The Irrawaddy's Blog |
| ထိုင်းနိုင်ငံရဲ့အရှည်လျားဆုံးမိုးမြင့်လျှောက်လမ်းကြီးချင်းမိုင်မြို့တွင်ဖွင့်လှစ်မည် Posted: 16 Nov 2015 11:21 PM PST ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ စီရီကစ်ဘုရင်မကြီးရဲ့ ရုက္ခဗေဒဥယျာဉ်ရှိ သစ်ပင်ထိပ်ဖျား လျှောက်လမ်း တံတားရှည်ကြီးဟာ လာမယ့်လမှာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ချင်းမိုင်မြို့မှာ နိုင်ငံခြားခရီးသွား များအတွက် ဆွဲဆောင်မှုတစ်ခုရရှိလာတော့မှာဖြစ်ပါတယ်။ ဥယျာဉ်ထဲရှိအလွန်မြင့်မားတဲ့ နေရာတစ်ခုမှာတည်ရှိသော တံတားကြီးဟာအလျားပေမီတာ (၄၀၀) ရှည်လျားမှာဖြစ်ပြီး မြေပြင်မှ အမြင့်ပေမီတာ (၂၀)မှာတည်ရှိမှာဖြစ်တယ်လို့ ရုက္ခဗေဒဥယျာဉ်အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ မစ္စတာပရာမက် ပန်စွပ် က ဆိုပါတယ်။ အဲဒီလျှောက်လမ်းရှည် တံတားကြီးဟာခြေလျင်လျှောက်လှမ်းသွားလာသူများအတွက် ဥယျာဉ်တစ်ခုလုံးကို ခြုံငုံရှုမြင်ရအောင် ဖန်တီးပေးမှာဖြစ်တဲ့အပြင် အဲဒီနေရာကနေတဆင့် ပင်လယ်မျက်နှာပြင်အထက် အမြင့်ပေ (၈၀၀)မီတာ ကျော်မှာရှိတဲ့ သစ်ပင်တောတောင်ရှုခင်းတွေကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့သူတွေကို စိတ်လှုပ်ရှားမှုရှိစေဖို့ အဲဒီတံတားလျှောက်လမ်းရဲ့ ကြမ်းခင်းတစ်နေရာ ကိုတော့ မှန်သားနဲ့ပြုလုပ်ထားမှာဖြစ်ပြီး တံတားအောက်မှာရှိတဲ့ သဘာဝတရားတွေကို အတိုင်းသား မြင်ရန်အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ မြင့်မားလှတဲ့နေရာမှာရှိမယ့် လျှောက်လမ်းတံတားကြီးဟာစတီးနဲ့ပြုလုပ်ထားတာဖြစ်ပြီး အန္တရာယ်ကင်းရှင်းရေး စံနှုန်းထားများနဲ့ ပြည့်မီတယ်လို့ မစ္စတာပရာမက်က ဆိုပါတယ်။ အဲဒီလျှောက်လမ်းတံတားကြီးတည်ရှိရာနေရာကတော့ မယ်ရင်းဒေသ၊ ဒွိုင်ဆူသက် ဘုရားနားမှာရှိတဲ့ စီရီကစ်ဘုရင်မကြီးရဲ့ ရုက္ခဗေဒဥယျာဉ်အတွင်းမှာပဲ ဖြစ်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။ http://www.bangkokpost.com/business/tourism-and-transport/766944/chiang-mai-to-open-country-longest-treetop-walkway |
| အိပ်ရာထရင် အရင်ဆုံး ဘယ်လိုလေ့ကျင့်ခန်းလုပ်မလဲ Posted: 16 Nov 2015 01:06 AM PST နံနက် အိပ်ရာထတာနဲ့ ခန္ဓာကိုယ်ကိုဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီလို မိမိရဲ့ခန္ဓာကိုယ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းလုပ်တာဟာ သွေးလည်ပတ်မှု ပိုမိုကောင်း မွန်စေပြီး တစ်နေ့တာ စားသောက်သမျှအစာတွေကို ကျေစေဖို့လည်း အထောက်အကူပြုပါတယ်။ ပြီးတော့ ခါးနာတဲ့ဝေဒနာ ခံစားနေရသူတွေအတွက် သက်သာနိုင်တယ်လို့ ဆိုပါတယ်။ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |








0 comments:
Post a Comment