Related Posts Plugin for WordPress, Blogger...

November 4, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


♪ Android Phone နဲ့ Video Edit လုပ်နိုင်မယ့် - AndroVid Pro Video Editor v2.6.6 Apk (1-Nov) ♫

Posted: 03 Nov 2015 08:08 PM PST

Cover art

Android User များအတွက် Android Phone ပေါ်မှာတင် Video Editing လုပ်နိုင်ဖို့အတွက် AndroVid Pro Video Editor ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ မိမိနှစ်သက်တဲ့ Video အပိုင်းတွေကို စုစည်းပြီး ဖြတ်ဆက်ညှပ် လုပ်နိုင်ပါတယ်။ ဓါတ်ပုံတွေကိုလည်း သီချင်းနောက်ခံတွေနဲ့ Slide Show လည်း လုပ်ပေးနိုင်ပါတယ်။ ဒါအပြင် Edit လုပ်ပေးနိုင်တဲ့ Feature တွေ Effect တွေလည်း အများကြီးပါဝင်ပါတယ်ဗျာ။ မိမိကြိုက်တဲ့ Effect , Color တွေကိုလည်း လှလှလေးတွေနဲ့အလန်းစားလေး ပြင်နိုင်သလို  Subtitles အနေနဲ့စာတန်းလေးတွေပါထည့်ထိုးနိုင်ပါတယ်။ Feature အသေးစိတ် ကိုတော့အောက် မှာရေးပြထားပါတယ်ဗျာ။ ကိုယ်တိုင်သာကလိကြည့်ကြပါနော်။ နမူနာကြည့်နိုင်ဖို့ လည်း အောက်မှာ Screen Shot တွေရိုက်ပြထားပါ တယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်ဗျာ။


- Trim your videos
- Add music
- Merge multiple videos
- Delete middle parts of a video
- Split your videos into two
- Grab video frames
- Add text to your videos
- Video Effects (Fade in/out, Gray Tone, Mirror, Negate, Remove Audio, Slow / Fast Motion, Swap U-V, Sepia, Vignette, Vintage)
- Extract music (MP3, M4A, WAV, WMA )
- Convert to other video formats (3GP, AVI, FLV, MP4, MPG, MOV, WMV, VOB )
- Video Rotate / Flip feature added
- Set video frames as wallpaper
- Make slideshow
- Share your clips and grabbed images. Upload your videos to facebook, youtube etc.
- Play video clips
- Sort videos by name, size, duration and date
- Rename/Delete videos on your phone
REFUND POLICY: 15 minute is very short to try all features. We extend it to 24 hour. If any feature is not working on your phone, please send email to androvid@androvid.com for refund within 24 hour after buying.




   AndroVid Pro Video Editor- screenshot         AndroVid Pro Video Editor- screenshot

   AndroVid Pro Video Editor- screenshot         AndroVid Pro Video Editor- screenshot

   AndroVid Pro Video Editor- screenshot         AndroVid Pro Video Editor- screenshot

   AndroVid Pro Video Editor- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Mobile Guide Issue Vol-3 ၊ Issue-027 (2.11.15) ♫

Posted: 03 Nov 2015 07:28 PM PST


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီးဒေါင်းလုပ်လင့်ကို တင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(3), Issue (027) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ ဂျာနယ်ကို 2-Nov ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကို ၀ယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြ ပါစေဗျာ။




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Internet Browser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့-Maxthon Web Browser - Fast v4.5.4.1000APK

Posted: 03 Nov 2015 07:12 PM PST

Android OS ဖုန်း နှင့် Tablet တွေမှာ အမိုက်စား Application Browser  ဖြစ်တဲ့
Internet Browser  တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။
 မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။




 Download Here

မြန်မာနိုင်ငံမှ စက်ရုပ်တီထွင်သူ

Posted: 03 Nov 2015 09:17 AM PST


သိပ္ပံပညာ ထွန်းကားသော အနောက်တိုင်းနိုင်ငံများလိုလိုပင် စက်ရုပ်များ၊ စက်များနှင့်အခြားသော လူတို့၏ဘ၀ကို လွယ်ကူသက်သာစေမည့် ပစ္စည်းများ တီထွင်တတ်ကြလေသည်။ ထုတ်လုပ်ရသည့် ရည်ရွယ်ချက်မှာ မြင့်မားလာသော 
လုပ်အားခ ပြဿနာနှင့် အန္တရာယ်ရှိ လုပ်ငန်းခွင်တွင်းမှ လူသားတို့၏ 
အသက်အန္တရာယ်ကို ကာကွယ်လျော့ချရန် ဖြစ်သည်။ အနောက်နိုင်ငံများတွင် 
ကုမ္ပဏီများက စက်ရုပ်များကို တီထွင်ဖန်တီးထုတ်လုပ်ခြင်း ဖြစ်သော်လည်း 
မြန်မာနိုင်ငံတွင်တော့ စက်မှုလက်မှု သိပ္ပံကျောင်းဆင်း ကထိက ဆရာတစ်ဦးက ဦးဆောင်၍ တီထွင်ဖန်တီးခဲ့ခြင်းဆိုလျှင် ၀န်ဇင်းစာချစ်ပရိသတ်များ အံ့သြနေမည်လား မသိပါ။

ဟုတ်ပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က စက်မှုလက်မှု သိပ္ပံကျောင်းဆင်း ဆရာတစ်ဦးသည် စက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်တွင်းဖြစ် ပစ္စည်းအပိုင်းအစများဖြင့် ပြုလုပ်ခဲ့သော စက်ရုပ်မှာ ထိုအချိန်က သူမတူအောင် ထူးခြားသော အောင်မြင်မှုမျိုးလည်း ရရှိခဲ့ပါသည်။ ထို စက်ရုပ်ကို တီထွင်ခဲ့သူမှာစက်မှု လက်မှု သိပ္ပံမှ လက်ထောက် ကထိက ဆရာ ဦိးကြည် ဆိုသူ ဖြစ်ပါသည်။

ဆရာဦးကြည်ကို ၁၉၃၄ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အဖ ဦးဘလှိုင်၊ အမိ ဒေါ်အမာတို့က ထားဝယ်မြို့၌ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် ပညာထူးချွန်သူတစ်ယောက်အဖြစ် ထင်ရှားကာ ဆယ်တန်းအောင်မြင် သောအခါ အင်းစိန် စက်မှု လက်မှု သိပ္ပံကျောင်း သို့ တက်ရောက်ခွင့် ရရှိခဲ့သည်ဟု သိရပါသည်။

စက်မှုလက်မှု သိပ္ပံကျောင်းဆိုသည်မှာ ထိုအခေတ်အခါက အရှေ့တောင် အာရှနိုင်ငံများ၏ အားကိုးအားထားပြုရာ ပိုလီတက္ကနစ် ကျောင်းတော်ကြီးဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းစသည့် နိုင်ငံများမှ ကျောင်းသား အချို့ပင် တက်ရောက် ပညာဆည်းပူးရသည့် ကျောင်းကြီးပင် ဖြစ်သည်။ မျက်နှာဖြူ နိုင်ငံခြားသားများသာသင်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာဆရာများဖြစ်သည့် ဆရာကြီး ဦးဘရှင်၊ ဦးမောင်ကြီး စသူတို့၏ စေတနာထား သင်ကြားမှုကြောင့် ၎င်းကျောင်းကြီးမှ ကျောက်စာဝန် ဦးမြ၊ ရုပ်ရှင် ဒါရိုက်တာ ဦးချန်ထွန်း၊ ရုရှား သံအမတ်ကြီး ဦးမျိုးမြင့်
စသည့် ပုဂ္ဂိုလ်ကြီးများ ထွက်ပေါ်ခဲ့ပါသည်

ဆရာဦးကြည်သည် အင်းစိန် စက်မှု လက်မှု သိပ္ပံမှ A.G.T.I (Civil) ဒီပလိုမာဘွဲ့ ရရှိခဲ့ပြီး ၎င်းကျောင်း၌ပင် နည်းပြဆရာအဖြစ် ၀င်ရောက် အမှုထမ်းခဲ့သည်။ 
၁၉၇၀ မှ ၁၉၇၆ ခုနှစ်အတွင်း ကလော စက်မှု လက်မှု သိပ္ပံသို့ လက်ထောက် ကထိကအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲ့သလို အမေရိကန်နိုင်ငံသို့လည်း နှစ်ရှည်သင်တန်း သွားရောက်တက်ခဲ့ရရာမှ စက်ရုပ်တီထွင်ရန် အကြံရလာခြင်း ဖြစ်နိုင်ပါသည်။ ဆရာဦးကြည်သည် နိုင်ငံရပ်ခြားတွင် ပညာလေ့လာဆည်းပူးနေစဉ်အတွင်း ၀ါသနာပါရာ
ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း ရှာဖွေလေ့လာခဲ့ပါသည်။

ဆရာသည် ၁၉၆၀ ပြည့်နှစ်က လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ကျောင်းဆင်းခဲ့သူ ကျောင်းသားဟောင်း ဦးခင်မောင်က ၁၉၇၆ ခုနှစ်တွင် ဆွံ့အ နားမကြားသူများအတွက် အသုံးပြုရန် နားကြား အထောက်အကူပြု ကိရိယာ တီထွင် ထုတ်လုပ်လျက် ရှိသည်ကိုလည်း အားကျနေဟန် ရှိသည့်အလျောက် မိမိ ကိုယ်တိုင် အများအကျိုးပြု စက်ရုပ်လုပ်ရန် စိုင်းပြင်းနေခြင်းလည်း ဖြစ်သည်။ ဆရာသည် စက်မှု လက်မှု သိပ္ပံကျောင်း၌ပင် တာဝန်ထမ်းဆောင်စဉ်အတွင်း စက်ရုပ် တီထွင်ရန် အသေးစိတ် အစီအစဉ်များ ရေးဆွဲခဲ့သည်။ ထိုအကြောင်းကို ဆရာ့တပည့်သားများ သိရှိကြသောအခါ အားတက်သရော ပါဝင်ကူညီခဲ့ကြသည်ဟုလည်း သိရပါသည်။

ဆရာသည် ပုံစံ စနစ်တကျ ရေးဆွဲပြီးနောက် တပ်ဆင်မည့် ကိရိယာများကို တပည့်များ အကူအညီဖြင့် ကြိုတင်ရှာဖွေ စုဆောင်းခဲ့သလို ဖြစ်ပေါ်လာမည့် အခက်အခဲများကိုလည်း အဖက်ဖက်မှ စဉ်းစား တွက်ချက်ခဲ့သည်။ နိုင်ငံရပ်များမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေသော စက်မှု လက်မှု ဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းများကို ရှာဖွေ ဖတ်ရှုခဲ့သလို အစီအစဉ် အသင့်ဖြစ်သောအခါ ဆရာဦးကြည်၏ စက်ရုပ်တီထွင်မှု လုပ်ငန်း စတင်တော့သည်။

၎င်းစက်ရုပ်တီထွင်မှုအတွက် ကုန်ကျစရိတ်များကို စက်မှု စိုက်ပျိုးရေးနှင့် အသက်မွေးပညာ ဦးစီးဌာနမှ စိုက်ထုတ် ပေးခဲ့သည်။ ဆရာနှင့် သူ၏ တပည့်များသည် အခက်အခဲပေါင်းများစွာအကြားမှ ကြိုးစားလုပ်ဆောင်ခဲ့ရာ ၆ လ အကြာတွင် စက်ရုပ်တရုပ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။ ပထမဆုံး တီထွင်လိုက်သည့် စက်ရုပ်မှာ ကားဆေးမှုတ် 
လုပ်ငန်းများတွင် အန္တရာယ်များလှသည့် နေရာများတွင် လူသားများအစား ကူညီ လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။ 

စက်ရုပ်သည် ကောင်းမွန်စာ ထိုင်နိုင်၊ ထနိုင်၊ လမ်းလျှောက်နိုင်ပြီး သူလုပ်ဆောင်ရမည့် ကားဆေးမှုတ် လုပ်ငန်းကိုလည်း တိကျသေချာ အရည်အသွေး ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ၁၉၈၆ ခု၊ ပြည်ထောင်စု ပြပွဲ၌ ပညာရေး ပြခန်းတွင် ပြသပေးခဲ့ပါသည်။ ပွဲတော်လာ ပရိသတ်များမှာ အထူးကျေနပ် နှစ်သက်သဘောကျပြီး တအံ့တသြ
ဖြစ်ခဲ့ရသလို ပြပွဲတစ်ခုလုံးတွင် ဆရာဦးကြည် တီထွင်လိုက်သော စက်ရုပ်မှာ ရေပန်းအစားဆုံး ဖြစ်ခဲ့ပါသည်။

အလိုအလျောက် အဖွင့်အပိတ် တံခါးနှင့် လက်ဖက်ရည်ရောင်းစက်၊ Remote
Control ဖြင့် မောင်းနှင်သော မော်တော်ကားတို့မှာ ထိုစဉ်က ဆရာ့၏ အအောင်မြင်ဆုံးသောစက်ရုပ်၊ စက်ကိရိယာများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် လူတို့၏ အမိန့်ပေးမှုများကို နာခံမှုနှင့် စကားပြန်လည် တုံ့ပြန်နိုင်ရေးကို ပြုလုပ်နိုင်သည့် စက်ရုပ်ကို တီထွင်ရန်ကြိုးပမ်းခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီရ
အစိုးရလက်ထက်တွင် စရိတ်စက ကြီးမားခြင်း၊ အားပေးကူညီမှု နည်းပါးခြင်းတို့ကြောင့်လက်လျော့ခဲ့ရပါသည်။ ဆရာ၏ ပြိုင်ပွဲ စက်ရုပ်သည် ထိုစဉ်က သာမန် ပြသရန်သာ ခွင့်ပြုခံခဲ့ရသည်ဟု သိရပါသည်။

ဆရာဦးကြည်၏ အခြားသော တီထွင်မှုများမှာ လက်တွေ့လောကနှင့် ပတ်သက်၍ လွန်စွာ အသုံးဝင်သော အာလူးအကောင်းနှင့် အပုပ်အား ရွေးချယ်သောစက်၊ ဘီစကွတ်မုန့်နှင့် အမျိုးအစားကောင်း ရွေးချယ်သောစက်များကိုလည်း တီထွင်ခဲ့ပါသေးသည်။

လူတို့၏ အကျိုးအတွက် စက်ရုပ်တစ်ရုပ်ကို လွန်ခဲ့သော အနှစ် ၂၀ ခန့်က 
တီထွင်ခဲ့သူ ဦးကြည်ကို ယခု တစ်ပတ်၏ "ထင်ပေါ်ကျော်ကြား မြန်မာများ" ကဏ္ဍအတွက် ရွေးချယ် တင်ဆက်လိုက်ရပါသည် ခင်ဗျာ။

Ref : Weekly Eleven News, No.8, Vol.4, Dec 3, Wed 2008 ထုတ်တွင် 
ဖော်ပြပါရှိသော တင်နိုင်တိုး၏ "ပုဂ္ဂိုလ်ထူးတို့၏ ဘ၀တကွေ့၊ မြန်မာနိုင်ငံမှ စက်ရုပ် တီထွင်သူ" , my.wiki
Photo Credit : Original Uploader
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


ကိုင်ပိုင် Private အရမ်းအရေးကြီးတဲ့ ပုံတွေကို အကောင်းဆုံး Lock ချထားပေးနိုင်တဲ့-Vault-Hide SMS, Pics & Videos v6.2.20.22 APK

Posted: 03 Nov 2015 04:58 AM PST


 ဒီဆော့ဝဲလေးကိုတော့ သိပြီးသား ဘော်ဒါတွေလည်းရှိကြမှာပါ.. မသိသေးတဲ့ ဘော်ဒါတွေကတော့ မိမိဖုန်းထဲမှာ Private လို့ ခေါ်တဲ့ သူများကို မမြင်စေချင်တဲ့ အရမ်းအရေးကြီးတဲ့ ပုံတွေကို Lock ချထားချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလေးကိုသာ ဆောင်ထားစေချင်ပါတယ်ခင်ဗျား...။ ဟိုတစ်နေ့က ကျနော့်ဖုန်းအားသွင်းရင်း ရေချိုးသွားနေတုန်း ဘော်ဒါတစ်ယောက်က ဖုန်းကို ကိုင်ကြည့်တာနေမယ်..ကျနော်က ဖုန်းကိုတော့ Lock Screen တော့ မချထားဖူး။ ဒါပေမယ့် ဖုန်းထဲရှိတဲ့ သူများကို မမြင်စေချင်တဲ့ Viber, Whatspp စတဲ့ Private တွေအားလုံးကို Lock ချထားတော့ မောင်မင်းသားကြီး စိတ်ပျက်သွားတယ်ထင်တယ်။ ကျနော်ပြန်လာတော့ မင်းဟာကလည်း အကုန်ပိတ်ထားဆိုပဲ ငေးငေး...။ တကယ်လည်းလိုအပ်ပါတယ်၊ ရိုးသားမှုကို ၀န်ခံဖို့က၊ ခက်ခဲနေပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကိုယ်စိတ်ကိုနားလည်တဲ့သူ ကိုယ့်ရဲ့အနေအထိုင်ကို သိတဲ့သူ မဟုတ်တဲ့ တစ်စိမ်းရဲ့ စိတ်ထားနဲ့ ကိုယ်ပိုင် Private တွေကို လုံးဝကြည့်ခိုင်းထာမျိုး..ရိုးသားပေးလိုက်တာမျိုးကိုတော့ မဖြစ်သင့်ဖူးလို့ထင်ပါတယ်..။(အနော့်ရဲ့ ခံယူချက်လေးပါ)  ဖုန်းထဲရှိရှိသမျှ၊ File, Folder, Photo, Apk အစ System Application ပေါင်းများစွာကို စိတ်ချချနဲ့ Lock ချထားပေးနိုင်မှာပါ။ Size 2.95 MB ရှိပါတယ်၊ 2.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။






Download Here

♪ အပြင်မှာတကယ့်ကားအစစ်မောင်းရသလိုမောင်းနှင်ရမယ့် - Dr. Driving v1.46 Apk + Mod (1-Nov) ♫

Posted: 03 Nov 2015 03:06 AM PST

Cover art

ကားမောင်းဝါသနာပါသူများအတွက် Dr. Driving ဆိုတဲ့ ကားမောင်းဂိမ်းကောင်းကောင်းလေးတစ်ခု တင်ပေး လိုက်ပါတယ်ဗျာ။ တကယ့်ကားအစစ်ကိုမောင်းနေရသလိုပါဘဲ စီယာတိုင် ၊ ဘရိတ် ၊ လီဗာ စတာတွေကိုလို အပ်သလို ထိန်းချုပ်ပြီး မောင်းနှင်ရမှာဖြစ်ပါတယ်ဗျာ။ အဆင့်တွေကလည်းအများကြီးဘဲဗျို့ အတော်လေးမိုက်ပါတယ်။ ကားပါကင်ထိုးရတဲ့ အဆင့်တွေလည်းပါတယ်ဗျာ။ ဟိုင်းဝေးလမ်းကြောင်းမှာ အမြန်မောင်းရမယ့် အဆင့်တွေ ၊ အချိုးအကွေ့တွေများတဲ့အဆင့်တွေ ၊ သတ်မှတ်ထားတဲ့ ဆီပမာဏ အတိုင်းမောင်းနှင်ရမယ့် အဆင့်တွေအများကြီးပါဘဲဗျာ။ Hack ထားပြီးသား ဖြစ်တဲ့အတွက် ကားတိုက် ရင် ပြင်ရမယ့် ပိုက်ဆံအတွက် လည်းပူစရာမလိုပါဘူး။ ပြီးတော့ ကားတွေအားလုံးကိုလည်း Hack ထားတဲ့ အတွက် စိတ်ကြိုက်ကားတွေကို ယူမောင်းရုံပါပဲ။ စီယာတိုင်ကို ဘယ်မောင်း ညာမောင်း ကို မိမိအားသန် သလို ပြောင်းပြီးကစားနိုင်ပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။



  Dr. Driving- screenshot

  Dr. Driving- screenshot

  Dr. Driving- screenshot




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Theme ဒီဇိုင်းအလန်းစားလေး - Outer Space – Solo Theme

Posted: 03 Nov 2015 02:37 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Note3 lock screen လေးနဲ့ဖုန်းမှာလန်းနိုင်မယ့် - Note3 lock screen

Posted: 03 Nov 2015 02:24 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

စက်ရုပ်ဖိုက်တင်ဂိမ်းလေး - Real Steel HD v1.26.1 Apk

Posted: 03 Nov 2015 02:06 AM PST

apk download

Download APK       OBB     
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ နယ်လှည့်ပြီးဖဲရိုက်ရမယ့်ဂိမ်း - Governor of Poker 2 Premium V2.0.16 Apk + MOD (27-Oct) ♫

Posted: 03 Nov 2015 01:53 AM PST

   Governor of Poker 2 Premium- screenshot

ဒီဂိမ်းလေးကိုကျွန်တော်အသစ်ထွက်လာတိုင်း တင်ပေးနေကြဖြစ်ပါတယ်ဗျာ။ အရမ်းကစားလို့ကောင်းတဲ့ Game လေးတစ်ခုဖြစ်နေလို့ပါ။ အခုတင်ပေးလိုက်တဲ့ Game လေးကတော့ တင်ပေးနေကြသမရိုးကျ ဂိမ်းတွေ ၏နဲ့မတူပါဘူးဗျာ။ ပုံကိုကြည့် လိုက်တာနဲ့တင်သိမှာပါ။ ဖဲရိုက်ရမယ့် Game ဖြစ်ပါတယ်ဗျာ။ နယ်တကာလှည့်ပြီးဖဲရိုက်ရမှာပါ။ နိုင်သွား ရင်တော့ လိုချင်တာတွေဝယ်နိုင်တာပေါ့ဗျာ။ရှိုးကစားရမှာနော် ရှိုးဆိုတော့လည်း အေးအေးဆေးဆေးနဲ့ ဦးနှောက်သုံးပြီးကစားရမှာပေါ့။ ကျွန်တော်တင်ပေးလိုက်တာ Hack ထားပြီးသား Game လေးဖြစ်လို့ စိတ်ကြိုက်ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ လိုက်မလား ပြေး မလား ခေါ်မလား ပုံအောမလားပေါ့ဗျာ။ ဟဲဟဲဟဲ ကြားဖူး နားဝလေးတွေပြောပြတာပါ။ တော်တော်စိတ်ဝင် စားဖို့ကောင်းတဲ့ Game လေးဖြစ်လို့ လိုချင်ရင်အောက်က Link မှာ ဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာကစား နိုင်မှာဖြစ်ပါတယ်ဗျာ။





   Governor of Poker 2 Premium- screenshot

   Governor of Poker 2 Premium- screenshot

   Governor of Poker 2 Premium- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ထူးခြားတဲ့ Launcher အလန်းစားလေး - Square 3d Smart Launcher Theme

Posted: 03 Nov 2015 01:37 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Launcher ဒီဇိုင်းအလန်းလေး - Pale 3D Next Launcher & Locker Theme

Posted: 03 Nov 2015 01:27 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ Digital Life Journal Issue Vol-4 ၊ Issue 27 (2.11.15) ♫

Posted: 03 Nov 2015 01:22 AM PST


Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(4), Issue (27) ကို တင်ပေးလိုက်ပါတယ်ဗျာ။ 2-November ရက်နေ့ထွက်ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ပင်လယ်ကမ်းခြေဒီဇိုင်းလေးနဲ့လန်းနိုင်မယ့် - Beach Real Live Wallpaper

Posted: 03 Nov 2015 01:12 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ သီချင်နားထောင်ဖို့အတွက် အကောင်းဆုံး - jetAudio Music Player+EQ Plus v6.3.0 Apk (31-Oct) ♫

Posted: 02 Nov 2015 09:48 PM PST

Cover art

သီချင်းနားထောင်ရသာဝါသနာပါသူများအတွက် Android Phone မှာ သီချင်တွေကိုနားထောင်နိုင်ဖို့ အတွက် အကောင်းဆုံး Player တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ JetAudio Player လေးတစ်ခု တင်ပေးလိုက်ပါတယ် ဗျာ။ Jet Audio Player ကတော့ PC မှာကတည်းက နာမည်ကြီးပြီးလူသုံးများတဲ့ Player ဖြစ်ပါတယ်။ အခု Android Version မှာထွက်လာတဲ့ Player ကိုလေ့လာကြည့်ရသလောက်တော့ သူ့မှာ Audio အတွက် Feature အများကြီးပါဝင်ပါတယ်။ အသံတွေကို မိမိလိုသလိုချိန်ညှိနိုင်မယ့် Equalizer လည်းပါဝင်ပါတယ်။ အချို့သော သီချင်းတွေမှာအသံတွေတိုးနေလို့ နားထောင်ဖို့အဆင်မပြေ ရင်လည်း အခု JetAudio Player နဲ့ အသံကိုမြှင့် တင်ပြီးနားထောင်မယ်ဆိုရင် အဆင်ပြေပြေ နားထောင်နိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ File Type ကတော့ MP3, WAV, OGG, FLAC, M4A, MPC, TTA, WV, APE, MOD စတာတွေအပြင်အခြားသော Audio Format ပေါင်းများစွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

-- Features for Plus version only --
* 20-bands graphic equalizer
* Tag Editor (MP3, FLAC, OGG, M4A)
* Display lyrics in tag (Unsynchronized lyrics)
* 2 lock screens
* 14 app widgets : 4x1 (#2), 4x2 (#3), 4x3 (#3), 4x4 (#3), 3x3, 2x2, 2x3
* Pitch shifter
* Precise playback speed control (50% ~ 200%)
* Light Gray/White theme for browser (Plus only)
* Grid mode for Artist/Song/Folder/Genre browser
* Adjust FF/REW interval
* Expanded notification bar (for JB)
* MIDI playback (using jetAudio WaveTable MIDI synthesizer engine)
-- Features for Basic/Plus version --
* Can choose between 3 List modes or 10 Grid modes for layout style
(In Basic version, layout style can be chosen in Album browser only)
* Find on YouTube
* Last.fm (requires official Last.fm app)
* X-Wide, Reverb, X-Bass sound effects
* AGC (automatic gain control) to avoid volume fluctuations between tracks
* Speed control from 50% to 200% (pitch adjusted)
* Crossfading, Gap-less playback
* Fade-in/Fade-out
* Repeat A<->B
* Browser and play music by artits, albums, songs, playlists, genres and folders
* Balance/Volume control
* Sleep timer up to 24 hours
* Flick up to post what you're listening to on Facebook/Twitter
* Flick down to show Now Playing
* Flick left/right to play next/previous
* Lock screens
* Headset button control (Bluetooth headset)
- press to pause/resume
- double/triple press to play next/prev
- long press to mute or TTS (time, title)
* Bluetooth headphone button control
* Send track information via Bluetooth AVRCP 1.3
* Multi-select function (Delete/Add to playlist)
* Keep screen on, Lock orientation options
* Shake to play next/previous track
* Supporting formats:




   jetAudio Music Player+EQ Plus- screenshot         jetAudio Music Player+EQ Plus- screenshot    
   jetAudio Music Player+EQ Plus- screenshot         jetAudio Music Player+EQ Plus- screenshot   
   jetAudio Music Player+EQ Plus- screenshot          jetAudio Music Player+EQ Plus- screenshot   
   jetAudio Music Player+EQ Plus- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment