ ဒီကောင်လေးကAndroid OS အားလုံးမှာသုံးနိုင်ပါတယ်။ ဖိုင်းဆိုဒ်လေးကတော့ 3.21MB ရှိပါတယ်။ Download Here |
| မှတ်ပုံတင်ပြမှ Sim Card ဝယ်လို့ရတော့မယ် Posted: 01 Nov 2015 09:35 AM PST ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့ရောင်းချနေသော ဆင်းမ်ကတ်များကို မှတ်ပုံတင် (သို့မဟုတ်) ID ကတ်တစ်ခုခု ပြသနိုင်မှသာ ရောင်းချ ရတော့မည်ဟု သိရသည်။ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာသုံးခုကို ခေါ်ယူ၍ ဆင်းမ်ကတ်များ ရောင်းချစဉ် မှတ်ပုံတင်ကတ်တစ်ခုခု ပါရှိမှသာ ရောင်းချကြရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။"ဦးစီးဌာနက ခေါ်တွေ့တယ်။ နိုင်ငံကူးလက်မှတ်၊ ကျောင်းသားကတ်၊ မှတ်ပုံတင် စသဖြင့် တစ်ခုခုပါမှ ဆင်းမ်ကတ် ရောင်းပေးဖို့ အော်ပရေတာ သုံးခုလုံးကို ခေါ်ပြောတယ်။ အမြန်ဆုံး လုပ်ရတော့မှာပါ။ နိုဝင်ဘာမှာ လုပ်ဖို့ ပြောထားတာပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Deputy Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောသည်။နိုဝင်ဘာလအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရန် ညွှန်ကြားထားသည့် Consumer Registration အစီအစဉ်သည် နည်းပညာဆိုင်ရာ ရာဇဝတ်မှုများကိုလည်း တစ်နည်းအားဖြင့် လျော့နည်းသွားစေမည်ဖြစ်ပြီး Consumer Registration ရှိမှသာ ဆက်သွယ်ရေးအော်ပရေတာများ အကောင်အထည်ဖော် ဆောင်ရွက်မည့် Mobile Money ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။"အခုဆိုရင် နိုင်ငံတွင်းမှာ e Commerce လုပ်ငန်းတွေ လုပ်လာကြပြီ။ ဒါတွေက အမှုအခင်းတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ တရားရုံးမှာ သက်သေခံမယ့်လူ မရှိဘူး။ အင်မတန်အရေးကြီးတဲ့ အချက်ပါ။ စာရင်းသွင်းထားတဲ့ ဟန်းဖုန်းတွေကလည်း အင်မတန် နည်းပါတယ်။ ဒါတွေက တရားရုံးမှာ ဖြေရှင်းရင် အငြင်းပွားဖွယ်တွေပါ" ဟု ရဲမှူးကြီးထွန်းနေဝင်း ပြောသည်။ဆက်သွယ်ရေးအော်ပရေတာများကို ယခင် စာရင်းပေးသွင်းခြင်းမရှိဘဲ ဆင်းမ်ကတ်များ ရောင်းချခွင့် ပြုခဲ့ခြင်းသည် မိုဘိုင်းဖုန်းအသုံးပြုမှု တိုးတက်ပြောင်းလဲခြင်း ဖြစ်ပေါ်လာစေရန် အချိန်တစ်ခုပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ စာရင်းပေးသွင်း ဝယ်ယူမှသာလျှင် အခြားသောလုပ်ငန်းများ အဆင်ပြေ လွယ်ကူလာမည် ဖြစ်သည့်အတွက် ပြန်လည်တောင်းခံခဲ့ခြင်း ဖြစ်သည်။မိုဘိုင်းဆင်းမ်ကတ်များအတွက် မှတ်ပုံတင်၍ အသုံးပြုရမည်မှာ အခြားသော နိုင်ငံများနည်းတူ ပုံမှန် အနေအထားပင် ဖြစ်သော်လည်း လက်ရှိ မှတ်ပုံတင်ထားခြင်း မရှိသော မိုဘိုင်း ဆင်းမ်ကတ်များ အပေါ် ဆက်သွယ်ရေးအော်ပရေတာများက မည်သို့တုန့်ပြန်ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ ref; Internet Journalအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note >www.maungpauk.org
Soft : Mb
UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
0 comments:
Post a Comment