The Irrawaddy's Blog |
| ပင်လယ်ငှက်တမျိုးဖြစ်တဲ့ ဂန္နက်ငှက် Posted: 20 Nov 2015 02:29 AM PST ဂန္နက်ငှက်များဟာ သမပိုင်းပင်လယ်တွေမှာ ကျက်စားလေ့ရှိတဲ့ စူလီဒေးမျိုးရင်းဝင် ငှက်ကြီးတစ်မျိုးဖြစ်ပါ တယ်။ တင်ကျီး ဆိုတဲ့ ငှက်လိုမျိုး ပယ်လီကင်နီဖောင်း အမျိုးထဲမှာ ပါသော်လည်း အသွင်အပြင်အားဖြင့် တင်ကျီးငှက် နဲ့တော့ မတူပါဘူး။ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ အနည်းငယ်ဝါပြီး သူတို့ အတောင်လေးတွေရဲ့ အဖျားပိုင်းလေးတွေဟာ မည်းနေတာကလွဲ့လို့ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတာပါ။ ကိုယ်လုံးမှာ ၃ ပေခန့်ရှည်လျားပါတယ်။ ထူးခြားတာက သူ့မှာ ဝမ်းဘဲခြေမျိုး ရှိတာပါ။ နောက် ချွန်ထက်သော နှုတ်သီးဟာ ရှည်ပြီး ကောက်နေပါတယ်။ အခြားသော ပင်လယ်ငှက်များနည်းတူ ဂန္နက်ငှက်တို့ဟာ ငါးဖမ်းရာမှာ အလွန်ကျွမ်းကျင်လှပါတယ်။ ရေ မျက်နှာပြင်ရဲ့အထက် ပေ ၁ဝဝ ခန့်အမြင့်၌ ပျံဝဲနေပြီးလျှင် ရေထဲမှာ မြင်ရတဲ့ ငါးကို ရုတ်တရက် ထိုးဆင်း၍ ဖမ်းယူနိုင်ပါတယ်။ ဂန္နက်ငှက်ဟာ ကျောက်ဆောင်များပေါ်၌လည်း အသိုက်လုပ်တတ်ပါတယ်။ သာမန်အားဖြင့် တစ်ကြိမ်လျှင် ဥတစ်လုံးသာ အုလေ့ရှိပါတယ်။ ဂန္နက်ငှက် မျိုးကွဲများလည်းရှိပါတယ်။ ဂန္နက်ငှက် အညိုမျိုးကို အပူပိုင်းဒေသပင်လယ်များတွင် တွေ့ရတတ်ပါတယ်။ |
| ရေအောက်ကမ္ဘာထဲကို ရောက်သွားသလိုခံစားရမယ့် မြေအောက်ရထား Posted: 20 Nov 2015 12:27 AM PST တရုတ်နိုင်ငံ ရှန်ဒုန်းခရိုင် ကွမ်ဒေါင်းမြို့မှာ ရေအောက်ကမ္ဘာရထားတစီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲဦးထွက် ဖန်တီးပြုလုပ်လာတယ်လို့သိရပါတယ်။ ရေအောက်ကမ္ဘာရထားဆိုလို့ ရေအောက်ကမ္ဘာထဲအထိ သွားစီးရမယ့် ရထားတော့မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ စီးရတဲ့ ရထားပါ။ ရထားထဲသို့ ၀င်ရောက်လိုက်တာနဲ့ ရေအောက်ကမ္ဘာထဲကို ရောက်သွားရသလို ခံစားရအောင် အတွင်းပိုင်းအပြင်အဆင်တွေကို ရေအောက်ကမ္ဘာလို ဖန်တီးပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ ပြောရရင်တော့ ကွမ်းဒေါင်းမြေအောက်ရထားရဲ့ အတွင်းပိုင်းအပြင်အဆင်များဟာ သရီးဒီပုံစံ ရေးဆွဲထားတဲ့ ရေအောက်ကမ္ဘာ မြင်ကွင်းတွေနဲ့ အလှဆင်ထားတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီရေအောက်ကမ္ဘာပုံစံ ပြင်ဆင်ထားတဲ့ မြေအောက်ရထားလိုပဲ သရီးဒီပုံစံရေးဆွဲဖန်တီးမယ့် အခြားသော အကြောင်းအရာပုံစံဒီဇိုင်းတွေလည်း ထပ်ထွက်လာဖို့ ရှိဦးမယ်လို့ ရထားပို့ဆောင်ရေးကုမ္ပဏီတခုက ဆိုပါတယ်။ Ref:people's daily china |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |











0 comments:
Post a Comment