Related Posts Plugin for WordPress, Blogger...

December 8, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


♪ File Mangaer တွေထဲမှာအကောင်းဆုံးမရှိမဖြစ်အသုံးတည့်စေမယ့် - ES File Explorer Pro v1.0.1 Apk (3-Dec) ♫

Posted: 07 Dec 2015 09:05 PM PST

Cover art

File Manager ဆိုတာကတော့ ဖုန်းတိုင်းမှာမရှိမဖြစ်ကို လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာလည်း Original ပါပြီးသားပါပဲ။ ဒါပေမယ့် Original ပါပြီးသားကတော့ သာမန် File Manager တစ်ခုပါပဲ။ ကျွန်တော်အခုတင်ပေးလိုက်တဲ့ ES File Explorer Pro v1.0.1 ကတော့ File Manager တစ်ခု ထက်သာလွန်ကောင်းမွန်တဲ့ Function တွေအများကြီးထပ်မံပါဝင်တာကိုတွေ့ရပါတယ်ဗျာ။ ES File Explorer ကိုအသုံးပြုလိုက်တာနဲ့ မိမိရဲ့ File Manager ထဲမှာရှိတဲ့ Data တွေအားလုံးကို Backup/Restore လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ File Manager ထဲမှာရှိတဲ့ မိမိရဲ့ ဖိုင်တွေကို Online ပေါ်ကို Upload တင်နိုင်ပါတယ်။ Dropbox , Mediafire , Box , GDrive , အစရှိတာတွေနဲ့ Upload တင်နိုင်ပါတယ်ဗျာ။ Rar File တွေ Zip File တွေကိုလည်း ဖြည်နိုင် ချုံ့နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် အခြားသောဖုန်းတွေမှာ Apk တွေဟာ Icon ပုံမပေါ်ပါဘူး အခုတင်ပေး ထားတဲ့ ES File Manager ကိုသာအသုံးပြုမယ်ဆိုရင်တော့ Apk ရဲ့ Icon တွေကိုလည်းအကုန်မြင်ရမှာဖြစ် ပါတယ်ဗျာ။ Photo တွေဟာလည်း ဖွင့်မကြည့်သေးပဲနဲ့ jpg file လေးတွေကနေပြီး ပုံအသေးလေးတွေကို မြင်တွေ့နေရမှာဖြစ်ပါတယ်ဗျာ။ ဒါဆိုရင်တော့သုံးရတာအရမ်းအဆင်ပြေပြီးလွယ်ကူသွားပါပြီ။ ဖုန်းထဲမှာ မလိုအပ်တဲ့ Cache , Junk , စတာတွေကိုလည်းရှင်းလင်းပေးမှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ 


Features and Benefits of ES File Explorer (File Manager):
►File Manager: Access to your Phone SD card, External SD card and Phone Internal Storage, Manage your files just like you do on your desktop or laptop using Multiple Select, Cut/Copy/Paste, Move, Create, Delete, Rename, Search, Share, Send, Hide, Create Shortcut, and Bookmark
►App Manager: Categorize, uninstall, back up, create shortcuts to your apps and also can delete APK files
►Remote File Manager: When this feature is enabled, you can manage files on your phone from your PC, Mac, Linux Server
►Archive manager: Allows you to compress and decompress ZIP files, unpack RAR files,7z files, and create encrypted (AES 256 bit) ZIP files
►Built-in viewers and players for various file types: Including photos, music, and videos; supports third-party applications such as Quick Office for better productivity
►Shows thumbnails: For APKs and images
►Text viewers and editors
►Access your home PC: Through your smartphone via WiFi with SMB
►Functions as an FTP and WebDAV client: Manage files on FTP, FTPS, SFTP, and WebDAV servers just like you manage files on your SD card
►Bluetooth file browser: You can copy and paste files between Bluetooth-ready devices. ES File Explorer (File Manager) supports OBEX FTP for browsing devices and transferring files between Bluetooth devices
►Kill tasks with a single click, increase memory and speed up your device: Includes a simple widget that stays on your home screen to let you know your current RAM situation and automatically kill tasks, with an ignore list to ignore the applications you want to keep running. The Task Manager module is required for this feature.
►Cache Cleaner and Auto-start Manager: Delete junk files that take up valuable storage space. The Task Manager module is required for this feature.
►Root Explorer: The ultimate set of file management tools for root users. Provides access to the entire file system and all data directories, and allows the user to change permissions.
►Supports Multiple Languages: English, Russian, Japanese, Korean, French, Spanish, German, Italian, Czech, Hungarian, Ukrainian, Tamil, Catalan, Turkish, Lithuanian, Portuguese and more...



   ES File Explorer Pro- screenshot         ES File Explorer Pro- screenshot

   ES File Explorer Pro- screenshot         ES File Explorer Pro- screenshot

   ES File Explorer Pro- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

DU Battery Saver&Phone Charger Pro v3.9.9.9.6.2 (Patched) APK

Posted: 07 Dec 2015 06:29 PM PST



Android OS နှင့် Tablet ကိုင်းဆောင်သူများ Batteryအတွက် အကောင်းဆုံးတာရှည်ခံအောင်လုပ်ပေးနိုင်တဲ့ DU Battery Saver နောက်ဆုံးထွက်လေးကိုတင်ပေးလိုက်ပါတယ်။ဒီကောင်းလေးကတော့ မိမိဖုန်းရဲ့ ဘက်ထ၇ီကို အကောင်းဆုံး save လုပ်ပေးပြီး ဖုန်းရဲ့ Background tasks cleaning system ပါရှိတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားတဲ့ Battery Application လေးတစ်ခုဖြစ်ပါတယ်။မိမိကြိုက်နှစ်သက်တဲ့  Switch ကိုလွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်တာကို တွေ့ရှိရမှာပါ မိမိဖုန်းရဲ့  နောက်ကွယ်က apps၊hardwareတွရဲ့ running  ပုံစံပါပြပေးထားမှာ ဖြစ်သလို  မလိုအပ်ပဲ run နေတဲ့  apps  တွေကို   ရှင်းလင်းရပ်တန့်ဖို့  optimize စနစ်ကို  phone ရဲ့ home screen မှာ auto တပ်ဆင်ပေးမှာဖြစ်ပါတယ် 'ဒါအပြင် ဖုန်းရဲ့ status bar ပေါ်က power icon style ကိုလည်း ကြိုက်သလိုရွေးချယ်နိုင်ဖို့ Themes  များထည့်သွင်းပေးထားပါတယ် ။ ဖိုင်းဆိုဒ်လေးကတော့6.97MB ဖြစ်ပြီးAndroid O/S:2.1 အထက်ကိုကောင်းကောင်းလေးသုံးနိုင်ပါတယ်ဗျာ။အသုံးတတ်ဘူးဆိုရင်အောက်မှာ Screenshots ပုံတွေနှင့်ပြထားပါတယ်ဗျာ။



 Download Here

ဖုန်းထဲမှာ ဂီတာတီးရန် ဝါသနာ အိုးတွေအတွက် - Guitar Scales & Chords Pro v75 APK

Posted: 07 Dec 2015 06:19 PM PST

ဂီတ ဝါသနာအိုးတွေအတွက် Real Guitar ဆိုတဲ့ Android ဖုန်း Tablet တွေမှာတီးခပ်လိုရတဲ့ Real Guitar Version သစ်ကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေး၏ အားသာချက်တခုကတော့ လက်ကွက်
တွေ ဂီတာတီရန်အခက်ခဲ့ဖြစ်နေတယ်သူတွေအတွက်အရမ်းကို ကောင်းပါတယ်။ လက်တွေကိုတော့
မျိုးမျိုးလက်ကလေးနှင့်ရွေပြီး မိမိကြိုက်သလိုဖန်းတီနိုင်းပါတယ်။နောက်ပြီး မိမိတီးခက်ထားတဲ့ ဂစ်တာသံတွေကိုလည်း Record လုပ်ပေးနိုင်ပါတယ်ဗျာ။ Android OS 4.0.2 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့6.6MB ရှိပါတယ်ဗျာ။



Download Here  

Monkey virusတွေကိုတခါထဲရှင်းပစ်နိုင်တဲ့Ghost Push Killer v2.0

Posted: 07 Dec 2015 03:10 AM PST



ကျွန်တော်အခုတင်ပေးတဲ့Ghost Push Killer v2.0လေးက
အခုတော်တွင်းကြုံတွေ့နေရတဲ့
မျောက်ကိုက်နေတဲ့ဖုန်းတွေကိုဖြေရှင်းပေးတဲ့ဆော့ဝဲလေးပါ
မျောက်ကိုက်တာအရမ်းကိုဆိုးပါတယ်
အင်တာနက်တွေအော်တိုပွင့်
ဆော့ဝဲတွေအော်တိုဒေါင်း
အခုGhost Push Killer v2.0လေးရှိတော့အားလုံးအဆင်ပြေတာပေါ့ဗျာ
ဖုန်းမှာRootနဲ့Computerမှာမိမိဖုန်းရဲ့Driver
သိရပါမယ်
အောက်ကလင့်မှာဒေါင်းပါဗျာ 

           Download Link


မြန်မာမိုဘိုင်းနည်းပညာ
Myanmar Credo Group


Admin...ရေနီသားဖြိုးလေး



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




♪ Zombie Reaper-Zombie Game v1.6 Apk (15-Nov) ♫

Posted: 07 Dec 2015 03:07 AM PST

Cover art

ကဲဗျာ ဒီတစ်ခါမှာလည်း အပစ်အခတ်ဝါသနာပါသူများအတွက် Zombie Reaper-Zombie Game ဆိုတဲ့ သရဲတွေကိုပစ်ခက်ရမယ့် Action Game ကောင်းလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ဂိမ်းပုံစံကတော့ မြို့ပျက်ကြီးတစ်ခုထဲမှာ သရဲတွေအများကြီးရှိပါတယ်။ အဲ့ဒီသရဲတွေကို လိုက်လံနှိမ်နင်းပေးရမှာဖြစ်ပါတယ် ဗျာ။ Game ရဲ့ပုံစံကိုတော့ အောက်မှာ Screen Shoot တွေရိုက်ပြပေးထားပါတယ်ဗျာ။ Game ရဲ့ရုပ်ထွက် ကလည်းအတော်လေးကိုကောင်းမွန်ပြီး သေနပ်သံတွေ သရဲအသံတွေ တီးလုံးအသံတွေဟာလည်းအထူး .ကောင်းမွန်ပါတယ်။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။




   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot

   Zombie Reaper-Zombie Game- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ကဗျာဂျာနယ် အမှတ်(၇)(၇.၁၂.၂၀၁၅)

Posted: 07 Dec 2015 03:00 AM PST

ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုနိုင်ပါတယ်ခင်ဗျာ... 
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...
အ​ရောင်​ဖြူဝင်း၊ ရနံ့သင်း၍
အဆင်းလည်းလှ၊​ပြောမ၀​အောင်
များပြားလှသည်​၊​တော်​၀င်​သဇင်​.....
ရှေးယခင်​၊နန်းတွင်းဘုရင်
သူသာလျှင်​၊ရှိ​လေစွဟု
စိတ်​အာရုံတွင်​၊ဖမ်းယူစွဲငင်
ပြုနိုင်​စွမ်းပင်​၊​တော်​၀င်​သဇင်​.........
သူသာလျှင်​၊ဖြစ်​လာရန်​လည်း

အပင်​​ပေါ်အပင်​ဆင်​လို့၊​မြေ​ပေါ်မကျ
ပင်​မြင့်​ဖျားမှ၊ငွားငွားစွင့်
ဂုဏ်​ယူဝင့်​ထည်​၊ကျက်​သ​ရေရှိလှပါဘိ​၊​တော်​၀င်​သဇင်​.......
ဩော်​.....​ရွှေစံပယ်
အသင်​သည်​လည်း၊နှင်းရည်​ကို​သောက်
မြေမှာမြစ်​တွယ်​၊​ပေါက်​​ရောက်​ပါလည်း
သင်​၏ရနံ့၊​မွှေးပျံ့ပျံ့သည်
မြင်​သူတို့၏၊စိတ်​သဏာန်​၀ယ်​,
ကြည်​နူးရွှင်​လန်း​စေလိမ့်​မည်​။
ရေးသူ=ဇူး(​တောင်​တွင်းကြီး)
=============
'အလိမာ'
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
 

ရေးသူ=KhinMaungWin
pone nar su 13.
BAGO
===========
"အလွမ်း"

တို့နှစ်ယောက်ဝေးသွားတဲ့နေ့ကစပြီး
တိတ်တခိုးရင်ခုန်သံနဲ့
နေ့ရက်တွေကိုအသက်ဆက်သူ

         ရေးသူ=  သွန်းဆစ်ကြယ်( ကော့ကရိတ်မြို့နယ် )
==========
"အချစ်ဝဋ်ကြွေး"
ချစ်သူ...
တကယ်ဆို   ဒို့တွေလမ်းခွဲခဲ့ကြပြီပဲ
 နေ့နေ့ညည မေ့မရခဲ့ပါဘူး
 မေ့ဖြောက်ဖို့ကြိုးစားတိုင်း
တိုးတိုးပြီးသတိရနေတဲ့  ငါ့စိတ်ကိုလည်းမုန်းတယ်
 မဖြစ်နိုင်တော့ဘူးဆိုကာမှ
သူလည်းပဲ ငါ့လိုသတိရနေမလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေကြေင့်
ချစ်သူနဲ့ဝေးရာကို ထွက်ပြေးချင်ပေမယ့်
မင်းမရှိတော့တဲ့ အချိန်ကစပြီး
 ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်ဆိုတာကို  အတူကျော်လွှားရင်း
ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မယ်ဆိုရင် ဒီဘဝ ဒီမျှနှင့်သာကျေပါစေ
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့  ဘဝကြီးမှာ
ငါဘာများ တတ်နိုင်မှာလည်းချစ်သူရယ်...
 
ရေးသူ=----(ပေါင်းတည်)
==========
ရေးသူ=လွမ်းကာရံ( စစ်​​တွေ
ရခိုင်​  )
 
 
 
 
 
သီဟထိုက်
========

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Sleep Talk Recorder For IOS

Posted: 07 Dec 2015 01:05 AM PST

 
Sleep Talk Recorder ဆိုသည့် app သည် ညဘက်အိပ်သည့်အချိန်တွင် ယောင်တတ်သည့်သူများအတွက် ညတိုင်း အိပ်နေသည့်အချိန်တွင် ယောင်၍ပြောသည့် စကားများကို မှတ်သားထားပေးနိုင်မည့် app တစ်ခုဖြစ်သည်။
အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit internetjournal
သီဟထိုက်
 

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်မျိုးကို Kyocera မိတ်ဆက်

Posted: 07 Dec 2015 01:05 AM PST





ဂျပန်ကုမ္ပဏီဖြစ်သည့် Kyocera သည် ဆပ်ပြာဖြင့် ဆေးကြော သန့်စင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Kyocera မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ အဆိုအရ ၎င်းဖုန်းကို Digno Rafre ဟုခေါ်ဆိုပြီး ၎င်းသည် ဆပ်ပြာမြှုပ်ရည်ဖြင့် ဆေးကြောနိုင်သော ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းဖြစ်ကြောင်း သိရသည်။

Digno Rafre ကို ဂျပန်မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ KDDI တွင် လာမည့်ရက်သတ္တပတ်၌ ဒေါ်လာ ၄၆၀ ဖြင့် ရောင်းချမည် ဖြစ်ကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါဖုန်းကို ဆပ်ပြာခဲဖြင့် ဆေးကြောသန့်စင်ခြင်း မပြုသင့်ဘဲ ဆပ်ပြာမြှုပ်ရည်ဖြင့်သာ ဆေးကြောသင့်ကြောင်း Kyocera မှ ပြောကြားသည်။

Digno Rafre စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင်သာ ရောင်းချမည် ဖြစ်သည်။

Ref: FoxNews
Credit internetjournal
သီဟထိုက်


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ

Posted: 07 Dec 2015 01:04 AM PST




စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

Edotco သည် Myanamr Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး Myanamr Tower Company ၏ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီက ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

Myanmar Tower Company ၏ လုပ်ငန်း လွှဲပြောင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၁ သန်းရှိသည်ဟု ကုမ္ပဏီ၏ အောက်တိုဘာလ ထုတ်ပြန်ချက် များအရသိပြီး Edotco ကုမ္ပဏီ၏ ဝယ်ယူမှုတွင် Yama Strategic Holding ၏ ပိုင်ဆိုင်မှုများ ပါဝင်ခြင်း မရှိကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Edotco Group Shn Bhd သည် မလေးရှားအခြေစိုက် Axiata ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ တာဝါ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တာဝါများ ငှားရမ်းပေး ခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် Myanmar Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Myanmar Tower Company ၌ တာဝါဆိုဒ်ပေါင်း ၁၂၅၀ ကိုပိုင်ဆိုင်ထားပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်ဟု ၄င်းတို့ ဝက်ဘ်ဆိုက် စာမျက်နှာ၌ ဖော်ပြထားသည်။ တာဝါ တည်ဆောက်ခြင်း ကုန်ကျစရိတ်များ ပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တာဝါကောင်းကောင်းတစ်တိုင်အတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁ သိန်းခန့်ရှိနိုင်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

Edotco ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မလေး ရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ နှင့် ပါကစ္စတန် စသည့်နိုင်ငံများတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြင့် လုပ်ငန်း လည်ပတ် လုပ်ကိုင်နေကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Toshiba ၏ image sensor လုပ်ငန်းကို ဒေါ်လာ ၁၅၅ သန်းဖြင့် Sony ဝယ်ယူ

Posted: 07 Dec 2015 01:04 AM PST





Sony သည် Toshiba ၏ image sensor လုပ်ငန်းကို ယန်း ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း) ဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် အောက်တိုဘာလက ကောလာဟလအနေဖြင့် ပထမဦးဆုံး ထွက်ပေါ်လာခဲ့သော်လည်း ယခုအခါတွင် ဝယ်ယူမှုကို တန်ဖိုးနှင့်တကွ Sony မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Toshiba ၏ စက်ရုံ၊ ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကို၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း Sony ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ အဆိုပါ စက်ရုံသည် image sensor များကို အဓိကထုတ်လုပ်မည့် Sony ၏ ဌာနခွဲသစ်ဖြစ်သော Sony Semicondcutor Corporation လက်အောက်တွင် လည်ပတ်လုပ်ဆောင်မည် ဖြစ်သည်။

Sony သည် high-end ကင်မရာများအတွက် sensor ဈေးကွက်တွင် အောင်မြင်မှုရရှိနေရုံသာမက ၎င်း၏ ကင်မရာအစိတ်အပိုင်းများကလည်း စမတ်ဖုန်းများတွင် အားထားစရာအရာတစ်ခုအဖြစ် သက်သေပြနိုင်ခဲ့သည်။ Apple, Google နှင့် Xiaomi အပါအဝင် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်အချို့တွင် Sony sensor များကို အသုံးပြုထားသည်။

Ref: TheVerge
Credit  internetjournal

သီဟထိုက်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



OPPO Neo 7 ဝယ်ယူတာနဲ့ MPT ရဲ့ ခြောက်လ ဆက်တိုက် အင်တာနက် အခမဲ့သုံးစွဲခွင့်ရရှိနိုင်ပြီ

Posted: 07 Dec 2015 01:03 AM PST





OPPO Neo7 ဖုန်းဝယ်ယူ အသုံးပြုသူများ အတွက် ကျပ်နှစ်သောင်း တန်ဖိုးရှိ ဆုလက်ဆောင်ငါးမျိုး ပေးသွားမည့် အစီအစဉ်အား ပြုလုပ်ပေးခဲ့ပြီးနောက် ယင်း ဆုလက်ဆောင်များ အပြင် OPPO မှ မြန်မာ့ဆက်သွယ်ရေး MPT နှင့်အတူ ပူးပေါင်းကာ အထူးအစီအစဉ်တစ်ခုအား ထပ်မံ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ Neo 7 ၀ယ်ယူသူ များအနေဖြင့် ကျပ်နှစ်သောင်းတန်ဖိုးရှိ ဆုလက်ဆောင်များအပြင် MPT Sim ကတ်တစ်ကတ်နှင့်အတူ 777MB ပမာဏရှိ အင်တာနက် သုံးစွဲခွင့်အား လစဉ်  ၆ လ ဆက်တိုက် အခမဲ့ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

"MPT အနေနဲ့ OPPO Myanmar နဲ့ ပူးပေါင်းပြီး အခုလို ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် လက်ဆောင်အစီအစဉ်ကို ပြုလုပ်ပေးနိုင်တဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ မိုဘိုင်းဆက်သွယ်ရေး နယ်ပယ်မှာ ဦးဆောင်နေတဲ့ MPT နဲ့ OPPO တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေကို ထူးခြားတဲ့ လက်ဆောင် အစီအစဉ်တွေ ပေးချင်တာပါ" ဟု MPT-KSGM Joint Operation မှ Mr. Koichi Kawase, Chief Commercial Officer မှ ပြောသည်။

OPPO Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. David Tang က လည်း "မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဈေး ကွက်အတွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ OPPO Neo 7 အနေနဲ့ MPT နဲ့ လက်တွဲပြီး ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူတွေအတွက် အခုလို အခမဲ့ အင်တာနက် သုံးစွဲခွင့်တွေကို ပြုလုပ်ပေးနိုင်တဲ့ အတွက် အများကြီးဝမ်းသာမိပါတယ်" ဟု ပြောသည်။
OPPO Neo 7 နှင့် MPT တို့ ပူးပေါင်းပြုလုပ်သည့် အထက်ပါ ဆုလက်ဆောင် အစီအစဉ်များကို ရရှိသူများအနေဖြင့် မိမိတို့ ဖုန်းတွင် တစ်လလျှင်အနည်းဆုံး ဖုန်း အတွင်း ဖြည့်သွင်းငွေ တစ်ထောင်ကျပ် ထည့်သွင်းထားရမည် ဖြစ်သည်။

မျက်နှာပြင်အကျယ် ၅.၅ လက်မရှိ OPPO Neo7 ဖုန်းအား ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်သို့ ၂၀၁၅ နိုဝင်ဘာလတွင် ကျပ် ၁၉၉,၀၀၀ ဖြင့် စတင်ရောင်းချခဲ့ပြီး Neo 7 ၏ Product Ambassador များအဖြစ် နိုင်ငံကျော် အဆိုတော် မျိုးကြီး၊ ခင်ဝင့်ဝါနှင့် ရဲရင့်အောင်တို့ကို ခန့်အပ်ခဲ့ပြီးဖြစ်သည်။

Credit internetjournal
သီဟထိုက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၆ လက်မ display ပါဝင်သော Asus ZenFone 2 Laser ကို အိန္ဒိယတွင် မိတ်ဆက်

Posted: 07 Dec 2015 01:03 AM PST





Asus သည် ZenFone 2 Laser အမျိုးအစားသစ်တစ်မျိုးကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ ယခင်က ၅ လက်မနှင့် ၅.၅ လက်မ အမျိုးအစားများ ဖြန့်ချိခဲ့သော အဆိုပါ စမတ်ဖုန်းကို ၆ လက်မ display ပါဝင်သော အမျိုးအစားသစ်အဖြစ် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

၆ လက်မ ZenFone 2 Laser တွင် Gorilla Glass 4 အသုံးပြုထားသော Full HD display ပါဝင်သည်။ 1.7GHz Cortex A53 CPU နှင့် Adreno 405 GPU ပါဝင်သော Qualcomm ၏ Snapdragon 616 octa-core SoC သစ်ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ကာ သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်သည်။

ဖုန်း၏ ကျောဘက်တွင် f/2.0 lens နှင့် laser autofocus ဖြင့် သုံးနိုင်သော 13MP ကင်မရာပါဝင်သည်။ Selfie ဓာတ်ပုံများ ရိုက်ကူးခြင်းအတွက် 5MP ကင်မရာဖြင့် ပြုလုပ်နိုင်သည်။ ZenFone 2 Laser တွင် LTE ကွန်ရက်များကို အထောက်အပံ့ပေးနိုင်ပြီး Wi-Fi 802.11 b/g/n, Bluetooth 4.0 ဖြင့် သုံးနိုင်သည်။ ဘက်ထရီအနေဖြင့် ဖြုတ်နိုင်တပ်နိုင်သော 3000mAh Li-Po ကို အသုံးပြုထားသည်။ Operating system က Android 5.1 Lollipop ဖြစ်ပြီး Asus Zen UI 2.0 ဖြင့် သုံးနိုင်သည်။ အဆိုပါ ဖုန်းကို အနီရောင်၊ ငွေရောင်၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။

ZenFone 2 Laser ကို Flipkart, Amazon နှင့် Snapdeal တို့တွင် အမေရိကန်ဒေါ်လာ ၂၇၅ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည်။

Ref: AndroidAuthority
Credit internetjournal

သီဟထိုက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဆွေသဟာရဲ့ဆွေသဟာ promotion အစီအစဉ်ကို စတင်လိုက်ပါပြီ...

Posted: 07 Dec 2015 01:02 AM PST





မင်္ဂလာပါ ဆွေသဟာ ရဲ့ ဆွေသဟာ promotion အစီအစဉ်နဲ့မိတ်ဆတ်ပေးချင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ ဆွေသဟာ Mobile မှ လူကြီးမင်းတို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ယခုမှစပြီး promotion များကိုပုံစံအမျိုးမျိုးဖြင့် promotion ချပေးမှာဖြစ်ပါတယ်
pormotion များကတော့...

ဝယ်ယူသူများအတွက် ဆိုင်မှမည်သည် ပစွည်းဝယ်ယူသည်ဖြစ်စေ 3000 ဖိုးနှင့်အထက်ဝယ်ယူအားပေးပါက မိမိတို့ ဖုန်းထဲကို (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ပစွည်းပြင်ဆင်သူများအတွက် ဆိုင်မှ မည်သည့် Software or Hardware ပြင်ဆင်မူဖြစ်စေ ပြင်ဆင်မူ ၅၀၀၀ ကျသင့်ပါက (၅၀၀၀ ဆို ၁၀၀၀ / ၁၀၀၀၀ ဆို ၂၀၀၀/၂၀၀၀၀ ဆို ၃၀၀၀ / ၄၀၀၀၀ ဆို ၄၀၀၀
နှင့် ၅၀၀၀၀ ဆို ၁၀၀၀၀ ပြန်လည်အမ်းပေးသွားမှာဖြစ်ပါတယ်။
ထို့နောက်

အသက်ကြီးရွယ်အို သံဃာတော်အရှင်သူမြတ်များ
မသန်မစွမ်းသူများ
ပင်စင်စား လူကြီးများအတွက်
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ချစ်သူစုံတွဲများ
သူငယ်ချင်းမိတ်ဆွေများ(အနည်းဆုံးနှစ်ယောက်လာရပါမည်)
ညီအကို မောင်နှမများ (အနည်းဆုံးနှစ်ယောက်လာရပါမည်)
အလုပ်ယူနီဖောင်းဝတ်ထားသူမည်သူမဆို
ကျောင်းသား ယူနီးဖောင်းဝတ်ထားသူမည်သူမဆို
များကို
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ယခုတစ်ခေါက် promotion ၏ထူးခြားမူအနေနဲ့ promotion ကာလအတွင်း (မြို့တွင်းTaxi မောင်းသူ)မိတ်ဆွေများကို ၅၀၀၀ ဖိုး Software Service ကို အခမဲ့ပြင်ဆင်ပေးနေမှဖြစ်ပါတယ်။ ။
(မှတ်ချက်။ ။မိမိ မောင်းသည့် Taxi ကိုယူဆောင်လာရမည်ဖြစ်ပြီးနေ့စဉ် နေ့လယ် 12 နာရီမှ ညနေ 5:00 ထိသာ)

Promotion ၏ မှတ်ချက်။ ။ ယခု promotion သည် 7.12.2015 မှ 16.12.2015 ထိသာ အကျူံးဝင်ပြီးလာရောက်သူများအားလုံးသည် ယခုကြော်ငြာကို မိမိတို့ deviceမှပြသနိုင်မှ promotion ရရှိမှာဖြစ်ပါတယ်။ ။
ဖုန်း-09-73151297(မြောက်ဒဂုံ ၃၅ မှတ်တိုင်အနီး)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ ဖုန်းထဲမှာတင် Eng: Grammar တိုးတက်အောင်လေ့လာသင်ယူနိုင်မယ့် - english grammar Test v2.21 (Ad-free) Apk ♫

Posted: 06 Dec 2015 10:34 PM PST

English Grammar Test Apk

အခုတင်ပေးလိုက်တဲ့ Application ကတော့ အင်္ဂလိပ်စာလေ့လာလိုက်စားနေသူများအတွက် အသုံးတည့် မယ့် Application တစ်ခုဖြစ်ပါတယ်ဗျာ။ English Grammar နဲ့ပတ်သတ်တဲ့ သင်ခန်းစာပေါင်းများစွာ ကိုလေ့လာနိုင် လေ့ကျင့်ဖြေဆိုနိုင်မယ့် Application လေးပါ။ ပါဝင်တဲ့ Lessons များကိုတော့ အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်ဗျာ။ ဖုန်းထဲမှာတင် English grammar questions 1000 လောက် အထိလေ့ကျင့်နိုင်မှာဖြစ်လို့ အတော်လေးကိုအသုံးတည့်စေမှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင့် Beginner , Elementary , Intermediate , Advance ဆိုပြီးမိမိရဲ့ Level အလိုက်ရွေးချယ်ပြီးသင့်တော်သလိုလေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Application ရဲ့နမူနာပုံစံ ကိုတော့အောက်မှာ Screen Shoot တွေရိုက်ပြ ထားပါတယ်ဗျာ။ Android OS 3.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Simple and Simple!!! With this quiz, English grammar won't hurt you anymore.
Many Grammar Quizzes, Questions, Flashcards and Lessons are waiting you.
English Chat room for making friends and practice your english.
Enjoy your learning with 4 different levels:
1. Beginner
2. Elementary
3. Intermediate
4. Advanced
English Practice application also has many flashcards for you. Practice them everyday to improve your vocabulary
This app is useful for people who are preparing to get TOEFL, TOEIC and IELTS certificates
"Practice makes perfect", so using English practice everyday, your English will be better


   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Nova Launcher v4.2.0-beta4 (Prime) APK

Posted: 06 Dec 2015 10:02 PM PST

ဒီကောင်လေးကတော့ သူငယ်ချင်းတို့ (ဘော်ဒါ) သုံးဖူးကြမှာဖြစ်ပါတယ်။ ဒီကောင်လေးကတော့ ဘော်ဒါတို့ အတွက် Updated ကိုပြန်လည် အမျှဝေပေးလိုက်တာပါ။ ဒီ Launcher လေးကတော့ အပြင်အဆင်တော်တော်များတဲ့အတွက် Launcher ထဲ့မှာဒီကောင်လေးကတော့အရမ်းကိုမိုက်ပါတယ်ဗျာ။စက်ရုပ်ဖုန်း ကိုင်သူတွေ အတွက် အလန်းစား  Launcher တစ်ခုလေးဖြစ်ပါတယ် .. app drawer,gestures,hide apps,dock swipes, စတဲ့ features တွေ ပါဝင်ပြီး သုံးစွဲရတာ ရိုးရှင်းလွယ်ကူပါတယ် …ဒါအပြင် scroll effects များစွာနဲ့ သုံးစွဲသူအကြိုက်တွေ့မှာဖြစ်ပါတယ်။ ဘော်ဒါတို့ Updated လေးကိုသုံးချင်းတဲ့ဆိုရင်အောက်ကလင့်ခ်မှာဒေါင်းပြီး ဖုန်းထဲထည့်ကြည့်ပြီး သုံးကြည့်ရင်တော့ လက်တွေကျတယ်ဗျာ။ ကျနော်တော့ အခုသုံးထားပါတယ်ဗျာ။



 Download Here

0 comments:

Post a Comment