The Irrawaddy's Blog |
| ပြည်တွင်းမှာလည်းလူကြိုက်များနေတဲ့ Warrior Posted: 05 Nov 2015 09:51 PM PST Pick-up Truck မော်ဒယ်လောကမှာတော့ အခု L200 အတွက် အဓိက ပြိုင်ဆိုင်စရာက ဒေသတွင်းကုမ္ပဏီ ဖြစ်တဲ့ Isuzu ရဲ့ မော်ဒယ်တွေပဲ ဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာတော့ L200 Series တွေက အသာရ လာတာတွေ့ရပါတယ်။ အထူးသဖြင့်တော့ လမ်းကြမ်းပိုင်း စွမ်းဆော်ရည် အထူးကောင်းမွန်လာမှုကြောင့်ပါပဲ။ ဒီနေ့ ကျနော် ပြောမယ့် L200ရဲ့ နောက်ဆက်တွဲမော်ဒယ်ခွဲတခုဖြစ်တဲ့ Warrior ကတော့ ဥရောပဈေးကွက် ထိအောင် ခြေဆန့်ဖို့နဲ့ အဆိုပါ ဈေးကွက်မှာ ပြိုင်ဖက် အများအပြားရှိနေတဲ့ အနေအထားမှာကိုပဲ ဈေးကွက် ခိုင်ခိုင်မာမာရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ မော်ဒယ်အနေနဲ့ တခြားအပိုင်းတွေထက် အင်ဂျင်ပိုင်းမှာ စွမ်းဆောင်ရည် အထူးမြင့်မားကောင်းမွန်အောင် ဖန်တီးထားတာတွေ့ရပြီး ဒီမော်ဒယ်အနေနဲ့ ဈေးနှုန်းပိုင်း မှာလည်း ပြိုင်ဖက် မော်ဒယ်တွေထက် ချိုသာအောင် သတ်မှတ်ရောင်းချလာတာပါ။ ဟုတ်ပါပြီ၊ ကျနော်တို့ ပြည်တွင်းမှာလည်း L200 မော်ဒယ်တွေကို အများအပြားတွေ့နိုင် လက်ခံနေကြတာကြောင့် စိတ်ဝင်စားမယ် ဆိုရင် အခုWarriorကလည်း ပြည်တွင်းကို ရောက်လာနိုင်တာကြောင့် သူ့အကြောင်းနည်းနည်းလောက် လေ့လားထားကြရအောင်ပါနော်။ အားသာချက် … မော်ဒယ်ရဲ့ အဓိကအားသာချက်ကတော့ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ကိုယ်ထည်ကြံ့ခိုင်မှု အားကောင်းတယ်၊ ယုံကြည့်စိတ်ချရမှု မြင့်မားတယ်၊ ၀န်တင်ဆောင်နိုင်မှု စိတ်ကြိုက်ဖြစ်မယ်၊ လမ်းစုံ ရုန်းကန် နိုင်မယ်၊ ဘရိတ်နဲ့ လက်ကိုင်ပိုင်းကလမ်းကြမ်းအနေအထားအတွက် အကောင်းဆုံး ဖြစ်တယ်၊ ပုံမှန် လမ်းကြောင်းအနေအထားနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေအတွက်တော့ ပုံမှန်လောက်ပါပဲ။ ထိုင်ခုံပိုင်းနဲ့ ခါးပတ်ပိုင်းထည့်သွင်းထားမှုက လမ်းကြမ်းအနေအထားလို ကိုယ်ထည်ပိုင်းမငြိမ်တဲ့ အခြေအနေမှာကိုပဲ အံကျနေစေမယ်၊ ငြိမ့်ညောင်းမှု ကောင်းတယ်၊ အတွင်းခန်း ကျယ်ဝန်းတယ်၊ DiubleCab အနေအထား ဖြစ်တာကြောင့် Single ထက်ရော Ext ထက်ပါ နောက်ဖက်ဝန်တင်ခန်း နည်းနည်းကျဉ်းသွားချင်တာမှန်ပေမယ့် မော်ဒယ်ကိုမျက်နှာစာအကျယ်မှာ ပြိုင်ဖက် မော်ဒယ်တွေထက် နည်းနည်းချဲ့ထားတာကြောင့် ၀န်တင်ဆောင်နိုင်မှုလည်း ကောင်းမွန်တာတွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ အားသာချက်ကတော့ ဆီစားနှုန်း ဖြစ်ပြီး အထူးကောင်းမွန် သက်သာလှပါတယ်။ အားနည်းချက် … နောက်ဖက် ၀န်တင်ခန်း အပိုင်းမှာထည့်ထားတဲ့ တပ်ဆင် ပစ္စည်းတွေနဲ့ Plastic သားတွေကို စိတ်ကြိုက် မတွေ့မိပါဘူး။ ရေရှည်အတွက် အားနည်းချင်တယ်လို့ မြင်မိသလို သံနဲ့ ကုန်ကြမ်းလိုအရာတွေ အတင်များရင် ပျက်စီးလွယ်နိုင်တာတချက် ရှိပြီးတော့ ကိုယ့်လက်ထဲရောက်ချိန်မှာ အခင်းတခုခု ပြန်ထည့်ပြီးသုံးမှ အဆင်ပြေမယ်လို့ ယူဆမိပါတယ်။ နောက်တချက်က မော်ဒယ်ရဲ့ အင်ဂျင်လည်ပတ်အားနည်းတာကြောင့် ဆီစားနှုန်းအပိုင်းမှာ ချိုသွားတာမှန်ပေမယ့် အမြန်ဆုံးမောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဖက် မော်ဒယ် တွေထက် နောက်မှ ကျန်နေခဲ့တာပါ။ ဒါပေမယ့် လမ်းကြမ်းပိုင်းပဲသုံးမယ်၊ မြန်နှုန်းမြင့် မောင်းနှင်မှုတွေ မသုံးဘူးဆိုရင်တော့ စိတ်ကြိုက်တွေ့နိုင်ပါလိမ့်မယ်။ မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းမှာအထိုင်ကအစ နောက်ဆုံးကိုယ်ထည် အလွှာသားတွေထိအောင် သံမဏိဦးစားပေးပုံစံနဲ့ ဖြစ်ပါတယ်။ ဘရိတ်ပိုင်း စွမ်းဆောင်ရည် စိတ်ကြိုက် မတွေ့မိပေမယ့် ကိုယ်ထည်ပိုင်း စိတ်ချရမှုက ပြန်ကောင်းနေပါတယ်။ တံခါးလေးပေါက်စနစ် လူငါးယောက်စီးမော်ဒယ် ဖြစ်ပြီးတော့ နောက်ဖက် ထိုင်ခုံတန်းကို အိပ်စဉ် အနေနဲ့ အံဝင်အောင်လည်း ဖန်တီးထားတာတွေ့ရပါတယ်။ ကွေ့လမ်းပိုင်းနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေအတွက် လက်ကိုင်ပိုင်းအားမကောင်းလှပေမယ့် လက်ကိုင်ရဲ့ တည်ငြိမ်မှုကတော့ စိတ်ကြိုက် အနေအထားပါ။ ကီလို ၁၈၆၀ ထိအောင် လေးမှာဖြစ်ပြီးတော့ တင်ဆောင်နိုင်မယ့် ၀န်ကတော့ ပေါင် ၁၃၀၀ ထိအောင် ဖြစ်ပါတယ်။ ကိုယ်ထည်ကို လမ်းနဲ့ ၈လက်မခွဲနီးပါးထိအောင် မြှင့်တင် ဖန်တီးထားတာ တချက်ကလည်း လမ်းကြမ်းမောင်း မော်ဒယ်အတွက် စိတ်ကြိုက်ပါပဲ။ အင်ဂျင်ပိုင်း … တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင်တော့ ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်ထဲမှာ အကြီးစားတန်းဝင် ဖြစ်တဲ့ ၂.၅လီတာသုံး Turbodiesel စနစ်ပါတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားတာတွေ့ရပြီး အဆိုပါ Turbo စနစ်ကမော်ဒယ်ကို ရုန်းအားအထူးကောင်းမွန်သွားစေတာပါ။ ဒါ့အပြင် မော်ဒယ်က ဒီဇယ်ဆီစနစ်နဲ့ ဖြစ်နေတဲ့ တချက်ကရေရှည်နဲ့ Pick-up Truck လိုမော်ဒယ်အတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။ အင်ဂျင်က အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၂၅၀၀ မှာ ရုန်းအားက ၃၁၇ ပေါင်-ပေရှိမှာ ဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၇၈ ကောင်အားပဲ ဖြစ်ပါတယ်။ ရုန်းအားများနေတဲ့ တချက်က မော်ဒယ်ကို လမ်းကြောင်းစုံ မောင်းနှင်ဖို့ အဆင်ပြေလာစေပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာတော့ အားနည်းသွားစေမှာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကလည်း တမိနစ် အပတ်ရေ ၃၅၀၀ ထိအောင်ပဲ ဖြစ်လို့ ဆီစားနည်းပေမယ့် အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်း လျော့သွားစေပြန်ပါတယ်နော်။ မောင်းနှင်နိုင်မှု … မော်ဒယ် အနေနဲ့ကတော့ လမ်းကြမ်းစီးမော်ဒယ်အနေနဲ့ ဖန်တီးထားတော့ Transmission ပိုင်းမှာက Manual စနစ်နဲ့ပဲ ဖန်တီးထားတာတွေ့ရပြီး ဂီယာချက် ၆ ချက်ကိုပဲ သုံးနိုင်မယ့် အနေအထားက အံကိုက်လောက်ပါပဲ။ မော်ဒယ်ရဲ့အမြန်နှုန်း မြှင့်တင်နိုင်မှုနှုန်းက တနာရီကီလိုမီတာတရာနှုန်းအတွက် အချိန် ၁၀. ၄ စက္ကန့် ထိအောင်ပဲ ယူမှာဖြစ်ပြီး ပြိုင်ဖက် မော်ဒယ်တွေနဲ့စာရင်တော့ နည်းနည်းကျန်ခဲ့ချင်ပါတယ်။ ဒါပေမယ့် တန်ကြေးနည်း မော်ဒယ်ချင်းအတူတူဆိုရင်တော့ မဆိုးလှပါဘူး၊ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကတော့ တနာရီ ၁၁၁ မိုင်ထိအောင်ပဲဖြစ်ပြီး ဆီစားနှုန်းအပိုင်းကို ကြည့်မယ်ဆိုရင် ဆီတဂါလံကို ၄၂.၈ မိုင်ထိအောင် မောင်းနှင် နိုင်မယ့် အချက်ကတော့ လူတိုင်းနှစ်သက်ကြပါလိမ့်မယ်နော်။ သုံးသပ်ချက် … ကျနော်တို့ အတွက် Warrior က ပုံမှန်လမ်းကြောင်းမောင်း မော်ဒယ်အနေနဲ့ဆိုရင် သက်တမ်းရှည် စီးနင်း နိုင်မယ်။ လမ်းကြမ်းစစ်စစ် သုံးမယ်ဆိုရင်တောင် သက်တမ်းစေ့နိုင်မယ့် မော်ဒယ်ပါ။ ဆီစားချိုတယ်၊ ဒီတော့ လက်ထဲမှာသုံးနေချိန်ထိအောင် ထွက်ပေါက်နည်းတာပေါ့။ ကနဦးဈေးနှုန်းကလည်း ချိုတယ်၊ တန်ကြေးသင့် မော်ဒယ်ဆိုတာထက်ကိုပဲ ဈေးချိုသေးတယ်၊ မော်ဒယ်ရဲ့ ယုံကြည်စိတ်ချရမှုက ကြယ်လေးပွင့်ထိအောင် ရမှတ် ရထားတယ်၊ မောင်းနှင်ရမှု အပိုင်းမှာ စိတ်ကြိုက်တွေ့မှုလည်း ကြယ်လေးပွင့်ရထားတယ်၊ ပြီးတော့ အခု Warrior က တခြား L200 မော်ဒယ်တွေထက် လက်ကိုင်ပိုင်းအားကောင်းလာတာလည်းဖြစ်ပြီး အခုမော်ဒယ်မှာ ကျနော် စိတ်ကြိုက် အဖြစ်ဆုံးကတော့ အင်ဂျင်ပိုင်း ဖြစ်ပြီးတော့ လမ်းကြမ်းမောင်း မော်ဒယ်တွေထဲက အကောင်းဆုံးမော်ဒယ်တခုလို့ ဆိုပါရစေ။ လင်းထက်(IA) |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment