Related Posts Plugin for WordPress, Blogger...

November 26, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


မရှိ မဖြစ်လိုအပ်တဲ့ Android ဖုန်း Tablet အတွက်အရေးကြီးတဲ့-Assistant Pro for Android v23.9 APK

Posted: 25 Nov 2015 08:50 PM PST


ဒီကောင်လေးကတော့ ကျနော်တို့ Android internal storage တွေအနည်းဆုံး 1.GB ကျော်လောက်တဲ့ဖုန်းတွေမှာ တခါမှာမထည့်ပဲ မရပဲ storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တစ်ခုဖြစ်သလိုတခြားအသုံးတဲ့မယ့် tool တွေအများကြီးပါတဲ့ apk ဖိုင်လေးတစ်ခုကိုမိတ်ပေးချင်ပါတယ်။ အဲဒီ ကောင်လေးကတော့ တစ်ခြားမဟုတ်ပါဘူး အခုပြောနေတဲ့ Assistant ဆိုတဲ့ app လေးဖြစ်ပါတယ်။ အဲမှာဘာတွေပါလည်းဆိုတော့ အဓိဖြစ်ကတော့screen shot လေးကိုအရင်ပြောချင်းပါတယ် အဲ့ထဲက system clean ဆိုတာကိုဝင်လိုက်မယ်ဆိုရင်ဖြင့် screenလေးပေါ်လာပါ့မယ်အဲ့မှာ full Scan လေးကိုနှိပ်လိုက်မယ်ဆို screen shortလေးမှာပါတဲ့အတိုင်း အနီရောင်းလေးနဲ့ပြထားတဲ့ ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ filesတွေဖြစ်ပါတယ်။ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာfile size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကိုကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲပြောရှင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်။ မူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ ဖိုင်းဆိုဒ်လေးကတော့1.4MB ဖြစ်ပြီး Android OS အားမှာသုံးနိုင်ပါတယ်ဗျာ။





 Download Here

Samsung တွေ ကို com port က နေ pattern lock ဖြုတ်လို့ ရတယ် တဲ့ စမ်းကြည့်ကြကွယ်............

Posted: 25 Nov 2015 07:19 PM PST



Universal Android Tools 2014 ( Test ) Version
Universal_Android_Tools_2014_Version.2014003.rar 3.18 MB

Download

ref:Su Su Tun

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဖက်ဝင် မဲဇလီပင်လေးများအကြောင်း

Posted: 25 Nov 2015 07:16 PM PST


မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။
.
ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍
အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး
ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။
.
မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါပဲ။ တန်ဆောင်မုန်း
ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက
တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့
သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ်
ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း
နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
.
မဇ္ဈိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။
ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည်
အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ်
မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
.
မဲဇလီနှင့် ကျန်းမာရေး
************************
.
ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ
သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ
ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့  အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား
ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။
.
(၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ်
မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။
.
(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။
.
(၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
.
(၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။
.
(၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။
.
(၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်
ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။
.
(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
.
(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။
.
(၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။
.
(၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။
.
(၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ
ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
.
(၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့ မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။
.
(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။
.
(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။
.
(၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။
.
(၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။
.
(၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
.
(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။
.
(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
.
(၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။
.
(၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်
သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ
များ မဖြစ်စေနိုင်ပါ။
.
(၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။
.
(၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။
.
တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။
.
မြ၀တီ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်းကို အမိုက်တွေရှင်းလင်းသုတ်သင်ပြီး ပေါ့ပါးစေနိုင်မယ် - CCleaner v1.12.48 APK

Posted: 25 Nov 2015 08:09 AM PST

Android ဖုန်းတွေကိုပေါ့ပါးမြန်ဆန်အောင်အမိုက်တွေရှင်းလင်းသုတ်သင်ပေးနိုင်တဲ့ C Cleaner Version: v1.12.48 apk update လေးကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ မိမိရဲ့ဖုန်းမှာရှိသမျ  junkဖိုင်တွေantivirus တွေကိုရှင်းထုတ်ပေးနိုင်တဲ့မအပြင် app manager တွေကိုသန့်ရှင်းပေးနိုင်ကာmemory boost တွေကိုလည်း အကောင်းဆုံး လုပ်ပေးကာအကောင်းဆုံးမြင့်တင်ပေးနိုင်တာကြောင့် လူကြိုက်များပြီးနာမည်ကြီး
နေတဲ့ apk ကောင်းလေးပါပဲ ။ဖိုင်းလေးကတော့ ဖြစ်ပြီး android OS 4.0 အထက်ရှိဖုန်းများသုံးတယ်ဗျာ။




ဖုန်းနှင့် လုပ်စားနေတဲ့သူများအတွက်ရှိသင်တိုက်တဲ့ - Root Check (Premium) v2.5.1 APK

Posted: 25 Nov 2015 04:01 AM PST


Android ဖုန်းUsers တွေအတွက် မရှိမဖြစ်လိုအပ်မယ့် Root Checker Pro ဖြစ်ပါတယ်။ အထူးအားဖြင့်  ဒီဆော့ဝဲလေးကိုတော့ ဖုန်းကလစ်သူနဲ့ဖုန်းService သမားတွေ အထူးရှိနေသင့်တဲ့ဆော့ဝဲကောင်းလေးပါ။ဖုန်းတစ်လုံးကို Root လုပ်ပြီးတဲ့အခါ Root-access ရှိလား
မရှိလား သိချင်တဲ့ အချိန် ဒီကောင်လေးနဲ့ စမ်းသပ်ရတာဖြစ်ပါတယ်၊ Update ဗားရှင်းသစ်အလေး ဆောင်ထားချင်တဲ့ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါပြီ။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက် Android OS 2.3 အထက်ရှိဖုန်းသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့2.84MB ဖြစ်ပါတယ်။





  Download Here

♪ ရုပ်ပြောင်ဟာသပုံလေးတွေဖန်တီးချင်သူများအတွက် - FACEinHOLE® – Premium v3.9.21 Apk (23-Nov)♫

Posted: 25 Nov 2015 03:29 AM PST

FACEinHOLE apk

အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ ပုံတွေကိုမြင်လိုက်တာနဲ့ သိကြမယ်ထင်ပါတယ်ဗျာ။ အရင် Version အဟောင်းတွေမှာလည်း လူကြိုက်များခဲ့တဲ့ Application လေးတစ်ခုပါ။ အခု 23-Nov ရက်နေ့မှာအသစ်ထွက်လာတာဖြစ်ပါတယ်ဗျာ။ မျက်နှာကို အခြားသောရုပ်ပြောင်လုပ်ချင်တဲ့ ပုံတွေနဲ့ အစားထိုးနိုင်ပါတယ်။ အရန်သင့်အစားထိုးနိုင်မယ့် ပုံတွေကလည်းအများကြီးပါပဲ။ ကာတွန် ၊ WWE နပန်းသမား ၊ ကာယဗလမောင် ၊ မင်းသမီးတွေ အစုံပါပဲ ဗျာ။ ဘော်ဒါတွေအချင်းချင်း Facebook ပေါ် မှာဆေးထိုးချင်တယ်ဆိုရင်တော့ ဒါလေးနဲ့သာသုံးကြည့်ဗျာ။ နမူနာကြည့်နိုင်အောင် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 1.6 နှင့်အ ထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


FACEinHOLE® - screenshot   FACEinHOLE® - screenshot

FACEinHOLE® - screenshot    FACEinHOLE® - screenshot

FACEinHOLE® - screenshot    FACEinHOLE® - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ လိုင်စင်နဲ့ APK တွေကို Full Version လုပ်ပေးမယ့် - Lucky Patcher v5.8.4 Apk ♫

Posted: 25 Nov 2015 03:25 AM PST

Lucky-Patcher

Lucky Patcher ကိုတော့ ကျွန်တော်တစ်ခါမှမတင်ပေးဖူးပါဘူး။ အခုတင်ပေးလိုက်တယ်ဆိုတာကလည်း တကယ့်ကိုအသုံးဝင်လို့ တင်ပေးလိုက်တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်က နှစ်ခုရှိပါတယ်။ လိုင်စင်နဲ့အသုံးပြု ရမယ့် APK များကို Full Version လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး Application တွေ Game တွေ .တော်တော်များ များမှာ ကြော်ငြာတွေပါလာတက်ပါတယ်။ အဲဒီ ကြော်ငြာတွေကိုလည်း နောက်ထပ် .ပေါ်မလာအောင် Lucky Patcher နဲ့ဖြုတ်ပေးနိုင်ပါတယ်ဗျာ။ Lucky Patcher ကိုအသုံးပြုမယ်ဆိုရင်တော့ မိမိတို့ရဲ့ Phone က Root Access ဖြစ်နေမှရပါမယ်။ အသုံးပြုပုံကိုလည်း မူရင်းအတိုင်းအောက်မှာ ရှင်းပြ ထားပါတယ်ဗျာ။ Android OS 1.6 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


How to install apk file: 
1. Copy the apk file to your phone (if you downloaded from PC) 
2. Open up the apk file and install the Lucky Patcher apk.  

How to remove license of any app: 
1. Go to your app drawer and open the lucky patcher app. You will see a list of apps installed in your phone. 2. Click on the app you wish to remove permissions. 
3. Click Open Menu of Patches => Remove License Verification => Auto Modes => Apply  

How to remove ads: 
1. Follow steps 1 and 2 above. 
2. Click Open Menu of Patches => Remove Google Ads => Patch to remove Google Ads => Apply



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Video တည်းဖြတ်, စာတန်းထိုး, Photo Slideshow အကောင်းဆုံး ဖန်တီးနိုင်တဲ့ - VivaVideo Pro: Video Editor v4.4.9 Apk (24-Nov) ♫

Posted: 25 Nov 2015 03:21 AM PST

Cover art

Video Edit ဖန်တီးလို့အကောင်းဆုံးဖြစ်တဲ့ VivaVideo Pro:Video Editor ကတော့ပုံစံအသစ်အနေနဲ့ ထွက်ရှိလာပါပြီဗျာ။ ဖုန်းနဲ့ Video Edit တာ ၀ါဒနာ ပါတဲ့ သူငယ်ချင်းတွေ အတွက် တကယ်ကိုအသုံးဝင်စေ ပါတယ်။ 24-Nov ရက်နေ့က Update ထွက်ထားတဲ့ v4.4.9 နောက်ဆုံး ထွက်ကို တင်ပေးလိုက်တာပါ။ Playstore မှာ $10.99 နဲ့ ၀ယ်ယူရပါတယ်။ အခု ကျနော့်ဆိုဒ်မှာ Free ဒေါင်း ယူနိုင်ပါပြီး။ VivaVideo Pro Video Editor ကို မသုံးဖူးတဲ့ သူတွေ အတွက် တင်ပေးလိုက်တာပါ။ ကျနော် ရှာထားတဲ့ တည်းဖြတ်, စာတန်းထိုး, Photo Sliteshow ဆော့ဝဲလ်တွေထဲမှာတော့ လက်ရှိဒီဆော့ဝဲလ်က တကယ်ကို အလန်းဆုံး ပဲဗျာ။ ဖုန်းတိုင်းမှာအဆင်ပြေလို့ တကယ်ကိုခိုက်သွားတယ်။

ဒီဆော့ဝဲလ် တခုလေးနဲ့ တော်တော်စုံစုံလင်လင် Video တွေ ဖန်တီး နိုင်တာမို့ လူတိုင်းဆောင်ထား သင့်ပါတယ်။ အသုံးပြုရတာလွယ်တာမို့ သုံးပြုနည်း မရေးပြတော့ဘူး။ အသေးစိတ်ကို Playstore မှာ ၀င်လေ့လာနိုင်ပါတယ်။ မူရင်းမှာ Built-in 60+ cool live video effects and more can be downloaded for FREE! တဲ့။ တကယ်စမ်းသုံးကြည့်ပြီးပါပြီး။

Android Version 4.0 အထက်မှာ အားလုံး အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားသူများ အောက်ကလင့်မှာ အမုန်းဒေါင်းနိုင်ပါပြီ။

#VivaVideo V4 Key Features
+ Creative Video Camera Lenses
- Support multi capture options: Basic/Selfie/FX/Funny/Music Video/Collage
- Exclusive selfie camera with seven fascinating lenses
- Use nine funny lenses to play your "prank skills"
- Capture videos especially for Instagram & Vine
+ HOT Photo Slideshow Maker
- The easiest way to turn your photos into movie masterpiece and create video slideshow in several clicks!
+ Unique Video Collage (PIP) Maker
- Merge clips into one story with many awesome & fancy collage templates
+ Powerful Video Editor
- Easy-to-use professional editing tools
- Trim and merge video clips in storyboard editing
- Enhance your videos with various texts, FX, stickers, music, filters, transitions and live dubbing.
- All editing operations can be instant previewed in WYSIWYG way
+ All FREE Materials to Download
- 200+ special effects including Animated Stickers/Themes/Filters/FX/Texts/Transitions
+ Export and Share
- Export your videos to the gallery at any time
- Share your works to Facebook, YouTube, Instagram, WhatsApp, Facebook Messenger, Line, email and etc



   VivaVideo Pro:Video Editor App- screenshot

   VivaVideo Pro:Video Editor App- screenshot         VivaVideo Pro:Video Editor App- screenshot

   VivaVideo Pro:Video Editor App- screenshot         VivaVideo Pro:Video Editor App- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ မလှတဲ့သူကိုလှပသွားအောင်ဓါတ်ပုံရိုက်ယူနိုင်တဲ့ - Camera360 Ultimate Apk V7.1 (15-Nov) ♫

Posted: 25 Nov 2015 03:19 AM PST

Cover art

ပဉ္စလက်ဆန်တဲ့ Camera Application တစ်ခုလို့ပဲအမွှန်းတင်ပါရစေဗျာ။ အခု Feature အသစ်တွေပါဝင် လာတဲ့ Camera 360 လေးပါ။ Feature တွေအများကြီးကိုလည်း Free အနေနဲ့ ထပ်မံရယူနိုင်ပါသေး တယ်ဗျာ။ အခုခေတ် မိန်းကလေးတွေအသုံးအများဆုံး Application လို့ပြော လည်းမမှားပါဘူး။ သူ့ရဲ့ အစွမ်းကလည်း အံ့မခန်းကောင်းနေတာကိုးးးးး။ Camera360 ရဲ့စွမ်းဆောင်ရည်ကို Facebook သုံးစွဲသူ တိုင်းသိကြမှာပါ။ အပြင်မှာမချောပေ မယ့် Camera360 နဲ့ရိုက်လိုက်ရင် မင်းသမီးလောက်ကိုလှသွားရော ဗျာ။ အခု အသစ်ထွက်လာတဲ့ Version မှာတော့ Feature တွေများလာပါတယ်။ ကိုယ်တိုင်သာကလိကြည့် ကြပါဗျာ။ ဘာတွေကောင်းလည်းဆိုရင် ဖုန်းမှာပါပြီးသား Camera ထက်ကိုရုပ်ထွက်ပိုကောင်းပါတယ် ဗျာ။ ပြီးတော့ ဓါတ်ပုံရိုက်နေစဉ်အတွင်းမှာ Effect ပေါင်းများ စွာထည့်ပြီး ရိုက်နိုင်ပါတယ်ဗျာ။ ရိုက်ပြီး သားပုံတွေကိုလည်း Effect ပေါင်းများစွာ ကာလာပေါင်းများစွာနဲ့ အလှဆင်နိုင်ပါ တယ်ဗျာ။ ဟာသပုံ ရုပ်ပြောင်ပုံ အချောအလှ ပုံတွေ ကိုလည်း ဓါတ်ပုံနိုက်နေစဉ်အတွင်းမျာလို သလိုဖန်တီး ယူနိုင်ပါတယ်ဗျာ။ Camera MP နည်းတဲ့ ဖုန်းတွေမှာဆိုရင် ရုပ်ထွက်ကိုပိုကောင်းစေပါတယ်ဗျာ။ Camera MP များတဲ့ ဖုန်းတွေဆိုရင်တော့ ရုပ်ထွက်ပိုင်းကတော့ ပွဲသိမ်းပြီပေါ့ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာ စပြီးအသုံးပြုနိုင်ပါတယ်ဗျာ




   Camera360 Ultimate- screenshot         Camera360 Ultimate- screenshot

   Camera360 Ultimate- screenshot         Camera360 Ultimate- screenshot

   Camera360 Ultimate- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဖုန်းမှာ အသံဖမ်း Apk ကောင်းလေး - Easy Voice Recorder Pro v1.9.1.4 Apk

Posted: 25 Nov 2015 02:23 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Battery Doctor (Battery Saver) v4.28.6 build 4286011 APK နောက်ဆုံး Version

Posted: 25 Nov 2015 02:21 AM PST

Android ဖုန်း ဘော်ဒါ တွေအတွက် Battery နှင့်ပါတ်သတ်ပြီး အခက်ခဲ့ဖြစ်နေသူများအတွက် Battery ကိုအကောင်းဆုံး saver လုပ်ပေးနိုင်တဲ့Battery Doctor (Battery Saver)v4.28.6 build 4286011 APKဗားရှင်သစ်လေးကိုတင်ပေးလိုက်ပါတယ်။ဒီကောင်လေးကတော့ ဘထ္ထရီအားအကုန်မြန်နေသူများ၊ဖုန်းအသစ်ဖြစ်ပေမယ့်လဲ အားအကုန်မြန်သူများ၊
အားသွင်းတဲ့အလေ့အထကိုမှားနေသူများ,လက်ရှိအားနဲ.အချိန်ဘယ်လောက်အထိသုံးလို.ရမလဲသိလိုသူများ၊
လက်ကျန်အားလေးကို အချိန်တစ်ခုအထိစွဲဆန်.လိုသူများ. . .စတဲ့ Battery နဲ.ပါတ်သတ်တာမှန်သမျှကိုဆရာဝန်တစ်ယောက်ကဲ့သို.ဆောင့်ရှောက်ပေးမှာပါ။ ဒါကြောင့် ဘော်ဒါတို့အတွက် ဆောင်ထားသင့်တယ်ကျနော်ထင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပြီး ဗားရှင်း2.2နဲ့ အထက် အသုံးပြုနိုင်ပါတယ်။



 Download Here

ဖုန်းမှာ သီချင်းတွေကောင်းစွာနားဆင်နိုင်မယ့် - ZPlayer v5.3 Apk

Posted: 25 Nov 2015 02:10 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

နှင်းဆီပန်းနဲ့ လှနေတဲ့ Live Wallpaper အလန်းလေး -Rose Live Wallpaper v: 1.4

Posted: 25 Nov 2015 01:48 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

နေ၀င်ချိန် Live Wallpaper ဒီဇိုင်းအလန်းလေး - Sunset Lake Live Wallpaper v: 1.0.6

Posted: 25 Nov 2015 01:11 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်မှာ လေ့ကျင့်ခန်းနည်းတွေကြည့်နိုင်မယ့် - Abs Workout 7 Minutes

Posted: 25 Nov 2015 01:05 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဒီဇိုင်းလန်းတဲ့ Theme အလန်းစားလေး - Urban Sunset Hola Theme v: 2.0

Posted: 25 Nov 2015 12:59 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

Mobile Guide ( Vol-3, Issue-30 )

Posted: 25 Nov 2015 12:52 AM PST

Download
                             
                         Unknown user How to Download                         
                               

                                     www.patheinit.com
                                       
Payephyokyaw

                                     

Tech Space ( Vol-4, Issue-33 )

Posted: 25 Nov 2015 12:42 AM PST

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ Digital Life Journal Issue Vol-4 ၊ Issue 30 (23.11.15) ♫

Posted: 24 Nov 2015 11:03 PM PST


Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(4), Issue (30) ကို တင်ပေးလိုက်ပါတယ်ဗျာ။ 23-November ရက်နေ့ထွက်ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Mobile Guide Issue Vol-3 ၊ Issue-030 (23.11.15) ♫

Posted: 24 Nov 2015 09:52 PM PST


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီးဒေါင်းလုပ်လင့်ကို တင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(3), Issue (030) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ဂျာနယ်ကို 23-Nov ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကို ၀ယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြ ပါစေဗျာ။

Credit to ==> Mobile Guide Journal



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment