Related Posts Plugin for WordPress, Blogger...

December 1, 2015

The Irrawaddy's Blog

The Irrawaddy's Blog


သတို့သမီးများရဲ့ အပြေးပြိုင်ပွဲ

Posted: 30 Nov 2015 11:14 PM PST



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် "သတို့သမီးများရဲ့ ပြေးလွှားခြင်း" ဆိုတဲ့ အပြေးပြိုင်ပွဲတခုမှာ ရာနဲ့ချီတဲ့ သတို့သမီးတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူဟာ ဆုကြေးငွေ ထိုင်းဘတ် ၁ မီလျံ (အမေရိကန်ဒေါ်လာ နှစ်သောင်းခုနှစ်ထောင်ကိုးရာနှစ်ဆယ့်ရှစ်) ရရှိမှာပါ။


သို့ပေမယ့်လည်း ဒီပြိုင်ပွဲဟာ သာမာန် အပြေးပြိုင်ပွဲတွေလို လွယ်လွယ်ကူကူ အနိုင်ရ ပန်းဝင်ဖို့ မလွယ်ကူလှပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြိုင်ပွဲဝင်သတို့သမီးတွေဟာ သူတို့ရဲ့သတို့သားတွေနဲ့အတူ ပြေးလွှားဖို့ရန် သတို့သမီးဝတ်စုံတွေကို ၀တ်ဆင်ခဲ့ကြရပါတယ်။ နောက် အတွဲလိုက်ပန်းဝင်လာတဲ့ စုံတွဲကိုသာ အနိုင်ရသူအဖြစ်သတ်မှတ်တာပါ။ ဆိုတော့ သတို့သမီးသတို့သားနှစ်ဦးစလုံးဟာ အတွဲညီညီ ဟန်ချက်ညီညီနဲ့  ပန်းဝင်လာမှသာ အနိုင်ရဗိုလ်စွဲမယ်ဆိုတဲ့ သဘောပေါ့။


အဲဒီလို ပြိုင်ပွဲက ရယ်မောပျော်စရာ ကောင်းပြီ ဆိုရင်တော့ ဒါက စီးပွားရေးနဲ့ ဆက်စပ်နေတာကို ပြတာပဲ    ဖြစ်တယ်။ ထိုင်းနိုင်ငံဆိုရင် အကုန်အကျမြင့်မားတဲ့ နိုင်ငံတကာ မင်္ဂလပွဲတွေနဲ့ ဆွဲဆောင်ဖို့ တိုးမြှင့် လုပ်ကိုင်လာတာပါ။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဖော်ပြချက်အရ အိန္ဒိယမှ စုံတွဲတွေက အမေရိ      ကန်ဒေါ်လာ သန်းတ၀က်ကျော်ကျော် အထိ အသုံးပြုနိုင်တဲ့ အဲဒီလို မင်္ဂလာပွဲတွေအတွက် ဈေးကွက်ကြီး တခုလို  ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်လူမျိုးတွေကိုလည်း အဲဒီလို မင်္ဂလာပွဲတွေမှာ ပါဝင်လာဖို့ ဆွဲဆောင်နိုင်အောင် ကြိုးပမ်းလျက်ရှိပါတယ်။





Ref: CCTVnews

အချိန်ယူပြီး သွားတိုက်ပါ

Posted: 30 Nov 2015 02:35 AM PST




လူအများစုက သွားမှန်မှန်တိုက်ပေမယ့် ဘယ်လောက်အချိန်ကြာကြာ သွားတိုက်သင့်တယ်ဆိုတာ မသိကြပါဘူး။ တကယ်တော့ သွားတိုက်တဲ့အချိန်ကို ၂ မိနစ်လောက် ပေးသင့်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။

ဒါမှသာ သွားတိုက်ဆေးက ခံတွင်းထဲမှာရှိတဲ့ ပိုးမွှားတွေကို ပျက်စီးစေမှာ ဖြစ်ပါတယ်။ သွားပွတ်တံကို   စာရေးတဲ့အခါ ဘောပင်ကိုကိုင်သလို ကိုင်ပြီး သွားတွေအပြင် လျှာနဲ့ အာခေါင်၊ ခံတွင်းတခုလုံးကို တိုက်ချွတ်ရပါမယ်။ သွားပွတ်တံကို ဖန်စီဖြစ်တာတွေ၊ ထောင့်ချိုး သွားပွတ်တံတွေ သုံးစရာမလိုပါဘူး။ နူးညံ့တဲ့  အမွေးအမှင်တွေပါတဲ့ သွားပွတ်တံကို အသုံးပြုရုံနဲ့ လုံလောက်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment