Related Posts Plugin for WordPress, Blogger...

December 25, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Add 100 သတင်းစုံ v3 Download

Posted: 24 Dec 2015 08:13 AM PST



Add 100 သတင်းစုံ v3 မှာ ဘာတွေပါလာလဲဆိုတော့ ဒေါင်းပြီးသာကြည့်လိုက်တော့ ခိခိ
ဒီဗားရှင်းမှာ မလိုတဲ့လိုင်းတွေဖြုတ်တပ်လုပ်လို့ရတဲ့ ဖန်ရှင်ထည့်သွင်းထားပါတယ်
မလိုတဲ့လိုင်းအမှန်ခြစ်ဖြုတ် ဆိုတဲ့နေရာမှာ ကိုယ်မလိုတဲ့လိုင်းတွေရဲ့ဘေးကအမှန်ခြစ်လေးတွေ
လိုက်ဖြုတ်ပေးရုံပါပဲခင်ဗျာ အောက်ကလင့်ခ်တွေမှာဒေါင်းယူပါ



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ပျိုမေများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ။

Posted: 24 Dec 2015 08:13 AM PST


မိန်းကလေးတွေဟာအလှအပနောက်ကို
လိုက်ရင်း ကျန်းမာရေးထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့စိတ်ညစ်တဲ့အခါမှာအချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက်လေ့ကျင့်ခန်းလုပ်တာ၊ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့အစားထိုးလုပ်ဆောင် ကြည့်ပါ၊

(၂) ဝသည်ဟု ထင်မြင်နေခြင်း၊

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း၊

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့
ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကိုမဖျက်ဘဲ 
အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို 
သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။ 

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း၊

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး 
သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ 
အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ 
အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ 
ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို 
ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် 
မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။၏

(၆) ဒေါက်မြင့်ဖိနပ်စီးခြင်း၊

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် 
မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၇) အိပ်ရေးဝ၀ မအိပ်စက်ခြင်း၊

မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ 
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း 
လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ 
ကူညီပေးပါတယ်။ 

ref: မျိုးထက်စံ(Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ ဖုန်းထဲမှ Photo , Viedo , App နှင့်အခြား Data များကို Backup လုပ်ဖို့အသင့်တော်ဆုံး - MyBackup Pro v4.4.6 Apk (21-Dec) ♫

Posted: 24 Dec 2015 02:42 AM PST

MyBackup Pro apk

Android ဖုန်းတွေမှာ backup မှတ်လို့အသုံး ဝင်မယ့် နောက်ထပ် Application တစ်ခုကတော့ "My Backup Pro"ဆိုတဲ့ App လေးတစ်ခုပါပဲ မိမိဖုန်းရဲ့ app တွေ၊photoတွေ၊videoတွေ၊contactတွေ၊call log တွေ ၊smsတွေ၊mms တွေ၊ musicတွေ၊ bookmarkတွေ၊cleaner၊ system setting တွေ၊home screen shortcut တွေ၊ alarmတွေ၊ dictionary တွေ၊ music playlist များ၊apn setting၊data setting ပိုင်းတွေ၊ အစရှိတာတွေ နဲ့တော်တော်များများရဲ့ အချက်အလက်တွေကိုပါ backup မှတ်ပေးထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။ မိမိ ဖုန်းရဲ့ sd card/ext sd card များပေါ်တွင် backup ယူသိမ်းလို့ရတဲ့ အပြင်၊သူ့မှာပါဝင်ထားတဲ့ online storage မှာလည်း upload တင်ပြီး သိမ်းဆည်းထားနိုင်မှာဖြစ် ပါတယ်။ Factory Reset ချရင်ပဲဖြစ်ဖြစ် ၊ ဖုန်း(Device) နောက်တစ်လုံးကိုအသုံးပြုရင်ပဲဖြစ်ဖြစ် ၊ မိမိ backup ပြုလုပ် ထားခဲ့တဲ့ အရာများကို ပြန်လည်၍ Restore ပြန်လုပ်ပေးခြင်းဖြင့် ၊ မိမိမှတ်ထား ခဲ့သည့် အချက်အလက်များ ကိုတိကျစွာပြန်လည် အသုံးပြုခွင့် ရစေပါတယ်။ App နဲ့ Data ကိုတွဲပြီး မှတ်လို့်ရစေတာဟာလည်း အားသာ တဲ့အချက်တစ်ခုပါ။ Latest Full Version ဖြစ်တာကြောင့်လည်း ပိုမိုပြည့်စုံတဲ့ features ပိုင်းတွေကို သုံးစွဲ ခွင့်ရလာစေမှာဖြစ်ပါတယ်။ ဒီ application လေးကို Play Store မှာဝယ်ယူအသုံးပြုမယ်ဆိုရင် $4.99 ပေး ဝယ် ရမှာဖြစ်ပြီး အခုဒီပို့စ်လေး မှာတော့ Free ဒေါင်းလုဒ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ -Apk File Size MB3.5 ရှိပြီး Android OS Version 1.6 နှင့်အထက်ရှိထားသောဖုန်းများမှာ ထည့်သွင့်အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

FEATURES:
- Backup and Restore using your local device or SD card
* Backup and Restore using an On The Go (OTG) USB card
- Cloud backup to our online secure servers, or use your Dropbox account
- Cloud backup to your personal Google Drive Cloud account
- Migrate information directly between 2 devices
- Backup directly to your computer over the Internet!
- Schedule multiple different backups to multiple locations
- Restore to an existing or new Android device
- View the backup in detail without having to restore
- All Android 1.6+ devices supported!
- Available in 16 languages
- Super easy backup with advanced features and settings
- BETA: Trigger a backup to begin on your device remotely from our website
SUPPORTED CONTENT:
- Applications (Including Data if Rooted)
- Photos
- Music
- Videos
- Contacts
- Call log
- Text messages (SMS)
- Message attachments (MMS)
- Browser Bookmarks
- Home Screen Shortcuts and Wallpaper (Pre Android 4.4 KitKat)
- System Settings
- Calendar events
- Alarms
- Dictionary
- Music Playlists
- APN settings
- And much more...

My Backup Pro - screenshot thumbnail     My Backup Pro - screenshot thumbnail 
 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail 
 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail 
 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ ဖုန်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်တဲ့ - Memory Booster (Full Version) v7.0.2 Apk (22-Dec) ♫

Posted: 24 Dec 2015 01:59 AM PST

Memory Booster (Full Version) apk

Memory Booster ကတော့ (22-Dec) ကတင် Version အသစ်ထွက်လာပါပြီဗျာ။ Android Phone တစ်လုံးမှာရှိထား သင့်တဲ့ Application တစ်ခုဆိုလည်းမမှားပါဘူး Memory Booster ကိုတော့ Android User တော်တော်များများ သိကြမှာပါ။ အားလုံးကိုခြုံငုံပြီးပြောရမယ်ဆို ရင် Phone နဲ့ Tablet တွေရဲ့ Speed ကိုမြင့်တင်ပေးနိုင် တယ်လို့ပြောရင် မှန်ပါလိမ့်မယ်။  Memory Booster ကတော့ဖုန်းတစ်လုံး မှာ မလိုအပ်တဲ့ နောက်ကွယ်ကနေ Run တွေနဲ့ Application တွေကို ပိတ်ပေးနိုင်ပါတယ်။ အဓိကလုပ်ဆောင် ချက်ကတော့ RAM ကို Optimize လုပ်ပေးတာကြောင့် ဖုန်းကိုပေါ့ပေါ့ပါးပါးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာ ပဲဖြစ်ပါတယ်။ ဖုန်းတစ်လုံး မှာဆောင်ထားသင့်တဲ့ Application ဖြစ်လို့ဒေါင်းယူထားစေချင်ပါတယ်ဗျာ။ Android OS 1.6 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ လုပ်ဆောင်ချက်တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာ ရေးပေးထားပါတယ်ဗျာ။

Real-time RAM usage
Task Killer
Cache Cleaner
Garbage Collector
Auto Boost
Whitelist/Ignore list
System info


Features only available in Full version:

Boost Level Manager
Boost Level Manager offers three different memory boosting levels (general, optimum, and ultimate), so you can choose upon your personal memory needs

Auto Boost Interval
Auto Boost Interval offers time interval options by which Memory Booster will follow and boost memory at the chosen interval.

Auto Boost Threshold
Auto Boost Threshold allows you to set a minimum free memory level, at which Memory Booster starts boosting memory till free memory exceeds this level.
Auto Boost on Device Lock
Device Lock Boost recovers memory when screen goes off.




   Memory Booster (Full Version)- screenshot         Memory Booster (Full Version)- screenshot

   Memory Booster (Full Version)- screenshot         Memory Booster (Full Version)- screenshot

   Memory Booster (Full Version)- screenshot         Memory Booster (Full Version)- screenshot

   Memory Booster (Full Version)- screenshot         Memory Booster (Full Version)- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ ဖုန်းအလကားပြောနိုင်မယ့် - LINE Free Calls & Messages v5.9.1 Apk (22-Dec) ♫

Posted: 23 Dec 2015 10:45 PM PST

Cover art

Line ဆိုတာကတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော်တော်လေးအသုံးများလာတဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက်ထားတဲ့ Version အသစ်တစ်ခုပါ။ သူ့ရဲ့စွမ်းဆောင်ချက်တွေကတော့ ဒီကောင်လေးရှိသူအချင်းချင်း free call / free massage တွေ free video call ကိုအင်တာနက်လိုင်းရှိရုံနဲ့ပိုက်ဆံတပြားတချပ်မှမကုန်စေပဲ free စိတ်ကြိုက်အသုံးပြုနိုင်ပြီးလူကြိုက်များတဲ့ကောင်လေးပါပဲဗျာ ။ Version အသစ်လိုချင်သူများနဲ့အခုမှစပြီး အသုံးပြုချင်သူများ အောက်က Link မှာဒေါင်း ယူနိုင်ပါပြီဗျာ။


   LINE: Free Calls & Messages- screenshot         LINE: Free Calls & Messages- screenshot

   LINE: Free Calls & Messages- screenshot         LINE: Free Calls & Messages- screenshot

   LINE: Free Calls & Messages- screenshot         LINE: Free Calls & Messages- screenshot

   LINE: Free Calls & Messages- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment