Related Posts Plugin for WordPress, Blogger...

November 24, 2015

The Irrawaddy's Blog

The Irrawaddy's Blog


လွတ်လပ်ရေးနေ့တွင်ဝိုင်းစုခိုင်သိန်းရဲ့တကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးမြို့၌ ပြုလုပ်မည်

Posted: 23 Nov 2015 10:34 PM PST


အဆိုတော် ၀ိုင်းစုခိုင်သိန်း(ဓာတ်ပုံ-ယုမွန်ကျော်/ The Irrawaddy)

တေးသံရှင် ၀ိုင်းစုခိုင်သိန်းရဲ့ "ခါချနေရတယ်" တေးစီးရီး MTV ဟာ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဒီတေးစီးရီးမှာ ၀ိုင်းစုခိုင်သိန်းက အမျိုးသားတေးသံရှင် ၁၄ ဦးနဲ့အတူ  တပုဒ်ချင်းစီ တွဲဖက် သီဆိုထားတာဖြစ်ပြီး Audio ကတော့ မတ်လအတွင်းက ထွက်ရှိထားတာပါ။

နာမည်ကြီးတေးသံရှင်အမျိုးသား ၁၄ ဦးနဲ့ အတူ သီဆိုထားတဲ့ "ခါချနေရတယ်" MTV ကို ၀ိုင်းစုခိုင်သိန်းက ရိုက်ကူးမှုစရိတ်များစွာ အကုန်အကျခံကာ စိတ်တိုင်းကျ ရိုက်ကူးထားတာ ဖြစ်ပြီး ကိုယ်တိုင်လည်းပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါ့ထက် ၀ိုင်းစုခိုင်သိန်းဟာ တကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ဒီနှစ် မတ်လပိုင်းလောက်က ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိထားတဲ့သူတယောက်ပါ။

ဒါ့အပြင် လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာလည်း မန္တလေးမြို့ Mandalay Hill Resort မှာ  တကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ဦးမှာ ဖြစ်ပါတယ်။


အဲ့ဒီ တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့် ၀ိုင်းစုခိုင်သိန်းက "အခုလုပ်မယ့်ပွဲမှာ အဓိကက Perfoemance  ပိုင်းကို ပြန်ပြင်ဆင်ထားတယ်။ စတိတ်ပိုင်းရယ် lighting ပိုင်းတွေ music ပိုင်းတွေ အကုန်ပြန်ပြောင်းထားတယ် အရင်ပွဲနဲ့ မတူအောင်အကုန်လုံးပြန်ပြင်ဆင်ထားတယ်။ ရှေ့ပွဲတုန်းက ၀ိုင်းစု Sound System ပိုင်းကို အားမရခဲ့ဘူး။ အားမရဘူးဆိုတာက show မှာတုန်းက အဆင်ပြေပေမယ့် တီဗွီမှာ ပြန်ပြတဲ့အခါ အဆင်မပြေမှုလေးတွေ ဖြစ်သွားတယ်။ အဲဒီတချက်ရယ် နောက်အ၀တ်အစားကို အဲဒီတုန်းက ၁၁ စုံလဲခဲ့တယ်။ အဲဒီတော့ အ၀တ်အစားကို အသည်းအသန်ကိုလဲရတယ်။ အခုဒီပွဲမှာ အဲဒီအပိုင်းကို နည်းနည်းလျော့မယ်။  တချို့က ဒီပွဲကို ရန်ကုန်ပွဲနဲ့ တူမလားထင်ကြမယ် ။ ဒီပွဲက ရန်ကုန်ပွဲနဲ့ လုံးဝမတူပါဘူး။ အဲလိုမတူချင်လို့တောင် အချိန်ခြားပြီးမှ လုပ်ခဲ့တာပါ"လို့ ပွဲနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

ဒီပွဲမှာ ၀ိုင်းစုခိုင်သိန်းနဲ့ အတူ တေးသံရှင် R ဇာနည်၊ ဟဲလေး ၊  snare အဖွဲ့ နဲ့ စန္ဒီမြင့်လွင်တို့က ပါဝင်     ဖျော်ဖြေပေးကြမှာလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းက လေးခွေမြောက် တကိုယ်တော်တေးစီးရီးခွေအတွက်လည်း သီချင်းရွေးချယ်နေမှုအပိုင်းကို လုပ်ဆောင်နေပြီး ရှေ့နှစ်အတွင်းထွက်နိုင်အောင် ကြိုးစားနေကြောင်းသိရပါတယ်။ အနုပညာသမားဆိုတာ ပရိသတ်နဲ့ အမြဲတမ်းထိတွေ့မှုရှိနေဖို့အတွက် ၀ိုင်းစုခိုင်သိန်းက အနုပညာအလုပ်များကို ဆက်တိုက်       လုပ်နေတာပါလို့လည်း ပြောပါတယ်။


ယုမွန်ကျော်



“အရည်အချင်းရှိတဲ့ Nurse တယောက် ဖြစ်ချင်တယ်”

Posted: 23 Nov 2015 02:12 AM PST




အမည် - ဆုမြတ်မိုးသျှံ
အသက် - ၁၇နှစ် 
Technological University (TU - Thanlyin) ပထမနှစ်

အ.ထ.က (၁) သန်လျင်ကနေ ဆယ်တန်းအောင်ပါတယ်။  ပြီးတော့ TU မှာ EP မေဂျာတက်နေပါတယ်။ First year ဖြေထားပါတယ်။ အခုလက်ရှိကျောင်းပိတ်ထားတော့ သင်တန်းတွေပဲတက်ဖြစ်နေပါတယ်။ Success မှာ အင်္ဂလိပ်စာသင်တန်းတက်နေတယ်။ Scholarship ဖြေတော့ အဲဒီမှာလည်း သင်             တန်းပေးသေးတယ်။ နောက်ပိုင်းတော့ တရုတ်စာလည်း ဆက်တက်ဖို့ရှိပါတယ်။

TU တက်နေတယ်ဆိုပေမယ့် စိတ်မဝင်စားတော့ အခုကျောင်းနားတဲ့အချိန်မှာ Scholarship ဝင်ဖြေ        လိုက်တော့ အောင်သွားတယ်ပေါ့။ စင်ကာပူမှာ သွားတက်ရမှာပါ။ ဟိုမှာ ကျောင်းတက်ရင်း အလုပ်လုပ်ရမှာပေါ့။ Nursing နဲ့ သွားရမှာပါ။ ကျောင်းက (၃) နှစ်တက်ရပြီး ကျောင်းပြီးသွားရင်ဟိုကဆေးရုံမှာ (၆) နှစ်အလုပ်လုပ်ရမယ်။ TU ကိုတော့ ဖြတ်ထားခဲ့မှာပါ။ ဝါသနာပါတာလားဆိုတော့ ဆေးဝါးပိုင်းကတော့ အစကတည်းက ဝါသနာပါတာပေါ့။ ဒါပေမယ့် ၁၀တန်းအောင်တဲ့အချိန်မှာ အမှတ်နည်းတော့ဆေးကျောင်းမရ ဘူးလေ။ အဲဒါနဲ့ Scholarship ဝင်ဖြေပြီးတော့ အဲဒီမှာပဲသွားတက်ဖို့ စိတ်ကူးတာပါ။ လာမယ့် ဒီဇင်ဘာ (၂၆)၊ (၂၇) လောက်မှာ သွားဖြစ်ပါမယ်။

Scholarship က အမှတ်နဲ့ခေါ်တာပါ။ မြန်မာစာ၊ အင်္ဂလိပ်စာဆိုရင် (၆၀)၊ သင်္ချာကဂုဏ်ထူးထွက်ရတယ်။ ကျန်တဲ့ Science သုံးဘာသာကတော့ ပျမ်းမျှ (၇၆) မှတ်ပေါ့နော်။ လာဖြေတဲ့သူတွေကတော့ အများကြီးပါပဲ။ Nurse နဲ့ ကျောင်းပြီးတဲ့သူတွေတောင် လာဖြေကြတယ်။ အားလုံးပေါင်း (၁၂၈) ယောက်ပေါ့။ နောက်ပိုင်း Writing မှာ( ၅၇) ယောက်အောင်တယ်။ Oralမှာ (၄၈) ယောက်ပဲအောင်ပါတယ်။

ရည်ရွယ်ချက်က Qualified Nurse ဖြစ်ဖို့ပေါ့။ အရည်အချင်းရှိတဲ့ Nurse တယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေလိုလဲဆိုတော့ အဓိကကတော့ စိတ်ရှည်ရမယ်၊ သည်းခံတတ်ရမယ်၊ လူနာကို ပြုစုစောင့်ရှောက်တတ်ရမယ်ပေါ့။ ငယ်ငယ်တုန်းကတော့ ဆရာဝန်ဖြစ်ချင်တာပေါ့။ ဒါပေမယ့် တကယ်တမ်း အမှတ်နည်းတော့ ဆရာဝန်နဲ့နီးတဲ့ Nurse ကိုရွေးလိုက်တာပါ။ ဝါသနာက စာဖတ်တာပါ။ ဘယ်လို စာမျိုးတွေဖတ်ဖြစ်လဲဆိုတော့ တခါတလေတော့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာမျိုးတွေဖတ်ဖြစ်ပါတယ်။ တခါတလေတော့  လည်း အပျင်းပြေကာတွန်းလေးတွေပေါ့။

ပရဟိတအနေနဲ့တော့ အပြင်မှာ သိပ်မလုပ်ဖြစ်ဘူး။ အိမ်မှာစာသင်တော့ ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေကို အလကားသင်ပေးတာမျိုး လုပ်ဖူးပါတယ်။နောက်ပိုင်း ဟိုမှာ ကျောင်းတက် အလုပ်လုပ်ပြီးပြန်လာ        ရင်တော့ ဒီမှာ ကိုယ်ပိုင်ဆေးရုံတခုထောင်ချင်ပါတယ်။ပြီးရင် မတတ်နိုင်တဲ့သူတွေကို အချိန်ပိုင်း ပရဟိတအနေနဲ့ ကုသပေးပါမယ်။ ဥပမာ တရက်မှာဘယ်နှနာရီဆိုတာမျိုး၊ ဒါမှမဟုတ် တပတ်မှာ ဘယ်နှရက်ဆိုတာမျိုးပေါ့၊ ဘယ်ရောဂါ ဘယ်လို လူနာမျိုးပဲ ဖြစ်ဖြစ်ပါ။ ဒီအလုပ်ကို တသက်လုံးလုပ်သွားမှာလားဆိုတော့ ဟုတ်ပါတယ်။ ကိုယ်ကလည်းစိတ်ဝင်စားတယ်၊ ကုသိုလ်လည်းရတယ်ဆိုတော့ တသက်လုံး ဒီပညာနဲ့ပဲ အ     သက်မွေးဖို့ စဉ်းစားထားပါတယ်။

ရွယ်တူ ကြိုးစားနေသူတွေကို ဘာပြောချင်လဲဆိုတော့ ဘဝမှာကိုယ်ဖြစ်ချင်တာတွေချည်းပဲ အမြဲတမ်းဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်တော့ ဖြစ်မှာပဲလေ။ တနေရာရာမှာ ကိုယ်မလုပ်နိုင်တဲ့အတွက် စိတ်လျော့စရာမလိုပါဘူး။ ကိုယ်အမြဲတမ်း ကြိုးစားရင် ကိုယ့်အတွက် ကောင်းတဲ့နေရာတနေရာတော့ ရှိမှာပါ။ လက်ကိုင်ထားတဲ့ဆောင်ပုဒ်က "မဖြစ်နိုင်တာ မရှိဘူး၊ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။"


ထက်ဦးဝေ

နံနက်စောစောစာနဲ့ ကိုယ်အလေးချိန် ထိန်းညှိပါ

Posted: 23 Nov 2015 01:35 AM PST




မနက်စောစောစာကို မရှောင်တဲ့သူတွေဟာ ရှောင်တဲ့သူတွေထက် ကိုယ်ခန္ဓာအလေးချိန် ထိန်းညှိဖို့ အထောက်အကူပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ နံနက်စာကို လုံးလုံးမရှောင်ဘဲ စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါတဲ့ စီယီရယ်လို အစားအစာတွေ၊ လတ်ဆတ်တဲ့သစ်သီး၊ ဒိန်ချဉ်နဲ့ အဆီလျှော့ထားတဲ့ နို့တွေကို ထည့်သွင်းစားသုံးခြင်းအားဖြင့် ကိုယ်အလေးချိန်ကို လျှော့ချရာမှာ အထောက်အကူ   ဖြစ်စေပါတယ်။

ဖြူကောင်ဟာသက်ရှိသတ္တ၀ါတွေအတွက်အန္တရာယ်ရှိတဲ့သတ္တ၀ါကောင်ပေလား

Posted: 23 Nov 2015 01:32 AM PST


ယခုတွေ့မြင်ရတဲ့ ဓာတ်ပုံတွေထဲမှ တိရိစ္ဆာန်လောကက သက်ရှိသတ္တ၀ါတွေရဲ့အဖြစ်ကို ကြည့်ခြင်းအားဖြင့် အဆူးများနဲ့ "ဖြူ" သတ္တ၀ါကောင်ကို သွားမထိကြဖို့ သင်ခန်းစာပေးနေသလိုပါပဲ။



အခုပုံကတော့ တောင်အာဖရိကနိုင်ငံ အမျိုးသားဥယျာဉ်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ကျားသစ်တကောင်ဟာ ဖြူကောင်ကို ဖမ်းဆီးသတ်ဖြတ်စားသုံးဖို့ ကြံစည်ကြိုးစားခဲ့တာ အရေးနိမ့်ခဲ့ရပြီး အဲ့ဒီဖြူကောင်ရဲ့ ချွန်ထက်လှတဲ့ အဆိပ်ဆူးတွေဟာ အဆိုပါ ကျားသစ်ရဲ့ ခန္တာကိုယ်မှာ ဆူးဝင်သွားခဲ့ပြီး အနာတရဖြစ်ခဲ့ရတာပါ။

အဆိုပါ ကျားသစ်ဟာ ကံကောင်းစွာနဲ့ပဲ အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်။



ဒီနှစ်ပိုင်း ဇွန်လထဲမှာ တောင်အာဖရိကနိုင်ငံမှာပဲ ၃.၉ မီတာ ရှည်လျားတဲ့ စပါးအုံးမြွေကြီးရဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ သွေးအလိမ်းလိမ်းနဲ့ပုံကို တွေ့မြင်ရမှာပါ။ အဲ့ဒီစပါးအုံးမြွေကြီးဟာ ဖြူကောင်ကို မျိုခဲ့မိလို့ အခုလို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေခဲ့ရတာပါ။



နောက်တခါ ကနေဒါနိုင်ငံက သနားစရာ ခွေးကလေးရဲ့ပုံကတော့ အခုနိုဝင်ဘာလ အစောပိုင်းလောက်က အဖြစ်ပါ။ အဲ့ဒီခွေးကလေးဟာ ဖြူကောင်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ရန် ကြိုးစားခဲ့မိလို့ သူ့ခန္တာကိုယ်မှာ ဖြူကောင် အဆူးတွေဆူးဝင်ခဲ့ရပြီး ပုံမှာမြင်တွေ့ရတဲ့အတိုင်း သနားစရာဖြစ်ရပ်နဲ့ ကြုံတွေခဲ့ရရှာပါတယ်။



ဒါဆိုရင် ဖြူကောင်ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ သတ္တ၀ါလို့ ပြောရမလိုဖြစ်နေပါပြီ။ သူ့ကို ထိမိတာနဲ့ သူ့ရဲ့ အဆိပ်ဆူးတွေဟာ ကြောက်စရာကောင်းအောင် ပြန်လည်တုန်ပြန့် ရန်မူနိုင်တယ်ဆိုတာ အားလုံးပဲ သိထားသင့်ပါတယ်။

သေဆုံးနေတဲ့ ဖြူသတ္တ၀ါတကောင်ရဲ့ ရုပ်ခန္တာ



Ref: CCTVnews

0 comments:

Post a Comment