The Irrawaddy's Blog |
- ဆာလောင်နေတဲ့ ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ခရီးသွားဧည့်သည်များ
- ဥရောပမှာလူကြိုက်များနေတဲ့ Peugeot 308 နှင့် Volvo V60
- "နင်ရှိမယ့်နေရာဆီသို့" နဲ့ ပရိတ်သတ်ဆီ အရောက်ပြန်လာမယ့် အိမ်မက်ဆုံရာ အဆိုရှင်အောင်မြင့်မြတ်
- မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေမြင့်တက်လာနိုင်မယ့် တရုတ်အန်နီမေးရှင်းတခု အွန်လိုင်းတွင်ပျံှ့နှံ့
| ဆာလောင်နေတဲ့ ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ခရီးသွားဧည့်သည်များ Posted: 11 Nov 2015 11:07 PM PST တန်ဇန်နီးယားနိုင်ငံ Serengeti အမျိုးသားဥယျာဉ်တခုမှာ တိရိစ္ဆာန်များရဲ့ သဘာဝကို ကြည့်ရှု့ဖို့ရန် လာရောက်လည်ပတ်သူ ခရီးသွားတွေရဲ့မော်တော်ကားတာယာတွေကို ခြင်္သေ့တွေက သူတို့ရဲ့အစာတခုလို ကိုက်ဖြတ်စားသုံးခဲ့တဲ့ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အဆိုပါ ဥယျာဉ်သို့ လာရောက်လည်ပတ်သူ ခရီးသွားတွေဟာ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရ တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားဆန်ဆန် ဒီဖြစ်ရပ်ဟာ ဒီလအစောပိုင်းလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့ ခြင်္သေ့တွေက မော်တော်ကား တာယာတွေကို ကိုက်ဖြတ်စားသုံးနေတဲ့ ပုံရိပ်များအား တန်ဇန်နီးယားနိုင်ငံရဲ့ Arusha မြို့မှ ဧည့်လမ်းညွှန်တဦးဖြစ်တဲ့ Emmanuel Bayo က ရိုက်ကူးမှတ်တမ်းတင်ထားခဲ့တာပါ။ ပုံထဲမှာ မြင်ရတဲ့အတိုင်းဆိုရင် ခြင်္သေ့တွေက မော်တော်ကားတာယာတွေကို နာရီအတော်ကြာ ကိုက်ဖြတ်စားသုံးနေမှုဟာ အဆိုပါခြင်္သေ့တွေအနေနဲ့ ဆာလောင်မွတ်သိပ်နေတဲ့ အနေအထားမျိုး ရှိနိုင်တယ် လို့ သတင်းက ဆိုပါတယ်။ မျက်မြင်သက်သေလည်းဖြစ်ပြီး ဒီပုံများကိုလည်း မှတ်တမ်းတင်ခဲ့တဲ့ ဧည့်လမ်းညွှန်က အဆိုပါခြင်္သေ့တွေဟာ ဥယျာဉ်ထဲမှာ တော်တော် ဆာလောင်နေကြပုံရပြီး ဒီလို ခရီးသွားတွေကို တိုက်ခိုက်မှုဟာ ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။ ဓာတ်ပုံထဲမှာ ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခံနေရတဲ့ ခရီးသွားမော်တော်ကားတစီးကတော့ တာယာတွေ ကွဲပြဲ ပျက်ဆီးသွားပြီး ခြင်္သေ့တွေရန်မှ ကင်းလွတ်သွားသလား ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။ Ref:People's daily china | ||||
| ဥရောပမှာလူကြိုက်များနေတဲ့ Peugeot 308 နှင့် Volvo V60 Posted: 11 Nov 2015 10:06 PM PST
ဥရောပကားဈေးကွက်မှာPeugeot ရဲ့ မော်ဒယ်တခု ဖြစ်တဲ့ 308 ရဲ့ ဈေးကွက်အောင်မြင်မှုက ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာ မဟုတ်ပေမယ့် လူကြိုက်များမော်ဒယ်တွေထဲမှာ နှစ်ပေါင်းများစွာကြာအောင် ထိပ်တန်းစာရင်းဝင်အနေနဲ့ နေလာနိုင်ခဲ့တာပါ။ အခုတော့ သူ့အတွက် နောက်ထပ် ပြိင်ဖက်ကောင်းတခု ဈေးကွက်မှာ မြင်လာရပါတယ်။ သူကတော့ Volvo ရဲ့ မော်ဒယ်သစ် V60 ဖြစ်ပါတယ်။ အောက်ဖက် အထိုင်စနစ်ကို ကမ္ဘာ့အရိုးရှင်းဆုံးပုံစံအဖြစ် အခုနှစ်ထဲမှာ ဖန်တီးထုတ်လုပ်လာနိုင်ပြီး ဒီစနစ်ရဲ့အားသာချက်နဲ့ အတူမော်ဒယ်တွေလည်း ရောင်းအားကောင်းလာပါတယ်။ အခု V60 လည်း ဈေးကွက်မှာ အချိန်တိုအတွင်း ဈေးကွက် နေရာရရှိလာမှုက 308 အတွက်တော့ စိုးရိမ်စရာပါ။ ဒါပေမယ့်တခုရှိတာက Volvo ရဲ့ မော်ဒယ်တွေက ပုံမှန်ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးနည်းနည်းများနေတာ တခုကချက်ချင်းကြီးတော့ ဈေးကွက်အနေအထားကို ပြောင်းလဲမပြစ်နိုင်ပါဘူး။ ဟုတ်ပါပြီ၊ ဒါကတော့ ကျွန်တော်က ဈေးနှုန်းအနေအထား ဘက်ကနေကြည့် ပြီး သုံးသပ်ပြတာဖြစ်ပေမယ့် အောက်ဖက်မှာတော့ ကျွန်တော်တို့ သူတိုရဲ့ စွမ်းဆောင်ရည် အပိုင်းလေးတွေကို အလေးထားလေ့လာ ကြည့်ရအောင်ပါနော်။ အားသာချက် … V60 မော်ဒယ်မှာ ဆန်းသစ်တဲ့ထူးခြားချက် တချက်တွေ့ရတာကတော့ အင်ဂျင်စနစ်တခုပါ၊ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲတော်တော်များများ ထုတ်လုပ်ထားတာတွေ့ရပေမယ့် Drive-E အင်ဂျင်စနစ်နဲ့ တပ်ဆင် ထုတ်လုပ် ထားတဲ့ မော်ဒယ်တွေဆိုရင် စက်သုံးဆီအသုံးပြုမှုအပိုင်းမှာရော နောက်ပြီးစွမ်းဆောင်ရည် အပိုင်းမှာပါ ကောင်းမွန်တာတွေ့နိုင်သလို အင်ဂျင်ရဲ့ ၀န်တင်ရုန်းကန်ရမှုလည်း အားနည်းတာကြောင့် ရေရှည်အတွက်ပါ စိတ်ချရမှာ ဖြစ်ပါတယ်။ မောင်းနှင်ရမှုအပိုင်းမှာရော နောက်ထပ်လက်ကိုင်ပိုင်းမှာပါ ဟန်ချက်ညီတာ တွေ့နိုင်ပြီးအထူးသဖြင့် အဝေးပြေးလမ်းတွေပေါ်မှာ ကိုယ်ထည်ရဲ့ လိုက်ပါ ရွေးလျားမောင်းနှင်နိုင်မှု အထူးသိသာကောင်းမွန်တာပဲဖြစ်ပါတယ်။ ထိုင်ခုံပိုင်းတည်ဆောက်မှုလည်း ကောင်းမွန်ပြီးသက်တောင့် သက်သာရှိတာ ပြိုက်ဖက်မော်ဒယ်တွေထက် ကောင်းနေပြန်ပါတယ်။ သိသာပေါ်လွင်တဲ့ ဒီဇိုင်းလည်း ရှိသလိုအသက်ကယ်စနစ်နဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေမှာရမှတ်ကောင်းတွေ ပိုင်ဆိုင်ထားတာတွေ့ရပြန်ပါတယ်။ 308 မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းအထိုင်တည်ဆောက်မှုက စိတ်ကြိုကအနေအထား ဖြစ်ပြီးတော့ သံမဏိကို ဦးစားပေးပြီး Monocoque ပုံစံနဲ့ ဖန်တီးထားတာဖြစ်သလို ကားရဲ့အလေးချိန်ကိုလည်း ၁၃၉၅ ကီလိုဂရမ်ပဲ ရှိအောင် ဖန်တီးထားတာပါ။ Drag လုပ်ဆောင်နိုင်မှု အထူးကောင်းမွန်ပြီး အများဆုံးနှုန်းက ၀.၃၀ ဖြစ်သလို တကယ်လို့ ၁၈ လက်မ ဘီးတွေကို တပ်ဆင် စီးနင်းမယ်ဆိုရင် ပတ်လမ်းမောင်း မော်ဒယ်အနေနဲ့ပါ အပျော်စီးနိုင်မှာဖြစ်ပါတယ်။ Suspension စနစ်မှာရှေ့ဖက်ကို MacPherson အထိုင်ထားပြီး Coil Springs နဲ့ Anti-Roll တွေကို အကူထိုင်ထားဖန်တီးထားတာ တချက်ကအားရစရာပါ။ နောက်ဖက်ဆိုရင်လည်း Torsion Beam ကိုထိုင်ထားတာကပုံမှန် အိမ်စီးကားမော်ဒယ်တွေမှာ အတွေ့ရနည်းတာဖြစ်ပေမယ့် လမ်း ကြမ်းပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေတဲ့ အားသာချက်တချက်တော့ ရလာပါလိမ့်မယ်။ အားနည်းချက် … V60 မော်ဒယ်က တန်ကြေးပိုင်းမှာတော့ ပြိုင်ဖက်မော်ဒယ်တွေထက် နည်းနည်းများနေတာ တချက်က လူ ကြိုက်နည်းစေတာတွေ့နိုင်ပြီး ဘီးစုံယက်စနစ်နဲ့ မော်ဒယ်တွေက လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မှာ အထူးကောင်းမွန်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုလို အပိုင်းတွေကအစ အားနည်းသွားတာ တွေ့ရသလို တခြားမော်ဒယ်တွေထက် ဆီစားလည်းများချင်နေတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီမော်ဒယ်တွေမှာပဲ လက်ကိုင်ပိုင်းက တခြားပြိုင်ဖက်မော်ဒယ်တွေထက် မြန်နှုန်းမြင့်မြင့် မောင်းနှင်နေချိန်တွေမှာ အားနည်းတာ တွေ့ရတာပဲ ဖြစ်ပါတယ်။ 308 ရဲ့ အားနည်းချက်တခုက လက်ကိုင်ပိုင်းဖြစ်ပြီးတော့ သူကအမြန်နှုန်းမြင့်မြင့် မောင်းနှင်မှုတွေမှာတည်ငြိမ်မှု အားနည်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ကတော့ အိမ်စီးမော်ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်လို့ ပြစ်ချက်လို့တော့ ပြောလို့ မရပါဘူး။ နောက်တချက်က စွမ်းဆောင်ရည်ပိုင်းဖြစ်ပြီးတော့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေမှာ အားနည်းချင်တာ ဖြစ်ပါတယ်။ ပြီးတော့ အင်ဂျင်လည်ပတ်အားများများနဲ့ မောင်းနှင် နေချိန်တွေမှာဆူညံသံပေးတာတချက်က အဆင့်မြင့်မော်ဒယ်တွေနဲ့ ကွဲထွက်သွားစေတာဖြစ်ပါတယ်။ အင်ဂျင်ပိုင်း … V60 ရဲ့ အလေးချိန် ၃၅၂၇ ပေါင်နဲ့ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ပေါင် ၁၁၀၀ အတွက်ပါ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ပုံမှန်လေးလုံးထိုး အင်ဂျင်စနစ်ပဲဖြစ်ပြီး ၂.၀ လီတာသုံး အရွယ်ပါ။ အင်ဂျင်လည်ပတ်အား တမိနစ်ကို အပတ်ရေ ၁၅၀၀ မှာ ရုန်းအား ၁၅၈ ပေါင်-ပေထိအောင် ရှိနေပြီး မြင်းကောင်ရေ ၂၄၀ အားထိအောင် ထွက်ရှိမှာပါ။ ဒီအနေအထားက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအတွက်ပါ အား ကောင်းအောင် အခြေခံအင်ဂျင်လည်ပတ်အားကို နှိမ့်ထားတာဖြစ်ပေမယ့် အမြင့်ဆုံးလည်ပတ်နှုန်းမှာတော့ ဆီစားကို ချိုချင်တာကြောင့် အပတ်ရေ ၅၆၀၀ ထိပဲ လည်ပတ်စေမယ့် အနေအထားက အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာ အားနည်းသွားစေတာလည်း ဖြစ်ပါတယ်။ V60 ကတော့ ရှေ့ဖက်အင်ဂျင်ထိုင်စနစ်နဲ့ ၁.၆ လီတာသုံး မပြည့်တဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး Turbo စနစ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒီဇယ်ဆီစနစ်သုံးအင်ဂျင်စနစ် ဖြစ်တာကြောင့် နောက်ပိုင်းဥရောပမှာ ဒီဇယ်ကားတွေ ကန့်သတ်ချက်များလာရင် အခု 308 လို မော်ဒယ်တွေ စွမ်းဆောင်ရည် ပိုကောင်းရင်ကောင်း၊ မကောင်းရင် အာရှနဲ့ အခြားဈေးကွက်တွေဖက် အများအပြား ရောက်ရှိလာနိုင်သလို ဈေးနှုန်းလည်း ကျလာပါလိမ့်မယ်။ ဒါပေမယ့် အင်ဂျင်စနစ်ကတော့ ဓါတ်ငွေ့ ထုတ်လွှတ်မှုနှုန်းပါ လက်ရှိအနေအထားကတော့ အပြစ်ပြောစရာတချက်မှ မတွေ့ရပါဘူး။
မောင်းနှင်နိုင်မှု … V60 မော်ဒယ်က အခုဥရောပမှာ လူကြိုက်များတဲ့ ဂီယာချက် အများအပြားသုံးနိုင်တဲ့ မော်ဒယ် ဖြစ်အောင် ဖန်တီးထားတာတွေ့ရပြီးဂီယာချက် ၈ ချက်ကို Auto စနစ်နဲ့ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ အထက်မှာပြောခဲ့ပြီးသလို လည်ပတ်အားနည်းနည်းနဲ့ စွမ်းအင်ထွက်ရှိမှု ကောင်းတာကြောင့် တနာရီမိုင် ၆၀ နှုန်းကို အချိန် ၆.၄ စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဒါဟာနာမည်ကြီး BMW 328i နဲ့ Audi Allroad တွေထက်ကိုပဲ နည်းနည်းပိုမြန်ချင်နေသေးတာလည်း ဖြစ်ပါတယ်။ အခုကျွန်တော် ပြောနေတဲ့ ၂.၀ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေထက် အင်ဂျင်စနစ် ပိုကြီးတဲ့ မော်ဒယ်ခွဲတွေလည်းရှိသေးပြီး သူတို့ကတော့ လမ်းကြမ်းပိုင်းအတွက် ပိုပြီးအလေးထားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 308ရဲ့ အင်ဂျင်ကနေ ထုတ်လုပ်ပေးနိုင်မယ့် စွမ်းအင်ပမာဏကရုန်းအား ၁၉၉ပေါင်-ပေမှာ မြင်းကောင်ရေ ၁၁၄ ကောင်အား ဖြစ်ပြီးတော့ မိသားစုသုံးငါးယောက်စီး မော်ဒယ်အတွက်ကတော့ အနေတော်လောက်ပါပဲ။ Transmission အပိုင်းမှာကြည့်မယ်ဆိုရင် ဂီယာချက် ၆ ချက်ကို အသုံးပြုမောင်းနှင်နိုင်မယ့် Manual စနစ်ကို ထည့်သွင်းတပ်ဆင်ထားတာတွေ့ရပြီး ဆီစားနှုန်းအပိုင်းသက်သာစေနိုင်မယ့် စနစ်ဖြစ်ပေမယ့် ပြည်တွင်း မှာတော့ ဒီစနစ်က လူကြိုက်နည်းစေနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ တနာရီမိုင် ၆၀ နှုန်းကို အချိန် ၁၀.၁ စက္ကန့်ထိအောင် ယူမယ်ဆိုတဲ့ အနေအထားကတော့ တခြားအိမ်စီးမော် ဒယ်တွေထက် နှေးနေတာပါ။ သုံးသပ်ချက် … ကျွန်တော်တို့ အနေနဲ့ ဇိမ်ခံမော်ဒယ်တစီးကို ဆီတဂါလံ ဘယ်လောက်စီးရမယ်ဆိုရင် ကျေနပ်နိုင်ပါ့မလဲဗျာ၊ သေချာတာကတော့ အင်ဂျင် အရွယ်ကိုထည့်မတွက်ပဲ ဇိမ်ခံမော်ဒယ်ဆိုရင် ပျမ်းမျှ မိုင် ၂၀ ကျော်လောက် စီးရမယ်ဆိုရင် မဆိုးပါဘူး။ အခု V60 ကတော့ ဆီတဂါလံကို ပျမ်းမျှ ၃၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ် ဆိုတော့ ဟုတ်ပါပြီ၊ ကျွန်တော်တို့ ဒီတချက်ကို အမှတ်ပေးလိုက်ပါပြီနော်၊ နောက်တချက် ဘရိတ်ပိုင်း၊ မော်ဒယ်က အသက်ကယ်စနစ်စုံ၊ ကိုယ်ထည်ပိုင်းအကြမ်းခံနိုင်မှု ထိပ်တန်းအဆင့်နဲ့ ဘရိတ်ပိုင်း စွမ်းဆောင်ရည်က တနာရီမိုင် ၆၀ နှုန်းကနေရပ်တန့်မယ်ဆိုရင် ပေ ၁၁၀ ပဲ ယူမယ် ဆိုတာက အကောင်းဆုံးအနေအထားဖြစ်နေပြန်ပါတယ်။ ဟုတ်ပါပြီ၊ ကျွန်တော်တို့ 308 ကို တချက်လောက် ပြန်ကြည့်ရအောင်ပါ။ ဆီတဂါလံကို ပျမ်းမျှ ၄၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်ဆိုတဲ့ မော်ဒယ်က လုံခြုံစိတ်ချရမှုအပိုင်းမှာလည်း နိုင်ငံတကာကားစစ်ဆေးမှုအဖွဲ့တခု ဖြစ်တဲ့ Euro NCAP ရဲ့ အကြမ်းခံမှု ဆိုင်ရာစစ်ဆေးချက်မှာ ကြယ်ငါး ပွင့်လုံးအပြည့်ရထားတာတချက်ကတော့ အားရစရာပါ။ ဒါဆိုရင်တော့ ဟုတ်ပါပြီ၊ V60 က ဈေးမြင့်မယ်၊ ဇိမ်ခံတန်းဝင်မယ်၊ 308 က ဈေးချိုမယ်၊ ပုံမှန် အိမ်စီးမော်ဒယ်လောက်ပဲ ဖြစ်မယ်။ ဒါဆိုရင် အရည်အသွေး ပိုင်းတွေမှာတော့ ထူးပြီးပြောစရာမရှိတော့ပါဘူး။ ကိုယ်တိုင်ပဲဇိမ်ခံလိုချင်သလား၊ ပုံမှန် လိုချင်သလားရွေး ချယ်ရတော့မှာပါနော်။ လင်းထက်(IA) | ||||
| "နင်ရှိမယ့်နေရာဆီသို့" နဲ့ ပရိတ်သတ်ဆီ အရောက်ပြန်လာမယ့် အိမ်မက်ဆုံရာ အဆိုရှင်အောင်မြင့်မြတ် Posted: 11 Nov 2015 02:25 AM PST
ပရိသတ်အားပေးမှုတော်တော်များများရရှိခဲ့ကာ အိမ်မက်ဆုံရာ အစီအစဉ်၏ ၂၀၁၃ ခုနှစ်အတွင်းက winner ဆုနဲ့ popular choice ဆု ရရှိခဲ့တဲ့ အဆိုတော် အောင်မြင့်မြတ်ရဲ့ တကိုယ်တော်တေးစီးရီး "နင်ရှိမယ့်နေရာဆီသို့ …" တေးစီးရီး ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုရရှိခဲ့ပြီး စိတ်ဝင်စားမှုရရှိခဲ့ပေမယ့် ကြားထဲမှာ ဂီတနဲ့ပတ်သတ်လို့ ဘာသံမှ မကြားဖြစ်ခဲ့တာက တကိုယ်တော်တေးစီးရီးထွက်ရှိဖို့ ငွေကြေးစုဆောင်းနေခဲ့တာကြောင့် အခုလို ကြန့်ကြာနေခဲ့တာလို့ သိရပါတယ်။ အခု ထွက်ရှိလာမယ့် "နင်ရှိမယ့် နေရာဆီသို့ …" တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပြီး ထူးခြားမှုအနေနဲ့ တေးသံရှင်ကိုင်ဇာရဲ့တချိန်က နာမည်ကြီးခဲ့တဲ့ "ကိုယ်ငိုနေမယ် မိုးသည်းထဲ" ဆိုသော တေးသီချင်းကိုလည်း ပြန်လည်သီဆိုထားတာ တွေ့ရပါတယ်။ ဒီတေးစီးရီးမှာ နာမည်ကြီးတေးရေးဆရာများစွာပါဝင်ပြီး ကိုင်ဇာ၊ သောမတ်စ်၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ R ခိုင်၊ လင်းလင်း၊ အောင်ကိုမြင့်၊ အောင်မြင့်မြတ်နဲ့ Soe.B တို့ပါဝင်ရေးသားထားကြတာပါ။ အဆိုတော်ကိုင်ဇာရဲ့ မိုးသီချင်းကို ပြန်လည်သီဆိုပြီး ထည့်ဖြစ်ရတဲ့အကြောင်းကိုတော့ အောင်မြင့်မြတ်က "ဒီသီချင်းကို ကျနော် တအားကြိုက်လို့ပါ။ ဒီသီချင်းကို ဆိုတုန်းက ကျနော် အသံသွင်းနေရင်း ငိုပြီးမှခဏရပ် ပြီး ပြန်ဆိုရတယ်။ ဒီသီချင်းကြိုက်တာကလည်း ဒီသီချင်းရဲ့ အကြောင်းအရာကိုပေါ့။ ဒီသီချင်းကလည်း အရမ်းအောင်မြင်ခဲ့တာလေ။ ဒါပေမယ့် အောင်မြင်ခဲ့လို့ ပြန်ဆိုတာတော့ မဟုတ်ဘူး။ အရမ်းကြိုက်လို့ ပြန်ဆိုဖြစ်တာပါ။ ပြန်ဆိုတဲ့အခါ ဦးကိုင်ဇာကို မမီိမှာ စိုးရိမ်လားဆိုရင် အဲလိုတော့ မရှိပါဘူး။ ကျနော်ကြိုးစားထားတဲ့ အရာတခုကတော့ ကျနော်ဆီပြန်လာမှာပါ" လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။ အဆိုတော် အောင်မြင့်မြတ်ရဲ့ ပထမဆုံးတကိုယ်တော်တေးစီးရီး "နင်ရှိမယ့် နေရာဆီသို့…" ကို နိုဝင်ဘာ ၂၁ ရက်မှာ တနိုင်ငံလုံးကို ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ယုမွန်ကျော် | ||||
| Posted: 11 Nov 2015 02:37 AM PST ထိုင်ဝမ်အခြေစိုက် Next Media Animation TV ဆိုတဲ့ ဖေ့ဘုတ်အွန်လိုင်းစာမျက်နှာတခုမှ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လက်ရှိအာဏာရပါတီဖြစ်တဲ့ စစ်အစိုးရကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ထွက်ရှိလာတဲ့ မဲအရေအတွက်ရဲ့ ရလဒ်တွေအရ တောင်ပြိုကမ်းပြိုအနိုင်ရရှိသွားပါတယ်ဆိုပြီး အန်နီမေးရှင်း(Animation) တခုကို ပြုလုပ်ဖော်ပြလာပါတယ်။ ဒီ အန်နီမေးရှင်းရဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရည်ရွယ်ပြသထားပုံတွေကို ကြည့်ပြီး တချို့သော မြန်မာပြည်သူတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ဖော်ပြလာသလဲဆိုတာကို သို့လောသို့လော ဝေဖန် ပြော ဆိုနေကြပါတယ်။ ဧရာဝတီပရိတ်သတ်တွေအနေနဲ့ရော ဒီအန်နီမေးရှင်းကို ကြည့်ပြီး လွတ်လပ်စွာ တွေးခေါ် စဉ်းစား ဝေဖန် နိုင်ပါကြောင်း…။ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |















0 comments:
Post a Comment