Related Posts Plugin for WordPress, Blogger...

November 30, 2015

The Irrawaddy's Blog

The Irrawaddy's Blog


နေပြည်တော်က မြန်မာဆန်တဲ့ သူကြီးအိမ်

Posted: 29 Nov 2015 11:06 PM PST




မြန်မာဆန်တဲ့အပြင်အဆင်တွေနဲ့ရိုးရာထမင်းဝိုင်းကို အရသာရှိရှိနဲ့ လက်ရည်တပြင်တည်းစားချင်သူတွေအတွက် ဆိုရင်တော့ "သူကြီးအိမ်" ရှိပါတယ်။



"သူကြီးအိမ်" ဆိုတာကတော့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ဘက်ကို ထွက်တဲ့ရာဇဌာနီလမ်းမကြီးနဲ့ ကပ်လျက်မှာ ဖွင့်လှစ်ထားတဲ့မြန်မာထမင်းဆိုင်ကို ဆိုလိုတာပါ။



အရသာကောင်းမွန်တဲ့ ထမင်းဟင်းတွေကို သစ်သားစားပွဲဝိုင်းနဲ့တင်ပျဉ်ခွေထိုင်ပြီး အားရပါးရစားသုံးချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်တဆိုင်လို့ ဆိုချင်ပါတယ်။



"သူကြီးအိမ်" မြန်မာထမင်းဆိုင်က ချက်ပြုတ်တဲ့ဟင်းလျာတွေဟာ ဆီအနည်းငယ်များတာကလွဲလို့ အရသာ၊ အစပ်အဟပ်နဲ့ ဝန်ဆောင်မှုတွေကောင်းမွန်သလို၊သန့်ရှင်းမှုရှိတာလည်း တွေ့ရပါတယ်။



"ဆိုင်ကနေရာပြောင်းလာလို့၊ အရင်ကဖွင့်တဲ့ဆိုင်မှာ ဘန်ဂလိုအလုံးလိုက်တွေမှာ ရွာနာမည်တွေပေးထားတယ်။ စားပွဲဝိုင်းတွေ၊ ဖျာတွေချပေးထားတယ်။ မြန်မာဆန်ဆန်ဖြစ်အောင်နဲ့ အားလုံးတပြေးညီဝိုင်းဝန်းစားလို့ရတယ်ဆိုတဲ့ သဘောပေါ့။ စားသုံးသူတွေကလည်း အဲဒီလိုလေးလုပ်ပေးထားတာကြိုက်တယ်" ဟု သူ   ကြီးအိမ် မြန်မာထမင်းဆိုင်ရဲ့ တာဝန်ခံကိုအောင်ကိုမင်းက ပြောပြပါတယ်။



ဆိုင်ရဲ့ပွဲတော်အုပ်လို့ အမည်ပေးထားတဲ့ ၁၀၀၀၀ကျပ်တန်ပွဲတော်အုပ်သေးမှာ အသားဟင်း၆မျိုး၊ အရံဟင်း၅မျိုးနဲ့ အသုပ်တမျိုး၊ဟင်းရည်နဲ့ထမင်းအဝစားလို့ရပြီး လူ၅ယောက်လောက်ငှအောင် စားလို့ရနိုင်တာ တွေ့ရပါတယ်။



ထို့အတူ ၁၅၀၀၀ကျပ်ပေးရတဲ့ ပွဲတော်အုပ်ကြီးဆိုရင်တော့ အသားဟင်း၉မျိုး၊ အရံဟင်း၊ အသုပ်၊ ဟင်းရည်တွေပါဝင်မှာဖြစ်ပြီး လူ၉ယောက်အထိ စားလို့ရမှာပါ။



ပွဲတော်အုပ်တွေနဲ့ မစားချင်ဘဲထမင်းနဲ့ ဟင်းသီးသန့်စားချင်သူတွေအတွက်လည်း ဟင်းနဲ့ထမင်းအဝစားက ၂၅၀၀ကျပ်မှ ၃၅၀၀ကျပ်ကြား ကျသင့်မှာဖြစ်ပါတယ်။



ဆိုင်ရဲ့လူကြိုက်အများဆုံးနဲ့မှာယူစားသုံးမှု အများဆုံးကတော့ လယ်တောချက်(ဗမာကြက်) ဟင်းလျာဖြစ်ပါတယ်။ အသီးအရွက်တချို့နဲ့ရောနှောချက်ပြုတ်ထားတဲ့ လယ်တောချက်ဟင်းလျာက တောရွာတရွာမှာ စားရတဲ့ အရသာမျိုးဖြစ်အောင် ချက်ပြုတ်ထားတာဖြစ်ပြီး အရသာကောင်းမွန်ပါတယ်။



တခြားဟင်းလျာတွေအနေနဲ့ ကြက်၊ဝက်၊ကလီစာ၊ငါး၊ငါးခြောက်၊အသီးအရွက်စတဲ့ ဟင်းလျာမျိုးစုံကို မြန်မာစတိုင် အမျိုးမျိုးနဲ့ ချက်ပြုတ်ထားတယ်လို့ သိရပါတယ်။



သူကြီးအိမ်မြန်မာထမင်းဆိုင်ကို၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာ့ရိုးရာအငွေ့အသက်တွေနဲ့  ပြည့်နှက်နေအောင်ဆိုင်ရဲ့အပြင်အဆင်၊အစားအသောက်တွေကို အထူးဂရုစိုက်လုပ်ဆောင်ခဲ့တာကြောင့် ဧည့်သည်တွေက နှစ်သက်ကြတယ်လို့ သိရပါတယ်။



ထမင်းနဲ့ဟင်းကို တနင့်တပိုးစားသုံးမိတာနဲ့ အစာပိတ်အနေနဲ့တခုခုစားချင်သူတွေအတွက်လည်း လက်ဖက်အုပ်နဲ့ အစာကြေဆေးဘူးမျိုးစုံကိုလည်း သုံးဆောင်နိုင်ဖို့ဝန်ဆောင်မှုပေးထားလို့ဖြစ်ပါတယ်။





မေစစ်ပိုင်

0 comments:

Post a Comment